← Chapters

မိစ္ဆာမ ရောက်လာပြီ

Vol. 6 Ch. 86

မိစ္ဆာမ ရောက်လာပြီ

Vol. 6 Ch. 86

ကျန်းဟောင် အံ့အားသင့်ပြီး ဝမ်းသာသွားခဲ့သည်။ သားရဲက ဘယ်လိုကြောင့် သူ့ဆီလိုက်လာလဲမသိပေ။

"ဘယ်လိုဝင်လာတာလဲ" ကျန်းဟောင် မေးလိုက်၏။ လုံခြုံရေး မတင်းကြပ်ပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်အတွက် သတိမပြုမိပဲ ဝင်လာရန်မှာ မလွယ်ပေ။

"အမိုးမှာ အပေါက်တွေ့လို့ ဝင်လာခဲ့တာ" သားရဲက ခုန်ဆင်းလိုက်သည်။ "နောက်ပြီး ကျနော့်မှာ ထောက်လှမ်းမခံရပဲ နေရာတွေကိုသွားလာနိုင်တဲ့ အရာရှိတယ်လေ"

သားရဲဆင်းလာသောအခါ အဖြူရောင်မြူများဖုံးလွှမ်းနေသလိုပင်။ ထို့နောက် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းဟောင်လည်း သားရဲကို ဂုတ်ကနေဆွဲမပြီး အနီးကပ် ကြည့်လိုက်သည်။

သားရဲက ခပ်ကြွားကြွားပုံစံဖြင့် လက်ပိုက်ထားလေသည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ အဲဒါဘာလဲ "

"လည်ပတ်အသစ်ဝယ်ပေးရင် အရေးကြီးတာပြောပြမယ်လို့ ပြောသားပဲ နားမှမထောင်တာ "

သားရဲတွင် ထိုသို့သောစွမ်းရည်ရှိမည်မထင်ထားပါချေ။ ၎င်းပေါ်လာခြင်းက သူ့အတွက် ရွေးချယ်စရာရှိလာသည်။

ကျန်းဟောင်က အကဲဖြတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။

[ယုန်၊ မြင့်မားသည့် အသိဉာဏ်လက္ခဏာ၊ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်တွင်ရှိသည်၊ တည်ရှိမှုအားပျော့စေခြင်း၊ ရိုးရှင်းသည့် အစီအရင်နှင့် လူသားအာရုံကို ကျော်ဖြတ်နိုင်သည့် မွေးရာပါအစွမ်းအားရှာတွေ့ထားသည်၊ မိစ္ဆာသားရဲသွေးမျိုးဆက်ရှိသည်၊ တစ်ရက်လျှင် ဝိညာဥ်ကျောက်တုံး ၁၀၀ ကျွေးပါက ၄၉ ရက်ကြာပြီးနောက် သွေးမျိုးဆက် အသက်ဝင်သွားပေမည်၊ ဝိညာဥ်ကျောက်တုံး နေ့တိုင်းကျွေးခြင်းဖြင့် သင့်အပေါ် ရင်းနှီးမှုတိုးလာနိုင်သည်]

၎င်း၏ စွမ်းရည်က အားနည်းနေသေး၏။ ရိုးရှင်းသည့် အစီအရင်နှင့် နိမ့်ပါးသည် ကျင့်ကြံဆင့်ရှိသူများကိုသာ ဖြတ်ကျော်နိုင်သည်။

"သခင် လည်ပတ်အသစ်ဝယ်ပေးပါ ဒါက အတော်ပျက်နေပြီ"

ကျန်းဟောင်က သားရဲကို ကြမ်းပေါ်ချပေးလိုက်၏။ "သိုလှောင်ရတနာတောင်းဆိုဖူးတာ ငါမှတ်မိတယ်"

"ချန်ချိုးက တခုပေးထားတယ်" သားရဲက ပြသလာသည်။

"ကောင်းတယ် အခုနားထောင် မင်းထွက်သွားရင် ရှာတွေ့သွားနိုင်လား"

"လုံးဝပဲ"

ကျန်းဟောင် ပြုံးလိုက်၏။ အားဖြည့်ပုလဲ၊ စိတ်ဝိညာဥ်ဓားများ၊ ဆေဘာနှင့် ဆေးလုံးများကို ယုန်၏ သိုလှောင်ရတနာထဲ ပြောင်းထည့်ပေးလိုက်သည်။

"ရော့ ဒါကိုယူပြီး လာလမ်းအတိုင်း ပြန်ထွက်ပေတော့ မင်းရဲ့ သိုလှောင်ရတနာနား ဘယ်သူမှမကပ်စေနဲ့ ငါ ပြန်ထွက်လာရင် လည်ပတ်အသစ်ဝယ်ပေးမယ်"

"တကယ်လား" သားရဲ ဝမ်းသာသွား၏။

ကျန်းဟောင် ခေါင်းညိတ်သည်။ "ဟုတ်တယ် ဒါပေမဲ့ မင်း ပေါ်သွားလို့မရဘူးနော်"

"စိတ်ချစမ်းပါ ဒါမျိုးက အေးဆေး" ယုန်က အာမခံသည်။

"သိုလှောင်ရတနာကို ဘယ်သူမှရှာမတွေ့နိုင်မဲ့ နေရာမှာ ဝှက်ထားလိုက် ငါ အဆင်ပြေပြီဆိုမှ ပြန်ယူပေး"

သားရဲက ခေါင်းညိတ်ပြီး ခေါင်မိုးရှိအပေါက်ကနေ ပြန်လည် ထွက်ခွာသွားတော့သည်။

နောက်ဆုံးတော့ သူ စိတ်အေးသွားခဲ့သည်။

ဟုန်ယွီယဲ့၊ လျှိုရှင်းချန်နှင့် အကြီးအကဲပိုင်ကျီတို့ကို အားကိုးရမှာ အန္တရာယ်များသည်။ ဟုန်ယွီယဲ့က သူတို့သုံးယောက်ထဲ အန္တရာယ်အကင်းဆုံးဖြစ်ပေမဲ့ အတပ်မပြောနိုင်ပေ။

သားရဲက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ၎င်းက သစ္စာဖောက်မည်မဟုတ်ပေ။

ရုတ်တရက် အပြင်တွင် ရုတ်ရုတ်သဲသဲ အသံများကြားလိုက်ရသည်။

"ညာဖက်မှာ လိုက်ကြဟေ့ "

ကျန်းဟောင် နှလုံးခုန်မြန်သွား၏။ ဂူအဆိပ်က သူ့ကို တည်ငြိမ်အောင် လုပ်ပေးနေ၍သာ တော်သေး၏။ မဟုတ်ပါက သူ ဘာလုပ်မိမလဲမသိပေ။ သူက ငယ်ရွယ်သေးသောကြောင့် မည်မျှသတိထားပါစေ ပြဿနာများ ရှာမိတတ်လေသည်။

အပြင်ဖက်က အသံများငြိမ်သွားသည်အထိ သူစောင့်နေခဲ့သည်။ သားရဲသာမိသွားပါက သူတော့ အဆုံးသတ်လေပြီ။

မကြာခင် တံခါးခေါက်သံပေါ်လာ၏။

"ဂျူနီယာညီလေးကျန်း မင်းရဲ့လုပ်ရပ်တွေက ပေါ်ပေါက်သွားပြီ ဒါပေမဲ့ ငါ မင်းကိုကယ်နိုင်သေးတယ် "

မရင်းနှီးသည့် အသံဖြစ်သည်။ ၎င်းကိုယုံရလောက်အောင် သူ မတုံးအသေးပါချေ။

"ခင်ဗျား ဘာပြောနေလဲဆိုတာ နားမလည်ဘူး"

"မင်းသိပါတယ်ကွာ မင်းမှာ အခွင့်အရေးတခုပဲရှိတယ်နော် ဒါကို ဖမ်းဆုပ်မှာလား"

အပြင်ကလူမှာ သူ့ကို တဖက်လှည့်နှင့် ဝန်ခံစေရန် ဥပဒေခန်းမက လွှတ်လိုက်သည့်လူမှန်း သိလိုက်သည်။ ၎င်းက သားရဲအကြောင်းမပြောတာကြောင့် လွတ်မြောက်သွားပုံရသည်။

ကျန်းဟောင် တိတ်ဆိတ်နေ၏။ အတန်ကြာသော် အပြင်ကလူလည်း တစုံတရာရေရွတ်၍ ထွက်ခွာသွားလေသည်။

ကျန်းဟောင် စောင့်နေ၏။ အပြင်မှ မည်သည့်အသံမှ မကြားရတော့ချေ။

နောက်တစ်ရက်

သူ မျက်လုံးဖွင့်လိုက်သောအခါ အနီရောင်ပုံရိပ်တခု ဘေးတွင်ထိုင်နေသည်အား မြင်လိုက်ရသည်။ သူမက မျက်နှာကြက်က အပေါက်ကိုကြည့်နေသည်။

သူ နိုးလာသည်ကိုမြင်သောအခါ လှည့်ကြည့်လာ၏။ "မင်းက ဒီလိုနေရာတွေကို ကြိုက်တယ်ထင်တယ် ကောင်းကောင်း အိပ်ပျော်နေတာပဲ"

ကျန်းဟောင်လည်း ကိုးရိုးကားရားဖြင့် ဦးညွတ်လိုက်သည်။ "နှုတ်ဆက်ပါတယ် စီနီယာ"

သူမ ဘယ်လိုရောက်လာမှန်းမသိသော်လည်း သူ့ကို ဒုက္ခပေးမှာမဟုတ်တာ သေချာလေသည်။

ဟုန်ယွီယဲ့ လက်ဝေ့ယမ်းလိုက်ရာ စားပွဲ၊ ကုလားထိုင်များနှင့် ရေနွေးအိုးတစ်လုံးပေါ်လာသည်။

သူမက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး "လက်ဖက်ရွက်ပါလား"

"ဟုတ်ကဲ့" ကျန်းဟောင်က မိုးနီလက်ဖက်ရွက်ကို အမြဲဆောင်ထားသည်။ သူ ထရပ်ပြီး လက်ဖက်ရည်ဖျော်၏။

သားရဲသာ မနေ့ကပေါ်မလာလျှင် သူမက သူ၏ အားကိုးရာဖြစ်လာမည်ဖြစ်သည်။

All Chapters