ခရီးသည်
Vol. 16 Ch. 229
ကြီးမားတဲ့ ရုပ်ထုကြီးက လှိုင်းတံပိုးတွေအောက်ကနေ ပေါ်ထွက်လာခဲ့ပြီး၊ သူရဲ့ ကျောက်သားကိုယ်ထည်ကနေ မည်းနက်တဲ့ရေတွေ စီးကျလာခဲ့တယ်။ အခုတော့ လမ်းလျှောက်နေတဲ့ ရုပ်ထုကြီးက ချောက်ကမ်းပါးကနေ တက်လာခဲ့ပါပြီ..။ကျိန်စာသင့် ပင်လယ်ပြင် ကတော့ သူ့ရဲ့ ဝမ်းဗိုက်နား လောက်မှာသာ ရှိနေခဲ့ပါတယ်.. အခုအချိန်အထိပေါ့..။
အနက်ရောင် ဒီရေတွေ ထပ်ပြီးမြင့်တက်လာတဲ့ အချိန်ရောက်ရင်တော့..ဒီရေတွေက သူ့ရဲ့ ပုခုံးနားလောက်ကို ပြန်ပြီး ရောက်လာလိမ့်မှာပါ..။
ဒီမတိုင်ခင် အချိန်မှာ ဆန်နီက..မဖိတ်ထားတဲ့ ဧည့်သည်တော်ကို ဖယ်ရှားရပါလိမ့်မယ်..။
အောက်ဘက်မှာတော့..ထူးဆန်းတဲ့ သားရဲတစ်ကောင်က..ရှေးဟောင်းရုပ်ထုကြီးကို တွယ်ကပ်ထားခဲ့ပါတယ်..။ဒီဟာက ဖောက်ထွင်းမြင်ရတဲ့ ဂျယ်လီငါး နဲ့ ငါးရှည့် တို့ကို ပေါင်းစပ်ထားသလိုပါပဲ..။လူသားပုံစံ သားရဲရဲ့ ဖောက်ထွင်းမြင်နေရတဲ့ ရွံစရာ အသားတွေ ကြားထဲကတဆင့် ဆန်နီဟာ..ပုံစံပျက်နေတဲ့ အရိုးတွေကို မြင်နေခဲ့ရတယ်..။
သူ ကြက်သီးထသွားခဲ့တယ်..။
ကျောက်တုံး ရုပ်တုကြီးနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ဒီသားရဲက အတော်လေးကို သေးငယ်ပုံရပါတယ်..။သို့ပေမယ့် ဒီဟာတွေက ထင်ယောင်ထင်မှား ဖြစ်နေတာပါ..။သူ့ရဲ့ ပါးစပ်ထဲမှာ ထက်ရှတဲ့သွားတွေနဲ့ ပြည့်နက်နေပြီး..လူသားတစ်ယောက်ကို ဝါးမြိုဖို့အတွက်တောင် လုံလောက်ပါတယ်..။
'ချီးပဲ...'
အခြေအနေရဲ့ ကောင်းမွန်တဲ့ ဘက်ခြမ်းကို ပြောပါဆိုရင်တော့..ဒီသားရဲရဲ့ပုံစံက..ပျက်ပြားခြင်းအဆင့် အိပ်မက်ဆိုးသားရဲ မဟုတ်ပဲ..ဒီတိုင်း ကျရှုံးမူ အဆင့်သာ ဖြစ်နေခဲ့တာပါ..။ဒီသားရဲက ကျိန်စာသင့်ပင်လယ်ထဲမှာ ..စစ်မှန်တဲ့ တယ်ရာ တစ်ကောင်ရဲ့ နောက်ကို လိုက်ရင်း အသက်ရှင်နေတာ ဖြစ်နိုင်ပါတယ်..။အစားအသောက်ကိုလည်း သူက အကြွင်းအကျန်တွေကနေ ရလောက်မှာပါ..။
နစ်ဖီ စကားပြောလိုက်တာနဲ့ ဒီသားရဲက လှုပ်လာပြီး ရုတ်တရက် ထွက်လာတဲ့ အသံကို တုန့်ပြန်လိုက်သလား လို့တောင် ထင်မှတ်ရပါတယ်..။သတ္တဝါရဲ့ ဦးခေါင်းက သူတို့ရှိတဲ့ဘက်ကို အနည်းငယ် လှည့်လာခဲ့တာပါ..။
သူ ပြန်ဖြေတဲ့ အချိန်မှာတော့..ဖီလာ သားရဲဟာ စင်ဆုပ်စွာပဲ ခေါင်းကို နောက်တစ်ကြိမ် လှည့်လာခဲ့ပါတယ်..။ဒီတစ်ကြိမ်တော့ သူက ဆန်နီ တည့်တည့်ကို ကြည့်နေခဲ့တာပါ..။
ခရက်
အဲ့အချိန်မှာပဲ..လက်ကြီးတွေဟာ သူ့ရဲ့ခန္တာကိုယ်အောက်ခြေကနေ ပေါ်ထွက်လာပြီး..ကျောက်တုံးကိုယ်ထည်ရဲ့ အက်ကွဲကြောင်းတွေကို ကိုင်တွယ်ကာ လည်ပင်းနားကိုတက်လာခဲ့တယ်..။
အဖွဲ့သားတွေက ဘယ်မှာလဲ...
ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ တစ်ခုခုကို သတိထားမိလောက်မှာပါ..။ဘာလို့လဲ ဆိုတော့ သူမရဲ့ မျက်လုံးထဲမှာ..အဖြူရောင် မီးပွားလေးတွေ ထွက်ပေါ်လာခဲ့ပါတယ်...။
ဆန်နီ သူမရဲ့ ပုခုံးပေါ်မှာ လက်တစ်ဖက်တင်လိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
" မလုပ်နဲ့..."
ကျောက်တုံးရုပ်တုကြီးပဲဖြစ်ဖြစ် ..ဘာဖြစ်ဖြစ်..ကျိန်စာသင့် ပင်လယ်ကြီးရဲ့ အလယ်မှာ အလင်းရောင် ဖန်တီးတာက ကောင်းမွန်တဲ့ အကြံဥာဏ်တစ်ခု မဟုတ်ပေ..။သူက အခုမှ ချောက်နက် ထဲကနေ ထွက်လာတာဆိုတော့ နောက်ထပ် ထိပ်လန့်စရာတွေက တွေ့လာနိုင်ပါသေးတယ်..။သူတို့ အဖွဲ့ အစောကတည်းက..ဆွေးနွေးထားတဲ့ အတိူင်းပဲ အလင်းရောင်က သူတို့ရဲ့ နောက်ဆုံးလက်နက်ပါ..။သူတို့ အတွက် လုံးဝ ရွေးချယ်စရာ မရှိတော့ပဲ အားလုံးတိုက်ခိုက်ရမယ့် အချိန်ရောက််မှသာ ဒီအရာကို အသုံးပြုကြမှာပါ..။
ပြီးတော့ ဆန်နီ သဘောကျကျ မကျကျ..အခုလက်ရှိကိစ္စကတော့ သူတို့အပေါ်မှာ မသက်ဆိုင်သေးပါဘူး..။
သုန်မုန် နေတဲ့မျက်နှာ အမူအရာနဲ့ သူ တစ်ဖက်ကို လှည့်ပြီး ပြောလိုက်တယ်..။
"ငါ ကိုင်တွယ်လိုက်မယ်.."
...ကြီးမားတဲ့ ရှဥ့်ပုံစံသားရဲက သူ ဖြေရှင်းရမယ့် ပြသနာပါ..။
'ဟုတ်တယ်..။ဒါကကောင်း မွန်တဲ့အရာပဲ..။ဒါပေမဲ့ အခိုက်အတန့်က ဘာလို့ ဒီလိုအရာကြီးကို ဖယ်ရှားစေ ချင်နေတာလဲ...'
အောက်က်ို ကြည့်လိုက်ပြီး..ဆန်နီဟာ သူလှုပ်ရှားဖို့အတွက် စက္ကန့်အနည်းငယ် ကျန်နေသေးတာကို တွက်ချက်ထားလိုက်တယ်..။
'တွေးစမ်း တွေးစမ်း '
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဆန်နီဟာ အယ်ဖီ အနားကိုကပ်သွားပြီး သူမဘေးနားမှာ ဒူးထောက်ထိုင်လိုက်ပါတယ်..။မုဆိုးမိန်းကလေးရဲ့လက်ကို ဆွဲယူလိုက်ပြီး သူမရဲ့လက်ဝါးပေါ်မှာ တစ်ခုခုကို ဆုပ်ကိုင်ထားစေခဲ့တယ်..။
"ဒီရုပ်ထုကြီးက အပေါ် အောက် ရွေ့နေတယ် ဆိုတာကို ခံစားမိလား..။အဲတာက သူ့ရဲ့ ခြေလှမ်းတွေပါ..။ငါက နင့်ကို အဲတာကို ရေတွက်ထားစေချင်တယ်..။တကယ်လို့ ခြေလှမ်း ၃၀ ကျော်လို့မှ ငါပြန်မလာသေးဘူးဆိုရငိ..အဲဒိဘက်ကို ပစ်နိုင်သလောက်သာ ပစ်ချလိုက်တော့..။ဟုတ်ပြီလား...."
.
အယ်ဖီ သူမကို ခေါင်းညိမ့်ပြလိုက်တယ်..။သူမရဲ့ ပုံမှန် ဖော်ရွေ မူတွေက ပျောက်ကွယ်သွားပြီး ဆုံးဖြတ်ချက် ပြတ်သားမူတွေ အစားထိုးနေခဲ့ပါတယ်..။
"ကောင်းတယ်..ကောင်းပြီ...ငါ့ကို ဆုတောငိးပေးဦး..။
မုဆိုးမိန်းကလေးဟာ အတော်ကြာအောင် တွေဝေနေပြီးမှ ပြောလိုက်တယ်..။
"ကံကောင်းပါစေ...'
သူ လမ်းလျောကိထွက်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အချိန်မှာပဲ သူမက သူ့ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပါတယ်..။
ဆန်နီ ရပ်တန့်လိုက်ပြီး မျက်ခုံးပင့်တင်လိုက်တယ်..။
"ဘာလဲ "
ဆယ်ဖီ တွေဝေနေပြီးမှ ပြောလိုက်တယ်..။
"နားထောင် ဆန်နီ...တကယ်လို့..တကယ်လို့ နင်သေသွားရင် ငါ နင့်ရဲ့ အမြုတေတွေကို ယူလို့ရတယ်မလား.."
သူကတော့ သူမကို စက္ကန့်အနည်းငယ် စိုက်ကြည့်လိုက်ပြီး မျက်နှာရှုံ့မဲ့နေခဲ့ပါတယ်...
"ဘယ်ရပါ့မလဲ..။ငါသေသွားရင် ငါ့ရဲ့ အမြုတေတွေ အားလုံးကို ပင်လယ်ထဲပစ်ချရမယ်..။ဘယ်သူမှ ဘာတစ်ခုမှ မရဘူး...နားလည်လား...!
.
ဒီလိုပြောပြီးတာနဲ့ သူက အဖွဲ့သားတွေကို နောက်မှာထားခဲ့ပြီး ကျောက်တုံးအပြားရဲ့ အစွန်းဘက်ကို လျောက်သွားခဲ့တယ်..။
'....ဒီကနေ ဘာမှ လုပ်မရဘူး..'
ဆန်နီဟာ...အောက်ကို ခုန်ဆင်းလိုက်ပြီး ရုပ်ထုကြီးရဲ့ ပုခုံးဆီကို လျောဆင်းသွားကာ..ရေလှိုင်းတွေထဲကို အရှိန်မလွန်သွားအောင် အက်ကွဲကြောင်းတစ်ခုကို ဆုပ်ကိုင်ထားလိုက်ပါတယ်..။ရုပ်ထုကြီးက သူ့လက်ကို လှုပ်ယမ်းလိုက်တဲ့ အချိန်တိုင်းမှာ ပုခုံးဟာလည်း လှုပ်နေခဲ့တယ်..။သူ့ရဲ့ ဘယ်ဘက်နမှာတော့ ရုပ်ထုကြီးရဲ့ ရင်ဘတ်နားကနေ တစ်ဖက်ပုခုံးဆီကို သွားတဲ့ ကွေးကောက်တဲ့ လမ်းတစ်ခု ရှိနေခဲ့ပါတယ်။
တကယ်တော့ ဒီကွေးကောက်တဲ့လမ်းက..ကြီးမားတဲ့ ရုပ်ထုကြီးရဲ့ အင်္ကျီ ကော်လံပါ..။ဒီအရာကို အမည်မသိတဲ့ လူတွေက ကျွမ်းကျင်စွာ ထွင်းထုထားခဲ့ကြပါတယ်..။ဒီအပေါ်ကို တက်လိုက်ပြီး..ဆန်နီ ချော်နေတဲ့ မျက်နှာပြင်မှာ ကိုယ့်ကိုကို ဟန်ချက်ထိန်းကာ ရှေ့ကို အမြန် ဆက်သွားလိုက်တယ်..။
မကြာခင်မှာပဲ..သူက အပေါ်ကိုတက်လာနေတဲ့ သားရဲရဲ့ အထက် အပေါ်တည့်တည့်ကို ရောက်သွားခဲ့ပါပြီ..။ရွံစရာ သားရဲကတော့ အတော်ကို နီးကပ်လာနေခဲ့တယ်..။ဆန်နီဟာ သားရဲရဲ့ ထွင်းဖောက်မြင်နေရတဲ့ ခန္တာကိုယ်ရဲ့ အစိတ်ပိုင်းတစ်ခုချင်းစီကို သေချာမြင်နေခဲ့ရတယ်..။
'သောက်ကျိုးနံ...ဘာလို့ သူ့မှာရှိတဲ့ အရာရာတိုင်းက ရွံဖို့ကောင်းနေရတာလဲ '
ခနအကြာမှာတော့ သူ သက်ပြင်းချလိုကိတယ်..။
'ကြိုးစားကြည့်ကြတာပေါ့...'
ဆန်နီဟာ သုံးမြှောင့်ဆူးချွန်ကို ထုတ်ကာ သူ့ရဲ့ လက်ဖျံကို လှီးလိုက်ပြီး ..ကူနယ်ရဲ့ ဓားသွားကို သွေးနံ့ပေးလိုက်တယ်..။ပြီးတာနဲ့ သူ့မှာရှိတဲ့ ခွန်အား အကုန်လုံးကို သုံးပြီး ဆူးချွန်ကို လှမ်းပစ်လိုက်ပါတယ်..။
သုံးမြှောင့်ဆူးချွန်ဟာ လေထဲမှာ ပျံသန်းသွားပြီး ကြီးမားတဲ့ ရှဥ့်သားရဲရဲ့ မျက်လုံးရှိသင့်တဲ့ နေရာကို ထိမှန်သွားခဲ့တယ်..။ဒီ သတ္တဝါကြီးရဲ့ ခန္တာကိုယ်မှာ အမြင်အာရုံနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းကိုတော့ ဆန်နီ မမြင်ပါဘူး။သို့ပေမယ့် လူသားပုံစံ အရိုးဦးခေါင်းခွံရဲ့ ဖွဲ့စည်းမူအရဆိုရင် အဲ့နေရာမှာက မျက်လုံး ရှိနေသင့်တာပါ..။
ကူနယ်ရဲ့ အလေးချိန်က မွန်းစတားရဲ့ ခေါင်းထဲမှာ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့တယ်..။ဒါက ကြက်သွေးရောင် သွေးအနည်းငယ်ကို ထွက်ပေါ်လာစေခဲ့ပါတယ်..။ဒါပေါ့..သတ္တဝါကြီးရဲ့ ခန္တာကိုယ်နဲ့ာှဥ်လိုက်ရင်တော့ ဒီသေးငယ်တဲ့ ဒဏ်ရာလေးက ဘာမှ မပြောသာပါဘူး..။တစ်ခနလောက် အရာအားလုံး တိတ်ဆိတ်သွားခဲ့တယ်..။
..ယင်းနောက်..ရာနဲ့ချီတဲ့ သွယ်လျတဲ့ လက်တွေဟာ ရုတ်တရက် သားရဲရဲ့ အသွေးသားတွေထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်..။ဒီလက်ချောင်းတွေက ဆန်နီ တည်ရှိနေတဲ့ နေရာကို အရှိန်ပြင်းစွာပဲ ဗရမ်းဗတာ ရောက်လာခဲ့ကြတဟ်..။
' ချီးပဲ...'
ကျဥ်းမြောင်းတဲ့ နေရာလေးကနေ လွင့်ပစ်ခံရမှာကို ရှောင်ရှားဖို့ အတွက် ဆန်နီဟာ ကူနယ်ကို သိမ်းလိုက်ပြီး ရှေ့ကို တိုးလိုက်တယ်..။ခနအကြာမှာတော့ လက်တွေဟာ သူအစောက ရှိနေခဲ့တဲ့ နေရာတွေကို ကျရောက်သွားခဲ့ပြီး ကျောက်တုံးအပိုင်းအစတွေကို လေပေါ် ပျံ့လွင့်စေခဲ့ပါတယ်..။
ဒီလက်တွေက သူ့ကို နောက်တစ်ကြိမ်ထိုးဖောက်ဖို့
စက္ကန့် အနည်းငယ်ပဲ လိုတော့တာကို သိနေတာကြောင့်..ဆန်နီဟာ..ဆက်ပြီးပြေးနေခဲ့တယ်..။ကျောက်တုံးတွေ အက်ကွဲတဲ့ အသံက သူ့ရဲ့ နောက်ဘက်မှာ ဆက်တိုက် မြည်နေခဲ့ပါတယိ..။ဒီအသံတွေက ပိုပိုပြီး နီးကပ်လာနေခဲ့တယ်..။သုံးမြှောင့်ဆူးချွန်ကတော့ သူ့လက်ထဲမှာ နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်ပါပြီ..။
လမ်းကြောင်းရဲ့ အဆုံး..ဘယ်မှဆက်ပြီး ပြေးစရာ နေရာ မရှိတဲ့ နေရာကို ရောက်တဲ့ အချိန်မှာတော့ ဆန်နီ ကျိန်ဆဲလိုက်ပြီး..အမှောင်ထုထဲကိုသာ တည့်တည့် ခုန်ချလိုက်ပါတော့တယ်..။