← Chapters

သိသာတဲ့ လုံခြုံမူ

Vol. 16 Ch. 227

သိသာတဲ့ လုံခြုံမူ

Vol. 16 Ch. 227

မထိုးဖောက်နိုင်တဲ့ အမှောင်ထုရဲ့ လွှမ်းမ်ိုးထားမူက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဓားက အလင်းရောင်ကြောင့် ကျိုးပျက်သွားခဲ့တယ်..။ဒီအလင်းရောင် အောက်မှာတော့ လူ ခြောက်ယောက်ဟာ..အရှိန်အဟုန်ပြင်းတဲ့ မြစ်တစ်ခုရဲ့ အစမ်နားမှာ ရပ်နေကြပါတယ်..။သူတို့ရဲ့ မျက်နှာတွေကတော့ ဖြူဖျော့ပြီး အပြုံးတွေရှိနေခဲ့ကြတယ်..။

အနက်ရောင် ဒီရေတွေက တဖြည်းဖြည်း တက်လာနေတာဖြစ်တာကြောင့် ချောက်နက်ကြီးက မရှိတော့ပါဘူး..။အခု ကျိန်စာသင့် ပင်လယ်ကြီးက သူတို့နေတဲ့ နေရာရဲ့ အစွန်းနားအထိကို ရောက်ရှိနေပြီး ဝင်္ကပါ ထဲက အရာမှန်သမျှကို မရပ်တန့်နိုင်တဲ့ လှိုင်းတွေနဲ့ သယ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်..။

ဆန်နီဟာ အေးစက်တဲ့ ရေတွေက သူ့ရဲ့ ခြေထောက်ကို လာထိသလို ခံစားလိုက်ရပြီး ကြက်သီးထ သွားခဲ့တယ်..။ကျန်တဲ့ အဖွဲ့သားတွေကလည်း ဒီအတိုင်းပါပဲ..။ကောင်းကင်ပေါ်ကို အချိန်မရွေးပျံတက်ပြီး လွတ်မြောက်နိုင်တဲ့ ကိုင် တောင်မှ..ပင်လယ်ကြီးကို မြင်ပြီး သတ္တိတွေ ဆုတ်ယူတ်နေခဲ့တယ်..။

သူတို့ခြောက်ယောက်ထဲမှာ သုံးယောက်ကပဲ ဒီ ချောက်နက်ကြီးရဲ့ အန္တရာယ်နဲ့ အတွေ့အကြုံ ရှိကြတာပါ..။စစ်မှန်တဲ့ အန္တရာယ်က..ပင်လယ်ထဲကနေ ခာတာ မဟုတ်ပဲ..ပင်လယ်ရေထဲမှာ ပုန်းအောင်းနေတဲ့ သတ္တဝါကြီးတွေ ဆီကနေလာတယ် ဆိုတာကို သူတို့က သိထားပြီးသားပါ..။

ဒါက..ဝိဥာဥ် သစ်ပင်အောက်မှာ တီးတိုးပြောနေတဲ့ အသံတွေကို ကြားလိုက်ရတဲ့ အတိုင်းပါပဲ..။

ကြီးမားတဲ့ သားရဲကြီးက နစ်ဖီ ရဲ့ အသက်ကိုတောင် ယူဆောင်သွားလု နီးပါး ဖြစ်ခဲ့တာပါ..။

သို့ပေမယ့် ဆန်နီကတော့..ကျန်တဲ့အဖွဲ့သားတွေကိုဘဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သင်ခန်းစာပေးဖို့ စိတ်ကူးမရှိပေ..။ဘာပဲဖြစ်ဖြစ် သူတို့ အခုလုပ်ဖို့ကြိုးစားနေတာက..ဒီ ထိပ်လန့်စရာတွေထဲက တစ်ကောင်ကို ခေါ်ထုတ်ဖို့ကြိုးစားမှာပါ..။

တစ်ခြား အကောင်တွေနဲ့ မတူတဲ့ တစ်ကောင်ကိုပေါ့..။

" ဆန်နီ..."

အမှောင်ထုထဲကို ကြည့်နေရင်း သူ တွေဝေလိုက်တယ်..။

"ငါ အခုထိ ဘာမှမမြင်သေးဘူး.."

ရေတွေက သူ့ရဲ့ ခြေသလုံးအထိကို ရောက်ရှိနေပြီဖြစ်ပြီး..ထပ်လည်း မြင့်တက်နေပါသေးတယ်..။ဆန်နီ မျက်နှာရှုတ်မဲ့သွားပြီး..နောက်ကို ပြန်လှည့်ကာ ထွက်ပြေးချင်တဲ့ စိတ်ကို မနည်း ထိန်းထားနေရပါတယ်..။

တကယ်လို့ သူသာ လုံလောက်အောင် မြန်မယ်ဆိုရင်..တကယ်လို့ သူသာ ကံကောင်းမယ်ဆိုရင်..အမှောင်ထုက သူ့ကို ဝါးမြိုမသွားခင် ကြီးမားတဲ့ ရုပ်ထုကြီးရဲ့ အမြင့်ပေါ်ကို ပြန်ရောက်နိုင်လောက်မှာပါ..။

အဲဒီအစား ဆန်နီက နစ်ဖီနဲ့ ကတ်စီကိုကြည့်လိုက်တယ်..။

မျက်မမြင် မိန်းကလေးက မေ့ပျောက်ကုန်းမြေရဲ့ ဒီလျိုဝှက်ချက်ကို သိထားပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့် ကို မျှဝေပေးထားခဲ့ပါတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ဒီအရာကို အစီအစဥ်တစ်ခု အဖြစ်အသုံးချခဲ့တယ်..။

သူတို့နှစ်ယောက်စလုံးကတော့ အောင်မြင်မယ်လို့ ယုံကြည်မူ ရှိနေခဲ့ကြတာပါ..။ဒီတော့ သူလည်း ယုံကြည်မူ ရှိသင့်ပါတယ်..။

ဆန်နီက သူ့ရဲ့ အပေါင်းအပါတွေထဲက တစ်ယောက်ကိုမှ အပြည့်အဝ ထပ်ပြီး ယုံကြည်ချင်းမရှိတော့ပါဘူး..။သို့ပေမယ့် သူတို့ရဲ့သုံးသပ်မူတွေကိုတော့ ယုံကြည်ထားပါသေးတယ်..။

သူ့စိတ်ထဲမှာ ဒီအတွေးပေါ်လာတဲ့ အချိန်မှာပဲ သူ့အမြင်အာရုံရဲ့ အစွန်းနားမှာ လှုပ်ရှားမူတစ်ခုပေါ်လာခဲ့တယ်..။ဆန်နီ ခေါင်းကို လှည့်လိုက်ပြီး အမှောင်ထုကို စိုက်ကြည့်ပြီး တုန်ရီသွားခဲ့ပါတယ်..။

"...အဲတာက ဒီကိုရောက်နေပြီ..."

အဝေးတစ်နေရာမှာတော့ ကြီးမားတဲ့ ပုံသဏ္ဍာန်တစ်ခုက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဓားအလင်းရောင်ဆွဲဆောင်မူကြောင့်..တဖြည်းဖြည်းချင်း ရွေ့လာနေခဲ့ပါပြီ..။ပင်လယ်ရေထုကြီးက သူ့ဘေးပတ်လည်မှာ ရှိနေပေမယ့် ဒီသတ္တဝါကြီးက ရေထုကို အေးအေးဆေးဆေးပဲ ထိုးခွင်းလာခဲ့ပါတယ်..။

နစ်ဖီ အံကိုကြိတ်လိုက်ပြီး..သူမရဲ့ မီးတောက်ကို ပိုမို တောက်ပအောင်လုပ်လိုက်တယ်..။ချက်ချင်းဆိုသလိုပဲ အမှောင်ထုက အနောက်ကို ခြေလှမ်း တစ်ချို့ဆုတ်ခွာသွားခဲ့ပါတယ်..။

"အသင့်ပြင်ထားကြ..."

ခနအကြာမှာတော့..ဒီရေထဲက ကြီးမားတဲ့ ခန္တာကိုယ်ကြီးရဲ့ ဒေါသတကြီး အသံတွေဟာ သူတို့နားထဲကိုဘရောက်လာခဲ့တယ်..။ဒီသတ္တဝါကြီးက ချောက်နက်ကြီးရဲ့ အောက်ခြေမှာ လမ်းလျောက်နေတာဖြစ်ပေမယ့် ရေပေါ်မှာပေါ်လာတဲ့အထိကို အတော်ကြီးမားနေတုန်းပါပဲ...။

...ကောင်းပြီ..အံ့ဩစရာမရှိပါဘူး..။

ထိပ်လန့်မူတွေအပြည့်နဲ့ပဲ..ဆန်နီဟာ သူတို့စောင့်ဆိုင်းနေတဲ့ အရာက ဆက်ပြီးနီးကပ်လာတာကို တွေ့လိုက်ရပါတယ်..။မကြာခင်မှာပဲ သူက ဒီအရာကြီးရဲ့ ယေဘုယျ ပုံသဏ္ဍာန်ကို မြင်နေခဲ့ရပါပြီ..။

ရေပြင်ရဲ့ အထက်မှာ မြင့်တက်နေတဲ့ တောင်ကုန်းကြီး နှစ်ခုက..သူ့ရဲ့ ပုခုံးတွေပါ..။ပြီးတော့ သူတို့နှစ်ခုရဲ့ ကြား...ဦးခေါင်းရှိသင့်တဲ့ နေရာမှာတော့....

အဲဒီမှာ ဘာမှရှိမနေခဲ့ပါဘူး..။

မေ့ပျောက်ကုန်းမြေပေါ်မှာ ခေါင်းပြတ်ရုပ်ထုကြီးတွေ ခုနှစ်ခု ရှိပါတယ်..။သို့ပေမယ့် နစ်ဖီရဲ့မြေပုံထဲမှာ ခြောက်ခုကိုပဲ အမှတ်အသား ပေးထားတာပါ..။ဒါက ခုနှစ်မြောက်ကို သူမ မသိနိုင်လို့ မဟုတ်ပါဘူး..။

ဘာလို့လဲဆိုတော့ ခုနှစ်ခုမြောက်ရုပ်ထုက တစ်နေရာတည်းမှာ ဘယ်တော့မှ အကြာကြီးမနေလို့ပါ..။

အခု ကျောက်တုံး ရုပ်ထုကြီးက ရေတွေရှိနေတဲ့ ချောက်နက်ကြီးမှာ လမ်းလျောက်နေခဲ့ပြီး ..သူ့ရဲ့ ကျယ်ပြန့်တဲ့ ရင်ဘတ်တွေက..အနက်ရောင်ရေတွေကို တွန်းဖယ်ကာ ရေလှိုင်းတွေ ဖန်တီးနေခဲ့ပါတယ်..။

ကြီးမားတဲ့ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ရဲ့ လမ်းမှာ ပိတ်နေတဲ့ ရှေးဟောင်း တံတားကြီးတစ်ခုကိုဖျက်ဆီးပစ်လိုက်တယ်..။အကျိုးအပဲ့ တွေက အနက်ရောင် ဒီရေထဲကို ရောက်သွားပြီး ပျောက်ကွယ်သွားခဲ့တယ်..။

ဒါက..ဒါက သူတို့ရဲ့ မြန်ဆန်ပြီး..လုံခြုံတဲ့..နည်း့မ်းလား..။မေ့ပျောက်ကုန်းမြေရဲ့ အစွန်းကိုသွာမယ့် နည်းလမ်း..။

'တကယ် ရူးနေပြီ ' ဆန်နှ တွေးလိုက်တာပါ..။ဖြစ်ပျက်နေတဲ့ အရာတွေ အကုန်လုံးကို သူ တကာ် အံ့ဩသင့်နေပါပြီ..။

သေချာတွေ့ကြည့်ရင် ဒါက တကယ်ကို ထင်ထားတာနဲ့တစ်ခြားစီပါပဲ..။သူ့ရဲ့ မူလပုံစံကို ပြန်သွားရမယ်လို့ ဆုံးဖြတ်ပြီး နောက်တစ်နေ့မှာပဲ ဒီလို ရူးသွပ်စရာတွေဖြစ်လာခဲ့တာပါ...။

ဒါက ကမ္ဘာကြီးတစ်ခုလုံးက သူ့ကို လှောင်ပြောင်နေသလိုပါပဲ..။

ခေါင်းကို ခါယမ်းလိုင်းရင် ဆန်နီ အဖွဲ့သားတွေဘက်ကို လှည့်ကာ အော်လိုက်တယ်..။

"သူ လာနေပြီ..."

အနက်ရောင် ဒီရေတွေက သူတို့ရဲ့ ဒူးနားကို ရောက်နေပါပြီ..။အဖွဲ့ဝင်တွေဟာ..လေးနက်သွားပြီး ဖြစ်ပျက်လာမယ့် အရာအတွက် ပြင်ဆင်လိုက်ကြတယ်..။

ဒီအရာကို လုပ်ဖို့ သူတို့မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတာပါ..။ကျရှုံးခြင်းက သေခြင်းတရားပါပဲ..။

ခနအကြာမှာတော့..ကြီးမားတဲ့ ပုံရိပ်ကြီးက နစ်ဖီ ဖန်တီးထားတဲ့ အလင်း ဧ၊ရိယာထဲကို ဝင်ရောက်လာခဲ့တယ်..။သူ့ရဲ့ ပုခုံးတွေက ရေပေါ်မှာရှိနေပြီး သူတို့ကို ကျောက်တုံးပေါ်က သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခု ချင်းစီတိုင်းကို မြင်နိုင်စေခဲ့ပါတယ်..။

အချိန်ကို ဖြုန်းမနေတော့ပဲ ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ရှေ့ကိုပြေးကာ ခုန်လိုက်တယ်..။ခနအကြာမှာတော့ သူမရဲ့ ဓားသွားက ရုပ်ထုကို ထိမှန်သွားခဲ့ပြီးအထဲကို နစ်ဝင်သွားခဲ့ပါတယ်..။ဒီဓားကို နင်းစရာ အဖြစ် အသုံးချပြီး နစ်ဖီဟာ သတ္တဝါကြီးရဲ့ ပုခုံးပေါ်ကို တက်ဖို့ ကြိုးစားလိုက်တယ်..။

တစ်ခြားအဖွဲ့သားတွေကလည်း သူမရဲ့ နောက်ကနေ လိုက်ပါလာခဲ့ကြပါတယ်..။ကိုင်က ကတ်စီကို ချီထားရင် သတ္တဝါကြီးရဲ့ ပုခုံးပေါ်ကို လေထဲကနေ အခက်အခဲမရှိ ရောက်သွားခဲ့တယ်..။ကတ်စတာကတော့ ရုတ်တရက် ပျောက်ကွယ်သွားပြီး ရုပ်ထုကြီးရဲ့ ပုခုံးပေါ်ကို ဘယ်လိုရောက်သွားမှန်းတောင်ဘမသိပါဘူး..။သူက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဘေးနားမှာ ရောက်နေခဲ့တာပါ..။

...ဆန်နီ တစ်ယောက်ပဲ ပြသနာတက်နေခဲ့တယထ..။သူ့ အရပ်က သိပ်မရှည်ပဲ..ဒီရေတွေကလည်း ဆက်တိုက် တက်နေတာကြောင့်..အပေါ်ကို ခုန်ဖို့အတွက် လုံလောက်တဲ့ အရှိန်မရပဲဖြစ်နေခဲ့တာပါ..။

'ချီးပဲ...ဘယ်လောက် စိတ်ရှုတ်စရာကောင်းလဲ..'

သို့ပေမယ့် သူ အဖြေမရခင်မှာပဲ အယ်ဖီက သူ့ကို အင်္ကျီ ကော်လံကနေ ဆွဲပြီး လေပေါ်ကို ပစ်တင်ပေးလိုက်တယ်..။

'ဘ...ဘာ..'

စက္ကန့်အနည်းငယ်လောက် ဆန်နီ လေပေါ်မှာ ပျံနေခဲ့ပါတယ်..။သူ ကြားနေရတာက လေတိုးသံတွေ ပါပဲ..။

ယင်းနောက် သူက ရုပ်ထုကြီးရဲ့ ထိပ်ကို ပြုတ်ကျသွားခဲ့ပြီး ပင်လယ်ထဲကို ပြန်မပြုတ်ကျအောင် မနည်း ထိန်းထားခဲ့ရတယ်..။သူ မတ်တတ်ပြန်မရပ်နိုင်ခင်မှာပဲ..ခွန်အားကြီးတဲ့ မုဆိုးမိန်းကလေးက သူ့ဘေးနားကို ရောက်လာပြီး ပြုံးလိုက်ပါတယ်..။

" ဘယ်လောက် ပေါ့..."

သို့ပေမယ့် သူမစကားမဆုံးခင်မှာပဲ ကျောက်တုံးရုပ်ထုကြီးက လှုပ်လာပြီး လူတိုင်းကို ပြုတ်ကျမတတ် ဖြစ်စေခဲ့တယ်..။

ပျက်ဆီးနေတဲ့ တံတားကို နောက်မှာထားခဲ့ပြီး သူက အနောက်ကို လှည့်ကာ မထူးခြားစွာပဲ လမ်းလျောက်ထွက်ခွာသွားခဲ့ပါတယ်..။

သူက တောင်ဘက်ကို သွားနေခဲ့တာပါ..။

All Chapters