← Chapters

အစစ်အမှန်တပည့်ကို သတ်ဖြတ်ခြင်း၏ အကျိုးဆက်

Vol. 6 Ch. 84

အစစ်အမှန်တပည့်ကို သတ်ဖြတ်ခြင်း၏ အကျိုးဆက်

Vol. 6 Ch. 84

လီကိုင်က မင်ဇိုချွမ်ရှေ့မှာတင် သေသွားခဲ့သည်။ ဘာမှ မလုပ်လိုက်နိုင်ပါချေ။

မင်ဇိုချွမ်က ရွှေအမြုတေအဆင့်ဖြစ်သောကြောင့် ချက်ချင်း သတိဝင်လာပြီး ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။

သို့သော် ဆေဘာတစ်လက်က နောက်ကျောမှ ဖောက်ထွက်လာသည်။

ဝတ်ရုံက ကာကွယ်ပေးလိုက်သည့်အတွက် သက်ပြင်းချလိုက်ရသည်။ အချိန်မဖြုန်းပဲ စွမ်းအားများကို စုစည်းလိုက်၏။

ခရမ်းရောင်အလင်းတချက်လက်သွား၍ ဝတ်ရုံ၏ အကာအကွယ်က ပျက်စီးသွားလေသည်။ ငွေဖြူရောင်ဆေဘာက သူ့ဆီ ရောက်လာပြန်၏။

တိုက်ခိုက်မှုက မြန်လွန်းရကား လီကိုင်၏ သေဆုံးမှုနှင့် စက္ကန့်အနည်းငယ်သာ ကွာလေသည်။

"အညံ့ခံပါတယ် ကျေးဇူးပြုပြီး မသတ်ပါနဲ့" မင်ဇိုချွမ်က မသေချင်၍ တောင်းပန်လိုက်သည်။

"ဒီဘဝတော့မရဘူး" အနက်ရောင်ဆေဘာက ခရမ်းရောင်စွမ်းအင်များဖုံးလွှမ်းလျက် လည်ပင်းအား ပိုင်းဖြတ်သွားလေသည်။

"မင်း...ငါက အစစ်အမှန်တပည့်ကွ"

ဆေဘာက ထပ်လက်သွားပြန်သည်။ ဒီတခါတော့ ကျန်းဟောင်က ကောင်းကင်ဆေဘာ ဒုတိယကွက်အား အသုံးပြုခဲ့သည်။

မင်ဇိုချွမ်မှာ တစစီ ပိုင်းဖြတ်ခံလိုက်ရ၏။

"အစစ်အမှန်တပည့်လည်း သေတတ်တာပဲ" ကျန်းဟောင်ပြော၏။

လီကိုင်၏ သိုလှောင်ရတနာအား ယူလာခဲ့သည်။ နေရာအား စစ်ဆေးကြည့်ခဲ့ပေမဲ့ အထဲတွင် မည်သည့်ရတနာမှ ရှာမတွေ့ပါချေ။ ပိုင်ရီနှင့် ပတ်သတ်သည့်အရာလည်း မတွေ့ပေ။

"သူက ဘယ်သူများပါလိမ့်"

မင်ဇိုချွမ်က ရွှေအမြုတေအဆင့် အလယ်အလတ်ဖြစ်သည်။ ပိုင်ရီက ပိုပြီးသန်မာနိုင်၏။

"အခုတော့ သူနဲ့ မရင်ဆိုင်နိုင်သေးဘူး"

မင်ဇိုချွမ်ကို မတိုက်ခိုက်ခင် အကဲဖြတ်စွမ်းရည်ကို သုးခဲ့သည်။ အရေးကြီးသည့် အချက်အလက်မျိုးမရခဲ့ပါချေ။

"ဝိညာဥ်ကျောက်တုံး ၁၆၀၀" ကျန်းဟောင်က သိုလှောင်ရတနာထဲကို ကြည့်နေသည်။ "ငါက ၅၀၀ ပဲပေးခဲ့တာ ကျန်တာတွေက ဘယ်ကလဲ"

အနည်းဆုံး လူလေးယောက်လောက် သူ့လိုမျိုးငွေညှစ်ခံခဲ့ရကြောင်း နားလည်သွားတော့သည်။ ဆေးဥယျာဥ်၏ စောင့်ရှောက်သူများက ဂိုဏ်းအရင်းအမြစ်များနှင့် လဲလှယ်ရန် လုပ်အားပေးကြခြင်းဖြစ်သည်။

"ဒီလိုဆိုမှ ငါလည်း အရင်းအမြစ်တွေမထုတ်တာ ကြာပြီပဲ"

ဝိညာဥ်ကျောက်တုံးနှင့် ပုလဲနက် ၃၀၀၀ ကိုသိမ်းပြီးနောက် သိုလှောင်ရတနာအား ဖျက်ဆီးလိုက်သည်။

ဥပဒေခန်းမ၏ စုံစမ်းစစ်ဆေးမှုကို ခံရနိုင်၏။ အစစ်အမှန် တပည့်ကိုသတ်ခြင်း၏ အကျိုးဆက်က မည်မျှပြင်းထန်ကြောင်းမသိပါချေ။

လျှိုရှင်းချန် ရောက်လာမည်ကိုသာ စောင့်ရပေမည်။

ထို့နောက် အိမ်ပြန်လာပြီး စွမ်းရည်အသစ်အား လေ့ကျင့်သည်။

နောက်တစ်ရက်မနက်

ကျန်းဟောင် မျက်လုံးဖွင့်လိုက်သောအခါ အားအင်များ ပြည့်ဝနေသည်။ စွမ်းရည်အသစ်တွင် စုဆောင်းထားသည့် စွမ်းအင်များက သူ့အတွက် အံ့အားသင့်စရာကောင်းသည်။

စွမ်းရည်အသစ်၏ ပြန်ပေါ်လာခြင်း အပိုင်းကို သုံးထားခြင်းဖြစ်သည်။ တက်လာသည့် စွမ်းအင်များက အလွန်အံ့အားသင့်ဖွယ်ကောင်းကြောင်း ခံစားရလေသည်။

စွမ်းအားသစ်ကိုစမ်းရန် ရွှေအမြုတေအဆင့် နှောင်းပိုင်းကိုပင် စိန်ခေါ်ချင်သွား၏။

ကျန်းဟောင် သူ့ကိုယ်သူ ထိန်းလိုက်၏။ အရမ်းကာရော လုပ်၍မရပေ။ ပုန်းကွယ်ဝိညာဥ် ပြန်ပေါ်လာခြင်းက သူ၏ ဝှက်ဖဲဖြစ်သည်။ စိတ်ထင်တိုင်း မသုံးနိုင်ပေ။

"နတ်စွမ်းရည်တွေက အတော်အသုံးဝင်တယ် ခရမ်းရောင်ပူဖောင်းတွေ ထပ်ရဖို့ ဘယ်လောက်ကြာဦးမလဲမသိဘူး"

သူ၏ နဖူးအလယ်တွင် ပုန်းကွယ်ဝိညာဥ်၏ စွမ်းအားများကို သိမ်းဆည်းပြီးနောက် အိမ်ပြင်ထွက်လာခဲ့သည်။

သားရဲက ခြံထဲတွင် စောင့်နေသည်။

"မင်း ဒီနေ့စောပါလား" ကျန်းဟောင် ပြော၏။

"သခင်" သားရဲက ပြေးလာပြီး လည်ပတ်ကိုပြသည်။ "ကြည့် ဒီမှာ အက်နေပြီ"

"ဒါဆို မဝတ်နဲ့ပေါ့"

"ဟင့်အင်း လည်ပတ်မဝတ်ရင် သခင့်ရဲ့သားရဲမှန်း ဘယ်သူကသိမှာလဲ သခင် လည်ပတ်အသစ်ဝယ်ပေးပါ ဒါဆို အရမ်းအရေးကြီးတဲ့အရာတခုပြောပြမယ်"

လည်ပတ်အသစ်က ဝိညာဥ်ကျောက်တုံး ၁၀၀၀ လောက်ကုန်ကျမည်ဖြစ်ရာ ကျန်းဟောင် သက်ပြင်းချ၏။ ဒါပေမဲ့ သားရဲပြောတာမှန်သည်။ ၎င်းတွင် လည်ပတ်မရှိပါက အခြားသူများ၏ ပစ်မှတ်ထားခြင်းခံရပေမည်။

သူ့တွင် ဝိညာဥ်ကျောက်တုံး ၁၉၀၀ ရှိ၏။ လည်ပတ်ဝယ်ပြီးနောက် ၉၀၀ သာကျန်တော့ပေမည်။

မိစ္ဆာမအတွက် လက်ဖက်ရွက်ဝယ်ရန် လောက်ပါဦးမလားမသိပါချေ။ ဈေးသွားပြီးမှ ဆုံးဖြတ်ရပေမည်။

ထို့နောက် အနက်ရောင်ပုလဲအား အကဲဖြတ်လိုက်သည်။

အားဖြည့်ပုလဲ၊ ပိုင်ရီ၏ လက်ရာ၊ မြေဆီလွှာ၏ အာဟာရဓာတ်ကိုထောက်ပံ့ပေးပြီး စိတ်ဝိညာဥ်စွမ်းအင်အား သာမန်မဟုတ်စွာ တိုးတက်စေသည်။

သူပဲဖြစ်ပြန်ပြီ။

ကျန်းဟောင်မှာ ၎င်းနဲ့ပတ်သတ်ပြီး သိချင်စိတ်များဖြစ်ပေါ်နေ၏။ ဤသို့သောပစ္စည်းကို ဖန်တီးနိုင်သူက အလွန် ဗဟုသုတကြွယ်ဝရပေမည်။

သူ့လက်ထဲ များပြားသည့် အားဖြည့်ပုလဲများရှိနေခြင်းကြောင့် ပြဿနာဖြစ်နိုင်သလားဟု တွေးနေမိသည်။

ထို့နောက် ဆေးဥယျာဥ်ကိုသွားရန် ခြံပြင်ထွက်လာရာ လျှိုရှင်းချန်နဲ့ တွေ့လေသည်။ သူနဲ့အတူ ဥပဒေခန်းမ တပည့်နှစ်ဦးလည်း ပါလာ၏။

ကျန်းဟောင်လည်း မလွယ်ကူသလို ခံစားလိုက်ရသည်။ အနည်းဆုံးတော့ သူ့ကိုသံသယဝင်ရန် ရက်အချို့ကြာဦးမည်ဟု ထင်ထားခဲ့သည်။

"ဂျူနီယာညီလေး ငါတို့တွေ့ပြန်ပြီ" လျှိုရှင်းချန်က လေးနက်နေသည်။

"မင်္ဂလာပါ စီနီယာအစ်ကိုလျှို ဘာကိစ္စများရှိလို့ပါလဲ"

"မတော်တဆဖြစ်သွားလို့ လူသတ်သမားကို လိုက်ရှာနေတာ ဒီရက်ပိုင်းအတွင်း နစ်နာသူနဲ့ ပတ်သတ်ခဲ့သမျှ လူတွေကို စစ်ဆေးရမယ် "

ရွှေအမြုတေအဆင့်ရှိ အစစ်အမှန်တပည့်သေဆုံးခြင်းက တကယ့်ကိစ္စကြီးဖြစ်ကြောင်း သူသိလိုက်ရသည်။

"နစ်နာသူက ကျနော်နဲ့ပတ်သတ်လို့လား" ကျန်းဟောင် မေးသည်။

"ငါတို့စစ်ဆေးကြည့်မှာပါ ဂျူနီယာညီလေး ငါတို့နဲ့ လိုက်ခဲ့ဖို့လိုမယ် မသွားခင် မင်းအိမ်ထဲ ဝင်ကြည့်လို့ရမလား တာဝန်အရဖြစ်လို့ စိတ်မရှိဖို့ မျှော်လင့်ပါတယ် "

"ရပါတယ်"

လျှိုရှင်းချန်က ကျန်နှစ်ဦးကိုပြောသည်။ "သွားရှာကြ ပစ္စည်းတွေကို မထိခိုက်စေဖို့ သတိထားပါ"

လျှိိုရှင်းချန်က သူတို့နဲ့ လိုက်မဝင်ပါချေ။ ကျန်းဟောင်နားကပ်ပြီး ပြောသည်။" မင်းရဲ့ သိုလှောင်ရတနာထဲ ထူးခြားတာများရှိလား ဂျူနီယာညီလေး"

ကျန်းဟောင် စိတ်လေးသွားပေမဲ့ မျက်နှာတွင် မည်သည့်ခံစားချက်မှ မပေါ်ပါချေ။ "ဘာမှမရှိပါဘူး အဆောင်၊ ဆေးလုံးနဲ့ ဝိညာဥ်ကျောက်တုံးအနည်းငယ်ရယ်ပါ "

"ဒါဆို ကောင်းတယ် အစောင့်အကြပ်ရှိတဲ့ အခြားနေရာတွေကိုသွားတဲ့အခါ မင်းရဲ့ သိုလှောင်ရတနာကို စစ်ဆေးကြလိမ့်မယ် ကြိုသတိပေးတာ"

ကျန်းဟောင် ရှော့ရသွား၏။ ကိစ္စရပ်များက တကယ့်ကို အလေးအနက်ဖြစ်နေပုံပင်။

All Chapters