← Chapters

သူမဆီက အကူအညီတောင်းသင့်သလား

Vol. 6 Ch. 85

သူမဆီက အကူအညီတောင်းသင့်သလား

Vol. 6 Ch. 85

လျှိုရှင်းချန်၏ စကားက ကျန်းဟောင်ကို ရှော့ရစေ၏။ သူ၏ သိုလှောင်ရတနာထဲ အားဖြည့်ပုလဲ ၃၀၀၀ ရှိနေသည်။

သူ၏ သိုလှောင်ရတနာသာ စစ်ဆေးခံရပါက မင်ဇိုချွမ်၏ သေဆုံးမှုအတွက် ပေါ်သွားမည်ဖြစ်သည်။ လျှိုရှင်းချန်က အခုချက်ချင်း စစ်ဆေးရန် အလျင်မလိုပုံရသည်။ သူ့အနေနဲ့ သွားပြီဟုခံစားနေရသော်လည်း တည်ငြိမ်မှုကို ထိန်းသိမ်းထားရပေမည်။

"သိုလှောင်ရတနာကိုဖွက်ဖို့ နည်းလမ်းရှာရမယ်"

ဥပဒေခန်းမက လူများ အိမ်ထဲရှာပြီးနောက် ကျန်းဟောင်က သူတို့နဲ့အတူ အပြင်ထွက်ခဲ့သည်။

"ဥပဒေခန်းမ စစ်မေးမှုလုပ်တဲ့နေရာကို သွားနေတာပဲ စုံစမ်းစစ်ဆေးမှုက ခုနစ်ရက်ထိကြာနိုင်တယ် ဒီကာလထဲမှာတော့ ဂျူနီယာညီလေးကျန်းကို ဒုက္ခပေးရဦးမှာပဲ "

"ပြဿနာမရှိပါဘူး" ကျန်းဟောင် ပြော၏။ "ဒါနဲ့ ဘယ်သူသေသွားတာလဲ"

"အရိုးတစ်ရာတောအုပ်က တပည့်၊ ဂျူနီယာညီလေးကျန်း လီကိုင်နဲ့ ပြဿနာများရှိခဲ့လား"

"ဆေးဥယျာဥ်နဲ့ ပတ်သတ်ပြီး သဘောမတူညီမှုလေးတွေတော့ရှိခဲ့တယ် "

လျှိုရှင်းချန် ခေါင်းညိတ်သည်။ "အခြားဆေးဥယျာဥ်က စောင့်ရှောက်သူလေးဦးကိုလည်း ခေါ်ထားတယ် အရိုးတစ်ရာတောအုပ်က တပည့်တွေနဲ့ ထိတွေ့သူတိုင်းကို မေးမြန်းရလိမ့်မယ်"

"စီနီယာအစ်ကိုလီက အတွင်းစည်းတပည့်ပဲမဟုတ်လား"

"ပြောရခက်တယ် ဥပဒေခန်းမက ဒီတာဝန်ကို တိုက်ရိုက်ယူထားတာ ငါ့မှာ အစစ်အမှန်တပည့်တွေနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ အခွင့်အာဏာမရှိဘူး မဟုတ်ရင် မင်းကို ပိုပြီးပြောပြနိုင်လိမ့်မယ်"

ကျန်းဟောင် ခေါင်းညိတ်သည်။" စစ်ဆေးမှုအတွက် ယေဘုယျ လုပ်ငန်းစဥ်က ဘာများပါလဲ"

"အင်း ပထမဆုံး ဒီကိစ္စနဲ့ဆက်နွယ်မှုရှိသူတွေကို မေးခွန်းထုတ်မှာဖြစ်တယ် ဒါက အများဆုံးနှစ်ရက်ကြာနိုင်တယ်" လျှိုရှင်းချန် ပြောသည်။" ပြီးရင် ရထားတဲ့သဲလွန်စပေါ် မူတည်ပြီး စုံစမ်းစစ်ဆေးမှုစမယ် ဒါက သုံးရက် ၊ နောက်ဆုံးနှစ်ရက်ကတော့ ရလဒ်အတွက်ပဲ"

"သာမန်အားဖြင့် အဲ့လောက်မကြာဘူး ခုနစ်ရက်သတ်မှတ်ချက်က စုံစမ်းစစ်ဆေးမှုမှာ ဘက်လိုက်မှုမရှိအောင်ရယ် တိုးတက်မှုမှန်သမျှကို အခွဲ ၁၂ ခုစီတင်ပြရတာကြောင့်ပဲ"

ကျန်းဟောင်တွင် မေးခွန်းများစွာရှိနေ၏။ တစုံတယောက်က အာမခံပေးရင်ရော ဂိုဏ်းက သူ့ကို လွှတ်ပေးနိုင်မလား။

လူသတ်သမားက ဥပဒေမဲ့မျှော်စင်ထဲ ပစ်ထည့်ခံရမည်။ ထိုအခါ ကျင့်ကြံဆင့်များလျော့ကျသွားမည်ဖြစ်သည်။ သူ မိုင်းတူးပြီး ပူဖောင်းများကောက်ကာ ဥပဒေမဲ့မျှော်စင်ကို ကျော်ဖြတ်နိုင်မည့်နည်းလမ်းရှာနိုင်လောက်သည်။

မိုင်းတွင်း ပျက်စီးသွားပြီး အခုထိပိတ်ထားတုန်းပဲ အခြားနေရာမှာ အလုပ်သမားအဖြစ် လုပ်ရနိုင်တယ်။

ကျန်းဟောင်၏ နှလုံးသားနစ်မြုပ်သွား၏။ ပုန်းကွယ်ဝိညာဥ် ပြန်ပေါ်လာခြင်းက ဥပဒေမဲ့မျှော်စင်ကို ရင်ဆိုင်နိုင်လောက်မလား။ သူသာမိသွားလျှင် ကမ်းပါးသခင်ကလွဲပြီး သူ့ကို ကယ်တင်ပေးနိုင်မည်မဟုတ်ပါချေ။

လျှိုရှင်းချန်၏ စကားအရ အနည်းဆုံးနှစ်ရက်အတွင်း ဥပဒေခန်းမက သူ၏ သိုလှောင်ရတနာကို ရှာဖွေဦးမည်မဟုတ်ပေ။

ကျန်းဟောင်သာ အားဖြည့်ပုလဲများကိုဖွက်ထားနိုင်မည်ဆိုပါက သူ အဆင်ပြေမည်ဖြစ်သည်။

"ဘယ်သူ့ကို အကူအညီတောင်းရမလဲ"

လျှိုရှင်းချန်ကတော့ ကူညီနိုင်မည်ဟု မထင်ပေ။ နောက်ပြီး သူ တရားခံဖြစ်ကြောင်း ဝန်ခံလိုက်သလိုဖြစ်သွားပေမည်။ လျှိုရှင်းချန် ကူညီမည်အား မသေချာပဲ မစွန့်စားရဲပါချေ။

"ဘယ်သူရှိမလဲ ဟိုမိစ္ဆာမရော"

ပန်းကိုလာယူရန်လိုသည့် အကြောင်းပြချက်ပေးကာ သူမအား လာရန်ပြောနိုင်သည်။

လျှိိုရှင်းချန်ထက်စာလျှင် သူမကို ကျန်းဟောင် ပိုယုံလေ၏။

"ဂိုဏ်းမှာ ကိစ္စတွေ အများကြီးဖြစ်နေချိန် အစစ်အမှန်တပည့်တဦး အသတ်ခံရတယ် လူသတ်သမားကို လျှောက်သွားနေစေဖို့ ဥပဒေခန်းမက ခွင့်မပြုနိုင်ဘူး ဒါကြောင့် တာဝန်အပြည့်ယူလိုက်တာပဲ "

ကိစ္စရပ်များက ဒီလောက်ထိဖြစ်လာလိမ့်မည် မထင်ထားပါချေ။

"ဒါဆို တနေ့ ကျနော်အသတ်ခံရရင်ရော ဥပဒေခန်းမက ဒီလိုမျိုး အားကုန်သုံးပြီး လူသတ်သမားကိုဖော်ထုတ်မှာလား "သူမေးသည်။

လျှိုရှင်းချန်က ရယ်ပြီး "ခုနက ပြောတာမှတ်မိလား လူသတ်သမားက ဂိုဏ်းထဲ လွတ်လွတ်လပ်လပ်သွားနိုင်တယ် သူ့စွမ်းရည်နဲ့ ပုန်းအောင်းပြီး ဘယ်မှာရှိလဲ သဲလွန်စထောက်ပံ့ပေးသူတွေကို သတ်လိမ့်မယ် ဂိုဏ်းချုပ်က သူ့ကို ဖော်ထုတ်ချင်နေတယ် ဒါကြောင့် ဥပဒေခန်းမက ဂိုဏ်းရဲ့ အဓိပတိရတနာ ကောင်းကင်ဝိညာဥ်မှော်မှန်ကို သုံးလိမ့်မယ် လူသတ်သမားကို ရအောင်ရှာဖို့ ဆုံးဖြတ်ထားတယ် "

လျှိုရှင်းချန်က သူ့ကိုကြည့်သည်။ "ဥပဒေခန်းမက စည်းမျဉ်းတွေနဲ့ပတ်သတ်ပြီး တင်းကြပ်တယ် သံသယစာရင်းမှာပါဝင်သူတွေကို အပြည့်အဝကာကွယ်ပေးတယ် ဒါပေမဲ့ တခါတလေတော့လည်း ဂျူနီယာညီမယွင်ရိုလို ချွင်းချက်ရှိလိမ့်မယ် "

ကျန်းဟောင် ခေါင်းငုံ့၍ သက်ပြင်းချသည်။

သံတံခါးက ကျယ်လောင်စွာ ပွင့်သွားခဲ့သည်။ ကျန်းဟောင်မှာ အခန်းငယ်လေးထဲနေရ၏။ အခန်းထောင့်က မျက်နှာကျက်ပေါ်တွင် ဖောက်ထားသည့် အပေါက်တခုမှ အလင်းအနည်းငယ်ဝင်နေသည်ကလွဲပြီး အခန်းထဲ မည်သည့်အလင်းမှမရှိပါချေ။

အခန်းထဲ အိပ်ရာတခုကလွဲပြီး ဘာမှမရှိချေ။ သူထိုင်ချပြီး ဘေးဘီကိုကြည့်သည်။

အမည်မဲ့ကျင့်စဥ်ကြောင့် အနားတဝိုက်တွင် ခပ်ဖျော့ဖျော့ စွမ်းအင်လှုပ်ခတ်မှုများရှိကြောင်း သတိထားမိသည်။

ရိုးရှင်းသည့်အခန်းသာဖြစ်သောကြောင့် လုံခြုံရေးက အရမ်းမတင်းကြပ်သလို အခန်းတွင် မှော်အကာအကွယ်များလည်း မရှိပါချေ။

"ရွှေအမြုတေအဆင့် အလယ်အလတ်ရှိတဲ့ငါက ဒီအခန်းကနေ ထွက်ပြေးနိုင်တယ် ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင် ဝန်ခံပြီးသားဖြစ်သွားလိမ့်မယ် ဒါပေမဲ့ ဒီတိုင်းစောင့်နေတာကလည်း အန္တရာယ်များတယ်"

သူသာမိသွားလျှင် ဥပဒေမဲ့မျှော်စင်ထဲ ပစ်ထည့်ခံရမည်။ ဘယ်သူက သူ့ကိုကယ်မှာလဲ။ အကြီးအကဲပိုင်ကျီလား အနီရောင်ဝတ်အမျိုးသမီးလား။

အကြီးအကဲပိုင်ကျီ ဂရုမစိုက်ဖို့ကများသည်။ ဟုန်ယွီယဲ့ ရောက်လာသည့်အချိန်တွင်လည်း နောက်ကျသွားလောက်ပြီ။

ကျန်းဟောင် သက်ပြင်းချ၍ မျက်နှာကျက်ကိုကြည့်သည်။ အားဖြည့်ပုလဲများ ယူခဲ့မိသည်ကို နောင်တရမိသည်။ သူတို့သာ စေ့စေ့စပ်စပ်ရှာဖွေပါလျှင် တွေ့သွားမှာ သေချာသည်။

သူသာ ဤအခြေအနေမှ ထွက်နိုင်ခဲ့ပါလျှင် ဤသို့ တုံးအသည့် အမှားမျိုးကျူးလွန်တော့မည် မဟုတ်ပေ။

သူ့ကိုယ်သူ မည်သို့ကယ်တင်ရမည်အား တွေးနေသည်။ ထွက်ပြေးရမလား လျှိုရှင်းချန် ဒါမှမဟုတ် ဟုန်ယွီယဲ့ကို အကူအညီတောင်းရမလား။

ဟုန်ယွီယဲ့က သူ့အကြောင်းအတော်သိထားသည်။ သူမနဲ့ပတ်သတ်ပြီး တစုံတခုကိုရှာတွေ့ပါက ထိုအချက်ကိုသုံးပြီး သိုလှောင်ရတနာအား ဖွက်ထားပေးရန် အကူအညီတောင်းနိုင်သည်။

ဒါပေမဲ့ သူမကို ဘယ်လိုဆက်သွယ်ရမလဲ။

သူ့တွင် အချိန်နှစ်ရက်သာရှိသည်။ သူ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ရန်လိုနေ၏။

ကျန်းဟောင်က အခန်းထဲတွင်စောင့်နေသည်။ အဆိုးဆုံးအခြေအနေတွင် အချိန်တချို့ဆွဲပေးရန် လျှိုရှင်းချန်အား မှီခိုရပေမည်။

နောက်တစ်ရက်

ဆူညံသံများကြောင့် ကျန်းဟောင် နိုးလာခဲ့၏။ အဖြူရောင်အရိပ်တခုက မျက်နှာကြက်အပေါက်ကနေ တွားဆင်းလာကြောင်း တွေ့လိုက်ရသည်။

သားရဲက အပေါက်ထဲကနေ ငုံ့ကြည့်လိုက်သည်။ "သခင် ကျနော့်ကို လည်ပတ်အသစ်လည်း မဝယ်ပေးဘူး"

All Chapters