← Chapters

မကျေနပ်စေနိုင်သည့် မိစ္ဆာမ

Vol. 6 Ch. 90

မကျေနပ်စေနိုင်သည့် မိစ္ဆာမ

Vol. 6 Ch. 90

သူ ခြံထဲစစ်ဆေးကြည့်သည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းက အနည်းငယ်မြင့်လာသည်။ ၎င်းကလွဲ၍ အခြားပြောင်းလဲမှုမရှိချေ။

အင်မော်တယ်မက်မွန်ပင်မှာ နှစ်လတည်းနှင့် သူ့ဒူးလောက်ရောက်နေပြီဖြစ်သည်။ နောက်နှစ်ဆို အသီးသီးလောက်သည်။ မထင်ထားစွာ ၎င်း၏ ကြီးထွားနှုန်းက အတော်မြန်လေသည်။

ကံကောင်းသည်က ကောင်းကင်ဘုံရနံ့တာအိုပန်းမှာ အရွယ်ရောက်မမြန်ခြင်းပင်။ ၎င်းရှိနေသမျှ သူက အဖိုးတန်နေမည်သာဖြစ်သည်။

ဟုန်ယွီယဲ့၊ အကြီးအကဲပိုင်ကျီ၊ လျှိုရှင်းချန် အားလုံးက ပန်းကို စောင့်ကြည့်နေကြသည်။ ပန်းကြောင့် ကျန်းဟောင်တွင် သူတို့၏ အကာအကွယ်ရှိနေ၏။

ပြီးခဲ့သည့်လများတွင် သူ့နားက လူများကိုအကဲဖြတ်ခဲ့သော်လည်း သံသယဝင်စရာကောင်းသည်အား မတွေ့ခဲ့ပါချေ။

ကျန်းဟောင် ဈေးကိုသွား၏။ အရိုးတစ်ရာတောအုပ်က လူများနှင့် ဆုံမည်စိုး၍ ဈေးကိုရှောင်ရှားခဲ့သည်။

ဈေးထဲတွင် ပထမဆုံးလုပ်သည့်အရာက လည်ပတ်ဝယ်ရန် ဖြစ်သည်။ သားရဲက သူ့ကို ကူညီခဲ့သည့်အတွက် မျက်နှာသာပြန်ပေးရပေမည်။

လည်ပတ်က ဝိညာဥ်ကျောက်တုံး ၉၆၅ တုံးကျသင့်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းနှင့် အထွတ်အထိပ်အတွက်မူ ဝိညာဥ်ကျောက်တုံး ၁၅၀၀ နှင့် ၂၀၀၀ အသီးသီးဖြစ်သည်။ ရွှေအမြုတေအဆင့်အတွက်ကိုမူ မေးမနေတော့ချေ။

"နောက်တခါ ဝိညာဥ်ကျောက်တုံးစုပြီး ရွှေအမြုတေအဆင့်အတွက် လည်ပတ်ဝယ်ရမယ် ဒါဆို ခဏခဏဝယ်နေစရာမလိုတော့ဘူး"

ထို့နောက် လက်ဖက်ရွက်အချို့ဝယ်သည်။ ၎င်းတွင် ဝိညာဥ်ကျောက်တုံး ၇၅၀ သုံးခဲ့ပြီး သူ့တွင် ၃၀၀ သာကျန်တော့သည်။

သူရခဲ့သမျှက သားရဲနှင့် မိစ္ဆာမအတွက် ကုန်သွားသည်။

သူမက အများဆုံး တစ်လမှ တစ်ခါလောက်သာ လာသည်။ အဘယ်ကြောင့် သူမကိုပျော်အောင်ထားရန်မှာ ခက်နေရပါသနည်း။

ထို့နောက် ဆိုင်ဖွင့်၍ အဆောင်အချို့ ရောင်းသည်။ အဆောင်အများကြီးမရှိသောကြောင့် ၄၀၀ လောက်သာရခဲ့သည်။ ဤ ဝိညာဥ်ကျောက်တုံးများနဲ့ဆို အဆောင်ကုန်ကြမ်းများဝယ်နိုင်လေပြီ။

အဆောင်စုတ်တံနှင့် သားရဲသွေးအတွက် ဝိညာဥ်ကျောက်တုံး ၅၀၀ သုံးခဲ့သည်။ အခု သူ့တွင် ၂၀၀ သာကျန်တော့သည်။

ကံကောင်းသည်က အားလုံးချောမွေ့နေပြီး ကောင်းကင်ရွှင်ပျော်စံအိမ် သို့ အရိုးတစ်ရာတောအုပ်က လူများနှင့် မတွေ့ခဲ့ခြင်းပင်။

၎င်းတို့ အခွင့်အရေးစောင့်နေခြင်းဖြစ်နိုင်သည် သို့မဟုတ် အကြံအစည်ကြီးကြီးမားမားကြံနေခြင်းလည်း ဖြစ်နိုင်လေသည်။

မင်ဇိုချွမ်ကို သူသတ်ကြောင်း အရိုးတစ်ရာတောအုပ်က လူများထင်မည်မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် လူများက သူ့ကို အထင်သေးကြသည်မဟုတ်ပါလား။

ကျန်းဟောင် ထိပ်ဆုံးနေရာထဲဝင်ခြင်းမှာ မန်လုံကြောင့်သာဖြစ်ကြောင်း လူတိုင်း လက်ခံထားကြသည်။ မဟုတ်ပါက သူ့လို အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်လေးက ဒီလောက်ထိုက်တန်မည်မဟုတ်ချေ။

လူများစွာက သူ့အကြောင်းတိုးတိုးပြောနေကြောင်း ကြားပေမဲ့ လျစ်လျူရှုထားခဲ့သည်။ သူ စိုးရမ်နေသည်က ကောင်းကင်နက်ဂိုဏ်းက လာရှာမည်ကိုပင်။ ဂိုဏ်းက ထိုအကြောင်းကြောင့် သူ့ကို ပထုတ်လိုက်ပါလျှင်...

သူ ပိုပြီး သန်မာလာရန်လိုသည်။

"ပူဖောင်းတွေရဖို့ ထူးခြားတဲ့အပင် ဒါမှမဟုတ် မိုင်းတွင်းအသစ်ရှာရမယ်"

ဆေးဥယျာဥ်ကို ပြန်ရောက်လာသောအခါ သားရဲက စိတ်အားထက်သန်စွာ စောင့်မျှော်နေကြောင်း တွေ့ရလေသည်။

လည်ပတ်အား ပစ်ပေးလိုက်သည်။ သားရဲက လှမ်းဖမ်းပြီး ချက်ချင်းဝတ်ဆင်လိုက်၏။

"သခင် ကျနော်အခု မိစ္ဆာသားရဲကြီးနဲ့တူသွားပြီလား" ၎င်းက ကိုယ်ကိုလှည့်၍ ဟန်ရေးပြနေသည်။

"သိပ်တော့မဟုတ်ဘူး" ကျန်းဟောင် ပြန်ပြောသည်။

ထို့နောက် ဆေးပင်များကိုစစ်ဆေးရန်လျှောက်လာပြီး ပူဖောင်းများကိုကောက်သည်။

အသက်သွေး +၁

ခွန်အား +၁

ခွန်အား +၁

ခွန်အား +၁

ပူဖောင်းများကိုကောက်ယူပြီး သူ့ကိုယ်သူလည်း အံ့သြမိသည်။ အသက်သွေးသန့်စင်ခြင်းအဆင့် ၉ မှ ရွှေအမြုတေအဆင့် နှောင်းပိုင်းသို့ နှစ်နှစ်မကြာပဲ တက်လှမ်းခဲ့သည်။

အခြားသူများ နှစ်ပေါင်းများစွာ အချိန်ယူသည့်တိုင် အောင်မြင်ရန်မသေချာသည့်အရာအား သူ လုပ်နိုင်ခဲ့သည်။

နည်းနည်းဂုဏ်ယူချင်မိသွားပေမဲ့ ဂူအဆိပ်ကို ကျေးဇူးတင်ရမည်။ မဟုတ်ပါက သူ၏ ဂုဏ်ယူမှုက သူ့ကို ပြန်သတ်သွားပေမည်။

"ငါ ပိုပြီးဂရုစိုက်ဖို့လိုနေပြီ"

ကျန်းဟောင် အနာဂတ်အကြောင်းတွေးနေ၏။ နောက်နှစ်နှစ်တွင် သူ မူလဝိညာဥ်အဆင့်ကို ရောက်နိုင်လောက်သည်။ နောက်ဆယ်နှစ် သူ့အသက် ၃၀ တွင် ဗလာနယ်အဆင့်ကို ရောက်နိုင်လေသည်။

သူ ခေါင်းယမ်းပြီး ရယ်လိုက်သည်။ အိပ်မက်မက်နေခြင်းဖြစ်၏။ အရေးကြီးဆုံးက အသက်ရှင်ရန်ဖြစ်သည်။

ဆေးပင်များကို ပြုစု၍ သူ့ကိုယ်သူတည်ငြိမ်စေသည်။

အိမ်ပြန်လာပြီးနောက် အဆောင်များကိုပြုလုပ်သည်။

သူ အတော်လေးအချိန်ယူခဲ့သည်။ မငြိမ်သက်သည့် အတွေးများအား ရှင်းလင်းရန် မျဥ်းတစ်ကြောင်းသာဆွဲခဲ့သည်။ သေချာပေါက် သူ၏ အဆောင်က ပျက်စီးသွားတော့သည်။

ထို့နောက် ကျင့်ကြံခြင်းအား စတင်သန့်စင်သည်။

ကျန်းဟောင်မှာ အသည်းကွဲကမ်းပါးကနေ မခွာခဲ့ပေ။ အချိန်အများစုကို ဆေးပင်များအား ဂရုစိုက်ခြင်း၊ ကျင့်ကြံခြင်းအား သန့်စင်ခြင်းနှင့် အဆောင်ပြုလုပ်ခြင်း၌သာ ကုန်ဆုံးသည်။

ဆောင်းဦးကျော်ဖြတ်၍ ဆောင်းတွင်းရောက်လာခဲ့သည်။ ဆောင်းတွင်းကိုကျော်၍ နွေဦးရောက်လာသောအခါ အစိမ်းရောင်အပင်ပေါက်များက ထွက်ပြူလာကြသည်။

နှစ်ဝက်က သည်လိုနှင့် ကုန်သွားခဲ့သည်။

အင်မော်တယ်မက်မွန်ပင်က နှစ်မီတာအမြင့်လောက်ရှိနေလေပြီ။ ကျန်းဟောင်၏ စိတ်မရှည်မှုနှင့် မတည်ငြိမ်မှုအား ရှင်းလင်းပြီးဖြစ်ရာ ယခု အလျင်လိုခြင်းအား မခံစားရတော့ပေ။

သူ၏ စားပွဲပေါ်၌ အလင်းတချက်လက်သွားပြီး အဆောင်တခုပြီးစီးသွားသည်။ နောက်ဆုံးတော့ သူ မကျရှုံးတော့ပေ။

နှစ်ဝက်အတွင်း သူ့အား ပြဿနာလာရှာသူမရှိခဲ့ပေ။

ပိုင်ရီနဲ့ပတ်သတ်၍လည်း မသိသေးပေ။ လျှိုရှင်းချန်နှင့် မဆုံတာလည်းကြာပြီဖြစ်၍ ဘာတွေဖြစ်နေမှန်းမသိတော့ပါချေ။

နောက်ရက် ကျန်းဟောင်က ကျင့်ကြံခြင်းအား သန့်စင်နေ၏။ အဆောင်ပစ္စည်းများကို အကုန်သုံးခဲ့ပြီး ဝိညာဥ်ကျောက်တုံး ပြန်မရပါသေးချေ။

သူ အိမ်ပြင်ထွက်လာသောအခါ လျှိုရှင်းချန် လျှောက်လာသည်အား မြင်လိုက်ရသည်။ ၎င်း၏ အော်ရာနဲ့ပတ်သတ်ပြီး တခုခုလွဲနေသည်။

All Chapters