မျက်နှာသာပြန်ပေးခြင်း
Vol. 6 Ch. 89
ကျန်းဟောင် သားရဲကိုကြည့်လိုက်သည်။ ၎င်း၏ ကိုယ်ပေါ်တွင် သိုလှောင်ရတနာမရှိကြောင်း သတိပြုမိသည်။ သူ မမေးပဲ ကောင်းကင်ဘုံရနံ့တာအိုပန်းကို ရေလောင်းသည်။ ရက်အနည်းငယ်အတွင်း အင်မော်တယ်မက်မွန်ပင်က အနည်းငယ်အရွယ်ရောက်လာသည်။ ကျန်းဟောင်လည်း တိုးတက်မှုအတွက် ဝမ်းသာမိသည်။
"တစ်လအတွင်း လည်ပတ်အသစ်ဝယ်ပေးမယ် တစ်လပြီးမှ အားလုံးပြောကြမယ် ဟုတ်ပြီနော်"
သားရဲက လည်ပတ်ကိုညွှန်ပြပြီး "ဒါပေမဲ့ အတော်လေးအက်နေပြီ သခင် ပြင်ပေးပါလား"
"မင်းကိုယ်တိုင်သာလုပ်ပေတော့ "
ထို့နောက် ဆေးဥယျာဥ်ကိုသွားသည်။ ချန်ချိုးက သူ့ကို တွေ့ရသည့်အတွက် ဝမ်းသာနေသည်။
ဟန်မင်ကလွဲ၍ အခြားသူများမှာ စကားပြော၍မကောင်းပေ။ ဟန်မင်ကို လေးစားရသည်က သူ၏ အဆင့်အတန်းကြောင့်ဖြစ်သည်။ သူသာ မထောင်လွှားပါလျှင် ဟန်မင်က ပြဿနာဖြစ်စေမည်မဟုတ်ပေ။
"ကျနော်မေးကြည့်တာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကလည်း အရိုးပန်းနဲ့ပတ်သတ်ပြီး ပြဿနာဖြစ်ဖူးတယ် အရိုးတစ်ရာတောအုပ်က စီနီယာတစ်ဦးကို ခြိမ်းခြောက်ခဲ့ပြီး နောက်ဆုံး သူ ပျောက်ကွယ်သွားတယ်" ချန်ချိုးပြောသည်။ "လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ်တဲ့"
ကျန်းဟောင် မျက်မှောင်ကြုတ်သည်။ ဤကိစ္စက နှစ်အနည်းငယ်ကြာတိုင်း ဖြစ်ပျက်နေပုံရသည်။
လီကိုင်နှင့် မင်ဇိုချွမ်သေခြင်းက ဤကိစ္စကို မတားနိုင်ပေ။ နောက်ကွယ်မှ ကြိုးကိုင်နေသူက ပိုင်ရီဖြစ်သည်။
ပိုင်ရီ ဘယ်သူလဲ သူ မသိပါသေးချေ။ လျှိုရှင်းချန်၏ အဆိုအရ ၎င်းမှာ သူ့ကို ပစ်မှတ်ထားလာနိုင်၏။ ပိုင်ရီ မည်သူဖြစ်ကြောင်း ဖော်ထုတ်ရပေမည်။
"ငါ ပိုပြီးသန်မာလာဖို့လိုနေပြီ"
ကျန်းဟောင်က ချန်ချိုးကိုကြည့်သည်။ "ဂျူနီယာညီလေးချန်က ဘယ်အဆင့်မှာလဲ"
"အသက်သွေးသန့်စင်ခြင်းအဆင့် ၈ ပါ" သူက ရှက်ရွံ့စွာ ပြောသည်။
"သူက အသက် ၃၀ ဖြစ်နေပြီ"
ကျန်းဟောင်က အသက် ၂၀ တွင် ရွှေအမြုတေအဆင့်ကို ရောက်နေပြီဖြစ်၏။ သူ၏ အတွင်းစည်းအဆင့်အတန်းကြောင့် စီနီယာအစ်ကိုဟု ခေါ်ဆိုခံနေရသည်။
သူသာ ပြီးခဲ့သည့်ပြိုင်ပွဲတွင် မနိုင်ပါက အစစ်အမှန်တပည့်ဖြစ်သည့် ဟန်မင်ကို စီနီယာအစ်ကိုဟုခေါ်ရပေမည်။
"ဘယ်ကျင့်ကြံနည်းစနစ်ကို လေ့ကျင့်လဲ "
"ကောင်းကင်တေးသံတစ်ရာလှည့်ခြင်းပါ " ချန်ချိုး အမှန်တိုင်းဖြေ၏။
ကောင်းကင်တေးသံတစ်ရာလှည့်ခြင်းက ကောင်းကင်ရှင်းလင်းဂိုဏ်းရှိ လူတိုင်းသင်ယူနိုင်သည့် နည်းစနစ်ဖြစ်သည်။
ကောင်းကင်ရှင်းလင်းဂိုဏ်းတွင် အရင်က အခွဲ ၁၂ ခုမရှိခဲ့ပေ။ ဂိုဏ်းချုပ်က ဂိုဏ်းတခုစီကိုဖျက်ဆီးပြီး အဓိကဂိုဏ်း၏ အခွဲများအဖြစ် ပြောင်းလဲခဲ့ခြင်းပင်။
ကောင်းကင်ရှင်းလင်းဂိုဏ်း၏ လူအများက အမျိုးမျိုးသောအဆက်အနွယ်များမှ လာကြသည်။ အရေးကြီးသည့်လူများက ဥပဒေခန်းမကိုတည်ထောင်၍ ဥပဒေတောင်ထွတ်တွင် နေကြသည်။
ကျင့်ကြံခြင်းအဆင့်တိုးတက်ရန် ချန်ချိုးအား ညွှန်ပြပေးရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်တေးသံတစ်ရာလှည့်ခြင်းအပေါ် သူ၏ နားလည်မှုက မနက်ရှိုင်းသော်လည်း သူက ရွှေအမြုတေအဆင့်ဖြစ်သည်။ သူ လမ်းညွှန်ပေးမည်ဟုကြားသောအခါ ချန်ချိုး ဝမ်းသာသွားခဲ့သည်။ သူ့အတွက်တော့ ဒါက တစ်သက်တစ်ခါရသည့် အခွင့်အရေးကောင်းကြီးဖြစ်သည်။
တစ်လကြာပြီးနောက် ကျန်းဟောင်မှာ ဥပဒေခန််းမဆီက ထပ်အခေါ်မခံခဲ့ရပေ။ ပိုင်ရီလည်း ပေါ်မလာခဲ့ပေ။
အရိုးတစ်ရာတောအုပ်၏ ကိစ္စက ဖြည်းညင်းစွာ အဆုံးသတ်ရန် နီးကပ်လာခဲ့သည်။ အခြား ဆေးဥယျာဥ်မှ လူများလည်း လွတ်လာကြသည်။
ကိစ္စလေးမဟုတ်သော်လည်း အုတ်အော်သောင်းနင်းလည်း မဖြစ်ပါစေတော့ချေ။
ကျန်းဟောင် နောက်တစ်လစောင့်သည်။ လီကိုင်နှင့် မင်ဇိုချွမ်တို့ သေပြီး နှစ်လကြာသွားလေပြီ။
အားလုံးငြိမ်သက်သွားပြီသေချာမှ သားရဲအား ဖွက်ထားသည့်နေရာမှ သိုလှောင်ရတနာအား ပြန်ယူလာရန်ပြောသည်။
"သခင် အခု လည်ပတ်အသစ်ဝယ်လို့ရပြီလား" သားရဲက သိုလှောင်ရတနာကို ပေးပြီးပြောသည်။
"ဘယ်မှာဖွက်ထားတာလဲ" ပျောက်ရှခြင်းမရှိကြောင်း သူ အတည်ပြုပြီး မေး၏။
"လိပ်ကြီးထဲမှာ လိပ်ကြီးက အရမ်းအိုပြီး သူ့နေရာကနေ ဘယ်မှမသွားနိုင်ဘူး အခွံထဲမှာ ဖွက်ခဲ့လိိုက်တယ်"
သားရဲက အတော်ဉာဏ်ကောင်းသည်။
"မနက်ဖြန်ကျရင် လည်ပတ်အသစ်ဝယ်ပေးမယ်"
သားရဲ အလွန်ဝမ်းသာသွား၏။ ၎င်းကိုစောင့်မျှော်နေတာ ကြာပြီဖြစ်လေသည်။
ကျန်းဟောင်လည်း အခန်းပြန်လာပြီး စနစ်အား ဖွင့်သည်။
အသက်သွေး ၆၇/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၇၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
"တစ်ဝက်ကျော်ပြီ ငါကျင့်ကြံလိုက်ရင် ရွှေအမြုတေအဆင့် နှောင်းပိုင်းကို ဖြတ်ကျော်ဖို့ အခွင့်အရေးများတယ်"
"ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ရင် နှမြောစရာ..."
အရိုးတစ်ရာတောအုပ် လှုပ်ရှားလာမည်ကို စောင့်နေသော်လည်း ၎င်းက အလွန်ငြိမ်သက်နေသည်။
"ထားလိုက်တော့ လုပ်စရာရှိတာလုပ်ရမှာပဲ ပြီးခဲ့တဲ့လတွေမှာ ကျင့်ကြံခြင်းကို သန့်စင်နေခဲ့တာ နှောင်းပိုင်းအဆင့်ကို တက်နိုင်တော့မယ်လို့ ခံစားနေရတယ်"
ညတွင် ကျန်းဟောင်က တင်ပြင်ခွေထိုင်၍ ကျင့်ကြံရေးနှင့် အသက်သွေးအား ထုတ်ယူလိုက်သည်။
ဟုန်မုန့်နှလုံးသားဆုဒြာက စတင်လည်ပတ်လာပြီး ကျန်းဟောင်တကိုယ်လုံးက ခရမ်းရောင်စွမ်းအင်များဖြင့် ဖုံးလွှမ်းနေတော့သည်။
သူ့အနားရှိ စွမ်းအင်များက ဝဲဂယက်ကြီးလို လည်ပတ်နေ၏။
တရိပ်ရိပ်တက်လာသည့် စွမ်းအားများကို ခံစားမိနေသည်။ နှောင်းပိုင်း ရွှေအမြုတေအဆင့်ကို ချိုးဖျက်နိုင်တော့မည်ဟု ခံစားနေရသည်။
သို့သော် အာရုံစိုက်ထားမှုအား မလျော့သွားစေပါချေ။
နောက်မနက်
သူ၏ မျက်မှောင်များပြေလျော့သွားပြီး ခရမ်းရောင်စွမ်းအင်များက သွေးကြောများအတွင်း စုစည်းနေကြသည်။
စွမ်းအားသစ်တစ်မျိုးက စတင်စီးဆင်းလာသည်။ အားကောင်းသည့် အော်ရာက သူ့နားမှဖြာထွက်လာသည်။ ရွှေအမြုတေအဆင့် နှောင်းပိုင်းကို ဖြတ်ကျော်သွားပြီဖြစ်၏။
သူမျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်၏။
"ကပ်သီးလေးပဲ ငါကျရှူံးတော့မလို့"
ထို့နောက် သူ့အချက်အလက်များအား ကြည့်လိုက်သည်။
အမည် ကျန်းဟောင်
အသက် ၂၁
ကျင့်ကြံခြင်းအဆင့် ရွှေအမြုတေအဆင့် နှောင်းပိုင်း
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ
နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား၊ ပုန်းကွယ်ဝိညာဥ် ပြန်ပေါ်လာခြင်း
အသက်သွေး ၇/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၀/၃ (မရနိုင်)
"အားလုံးအကုန်သုံးပြီး ကပ်သီးလေးအဆင့်တက်သွားတာပဲ ငါ့ရဲ့ ကျင့်ကြံခြင်းကို မသန့်စင်နိုင်သေးဘူး နှုန်းက အရမ်းနိမ့်နေတယ် ၁၀၀ ထိရောက်အောင်စောင့်တာက ပိုအန္တရာယ်ကင်းတယ်"
ဘာပဲဖြစ်ဖြစ် ရွှေအမြုတေအဆင့် နှောင်းပိုင်းကိုရောက်သွားခြင်းက ဝမ်းသာစရာကိစ္စဖြစ်သည်။
ဤစွမ်းအားသစ်နဲ့ဆို စီနီယာအစ်ကိုမုချီနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ပြီဖြစ်ကြောင်း ခံစားရသည်။
ခြံထဲထွက်လာသောအခါ သားရဲက သူ့ကိုစောင့်နေသည်။
"ဆေးဥယျာဥ်ကိုသွား ငါလိုက်လာခဲ့မယ်"
သားရဲက ခေါင်းညိတ်သည်။ "သခင် သိပ်မကြာနဲ့နော် ကောင်းတဲ့လည်ပတ်လေးဝယ်လာပေး"
ထို့နောက် ၎င်းက ဆေးဥယျာဥ်ကိုပြေးသွားတော့သည်။