← Chapters

ခြောက်နက်ကြီးကို ဖြတ်ကူးခြင်း

Vol. 16 Ch. 228

ခြောက်နက်ကြီးကို ဖြတ်ကူးခြင်း

Vol. 16 Ch. 228

ကျောက်တုံးရုပ်ထုကြီးက..မေ့ပျောက်ကုန်းမြေပေါ်မှာ နှစ်တွေထောင်ချီပြီး ကြာအောင်..ဦးတည်ချက်မဲ့ သွားလာနေခဲ့တာပါ..။ဘယ်လို စွမ်းအင်မျိုးက..သူ့ကို အသက်ဝင်နေစေတာလဲ...ပင်လယ်ရေရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာ သူ ဘာကို ရှာဖွေနေတာလဲ ဆိုတာကိုတော့ ကတ်စီ မသိခဲ့ပေ..။

သူမက တစ်နေ့မှာ ဒီ ခေါင်းပြတ်ရုပ်ထုကြီးက ရှေးဟောင်း တံတားကို ဖြတ်သွားပြီး..ပျက်စီးနေတဲ့ နယ်မြေရဲ့ တောင်ဘက်စွန်းပိုင်းကို သွားလာနေတဲ့ အမြင်အာရုံကို သူမက ရရှိခဲ့တာပါ..။ရဲတိုက်ကိုသိမ်းပိုက်နိင်ခဲ့တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ကလည်း..ခုနှစ်ခုမြောက် ရုပ်ထုနောက်ကို လိုက်ကာ..ဝင်္ကပါအနှံ့အတော်ကြာအောင်သွားလာခဲ့ပါတယ်..။

သူ ဒီလို လုပ်ခဲ့တဲ့ အကြောင်းပြချကိကို တော့ မသိထားပါဘူး..။

ဒီ ကြီးမားတဲ့ ရုပ်ထုကြီးအကြောင်းကို မျက်မမြင် မိန်းကလေး က အမှန်အတိုင်းပြောလား ဆိုတာတော့ ဆန်နီ မသိပေ..။တကယ်တော့..ခုနှစ်ခုမြောက် ရုပ်ထုမှာ မေ့ပျောက်ကုန်းမြေနဲ့ ပတ်သက်ပြီး လျိုဝှက်ချက်တွေ အများကြီးရှိနေသေးတယ် ဆိုတာကို သူ သေချာသိပါတယ်..။

သို့ပေမယ့် ဒီလျိုဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် သူ အလျင်မလိုခဲ့ပေ..။နစ််ဖီ ၊ ကတ်စီ နဲ့ သူကိုယ်တိုင် တို့က ဒီကျိန်စာသင့် ကုန်းမြေမှာအတူတကွ ချည်နှောင်ထားပြီးပြီ ဆိုတာကို သိထားပါတယ်..။ကံတရားကြိုးတွေက သူတို့ရဲ့ ပတ်လည်မှာ ချည်နှောင်ထားခဲ့ပြီး နောက်ဆုံးစောင့်ဆိုင်းနေတဲ့ နေရာအထိအောင် ခေါ်ဆောင်သွားမှာပါ..။သူက အမှန်တရားက စောပြီးတော့ပဲ ဖြစ်ဖြစ် နောက်ကျပြီးတော့ပဲဖြစ်ဖြစ် သိခွင့်ရရှိမှာပါ..။

အဲ့မတိုင်ခင် အထိတော့ ဆန်နီဟာ သူသိဖို့လိုအပ်တာထက် ပိုသိဖို့ ကြိုးစားနေမှာ မဟုတ်ပေ..။

ကျောက်တုံး ရုပ်ထုကြီးကတော့ အနက်ရောင် ပင်လယ်ကြီးကို ရင်ဘတ်နဲ့ ထိုးခွဲရင်း လမ်းလျောက်နေခဲ့တယ်..။လူသားလေးယောက်ကတော့ ..သူ့လည်ပင်းမှာ ရှိနေတဲ့ အဝိုင်းပုံစံ နေရာမှာ မပြုတ်ကျအောင် နေနေကြရတယ်။အေးစက်တဲ့ ရေထုက သူတို့ရဲ့ မျက်နှာကို ရိုက်ခတ်နေပြီး ဒေါသကြီးနေတဲ့ လေထုက သူတို့ကို အောက်ကို မောင်းချဖို့အတွက် ခြိမ်းခြောက်နေခဲ့ပါတယ်..။

နစ်ဖီက သူမရဲ့ မီးတောက်ကို အစောကတည်းက ရုပ်သိမ်းလိုပြီ ဖြစ်တာကြောင့် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အမှောင်ထုသာ လွှမ်းမိုးနေခဲ့တယ်..။သူတို့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို မြင်နေရတဲ့ သူက ဆန်နီ တစ်ယောက်တည်းပါ..။သူ့ရဲ့ တာဝန်က ဒီအဖွဲ့သားတွေ အတွက် မျက်လုံးတွေ ဖြစ်ပေးဖို့ပါပဲ..။

ချော်ထွက်နေတဲ့ ကျောက်တုန်းတွေကို အရိပ်ရဲ့ အကူအညီနဲ့ ဆုပ်ကိုင်ထားရင်း..ရှေ့ဘက်ကို ပြုံးပြီးကြည့်လိုက်တယ်..။

လတ်တလောမှာတော့ သူ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိပါတယ်..။

သူတို့ ဒါကို အချိန်မှီ လုပ်နိုင်ပါ့မလား..။

ကြီးမားတဲ့ ​ကျောက်တုံးကြီးက ​ချောက်နက်ကြီးရဲ့ တစ်ခြားတစ်ဖက်ကို ဖြတ်ကူးဖို့ လုပ်နေခဲ့ပါပြီ..။အနက်ရောင် ရေထုပေါ်မှာ ရှိနေတဲ့ ရှေးဟောင်း တံတားရဲ့ အပိုင်းအစတွေကို ကြည့်ရင် ဒါကို ပြောနိုင်ပါတယ်..။သို့ပေမယ့် ရေချိန်က ခပ်မြန်မြန်ပဲ မြင့်တက်လာနေခဲ့တယ်..။

"ဆန်နီ..."

သူ့နာမည်ကို ခေါ်လိုက်တဲ့ အယ်ဖီကိုကြည့်ရင်း ..ဆန်နီ ခနလောက် တွေဝေပြီးကာမှ အော်လိုက်တယ်..။

"ကိုယ့်ကိုကို ပြင်ဆက်ထားကြ..။ငါတို့ ရေအောက်မှာ အနည်းဆုံး မိနစ်အနည်းငယ်လောက် နေကြရတော့မယ်.."

ကျိန်ဆဲသံတွေနဲ့ အတူပဲ သူ့ကို ပြန်ဖြေလိုက်ကြတယ်..။

ဘယ်သူမှ မမြင်နိင်ချိန်မှာပဲ ဆန်နီ ပြုံးလိုက်ပါတယ်..။

ဒါက အနက်ရောင် ပင်လယ်ထဲမှာ ရေငုပ်ရတာ သူ့အတွက် ဒုတိယ အကြိမ်ပါပဲ..။အနက်ရောင် မြို့တော်ရဲ့ ထီးနန်းကို ရယူဖို့ ဂန်လောင်လည်း သူ့ရဲ့ ခရီးစဥ်ကို ဒီလိုပဲ လုပ်ခဲ့ရတာမဟုတ်ဘူးလား..။

သူ ကိုယ်တိုင် လည်း တစ်နေ့မှာ ဘုရင်ဖြစ်လာတာဖြစ်နိုင်ပါတယ်..။

"အခုပဲ..."

အနက်ရောင် ရေတွေက ပိုပိုပြီး မြင့်တက်လာခဲ့တယ်..။ရုပ်ထုကြီးရဲ့ ပုခုံးကတော့ အလင်းမရှိတဲ့ ရေထဲကို နစ်မြုပ်နေခဲ့ပါပြီ..။လည်ပင်း အဝိုင်းပြားကတော့ မကြာခင် ရေထဲကို ရောက်တော့မှာပါ..။

သူတို့က ကမ်းခြေနဲ့ အရမ်းကို နီးကပ်နေခဲ့တယ်..။

ကျောက်တုံးရုပ်ထုကြီးက ချောက်နက်ကြီးရဲ့ အောက်ခြေကို ဖြတ်တဲ့ အချိန်မှာတော့..အဝိုင်းပြားကလည်း နစ်မြုပ်သွားခဲ့တယ်..။နောက်တစ်ခါကျပြီးတဲ့ နောက်မှာတော့ ဒါက ရေလှိုင်းတွေရဲ့ ရိုက်ခတ်ခြင်းကို ခံလိုက်ရပါတယ်..။

အေးစက်ပြီး..ငံတဲ့ ရေတွေက သူတို့ကို ရိုက်ခတ်ပြီး ကမ္ဘာတစ်ခုလုံးကို ဝါးမြိုသွားခဲ့တယ်..။အဖွဲ့သားတွေကတော့ ရေရဲ့ ရိုက်ခတ်မူ့ကြောင့် လွင့်စင်မသွားအောင် ကျောက်တုံးကို သေချာကိုင်ထားနေကြရပါတယ်..။

သူတို့သာ အဲလိုဖြစ်သွားရင် ဘယ်သူမှ လာကယ်နိုင်မှာ မဟုတ်ပေ..။

ကျိန်စာသင့်ပင်လယ်ထဲမှာ သူ ဘာမှ မမြင်ရဘူးဆိုတာ သိနေတာကြောင့် ဆန်နီ မျက်လုံးတွေကို မှိတ်ထားခဲ့ပါတယ်..။အဲဒီအစား သူက အရိပ်ရဲ့အာရုံခံနိုင်မူ အပေါ်မှာသာ မှီခိုနေခဲ့ရတယ်။ဒီအရာက ရေထဲပနေ တစ်ခုခု နီးကပ်လာရင် အကူအညီပေးနိုင်လောက်မှာပါ..။

အခုတော့ ဆန်နီ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အသက်အောင့်ထားတဲ့ အကန့်အသတ် မရောက်ခင်မှာ ကျောက်တုံးရုပ်ထုကြီး တစ်ဖက်ကို ရောက်သွားတဲ့ အချိန်အထိ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဖို့ပါပဲ။

ကျေးဇူးတင်စွာပဲ ဒီမှာ ရှိနေကြတဲ့ သူတွေ အကုန်လုံးက သန်မာကြပါတယ်..။သူတို့ရဲ့ ခန္တာကိုယ် ပုံစံက လူသားတွေရှိသင့်တာရဲ့ အကန့်အသတ်က်ို ရောက်နေကြတာ ဒါမှမဟုတ် ဒီထက်အနည်းငယ် ပိုသာ နေတာဖြစ်နိုင်ပါတယ်..။

ဒီအတွေးတွေနဲ့အတူပဲ..ဆန်နီဟာ...သူ့ရဲ့ ခွန်အားတွေ အားလုံးနဲ့ ရေစီးကြောင်းကို ရင်ဆိုင်ပြီး..စောင့်ဆိုင်းတယ် စောင့်ဆိုင်းတယ်...စောင့်ဆိုင်းရင်း စောင့်ဆိုင်းနေခဲ့ပါတယ်..။တစ်ချို့ အချိန်တွေမှာ သူ့စိတ်တွေက ရုပ်ထုကြီးကို သေချာကိုင်ထားဖို့တောင် မေ့ပျောက်သွားတတ်ပေမယ့် ..ပြန်လည်ပျောက်ကွယ်သွားခဲ့တယ်..။

'တစ်စက္ကန့်လောက်....တစ်စက္ကန့်လောက် '

သို့ပေမယ့် သူ စောင့်ဆိုင်းနေတဲ့ အရာက မျှော်လင့်ထားသလိုမျိုး မြန်မြန်ဆန်ဆန်ကြီး ရောက်မလာခဲ့ပေ..။မကြာခင်မှာပဲ သူ့ရဲ့ အဆုတ်တွေက စတင် လောင်ကျွမ်းလာပြီး..ကြွက်သားတွေကလည်း အားနည်းလာခဲ့ပါတယ်..။

' ချီးတဲ့မှပဲ '

သူသာ ပြသနာတက်နေပြီဆိုရင် တစ်ခြားလူတွေရဲ့ဘအခြေအနေက ပ်ိုတောင် ဆိုးဝါးပါဦးမယ်..။ဘာပဲဖြစ်ဖြစ် အောက်စီဂျင် တွေက လူရဲ့ ခန္တာကိုယ်ထဲမှာ သွေးနဲ့အတူ စီးဆင်းတာဖြစ်ပြီး..သူတို့ရဲ့ သွေးတွေက..ဆန်းကျယ်တဲ့ ဝီဗာရဲ့ ဆက်ခံသူတစ်ယောက်လို တိုးမြှင့်ခံထားရတာ မဟုတ်ပေ..။

သူ ဒီလိုတွေးနေတုန်းမှာပဲ..အရိပ်ခြောက်ခုထဲက တစ်ခုက အဝိုင်းပြားပေါ်ကနေ ချော်ထွက်သွားတာကို

ဆန်နီ ခံစားမိလိုက်တယ်..။

ဒါကတော့ ကိုင် ပါ....

' ခရတ် '

ကံကောင်းချင်တော့ ကြီးမားတဲ့ ရုပ်ထုကြီး ချောက်နက်ထဲကို မဆင်းခင်မှာ လေးသည်တော်က ကတ်စီကို စိတ်ပူပြီး..သူနဲ့ ကတ်စီကို ရွှေရောင်ကြိုးနဲ့ တွဲချည်နှောင်ထားခဲ့ပါတယ်..။အံ့ဩစရာက အဆုံးမှာ ကတ်စီက သူ့ထက်ပိုပြီး ခံနိုင်ရည် ရှိနေခဲ့တာပါ..။အခုတော့ သူမက..ကျောက်တုံးကြီးရဲ့ သေးငယ်တဲ့အပိုင်းအစကို ကိုင်ထားရသလို့ ..သူ့ရဲ့ ဝိတ်ကိုလည်း ထိန်းထားရပါသေးတယ်..။

ကိုင် ရဲ့ သတိမေ့နေတဲ့ ခန္တာကိုယ်က သူမရဲ့ နောက်ဘက်မှာ လွင့်မြော နေခဲ့တယ်..။အခုတော့ သူက လုံခြုံပါသေးတယ်..။

ဒါပေမဲ့ ကတ်စီကရော ဘယ်လောက်အထိ တောင့်ခံထားနိုင်မှာလဲ...။

..ဆန်နီဟာ သူ့စိတ်တွေ အားနည်းလာနေပြီလို့ ခံစားရတဲ့ အချိန်မှာပဲ သူ့ရဲ့ ခန္တာကိုယ်က ရုတ်တရက် ကျောက်တုံးနဲ့ အရှိန်ပြင်းစွာ ရိုက်မိသွားခဲ့တယ်..။

ကျောက်တုံး ရုပ်ထုကြီးက ချောက်နက်ထဲကနေ ပြန်တက်လာနေခဲ့ပါပြီ..။သူ့ရဲ့ ကြီးမားနဲ့ လက်တွေက ကမ်းပါးရဲ့ အစွန်းတွေကို ကိုင်တွယ်ရင်း ခန္တာကိုယ်ကိုအပေါ်ဆီ ဆွဲတင်နေခဲ့ပါတယ်..။

'အား..ချီးပဲ...'

ဆန်နီဟာ သမိုင်းတလျောက် အဆိုးဝါးဆုံး အရာကို စီးနေရသလိုတောင် ခံစားနေခဲ့ရတယ်..။မမြင်ရတဲ့ ဖိအားတစ်ခုကြောင့် သူ့ရဲ့ အရိုးတွေက နာကျင်နေခဲ့ပါတယ်..။

အချိန်ခနလောက် ဒီီလိုထပ် နှိပ်စက်ခံအပြီးမှာပဲ သူတို့က ရေပေါ်ကို ပြန်ရောက်လာခဲ့ကြတယ်..။

လေကို အငမ်းမရ ရူလိုက်ပြီး ဆန်နီ အကြိမ်အနည်းငယ် အသက်ရူထုတ်လိုက်ပြီးကာမှ သတိမေ့နေတဲ့ ကိုင်ကို လှမ်းကြည့်လိုက်ပါတယ်..။လေးသည်တော် ဆီကို တွားသွားလိုက်ပြီး သူ့ကို ဆုပ်ကိုင်လိုက်ကာ သူ့ရဲ့ ခန္တာကိုယ်ကို ကျန်တဲ့ အဖွဲ့သားတွေဆီ ဆွဲခေါ်ပေးသွားလိုက်တယ်..။

ကတ်စီ ဆီကို အပ်ပြီးတာနဲ့ ဆနီနီ အနက်ရောင် ဒီရေတွေကို ငုံ့ကြည့်လိုက်တယ်..။ပြီးတာနဲ့ ရုတ်တရက် အသံတိုးညှင်းစွာ ကျိန်ဆဲလိုက်ပါတယ်..။

နစ်ဖီကတော့ သူမရဲ့ ခေါင်းကို လှည့်လာပြီး ဖြူဖျော့တဲ့ မျက်နှာနဲ့ မျက်မှောင်ကျုတ်ကာမေးလိုက်တယ်...။

"ဆန်နီ..ဘာဖြစ်လို့လဲ..."

ကြီးမားတဲ့ရုပ်ထုကြီးရဲ့ ခန္တာကိုယ်ကို ကြည့်နေရင်း ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ အံကိုကြိတ်ကာ ပြောလိုက်တယ်..။

သူ့ရဲ့ အသံထဲမှာတော့..ခက်ထန်မူတွေ ပါဝင်နေခဲ့ပါတယ်..။

"....ငါတို့မှာ ခရီးသည်တစ်ယောက် ပါလာပြီ "

All Chapters