← Chapters

သူ့ဆီမှာ အကူအညီတောင်းလာအောင် စောင့်နေတာလား

Vol. 6 Ch. 87

သူ့ဆီမှာ အကူအညီတောင်းလာအောင် စောင့်နေတာလား

Vol. 6 Ch. 87

လက်ဖက်ရည်တည်ခင်းပြီးနောက် သူ ဘေးတွင်ရပ်နေလိုက်သည်။

အခန်းက ကျဥ်း၍ တိတ်ဆိတ်သည်။ သူ အစိုးရိမ်ဆုံးက ရုတ်တရက် တံခါးပွင့်လာပြီး သူတို့အား တွေ့မြင်သွားမည်ကိုပင်။

"ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ" ဟုန်ယွီယဲ့က လက်ဖက်ရည်ကျိုက်၍ မေးသည်။

"လေးငါးရက်လောက်ဖြစ်ပါမယ်"

သူမက သူ ဒီကို လိုလိုလားလား ရောက်လာသလိုမျိုးပြောနေပုံပေါက်သည်။ သူ ဒီနေရာတွင် လုံးဝမရှိလိုပါချေ။

စုံစမ်းစစ်ဆေးမှုက ခုနစ်ရက်လောက်ကြာမည်။ သားရဲကိုသာ မဖမ်းမိပါက အထောက်အထားမရှိ၍ သူ့ကို ပြန်လွှတ်ရမည်ဖြစ်သည်။

"မင်းက ဒီလိုနေရာတွေကို ကြိုက်တယ်ထင်နေတာ "

"စီနီယာ အထင်လွဲနေပါပြီ ဒီနေရာက ကျနော့်အိမ်နဲ့တော့ ဘယ်ယှဥ်နိုင်ပါ့မလဲ "

ဟုန်ယွီယဲ့က စိတ်ဝင်စားသွားဟန်ဖြင့် ဆက်မေးသည်။ "ဒါဖြင့် မင်းရဲ့ အိမ်နဲ့ မိုင်းတွင်းနဲ့ဆိုရင်ရော"

"ကျနော့်အိမ်ကိုပဲ ကြိုက်ပါတယ် မိုင်းတွင်းမှာရှိနေတာက အခြားစီနီယာကို ကူညီဖို့ပါ "

ဟုန်ယွီယဲ့က သူ့ကို ခပ်ဖျော့ဖျော့ပြုံးကြည့်သည်။ ကျန်းဟောင်ကတော့ တည်တည်ငြိမ်ငြိမ်ရှိနေသည်။ ဘာပဲဖြစ်ဖြစ် သူ၏ အတွေးများကိုတော့ သူမ မြင်နိုင်မည်မဟုတ်ပေ။

ဟုန်ယွီယဲ့က နောက်ထပ် လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပြီး "ငါ့အပေါ် သုံးဖူးတဲ့နတ်စွမ်းရည်ကို ထပ်သုံးကြည့်စမ်း"

"အကဲဖြတ်စွမ်းရည်လား" ကျန်းဟောင် အနည်းငယ် တုံ့ဆိုင်းသွား၏။ သူ၏ စွမ်းရည်ကို ကြုံလာရမည့် စစ်မေးမှုအတွက် ချန်ထားရစ်ချင်လေသည်။

စွမ်းအင်သုံးစွဲမှုအား အတတ်နိုင်ဆုံး လျှော့ကျလိုက်သည်။

"စီနီယာ သုံးပြီးပါပြီ"

ဟုန်ယွီယဲ့က လက်ဖက်ရည်ခွက်ကို မ နေဆဲဖြစ်ပြီး သူမလက်က ရပ်တန့်သွားသည်။ ထို့နောက် ကျန်းဟောင်ကို ကြည့်သည်။

သူက သူမကို မျက်တောင်မခတ်ပဲ မှင်သေသေဖြင့် ကြည့်နေသည်။

ခဏကြာသော် ကျန်းဟောင်တယောက် နံရံနှင့် ရိုက်ခတ်မိပြီး နာကျင်စွာထရပ်လာသည်။ ကံကောင်းတာက ဒဏ်ရာမရခြင်းပင်။။

"အဲဒီသားရဲကို မွေးထားတာမဆန်းတော့ဘူး မင်းက အလိမ်တွေအပြည့်ပဲ"

ကျန်းဟောင်မှာ ဘာမှမပြောရဲပဲ ငြိမ်ငြိမ်လေးရပ်နေသည်။

"နတ်စွမ်းရည်သုံးဖို့ နောက်တခါ အခွင့်အရေးပေးလိုက်မယ်"

ကျန်းဟောင် သက်ပြင်းချ၏။ သူ့တွင် ရွေးချယ်စရာမရှိတော့ပါချေ။ ဒီတခါတော့ နတ်စွမ်းရည်အား တကယ် အသက်သွင်းလိုက်သည်။

ရလဒ်က အရင်တိုင်းဖြစ်ပြီး နာမည်ကလွဲ၍ မေးခွန်းအမှတ်အသားများသာပေါ်နေလေသည်။

"သုံးပြီးပါပြီ" သူ အမှန်တိုင်းပြော၏။

ဒီတခါတော့ ဟုန်ယွီယဲ့က ဘာမှမပြောပဲ လက်ဖက်ရည်သာသောက်နေသည်။

သူမအား နားမလည်နိုင်တော့ပေ။ ဒီတခေါက် သူနဲ့နေတာ အကြာဆုံးဟုပြောနိုင်သည်။ ကျန်းဟောင်မှာ သူမအတွက် လက်ဖက်ရည်များ ပိုမို၍ တည်ခင်းနေရသည်။

နေဝင်လုနီးခါမှ ဟုန်ယွီယဲ့ ထရပ်လာ၏။ စားပွဲနှင့် ထိုင်ခုံများအားလုံး ပြန်ပျောက်သွားကြသည်။

"နောက်တခါ ငါလာရင် မင်းကို ဒီမှာမမြင်ချင်ဘူး"

ဤနေရာ၌ ထပ်တွေ့လျှင် ဘာဖြစ်မလဲကိုတော့ မပြောပါချေ။ သို့သော် လေထုက အေးစက်၍ မွန်းကြပ်နေသောကြောင့် ကျန်းဟောင်မှာ အသက်ရှူခက်နေလေသည်။

"နားလည်ပါပြီ " သူ ဖြေလိုက်၏။

သူမက ကျန်းဟောင်ကို ကြည့်နေ၏။ သူ ဘာမှမပြောသောအခါမှ လှည့်ထွက်သွားတော့သည်။ အနီရောင်အရိပ်က ပျောက်ကွယ်သွားခဲ့သည်။

ထိုအခါမှ သူလည်း သက်ပြင်းချနိုင်သည်။ နောက်ဆုံးတော့ ပြန်သွားပြီ။ ဒါပေမဲ့ ဤနေရာတွင် အကြာကြီးနေသွားတာ အတော်လေးဆန်းသည်။ ပြန်မသွားခင်လည်း သူ့ကို ကြည့်နေခဲ့သေး၏။

"သူမဆီမှာ ငါ အကူအညီတောင်းမှာကို စောင့်နေခဲ့တာလား"

သူမက သိပ်မကြင်နာတတ်ဟု ခံစားရသည်။ သို့သော် ကောင်းကင်ဘုံရနံ့တာအိုပန်းကို သူ့ခြံထဲ ပျိုးထောင်ခွင့်ပေးထားသည်။ သူက သူမအတွက် တန်ဖိုးအချို့ရှိသည်ဟု ဆိုလိုရာရောက်သည်။ သူသာတောင်းဆိုလျှင် ကူညီလောက်သည်။

သားရဲမရှိခဲ့ပါမူ သူမကို အကူအညီတောင်းမှာ အမှန်ဖြစ်သည်။ သူမ ရောက်လာမည်ကိုသိလျှင် သားရဲအား ရတနာများ အပ်ချင်မှလည်းအပ်ဖြစ်ပေမည်။ အခုတော့ စောင့်နေရုံသာရှိ၏။

ညတွင် တံခါးဖွင့်ပြီး သူ့ကို ခေါ်ထုတ်လာ၏။ အတန်ငယ် မှောင်သောအခန်း၌ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးထိုင်နေကြသည်။

အလယ်တွင် ထိုင်နေသည့် မုတ်ဆိတ်မွေးနဲ့လူက "အသည်းကွဲကမ်းပါးက ကျန်းဟောင်နော်"

"ဟုတ်ပါတယ်" သူ ခေါင်းညိတ်သည်။

"ထိုင်ပါ မေးစရာလေးတွေရှိတယ်"

"မင်းက အခြားသူတွေထက်တော့ တည်ငြိမ်တာပဲ အဲဒါကိုတော့ ချီးကျူးရမယ်" ဘယ်ဖက်က အမျိုးသမီးက ပြောသည်။

သူတို့မျက်နှာကို မမြင်ရပေမဲ့ အသံအရ အသက်မငယ်ကြောင်း သိနိုင်သည်။ ညာဖက်မှတယောက်ကတော့ ကျန်နှစ်ဦးထက် ပိုငယ်ပုံရသည်။

"ငါက ဥပဒေခန်းမရဲ့ အကြီးအကဲဖန်လုပဲ ဒီကိစ္စအတွက် တာဝန်ရှိသူလည်းဖြစ်တယ် အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်ပြီး သိသမျှဖြေပါ "

"ကောင်းပါပြီ"

"လီကိုင်က မင်းကိုလာရှာခဲ့တယ်လို့ သိရတယ် ဘာကြောင့်လဲ"

"ဆေးဥယျာဥ်မှာ စိုက်ထားတဲ့ အရိုးပန်းနဲ့ပတ်သတ်တဲ့ ပြဿနာပါ "

"ဘယ်လိုဖြစ်သွားလဲ"

"သူ့ကို ဝိညာဥ်ကျောက်တုံး ၅၀၀ ပေးလိုက်ရပါတယ်"

"အဲ့အတွက် သူ့ကို မုန်းတီးမှုဖြစ်ခဲ့လား"

"မုန်းတာမျိုးထက် မတရားခံရတယ်လို့တော့ ခံစားမိပါတယ်"

"လီကိုင်သေတဲ့အချိန် မင်းဘာလုပ်နေလဲ"

အခန်းတွင် ကျင့်ကြံနေသည်ဟုပြောမည်လုပ်ပြီးမှ မပြောဖြစ်လိုက်ပေ။ ၎င်းတို့ကို သတ်ခဲ့တာ ညအချိန်ဖြစ်သည်။

"သူက ဘယ်အချိန်သေသွားတာပါလဲ"

"အရိုးပန်းတွေကို နုတ်ပစ်တာကို လီကိုင်က ကျေနပ်ခဲ့မယ်မထင်ဘူး"

"လီကိုင်သေတော့ အသည်းကွဲကမ်းပါးနဲ့ ပတ်သတ်တဲ့ သဲလွန်စတွေချန်ခဲ့တယ် အဲဒါက မင်းကို ညွှန်ပြနေတာလား"

"ဒါက..."

"ဟုတ်လား မဟုတ်လားပဲဖြေပါ" အမျိုးသမီးက ပြောသည်။

"လီကိုင်ရဲ့ သိုလှောင်အိတ်ထဲမှာ ဝိညာဥ်ကျောက်တုံး ဘယ်နှစ်တုံးရှိလဲ"

"မသိပါဘူး"

"ချန်ချိုးက အရိုးပန်းတွေရဲ့ ပြဿနာကိုသိတော့ သူ့ပုံစံက စိုးရိမ်နေခဲ့လား ဒေါသဖြစ်နေခဲ့လား"

"စိုးရိမ်ခဲ့ပါတယ်"

"လီကိုင်သေတော့ရော သူ့ပုံစံက ပျော်နေလား ထိတ်လန့်နေလား"

"မသိပါဘူး"

"မင်ဇိုချွမ်က သိုလှောင်ရတနာကို သူနဲ့အတူယူသွားလေ့ရှိလား"

ကျန်းဟောင် စိတ်ရှုပ်သွား၏။ "ဘာလို့ အဲ့လိုပြောမှန်းမသိပါဘူး ကျနော် မသိဘူး"

မေးခွန်းတွေက ယုတ္တိယုတ္တာမရှိပေ။ ၎င်းတို့က ကျပန်းမေးခွန်းများဖြင့် သူ့စိတ်ကို ရှုပ်ထွေးစေချင်နေကြသည်။ ယွင်ရို၏ နည်းစနစ်ကဲ့သို့ စိတ်ကိုသက်ရောက်စေသည်မျိုးဖြစ်သည်။

မနက်ရောက်မှ မေးခွန်းများရပ်သွားသည်။ သူ၏ သိုလှောင်ရတနာကိုလည်း စစ်ဆေးကြသည်။ အားရအောင် စစ်ဆေးပြီးမှ ပြန်ပေးသည်။

"ကောင်းပြီ နှစ်ရက်ကြာရင် အိမ်ပြန်နိုင်ပါပြီ အဲ့မတိုင်ခင်တော့ ဒုက္ခပေးရပါဦးမယ် "

ကျန်းဟောင် ခေါင်းညိတ်ပြီး ထွက်သွားသည်။

ကျန်ခဲ့သည့် သုံးဦးက အချင်းချင်းကြည့်လိုက်ကြသည်။

"သူက ကျမရဲ့ စိတ်ညှို့မန္တန်အောက်မှာ တည်ငြိမ်နေခဲ့တယ် ဘယ်လိုလုပ်ခဲ့လဲမသိဘူး" ယန်မေ့က ပြောသည်။

"သိုလှောင်ရတနာထဲမှာလည်း ထူးခြားတာ မတွေ့ဘူး"

"သူက ဂိုဏ်းအတွက် အကျိုးဆောင်ပေးထားသူပဲ အထောက်အထားမရှိပဲ အကြာကြီး မထိန်းသိမ်းထားနိုင်ဘူး ဒီညထိ ဘာမှမတွေ့သေးရင်တော့ ပြန်လွှတ်ရမှာပဲ"

ယန်မေ့လည်း ခေါင်းညိတ်ပြီး "ကျမလည်း သံသယမဝင်နိုင်ပါဘူး သူက မန်လုံ အသုံးချတာခံရသူပဲ"

"ကောင်းကင်နက်ဂိုဏ်းနဲ့ လေမိုးကြိုးဂိုဏ်းက စောင့်ကြည့်နေတာ အကျိုးဆောင်သူက သူတို့အာရုံစိုက်တာခံရမှာပဲ သူ့ကို လာရှာမှာမကြာတော့ဘူး အဲဒီအခါကျရင် ခူဝူကန်းတောင် သူ့ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး" ဖန်လုက ဆို၏။

"ကျန်တာအတွက် အကြီးအကဲတို့ကိုပဲ ဒုက္ခပေးရမှာပဲ ကျနော်ကတော့ ဆရာ့ဆီသွားပြီး သတင်းပို့လိုက်ပါဦးမယ်" သုံးယောက်ထဲ အငယ်ဆုံးဖြစ်သည့် ပိုင်ရီက ပြောသည်။

သူ ထွက်သွားသောအခါ ဖန်လုနှင် ယန်မေ့လည်း ထ၍ အရိုအသေပြုလိုက်ကြသည်။

All Chapters