← Chapters

နောက်ထပ်သတ်ဖြတ်မှု

Vol. 6 Ch. 83

နောက်ထပ်သတ်ဖြတ်မှု

Vol. 6 Ch. 83

အမည် ကျန်းဟောင်

အသက် ၂၁

ကျင့်ကြံခြင်းအဆင့် အလယ်အလတ်ရွှေအမြုတေအဆင့်

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား၊ ပုန်းကွယ်ဝိညာဥ် ပြန်ပေါ်လာခြင်း

အသက်သွေး ၄၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၄၅/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၀/၃ (မရနိုင်)

နတ်စွမ်းရည်တွေ ထပ်ရဖို့ ခရမ်းရောင်ပူဖောင်းတွေရှာဖို့လိုတယ်။

သူ့အနေနဲ့ ခရမ်းရောင်ပူဖောင်းများအား မည်သည့်နေရာတွင် ရှာဖွေမည်နည်းဟု စဥ်းစားနေမိသည်။ အင်မော်တယ်မက်မွန်ပင် အရွယ်ရောက်တဲ့အထိ စောင့်ရမလား။

၎င်း အရွယ်ရောက်ရန် မည်မျှအချိန်ယူရမည်ကိုလည်း မသိပါချေ။

ကျန်းဟောင်က စွမ်းရည်အသစ်ကို အာရုံစိုက်သည်။ လက်ဖြင့် နဖူးအလယ်အား ပွတ်သပ်လိုက်သည်။ "ဒါက ဘယ်လိုစွမ်းအားမျိုးလဲ"

၎င်းက မရပ်တန့်ခဲ့ပေ။ သို့သော် ကျန်းဟောင်က စိုးရိမ်မှုမဖြစ်ပဲ စွမ်းအင်များအား နဖူးအလယ်ကို စီးဆင်းရန် ခွင့်ပြုထားသည်။ ၎င်းက စွမ်းရည်၏ ပထမပိုင်း `ပုန်းကွယ်ဝိညာဥ်´ ဖြစ်သည်။

နောက်တခုက `ပြန်ပေါ်လာခြင်း´ ဖြစ်၏။ စွမ်းအင်များစီးဆင်းသွားပြီး စုစည်းပြီးသောအခါ စွမ်းရည်၏ ဒုတိယပိုင်းက အသက်ဝင်လာပြီး စွမ်းအင်များအား ခန္ဓာကိုယ်ထဲ စုဆောင်းပေးသည်။

ဤစွမ်းရည်က အလွန်အသုံးဝင်သည်။ အထူးသဖြင့် သန်မာသည့် ရန်သူနှင့် ရင်ဆိုင်နေရ၍ အားအင်ကုန်ခမ်းနေသောအခါ၌ စိတ်ဝိညာဥ်စွမ်းအင်အား ချက်ချင်း ပြန်ဖြည့်တင်းနိုင်သည်။

သူ အထွတ်အထိပ်ကိုရောက်နေချိန် ဤစွမ်းရည်ကို အသက်သွင်းလိုက်ပါက မည်သို့ဖြစ်မည်ကို တွေးနေမိသည်။ နောက်ရက်များ၌ စွမ်းရည်အသစ်နှင့် ရင်းနှီးအောင် လုပ်ဆောင်ရန် တွေးလိုက်သည်။

ထို့နောက် ဆေးဥယျာဥ်ကိုသွားသည်။ အဝင်ဝ၌ ရပ်၍ ကောင်းကင်အား မော့ကြည့်၏။ ယနေ့ ကောင်းကင်က အဏ္ဏဝါရောင်ဖြစ်နေသည်။

"လှပတဲ့နေ့လေးပဲ မနက်ဖြန်ပြီးရင်တော့ ကောင်းကောင်း အိပ်စက်နိုင်မယ်ထင်ပါရဲ့ "

"သခင် ကောင်းကောင်း အိပ်မပျော်လို့လား" သားရဲက မေးသည်။

"မင်းရော" ကျန်းဟောင်က မဖြေပဲ ပြန်မေးသည်။

"ကျနော်က အမြဲခြံထဲမှာပဲလေ နောက်ကျမှအိပ်ပေမဲ့ စောစောထတယ်"

သားရဲက အချိန်အများစုကို ကောင်းကင်ဘုံရနံ့တာအိုပန်းကိုကြည့်၍ ကုန်ဆုံးကြောင်း ကျန်းဟောင် သိလေသည်။

ပန်းကို လျှာနဲ့လျက်ချင်ပေမဲ့လည်း မလုပ်ရဲပေ။ ပန်းကို စိုက်ကြည့်ပြီး ပင်ပန်းလာသောအခါမှ အိပ်ပျော်သွားတတ်သည်။ ထို့နောက် အိပ်ရာနိုးလာသောအခါ ပြန်ကြည့်ပြန်သည်။ ဒါက သူ၏ ပုံမှန်အလုပ်ဖြစ်၏။

"သခင် ဆေးဥယျာဥ်ကို ထပ်သွားဦးမှာလား ဒီနေ့ ဘယ်ကိုသွားဦးမလဲ" သားရဲ မေးသည်။

"မသွားဘူး" ကျန်းဟောင် ခေါင်းခါသည်။

"ဒါဖြင့် ဂိုဏ်းက ကျနော့်ရဲ့တည်ရှိမှုကို ဘယ်သိပါ့မလဲ သူတို့အားလုံး ကျနော် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သိထားသင့်တယ်"

ကျန်းဟောင် ဘာမှမပြောပေ။ အခုလိုပုံစံမျိုးနှင့် မိစ္ဆာဂိုဏ်းထဲတွင် လေကြီးနေပါက အနှေးနှင့်အမြန် အသတ်ခံရနိုင်သည်။

ကျန်းဟောင်က သားရဲပေးမည့် ရွှေရောင်ပူဖောင်းများကိုသာ အာရုံထားသည်။ ပူဖောင်းများမရတော့ပါက သားရဲအား လွှတ်ပေးလိုက်မည်ဖြစ်သည်။

"သခင် ကျနော့်ကို သိုလှောင်ရတနာပေးလို့ရမလား မဟုတ်ရင် လူတွေဆီက လက်ဆောင်ကို လက်မခံနိုင်ဘူးဖြစ်နေတယ်"

"ချန်ချိုးကို သွားရှာချေ သူ စီစဥ်ပေးလိမ့်မယ် "

ထို့နောက် ပူဖောင်းများရယူရန် ဆေးဥယျာဥ်ထဲ ဝင်ခဲ့တော့သည်။

ခွန်အား +၁

စိတ်ဝိညာဥ် +၁

သာမန်ဆေဘာ +၁

ခံနိုင်ရည် +၁

သေးငယ်သည့် ပြောင်းလဲမှုများအား အာရုံခံမိသည်။

နေ့လယ်တွင် ဟန်မင်က သူ့ဆီရောက်လာသည်။ တိုကင်တခုပေး၍ ဥပဒေမဲ့မျှော်စင်မှဖြစ်ကြောင်း ပြောသည်။

"ဥပဒေမဲ့မျှော်စင်ဘေးမှာ စွမ်းအင်ပေါကြွယ်ဝတဲ့နေရာရှိတယ် ကျင့်ကြံခြင်းကို မြှင့်တင်ချင်တိုင်း မကြာခဏ သွားလေ့ရှိတယ်" သူက ပြုံးသည်။ "အပြင်မှာ ကြိုးစားပြီး ပြိုင်ပွဲမှာ စွမ်းဆောင်နိုင်ခဲ့တာ အဲဒါကြောင့်ပဲ စီနီယာအစ်ကိုလည်း သုံးလို့ရတယ် "

ဟန်မင် ရှိုးထုတ်နေပြန်ပြီဖြစ်ကြောင်း သူသိလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေးဟန်"

ဟန်မင်ထွက်သွားသည်ကိုကြည့်ပြီး ကျန်းဟောင် သက်ပြင်းချမိသည်။ ဟန်မင်သာ မိစ္ဆာဂိုဏ်းက လူအားလုံးနှင့် ထိုသို့ပြုမူနေပါက လုပ်ကြံခံရပေမည်။

မိစ္ဆာဂိုဏ်းဟူသည် လုံခြုံမှုအနည်းပါးဆုံးနေရာဖြစ်၏။

နောက်တရက်

လူတယောက်က အရိုးတစ်ရာတောအုပ်သို့ ဦးတည်နေသည့် လမ်းအတိုင်းလျှောက်နေသည်။ ညနေဖြစ်ပြီး နေဝင်လုဆဲဖြစ်နေ၏။

အားလုံးက တိတ်ဆိတ်နေပြီး ငှက်တွန်ကျူးသံပင် မကြားရချေ။

"စီနီယာအစ်ကိုမင်" လီကိုင်က ပြောလိုက်သည်။

အဖြူရောင်ဝတ်လူတဦး လျှောက်ထွက်လာသည်။ သူ့မျက်လုံးများက အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။

"ဝင်ခဲ့" သူက လီကိုင်ကိုကြည့်၍ပြောသည်။

လီကိုင်လည်း အိမ်ထဲဝင်လာပြီး သိုလှောင်ရတနာကိုထုတ်ကာ မင်ဇိုချွမ်အား ပေး၏။

"ဒီတခေါက် ရိတ်သိမ်းလို့ရတာပါ စီနီယာအစ်ကိုမင်"

မင်ဇိုချွမ်က သိုလှောင်ရတနာကိုယူ၍ စစ်ဆေးကြည့်ပြီး မျက်မှောင်တွန့်ချိုးသွားလေသည်။

"ပမာဏမနည်းပါဘူး" လီကိုင်က ပြောသည်။ "ကျန်းဟောင်ဆီက နောက်ထပ် ၂၀၀၀ လောက်ရဖို့ရှိသေးတယ် သူ့ကို အချိန်ပိုပေးရရင် အတိုးပါယူမယ်လို့ပြောထားတယ်"

"ကျန်းဟောင်" မင်ဇိုချွမ် မေး၏။ "ကောင်းကင်နက်ဂိုဏ်းရဲ့ အာရုံစိုက်မှုကနေလွတ်အောင် မန်လုံ ထိုးကျွေးလိုက်သူကို ပြောတာလား"

"ဟုတ်ပါတယ် ဒါပေမဲ့ စိတ်ပူစရာမရှိပါဘူး သူက ပြဿနာဖြစ်ရမှာကြောက်တယ် ထိပ်တိုက်ရင်ဆိုင်ရဲသူမဟုတ်ဘူး"

"သူ တတ်နိုင်လို့လား"

"တတ်နိုင်ပါတယ် ကောင်းကင်ရွှင်ပျော်စံအိမ်က သူ့ကို သုံးလအတွင်း ဝိညာဥ်ကျောက်တုံး ၁၀၀၀ တောင်းတာ ပေးနိုင်ခဲ့တယ်"

"ဝိညာဥ်ကျောက်တုံး ၁၀၀၀ ကို သုံးလ၊ ဟင်း ကြည့်ရတာ ဒီတယောက်ကို သေချာဂရုစိုက်ပေးဖို့လိုပြီထင်တယ်" မင်ဇိုချွမ်က အိပ်ကပ်ထဲက ဆေးတစ်လုံးထုတ်ယူ၍ လီကိုင်အား ပစ်ပေးလိုက်သည်။" ဟောဒီမှာ မင်းအတွက်၊ ကောင်းကောင်းလုပ်ခဲ့တယ် ဒီဆေးလုံးကို မင်းကို အဆင့်မြန်မြန်တက်စေလိမ့်မယ်"

လီကိုင်က ဆေးလုံးကိုလက်ခံပြီး ကျေးဇူးတင်လိုက်သည်။ သူ ကြိုးစားခဲ့သမျှက ဤဆေးလုံးအတွက်ဖြစ်သည်။ ဒါနဲ့ဆို အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်သို့တက်နိုင်ပြီး ရွှေအမြုတေအဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးတော့မည်ဖြစ်သည်။

ထို့နောက် သူ့ခေါင်းမှ တစုံတခုကို ခံစားလိုက်ရသည်။

လှံရှည်တစ်ချောင်းက လီကိုင်၏ ခေါင်းကိုဖောက်ဝင်ပြီး ပေါက်ကွဲသွားစေ၏။

သွေးများက မင်ဇိုချွမ်၏ မျက်နှာကိုစင်သွား၏။ သူ ဘာဖြစ်သွားမှန်းမသိလိုက်ပေ။ လီကိုင်က သေသွားသည်ကိုတောင် သိလိုက်ရပုံမပေါ်ချေ။

All Chapters