← Chapters

မျှော်လင့်ချက် မရှိတဲ့ အခြေအနေ

Vol. 16 Ch. 236

မျှော်လင့်ချက် မရှိတဲ့ အခြေအနေ

Vol. 16 Ch. 236

ရှေးဟောင်းရုပ်ထုကြီးရဲ့ မျက်နှာပြင်ကို နောကိကျောနဲ့ မှီထားရင်း..ဆန်နီဟာ..အိပ်မက်ဆိုးသားရဲ အုပ်စုနှစ်ခု အော်ဟစ် ၊ အားမာန်အပြည့်နဲ့ တိုက်ခိုက်နေတာကို ကြည့်နေခဲ့ပါတယ်..။

ပစ်မှတ်အသစ်ကို တွေ့ရှိသွားကြတဲ့ လေသားရဲ ကျိုင်းကောင်တွေဟာ ကောင်းကင်ထက်ကနေ ထိုးဆင်းလာပြီး ကံဆိုးတဲ့ လူဝံတစ်ချို့ကို တိုက်ခိုက်လိုက်ကြတယ်..။ထက်ရှတဲ့ နှုတ်သီးတွေ ရဲ့ ထိုးဖောက်မူကြောင့်..လူဝံတွေရဲ့ အသွေးအသားတွေက..ပျံသန်းနေတဲ့ သားရဲတွေရဲ့ ပါးစပ်ထဲမှာ အရည်ပျော်မတတ်ဖြစ်နေကြရပါပြီ..။

သို့ပေမယ့် ကြီးမားတဲ့ သားရဲကြီးတွေက လုံးဝ အကာအကွယ်မဲ့နေတာမျိုးတော့ မဟုတ်ပါဘူး..။တိုက်ခိုက်ရမယ့် အချိန်မှာ တွေဝေပြီး အနည်းငယ်လောက်ကြာနေတဲ့ ကျိုင်းကောင် တိုင်းကို သန်မာတဲ့ လူဝံကြီးတွေ ကုတ်ယူပြီး အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ဖြစ်ကြပါတယ်..။သူတို့ရဲ့ အနက်ရောင်သွေးတွေက..ပုတ်သိုးနေတဲ့ ခန္တာကိုယ်ပေါ်က ကြက်သွေးရောင် ပန်းပွင့်တွေကိုကို ကျရောက်သွားခဲ့ပြတယ်..။

တစ်ချို့ လူဝံကြီးတွေဆိုရင်..ကျောက်တုံးရုပ်ထုကြီးပေါ်ကနေ ခုန်ပြီး ကျိုင်းငှက် တွေပေါ်ကို ခုန်အုပ်ကာ..​အောက်ဘက်ကို အတူတူ ပြုတ်ကျသွားတာတွေလည်း ရှိပါတယ်..။

စက္ကန့်အနည်းငယ် အတွင်းမှာပဲ .ရုပ်ထုကြီးရဲ့ မျက်နှာပြင် နဲ့ လေထဲက ဗရမ်းဗတာ တွေဖြစ်ကုန်ကြပါပြီ..။

အရာအားလုံးကို ဘာမှ မသိသလိုပဲ ရုပ်ထုကြီးကတော့ တောင်ဘက်ကိုသာ ဦးတည်နေခဲ့တယ်..။

'....အသိစိတ် ဝင်စမ်းပါဦး...'

သူ့ရဲ့ ကြောင်အမူတွေကို ဖယ်ထုတ်လိုက်ရင်း..ဆန်နီဟာ အစောက သူ တိုက်ခိုက်နေတဲ့ လူဝံကို အဆုံးသတ်လိုက်ပြီး..ကျဥ်းမြောင်းတဲ့ လမ်းကြောင်းပေါ်ကနေ ဖယ်ထုတ်လိုက်ပါတယ်..။

သူတို့ရဲ့ ရန်သူတွေက အချင်းချင်းတိုက်ခိုက်နေကြပြီ ဆိုပေမယ့်လည်း..အဖွဲ့သားတွေ အပေါ်မှာ ရှိနေတဲ့ ဖိအားက လျော့ကျမသွားခဲ့ပါဘူး..။အမှန်တော့..ဒါက ပိုတောင် လေးလံလာခဲ့သေးတာပါ..။

အမောတကော ကျိန်ဆဲလိုက်ရင်း..ဆန်နီဟာ..သန်းခေါင်းယံ အမြုတေကို နောက်ထပ် မွန်းစတား တစ်ကောင်ဆီကို ထိုးစိုက်လိုက်ရင်း..ရန်သူတွေကို ကျောပေးကာ ခုန်လိုက်တယ်..။ရှေးဟောင်း ကျောက်တုံးရဲ့ အက်ကွဲကြောင်းကို ဆုပ်ကိုင်ရင်း..သူ့ခန္တာကိုယ်ကို လည်ပင်းပေါ်ဆီ ပြန်ရောက်အောင် ဆွဲတက်လိုက်ပါတယ်..။

စက္ကန့်အနည်းငယ်က..အဆုံးမရှိ ကြာမြင့်နေသလိုပါပဲ..။ကျိုင်း ကောင်တွေသာ..တိုက်ခိုက်လာကြမယ်ဆိုရင် ဆန်နီက လုံးဝ အကာအကွယ်မဲ့နေခဲ့ပါပြီ..။သို့ပေမယ့် ကံကောင်းချင်တော့ နစ်ဖီက ဒီလို အခိုက်အတန့်မှာပဲ တစ်ဖက်ခြမ်းကနေ..အဖြူရောင် မီးတောက်တွေကို ထုတ်လွှတ်ပေးလာခဲ့ပါတယ်..။မျက်စိကျိန်းလောက်တဲ့ အဖြူရောင် မီးတောက်တွေက ကောင်းကင်ကို စက္ကန့်အနည်းငယ်လောက်အထိ ဖုံးလွှမ်းသွားပြီး လေသားရဲကောင်တွေကို တွေဝေသွားစေခဲ့တယ်..။ဒီဟာက ဆန်နီ ပလက်ဖောင်းပေါ် ပြန်ရောက် ဖို့ အတွက်တော့ လုံလောက်တဲ့ အချိန်တစ်ခုပါပဲ..။

အစွန်းနားကို တက်သွားရင်း..ဆန်နီ တစ်ဖက်ကို လှိမ့်ကာ အေးစက်တဲ့ ကျောက်တုံးကို မှီပြီး အသက်ကို အငမ်းမရ ရူနေခဲ့ရပါတယ်..။

သူ့ရဲ့ ခန္တာကိုယ်က နာကျင်ကိုက်ခဲနေခဲ့တယ်..။ဝီဗာသွေးက သူ့အဆုတ်မျာ ကြီးထွားနေတဲ့ ပန်းဝတ်မှုန်တွေကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်ပေမယ့် ထိခိုက်မူကတော့ ဖြစ်ပြီးသွားပါပြီ..။ဆန်နီက အသက်ရူ ဖို့အတွက် အခက်ခဲဖြစ်နေပြီး..သူ့ လျာပေါ်မှာ သွေးတွေ ရောက်နေသလို ခံစားနေရတယ်..။သူ အသက်ရူ လိုက်တိုင်းမှာ ထက်ရှတဲ့ နာကျင်မူက ခန္တာကိုယ်တစ်ခုလုံးကို ထိုးဖောက်နေသလိုပါပဲ..။

'မဟုတ်ဘူး..အရမ်း မဆိုးသေးဘူး..'

ပြသနာ ဖြစ်စေတယ် ဆိုပေမယ့်..ဒီဒဏ်ရာတွေက သူ့ကို သေစေနိုင်မှာ မဟုတ်ပါဘူး..။အိပ်စက်သူတွေက..သာမန်လူတွေ ထက် သက်သာတဲ့နှုန်း မြန်ပါတယ်..။အထူးသဖြင့် ဝီဗာရဲ့ ဆားငန်ရည်စက်ကို သောက်ထားတဲ့ ဆန်နီလို လူမျိုးပါပဲ..။ဒါက သူ့ကို ပိုမာကျော ပြင်းထန်ပြီး..သတ်ဖို့ ခက်ခဲစေတာပါ..။

...ပိုးဟပ် တစ်ကောင်လိုပဲပေါ့...

နာကျင်မူ အတွက်ကတော့..သူက ဒီထက်ဆိုးဝါးတာတွေတောင် ကျော်ဖြတ်ခဲ့ပြီး..အသက်ရှင်နိုင်ခဲ့ပါတယ်..။ဆန်နီသာ သွေးပူ ပြီး စိတ်ကို တင်းထားနိုင်သေးသ၍ သူက ဆက်ပြီး တိုက်ခိုက်နိုငိပါသေးတယ်..။

ဒါက..ပျော်ဖို့ ကောင်းမှာတော့ မဟုတ်ဘူး...

တစ်ချက် ညဥ်းညူလိုက်ပြီး ..ဆန်နီ မြေကြီးပေါ်ကနေ ထကာ..ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။

အခြေအနေတွေကတော့ ဆိုးသထက်ကို ဆိုးဝါးလာနေပါပြီ..။

ကိုင်ကတော့ သူ့ရဲ့ မြားတွေ အစောကတည်းက ကုန်သွားခဲ့ပြီဖြစ်တာကြောင့် တက်ရောက်မူအဆင့် မှတ်သားမူ ကို ပြန် အသုံးပြုနေခဲ့ရပါတယ်..။သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို ကြည့်ရပုံတော့..သူက ပစ်ခတ်မူ အနည်းငယ်ကို လွဲနေပြီးတဲ့ ပုံပါပဲ..။ရလာဒ်အနေနဲ့ သူ့ရဲ့ သွေးတွေကို ဆုံးရှုံးနေခဲ့ပါပြီ..။

ကတ်စီကတော့..ကျိုင်းကောင်တွေ နှေးကွေးသွားစေဖို့အတွက် အားပြင်းတဲ့ လေ တွေကို ဆင့်ခေါ်ထားဆဲပါပဲ..။သို့ပေမယ့် သူမရဲ့ မျက်နှာနဲ့ လက်တွေကတော့ သွေးတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။ကြည့်ရတာတော့ သူမရဲ့ သန်မာတဲ့ အကာအကွယ်အင်္ကျီနဲ့ တိတ်တဆိတ် ကခုန်သူကတောင် ..သူမကို ထိခိုက်ဒဏ်ရာ မရစေဖို့ အပြည့်အဝ ကာကွယ်မပေးနိုင်တဲ့ ပုံပါပဲ..။

အယ်ဖီကတော့ ..အခုချိနိမှာ ပျံသန်းနေတဲ့ သားရဲတွေနဲ့ အနီးကပ် တိုက်ခိုက်နေခဲ့တယ်..။သူမက တစ်ကောင်နဲ့ တစ်ကောင်ကြားမှာ တစ်စက္ကန့်ရဲ့ အပိုင်းအစလေးလောက်ပဲ..တုန့်ပြန်ဖို့ အချိန်ရပါတယ်..။သူမရဲ့ ခြေထောက်မှာတော့ သွေးတွေ စီးကျနေခဲ့တယ်..။သူမရဲ့ ကြေး ဦးထုတ်ကတော့..အပိုင်းပ်ိုင်းအစစ ဖြစ်ပြီး ကျောက်တုံးတွေပေါ်မှာ ရောက်နေခဲ့ပါပြီ..။

ကတ်စတာကတော့..ဒဏ်ရာရတဲ့ပုံ မပေါ်ခဲ့ပေ..။သို့ပေမယ့် သူ့မျက်နှာကတော့ ပင်ပန်းမူကြောင့် နက်မှောင်နေခဲ့ပါတယ်..။မယုံနိုင်စရာ အရှိန်နှုန်းကို ထိန်းထားရတာက သူ့ရဲ့ စိတ်ရော ၊ ခန္တာကိုယ်ရောကို ပင်ပန်းစေပါတယ်..။ဒီတော့..သူ ဒီထက်ပိုပြီး အများကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ပါဘူး..။

ကျောက်တုံးသူတော်စင် ကတော့..ကျောကိတုံးသူတော်စင်ပါပဲ..။ကြမ်းတမ်းလှတဲ့ အရိပ်ဟာ..နှာဖူးကနေ ခြေဖျားအထိ အနက်ရောငိသွေးတွေနဲ့ ပြည့်နှကိနေပြီး..ခါတိုင်း ပုံစံနဲ့ လုံဝ မတူညီခဲ့ပေ..။သူမက ထည်ဝါတဲ့ အသွင်အပြင်နဲ့ ဆက်တိုကိရွေးလျားရင်း ..အဖွဲ့သားတွေကို..သူမစွမ်းရည်ရှိသလောက် ကာကွယ်ပေးနေခဲ့ပါတယ်..။သို့ပေမယ့် သူမက နေရာတိုင်းကိုတော့ တစ်ပြိုင်တည်း တိုက်ခိုက်ပေးနိုင်မှာ မဟုတ်ပါဘူး..။

....ပြီးတဲ့ နောက်မှာတော့..တစ်ခြားသူတွေထက် အဆိုးဆုံး အနေအထားမှာ ရှိနေတဲ့ ဆန်နီ ကိုယ်တိုင်ပါ..။

' ချီးပဲ...'

ပြီးတော့..အဆိုးဆုံးသတင်းက..သူက အခု ပလက်ဖောင်းပေါ်ကို ပြန်ရောက်လာတာကြောင့်..လူဝံတွေက..သူ့နောက်ကို လိုက်လာကြတော့မှာ ဖြစ်ပြီး..အဖွဲ့သားတွေက နှစ်ဖက်ညှပ်တိုက်တာကို ခုခံကြရတော့မှာပါ..။

ဒီထက်ပိုပြီး ဆိုးတာက..တစ်ခြားအဖွဲ့သားတွေက အနီရောင်ဝတ်မှုန် တွေကို ကာကွယ်ဖို့ အတွက် ဝီဗာသွေး မရှိပါဘူး..။

'ဆိုးတယ်..ဆိုးတယ်...ဒါက ဆိုးတာပဲ '

ဆန်နီ ဒီဟာကို တွေးနေတုန်းမှာပဲ..သွေးတွေပေကျန်နေတဲ့ လက်တစ်ဖက်က ပလက်ဖောင်း ရဲ့ တစ်ခြားတစ်ဖက်မှာ ပေါ်လာခဲ့ပါတယ်..။ခနအကြာမှာတော့..နစ်ဖီဟာ ရွှေရောင်ကြိုးအောက်ကနေ ငုံ့ဝင်လာပြီး..တုန်ရီစွာ ရပ်နေခဲ့တယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ မျက်လုံးတွေထဲမှာတော့ အဖြူရောင် မီးတောက်တွေ ကခုန်နေခဲ့တယ်..။သူမရဲ့ အရည်ပြားတွေက..ညှင်သာစွာ တောက်ပနေပြီး..မီးတောက်တွေက..ခန္တာကိုယ်အတွင်းထဲမှာ လောင်ကျွမ်းနေသလိုပါပဲ..။

...ဒီ မီးတောက်တွေ..၊.တကယ်လို့ ဆန်နီသာ ခန့်မှန်းရမယ်ဆိုရင်..ဒီမီးတောက်တွေက အနီရောင်ဝတ်မှုန်တွေ ခန္တာကိုယ်ထဲကို ဝင်လာကတည်းက ဖျက်ဆီးပေးနေခဲ့တာပါ..။

ကြယ်အလင်း အကာအကွယ်က..ပြင်းပြင်းထန်ထန် ထိခိုက်ထားပြီး..အရည်ပျော်ကျလုနီးပါးကို ဖြစ်နေခဲ့တယ်..။သို့ပေမယ့် ဒါတောငိမှ သူက အင်မော်တယ်မီးတောက်ကလန် ရဲ့ နောက်ဆုံး သမီးတော်ကို အဆုံးထိ ကာကွယ်ပေးနေတုန်းပါပဲ..။

အဖွဲ့သားတွေကို ဂရုမစိုက်စွာပဲ..နစ်ဖီဟာ သူမရဲ့ ခေါင်းကို လှည့်ပြီး တောင်ဘက် အရပ်ကိုကြည့်လိုက်ပါတယ်..။

'သူမ ဘာကို....'

ဆန်နီ ရဲ့ အတွေးမဆုံးခင်မှာပဲ.. ရုပ်ဆိုးတဲ့ လူဝံတစ်ကောင်ရဲ့ ဦးခေါင်းက..အဝိုင်းပြ ပလက်ဖောင်းရဲ့ အစွန်းပေါ်ကို တက်လာခဲ့တယ်..။ကျိန်ဆဲလိုက်ရင်း..သူ ဘေးနားက..ချွန်ထက်တဲ့ လည်သာ တောင်ပံ တစ်ခုကို ဆွဲယူပြီး သတ္တဝါကြီးရဲ့ မျက်လုံးကို ထိုးစိုက်ကာ..နောကိကို ပြန်တွန်းချလိုက်ပါတယ်..။

တစ်ချိန်တည်းမှာပဲ အရမ်းကိုကြီးမားတဲ့ ကျိုင်းကောင်ကြီး တစ်ကောင်က ရုတ်တရက် ကောင်းကင်းပေါ်ကနေ ထိုးဆင်းလာခဲ့တယ်..။တိတ်တဆ်ိတ် ကခုန်သူကို အဝေးရောက်အောင် တွန်းအားပေးရင်း..သူက ကတ်စီ ဆီကို တိုးဝင်သွားခဲ့တာပါ..။

ဘယ်သူမှ မတုန့်ပြန်နိုင်ခင်မှာပဲ သူ့ရဲ့ နှုတ်သီးက..ထိုးဖောကိသွားခဲ့ပါပြီ..။

သို့ပေမယ့် အသားစ တွေအစား..သူက မာကျောတဲ့ ..တုတ်တံကိုသာ ကိုက်မိလိုက်တယ်..။မျက်မမြင် မိန်းကလေးက နောက်ဆုံးအခိုက်အတန့်လေးမှာ ကိုယ့်ကိုကို ကာကွယ်သွားနိုင်ခဲ့တာပါ..။

ဘာပဲဖြစ်ဖြစ် ဒီသက်ရောက်မူက သူမကို နောက်ကို လွင့်စင်သွားစေဖို့ အတွက် လုံလောက်အောင် သန်မာနေပါသေးတယ်..။သူမရဲ့ နောက်မှာရှိတဲ့ အတားအဆီးကိုပါ ချိုးဖျက်သွားတာကြောင့် ကတ်စီဟာ အော်ဟစ်လိုက်တယ်..။ပြီးတာနဲ့ ..ပလက်ဖောင်းပေါ်ကနေ လျောကျသွားပြီး အရုပ်တစ်ရုပ်လို အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်..။

'မဟုတ်ဘူး..'

သုံးမြှောင့် ဆူးချွန်က ထိခိုက်ထားတာကြောင့် ဝိဥာဥ်ပင်လယ်ထဲမှာ သူ့ဟာသူ ပြန်လည်ပြင်ဆင်နေတုန်းပါ..။ရွှေရောင်ကြိုးကလည်း ပလက်ဖောင်းရဲ့ ဘေးပတ်လည်မှာ ချီနှောင်ထားခဲ့ပါတယ်..။သူဘာလုပ် ရမလဲ ဆိုတာကို မသိ.....

လေး တစ်ခုက မြေကြီးပေါ် ပြုတ်ကျသွားတဲ့ အသံကို သူ့နားထဲမှာ ကြားလိုက်ပြီး..ဆန်နီဟာ..ကိုင်က..ရုပ်ထုကြီးရဲ့ လည်ပင်းကနေ အောက်ကို ခုန်ချတာကို မြင်လိုက်ရပါတယ်..။မယုံနိုင်လောက်တဲ့ အရှိန်နဲ့ ပျံသန်းရင်း ..သူက ကတ်စီကို ဖမ်းကာ..ခန္တာကိုယ်ကို ပွေ့ချီထားခဲ့တယ်..။

သူတို့နှစိယောက်လုံးက..လေထဲမှာ ခနလောက် အေးခဲနေကြပြီး..နီးကပ်လာတဲ့ ကျိုင်းကောင်တွေ အတွက်ကတော့ လုံးဝကိုဟအကာအကွယ် မဲ့နေခဲ့ပါပြီ..။

'မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး..'

....သို့ပေမယ့် ဆိုးဝါးတဲ့ အရာက ဘယ်တော့မှ ရောက်မလာခဲ့ပေ..။

ရုတ်တရက် အပြင်းအထန် ဖြစ်နေတဲ့ တိုက်ပွဲက ငြိမ်ကျသွားပြီး..သေလောက်အောင် တိတ်ဆိတ်သွားခဲ့ပါတယ်..။

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

ကျိုင်းကောင် အချို့ကတော့ ကိုင်နဲ့ကတ်စီ တို့ရဲ့ မီတာအနည်းငယ် အကွာ လေထဲမှာ ပျံသန်းနေပြီး..အကူအညီမဲ့နေတဲ့ လူသားတွေကို ဝါးမြိုဖို့ အလျင်မလိုခဲ့ပေ..။တကယ်တော့ သူတို့လည်း ကြောင်အနေခဲ့ကြတာပါ..။

ခနအကြာမှာတော့ ကျိုင်းကောင်တွေဟာ..ရုတ်တရက် ပြန်လှည့်ပြီး အဝေးကို ထွက်ပြေးသွားခဲ့ကြတယ်..။တကယ်တော့..ကျိုင်း ကောင်တွေ အုပ်စု တစ်ခုလုံးက..ကျောက်တုံးရုပ်တုကြီးပေါ်ကနေ ပြန်ဆုတ်ပြေးသွားခဲ့ကြတာပါ..။

ဒါက..ဒါက တစ်ခုခုကနေ ထွက်ပြေးနေကြတဲ့ အတိုင်းပါပဲ..။

ကျိုင်းကောင်တွေ အများကြီးဟာ..သူတို့ရဲ့ နှုတ်သီးမှာ သေဆုံးနေတဲ့ လူဝံတွေကို ကိုက်ထားခဲ့ကြတယ်..။ကြည့်ရတာတော့ လူဝံတွေနဲ့ပြင်းထန်တဲ့ တိုက်ပွဲမှာ ကျိုင်းကောင်တွေက အဆုံးသတ် အနိုင်ရသူတွေ ဖြစ်နေတဲ့ ပုံပါပဲ..။

သို့ပေမယ့် မကြာခငိမှာ ဒီ ဆိုးဝါးတဲ့ သတ္တဝါအုပ်စု တစ်ခုလုံးက ကြက်သွေးရောင် ဝတ်မှုန်တွေရဲ့ ဒဏ်ကို ခံစားကြရတော့မယ်ဆိုတာကိုတော့ ဆန်နီ သေချာပြောနိုင်ပါတယ်..။သွေးပန်းပွင့်တွေက တကယ်ကို ကြောက်စရာ ရန်သူပါပဲ..။သူတို့က ပျံသန်းနိုင်တဲ့ သားရဲတွေကို လက်အောက်ခံအဖြစ် သိမ်းပိုက်နိုင်ခဲ့ရင် ဘာတွေ လုပ်နိုင်မလဲ ဆိုတာကို ဘယ်သူသိမှာလဲ..။

သို့ပေမယ့် ပိုပြီး လေးနက်တဲ့ မေးခွန်းက..ဒီ ကျိုင်းကောင်တွေ..ဘယ်အရာကနေ လွတ်မြောက်အောင် ပြေးနေကြတာလဲ ဆိုတာပါ..။

ဆန်နီ အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှ လူဝံတွေ အုပ်စုကလည်း ပြန်ဆုတ်ပြေးနေကြတယ် ဆိုတာကို သိလိုက်ရတယ်..။သူတို့ကြည့်ရတာ ဒီ ရှေးဟောင်း ရုပ်ထုကြီးက ရုတ်တရက် ထိပ်လန့်စရာ နေရာတစ်ခုလိုဖြစ်သွားကြတဲ့ ပုံပါပဲ..။

နောက်ဆုံးမှာတော့ သူက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အကြည့်ကို လိုက်ပြီး တောင်ဘက်အရပ်ကို လိုက် ကြည့်လိုက်ပါတယ်..။

သူ့ မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။

အဲဒီဘက် ၊ လမ်းလျောက်နေတဲ့ ရုပ်ထုကြီးသွားနေတဲ့ လမ်းကြောင်းတည့်တည့်မှာတော့..ကျယ်ပြန့်တဲ့ အမှောင်ထုကြီးက ကမ္ဘာကြီးကို ဒေါသတကြီး ဝါးမြိုနေခဲ့ပါတယ်..။ဒီအရာက သူတို့ရှိနေတဲ့ နေရာကို ရွေ့လျားလာနေခဲ့တာပါ...။တစ်စက္ကန့်တိုင်းစီမှာပဲ..တိမ်တွေကြားထဲမှာ မိုးကြိုးတွေ လျှပ်စီးတွေ ထွက်ပေါ်နေခဲ့ပါတယ်..။

မုန်တိုင်းက နီးကပ်လာနေခဲ့ပါပြီ..။

All Chapters