အစစ်အမှန်နဂါး၏ ဝိညာဥ်အပိုင်းအစ
Vol. 6 Ch. 88
ညတွင် ကျန်းဟောင်က အခန်းထဲ မျက်လုံးပိတ်ထားပြီး နားနေသည်။ သူ အိပ်ပျော်သွားသောအခါ လီကိုင်နဲ့တွေ့သည်။ မသိလိုက်မသိဘာသာဖြင့် လီကိုင်နောက် လိုက်သွားမည်အပြု ခရမ်းရောင်အလင်းလက်သွားပြီး သူ့အား အသိပြန်ဝင်လာစေ၏။ တစုံတယောက်က သူ့အပေါ် မန္တန်သုံးထားသည်ထင်၏ ဆက်လက်အိပ်ပျော်နေဆဲပင်။
ကျန်းဟောင်မှာ ချွေးအေးများထွက်လာခဲ့သည်။ သူသာ ဟုန်မုန့်နှလုံးသားဆုဒြာကို မလေ့ကျင့်ထားပါက အပြင်တွင်လုပ်ခဲ့သလို လီကိုင်နှင့် မင်ဇိုချွမ်အား သတ်မိနိုင်လေသည်။
ကျန်းဟောင်က လှည့်ထွက်သွားရန်လုပ်သည်။ လီကိုင်နောက်လိုက်ချင်ပေမဲ့ မလိုက်ရဲပေ။
သို့သော် သူ လှည့်ထွက်မည်အပြု လီကိုင်က ရုတ်တရက် တိုက်ခိုက်လာသည်။ ကျန်းဟောင်က မသိလိုက်မသိဘာသာ ခုခံမိသည်။ လီကိုင်အား အဘယ်ကြောင့် တိုက်ခိုက်ရသနည်းဟု မေးမြန်းသည့်တိုင် အဖြေမရပါချေ။
အဆုံးတွင် ကျန်းဟောင် ပြင်းထန်စွာ ဒဏ်ရာရနေ၏။ သူ မြေပေါ်လဲကျသွား၏။ လီကိုင်၏ ဓားက သူ့ကိုခုတ်ချလိုက်သည်။
ကျန်းဟောင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။ မှောင်နေသည့် အခန်းအား ကြည့်လိုက်သည်။
တစုံတခုက သူ့ကိုချုပ်ထားသလို ခံစားရသည်။ ကျွမ်းကျင်သူအချို့၏ လုပ်ဆောင်မှုဖြစ်ပေမည်။
သူ သက်ပြင်းချသည်။ အစစ်အမှန်တပည့်ကိုသတ်သည့် အကျိုးဆက်က ကြီးလှသည်။
နောက်တခါဆို ၎င်းတို့အား အပြင်သို့ မျှားထုတ်ရပေမည်။ ကောင်းကင်ရွှင်ပျော်စံအိမ်ကလူများ သူ့ကို မုန်းနေသည့်တိုင် ဂိုဏ်းထဲတွင် ဘာမှမလုပ်ရဲတာ မဆန်းတော့ချေ။ သူ့နာမည်က ဥပဒေခန်းမ၏ စောင့်ကြည့်စာရင်းတွင် ပါနေသောကြောင့် မတိုက်ခိုက်ရဲကြပေ။
ဘယ်သူကများ ဥပဒေမဲ့မျှော်စင်ကို အရဲစွန့်သွားချင်ပါမည်နည်း။ အသက်ရှင်လျှင်တောင် ဘဝဆုံးသွားပေမည်။
နောက်တစ်ရက် မနက်စောစော
ကျန်းဟောင်မှာ ဥပဒေခန်းမအပြင်တွင်ရပ်လျက် နေထွက်လာသည်အား ကြည့်နေသည်။ ထင်ထားသည်ထက် သူ့ကို ပိုစောလွှတ်ပေးလိုက်ကြသည်။
ပြောရလျှင် သားရဲကိုမမိသည့်အပြင် သူ့ကို ဖမ်းရန် အခြားသက်သေလည်း ရှာမတွေ့ခဲ့ခြင်းပင်။
"ဂုဏ်ပြုပါတယ် ဂျူနီယာညီလေးကျန်း" လျှိုရှင်းချန်က ပြောသည်။ "မင်းတယောက်တည်း စောစောလွတ်လာခဲ့တာ"
"ခုနစ်ရက်ကြာမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား"
"ဒါကတော့ မင်းက ဂိုဏ်းအတွက် အကျိုးဆောင်ပေးခဲ့တယ်လေ သံသယစာရင်းမှာပါနေတာတင် အတော်ဖိအားများလှပြီ ရက်အကြာကြီး ထိန်းသိမ်းထားဖို့က မဖြစ်နိုင်ဘူး"
"နောက်ပြီး အသည်းကွဲကမ်းပါးကလည်း ဒီတိုင်းထိုင်မနေဘူးလေ မင်းရဲ့ အကျိုးဆောင်မှုက အသည်းကွဲကမ်းပါးအတွက် တန်ဖိုးရှိစေခဲ့တယ် မင်းသာဖြူစင်တယ်ဆို သူတို့လည်း ကူညီဖို့ ဝန်မလေးပါဘူး အခြားသူတွေကတော့ ရက်အချို့ထပ်နေရဦးမယ်"
"ဂျူနီယာညီလေးကျန်း အံ့သြသွားပုံပဲ" လျှိုရှင်းချန်က ပြောသည်။ "ငါတို့က မိစ္ဆာဂိုဏ်းဆိုပေမဲ့ လုပ်ထုံးလုပ်နည်းရှိပါတယ် ဂိုဏ်းသားအချင်းချင်းသတ်ဖြတ်နေတာက ဂိုဏ်းကို ထိခိုက်စေနိုင်တယ် ဥပဒေခန်းမက ဒီ့အတွက်ရှိနေတာပဲ ငါတို့ တရားခံကိုမရှာနိုင်ရင် အားလုံးကို စောင့်ကြည့်တယ် လိုအပ်ရင် ကောင်းကင်ဝိညာဥ်မှော်မှန်ကိုပါ ဆင့်ခေါ်နိုင်တယ်"
လျှိုရှင်းချန်က ကျန်းဟောင်ကိုကြည့်သည်။ "ဒါပေမဲ့ စည်းမျဉ်းတွေရှိနေလို့ ဂိုဏ်းက လုံခြုံတဲ့နေရာလို့တော့ မထင်လိုက်နဲ့ ဒဏ်ရာရရုံလောက်ဆို ဥပဒေခန်းမက ဂရုမစိုက်ဘူး ဆုံးဖြတ်ချက်တွေက အခွဲ ၁၂ ခုကပဲ ဥပဒေခန်းမက ကိစ္စရပ်တွေ ပြင်းထန်မှသာ ဝင်ပါတယ်"
"ဒါကြောင့် အရိုးတစ်ရာတောအုပ်ကို သတိထားတာအကောင်းဆုံးပဲ "
"ဘာကြောင့်လဲ" သူ ပဟေဠိဖြစ်သွား၏။
လျှိုရှင်းချန်က ရယ်၍ "မင်းနာမည်က သံသယစာရင်းမှာ ခဏခဏပါနေတာ သစ္စာဖောက်တွေနဲ့လည်း ဆက်နွယ်နေတယ် လူတိုင်း မင်းကိုသိကြတယ် မကြာသေးခင်က လီကိုင်နဲ့ ပြဿနာတက်တာမှာ အခု သူသေပြီ လီကိုင် နောက်လိုက်သူက မရိုးရှင်းဘူး သူ မင်းကို ပစ်မှတ်ထားနိုင်တယ်"
ကျန်းဟောင် ရှော့ရသွား၏။ ဂိုဏ်းတွင် ဒီလောက်ထိ နာမည်ကြီးနေမည်မထင်ထားပေ။ သူ သိုသိုသိပ်သိပ်နေရန် လိုနေသည်။
အရိုးတစ်ရာတောအုပ်အတွက်မူ အသည်းကွဲကမ်းပါးတွင်သာနေပါက အန္တရာယ်ကင်းမည်ဟု ထင်သည်။
"ဂိုဏ်းထဲမှာ ပိုကောင်းတဲ့ဘဝရချင်ရင်တော့ အစစ်အမှန်တပည့်ဖြစ်လာမှရမယ် ဒါဆိုရင် အရိုးတစ်ရာတောအုပ်က မင်းကိုထိရဲမှာမဟုတ်ဘူး"
"ဒါပေမဲ့ အပြင်ထွက်သွားရင်တော့ ကန့်သတ်ချက်တွေမရှိတော့ဘူးမလား" သူပြောသည်။
ကောင်းကင်ရွှင်ပျော်စံအိမ်က သူ့ကို ဂိုဏ်းပြင်တွင် လုပ်ကြံရန် ချောင်းမြောင်းနေသည်။ လောလောဆယ် ဥပဒေခန်းမက မကျော်နိုင်သည့် နံရံကြီးဖြစ်သည်။ ထိုနံရံကြီးမရှိပါက အသည်းကွဲကမ်းပါးပင် သူ့အား မကာပေးနိုင်လောက်ပေ။
နေဝင်ဆည်းဆာဂိုဏ်း၊ ကောင်းကင်နက်ဂိုဏ်းနှင့် ကောင်းကင်သူတော်စင်ဂိုဏ်းတို့လည်းရှိသေး၏။
အားလုံးရောက်လာပါက မည်သို့ရှင်သန်ရပါမည်နည်း။
"အစစ်အမှန်တပည့်ဖြစ်ပြီးမှ စာရင်းထဲပြန်ပါအောင်လုပ်ပေါ့ " လျှိုရှင်းချန် ပြောသည်။
အကြံကောင်းဟုခံစားရသော်လည်း မလွယ်ကူလှပေ။ ပထမခြေလှမ်းက စာရင်းကနေ ဖယ်ထုတ်ခံရရန်ဖြစ်သည်။ ဒါက မခက်ပေ။
နောက်တခုက အစစ်အမှန်တပည့်ဖြစ်ရန်ဖြစ်ပြီး အောင်မြင်ရန် ၇၀% ရှိသည်။ ထို့နောက် စာရင်းထဲ ပြန်ဝင်ရန်မှာ ခက်သည်။
"စာရင်းထဲ ပြန်ဝင်ဖို့ကလွယ်ပါ့မလား". ကျန်းဟောင် မေးသည်။
"သစ္စာဖောက်နဲ့ တနည်းနည်းဆက်နွယ်နေမှပဲရမယ်" လျှိုရှင်းချန် ပြောသည်။" ဒါတောင် ဥပဒေခန်းမက လုံလောက်တဲ့အထောက်အထားမရှိပဲ စာရင်းထဲထည့်ပေးမှာမဟုတ်ဘူး မင်းရဲ့ အဆင့်အတန်းက မြင့်သွားပြီလေ အရေးမကြီးရင် လျစ်လျူရှုထားပေးမှာပဲ"
ကျန်းဟောင် ဆွံံ့အသွား၏။ ဒါက စွန့်စားလွန်းသည်။
လျှိုရှင်းချန်က နောက််ထပ် သစ္စာဖောက်ရှာရန် သူ့အား အသုံးချနေသည်လားဟုပင် ထင်မိသည်။ ထို့ကြောင့် ၎င်းအား အကဲဖြတ်စွမ်းရည်အသုံးပြုလိုက်သည်။
[လျှိုရှင်းချန် ၊ ကောင်းကင်ဂိုဏ်း၏ တပည့်ဖြစ်ပြီး နဂါးအော်ရာနှင့် မွေးဖွားလာကာ ရွှေအမြုတေအဆင့် အထွတ်အထိပ်တွင်ရှိသည်။ သူက ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ဥပဒေခန်းမတွင် သူလျှိုလုပ်နေသည်။ သူက သင်နဲ့ နီးကပ်အောင်လုပ်ပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းကို သေချာကြည့်ရှုချင်နေသည်၊ သေဆုံးမှုများ၌ သင့်တွင် တာဝန်ရှိသည်ဟု ယူဆနေသည်၊ လက်ရှိ သူက အစစ်အမှန်နဂါး၏ ဝိညာဥ်အပိုင်းအစပူးကပ်ခြင်းခံထားရသည်]
နောက်ဆုံးဖော်ပြချက်ကလွဲ၍ ကျန်တာအတူတူဖြစ်သည်။
အစစ်အမှန်နဂါး၏ ဝိညာဥ်အပိုင်းအစပူးကပ်ခြင်းခံထားတယ်။
ကျန်းဟောင် နည်းနည်း စိုးရိမ်သွား၏။ လျှိုရှင်းချန်က သူလျှိုဖြစ်သော်လည်း သူ့အတွက် အကူအညီရသည်။ အခု အစစ်အမှန်နဂါးဝိညာဥ်က ပူးကပ်ထား၍ ယခင် လျှိုရှင်းချန်အား ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်မိလေသည်။
သူ ဘယ်လိုပြောပြရမည်မှန်းမသိပါချေ။ ပြောပြလျှင်လည်း သူ မည်သို့သိသည်အား မေးလာပေမည်။ လျှိုရှင်းချန်အား သတိပေးရန်မှာ မလွယ်ကူပေ။
၎င်းအား အနီးကပ်အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် လမ်းခွဲ၍ ကျန်းဟောင်က အသည်းကွဲကမ်းပါးကို ပြန်ခဲ့သည်။ ဆရာနဲ့သွားတွေ့ပြီးနောက် အိမ်ပြန်လာခဲ့သည်။
သားရဲက ကောင်းကင်ဘုံရနံ့တာအိုပန်းနားတွင် လှဲလျောင်းနေသည်။ ပန်းအား တခုခုလုပ်ချင်သလို ကြည့်နေလေသည်။ ကျန်းဟောင်ကို မြင်သောအခါ ခုန်ထလာ၏။
"သခင် ပြန်လာပြီလား"