အန္တရာယ်များသော တိုက်ပွဲ
Vol. 16 Ch. 230
ရှဥ့်ပုံစံ သားရဲဟာ..သူ့ကို ဖမ်းဆီးဖို့ကြိုးစားပေမယ့်လည်း တစ်စက္ကန့်လောက် နောက်ကျသွားခဲ့တယ်..။
ခရက်
အနက်ရောင် ရေလှ်ိုင်းတွေ ဆီကို ပြုတ်ကျနေတုန်းမှာပဲ ဆန်နီဟာ ကျောက်တုံးသားရဲကြီး ရဲ့ လက်နေရာကို ကူနယ် နဲ့ လှမ်းပစ်လိုက်ပါတယ်..။
.
လက်နက်တစ်ခု အစား..ရုပ်ထုကြီးက..မာဆွန်ရဲ့ တူ နဲ့ ဆင်တူတဲ့ အရာတစ်ခုကို ဆုပ်ကိုင်ထားခဲ့တာပါ..။ကူနယ်က လေထဲမှာ ပျံသန်းသွားပြီး..သူ့ရဲ့ အရိုးမှာ ရစ်ပတ်သွားခဲ့တယ်..။
'ဒါက အတော်နာတော့မယ်..'
ဆန်နီ အမှောင်ထုထဲကို ထိုးကျနေခဲ့တယ်..။ခနအကြာမှာတော့..ကြိုးက တင်းသွားခဲ့ပြီး..ဆန်နီဟာ လေထဲမှာ ပြင်းထန်တဲ့ အရှိန်နဲ့ တွဲလောင်းဖြစ်သွားခဲ့တယ်..။သူက ကျောက်တုံး ရုပ်ထုကြီးရဲ့ လက်သီးအောက်နားမှာ ပျံဝဲနေပြီး..သူ့ခြေထောက်က အနက်ရောင် ရေပြင်နဲ့ ထိလုမတတ်တောင် ဖြစ်နေခဲ့ပါတယ်..။
စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ ဆန်နီဟာ တူ ရဲ့ ခေါင်းပေါ်ကို တက်လာနိုင်ခဲ့ပြီး..အသက်ကို ရူနေခဲ့ရတယ်..။သူ အချိန်ကို ထပ်ပြီးဖြုန်းမနေတော့ပဲ..သုံးမြှောင့်ဆူးချွန်ကို လက်ထဲကို ပြန်ဆွဲခေါ်လိုက်ပါတယ်..။ယင်းနောက် ဆူးချွန်ကို ကြီးမားတဲ့ တူကြီးရဲ့ အက်ကွဲကြောင်းထဲကို ထိုးထည့်ထားလိုက်တယ်..။
အပေါ်ကို ပြန်ရောက်လာနိုင်တာက ကိစ္စတစ်ခုပါ..။ဒီမှာ နေနေနိုင်ပေမယ့်..တစ်ခြားလုပ်ရမယ့် အရာက သပ်သပ်ရှိနေပါသေးတယ်..။
ရုပ်ထုကြီးက လမ်းလျောက်နေတဲ့အချိန်မှာ လှုပ်ယမ်းနေတာကြောင့် အခြေခံအားဖြင့် ဆန်နီက သူဟာ ကြီးမားတဲ့ ချိန်သီးလျှာပေါ်မှာရောက်နေတာကို တွေ့နေရပါတယ်..။တူ ကြီးက ရှေ့နောက် ဝေ့ယမ်းနေရုံတင်မကပဲ သူ မတ်တတ်ရပ်နေတဲ့ မျက်နှာပြင်ကပါ..ဝေ့ယမ်းနေခဲ့တာကြောင့်..လေထဲကို လွင့်သွားတာတွေ ..ပင်လယ်ကြီးထဲကို ချော်ကျတာတွေ ဖြစ်ဖို့က အရမ်းကို လွယ်ကူလွန်းလှပါတယ်..။
ဒူးထောက်ထားမတတ်ပဲ ..ဆန်နီဟာ ကူနယ်ကို ကိုင်ထားရင်း..ပြုတ်မကျအောင် မနည်း ထိန်းနေခဲ့ရတယ်..။ယင်းနောက်..သူ ရှဥ့်သားရဲကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာ မျက်နှာဖြူဖျော့ပြီး ပြုံးလိုက်ပါတယ်..။
"ငါက ဒီမှာပဲ.. ရွံ့စရာ တွားသွားကောင် ရဲ့ "
သားရဲဟာ ..ခနလောက်ကြာအောင် တွေဝေနေခဲ့တယ်..။သူက ဒီသားကောင်ကို ဆက်ပြီး လိုက်သင့်လား မလိုက်သင့်ဘူးလား ဆိုတာကို တွေဝေနေခဲ့တာပါ..။နောက်ဆုံးတော့..ဒါက သူ့ရဲ့ ရှည်လျားပြီး ရွံစရာ ကောင်းတဲ့ ခန္တာကိုယ်ကို လှုပ်ခါလိုက်ကာ..ရုပ်တုကြီးရဲ့ ပုခုံးပေါ်ကနေ လက်မောင်းဆီကို ဆင်းသက်လာခဲ့တယ်..။
ဆန်နီ ဆီကို....
'လာ စမ်းပါ...လာလိုက်စမ်းပါ '
အလောင်းစားသုံးသူ ဆီမှာ အသုံးဝင်ခဲ့တဲ့ အတိုင်း..သူ့ရဲ့ သွေးက ဒီတစ်ကြိမ်မှာလည်း တူညီတဲ့ သက်ရောက်မူ ရှိလိမ့်မယ်လို့ ဆန်နီ မျှော်လင့်မိပါတယ်..။နှစ်ကောင်စလုံးကတော့..ကျရှုံးမူအဆင့် သားရဲ တွေချည်းပါပဲ..။တကယ်လို့ တစ်ကောင်က
ဝီဗာသွေးကြောင့် သေဆုံးခဲ့ရတယ် ဆိုရင် ဘာလို့ နောက်တစ်ကောင်ကရော မသေဆုံးနိုင်မှာလဲ..။
ဆန်နီ က..သုံးမြှောင့်ဆူးချွန်နဲ့ ကိုယ့်ကိုကို လှီးဖြတ်ခဲ့တာက အလကားသက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး..။
...ကံဆိုးစွာပဲ..ရှဥ့်သားရဲက ဘယ်လိုပဲ သက်ရောက်ခြင်း ခံရတဲ့ပုံစံ မပေါ်ခဲ့ပေ..။မွန်းစတာက အဆိပ်မိထားတဲ့ ပုံစံ လုံးဝ မပြပဲ သူ့နောက်ကိုပဲ ဆက်လိုက်နေခဲ့တာပါ..။
'ဒီတော့...ဒါက တကယ်တော့ အဆိပ်မိတာ မဟုတ်ဘူးပေါ့..။ဒါက အဲဒီမျှော့ကို အထဲကနေ နာကျင်စေခဲ့တာက..အများကြီး သောက်သုံးခဲ့လို့ပါ..။
.
ရှဥ့်သားရဲကို သတ်မယ့် သူ့ရဲ့ ရည်ရွယ်ချက်က ပျက်ဆီးသွားခဲ့တယ်..။အခုတော့ ဆန်နီဟာ..လှုပ်ယမ်းနေတဲ့ တူ ပေါ်မှာ ပိတ်မိနေခဲ့ပြီး..သူ လွတ်မြောက်နိုင်မယ့် လမ်းကိုလည်း..နီးကပ်လာတဲ့ သားရဲက ပိတ်ဆို့ထားခဲ့ပါတယ်..။
" ချီးပဲ "
ကူနယ်ကို လွတ်လိုက်ပြီး..ဆန်နီ ဟာ သန်းခေါင်ယံ အမြုတေကို ထုတ်ကာ..နီးကပ်လာတဲ့ သားရဲကို ခုတ်လိုက်ပါတယ်..။အရိပ်ရဲ့ အားဖြည့်မူနဲ့တောင်မှ ဓားသွားက ကျရှုံးမူအဆင့် သားရဲ ရဲ့ ခန္တာကိုယ်ကို မဖောက်ဝင်နိုင်ပဲ ချော် ထွက်သွားခဲ့ပါတယ်..။
'မကောင်းတော့ဘူး..မကောင်းတော့ဘူး.. '
ရှဥ့်သားရဲ မှာက လက်အမျိုးအစား နှစ်ခု ရှိပါတယ်..။တစ်ချို့က ထူထဲကာ ၊ သန်မာပြီး အရေအတွက် နည်းပါးပါတယ်..။ဒီလက်တွေက..သူ့ရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ကြီးကို ရှေ့ရောက်အောင် တွန်းပို့နေပြီး ရုပ်တုကြီးရဲ့ လှုပ်ယမ်းနေတဲ့ လက်တွေကိုလည်း ကိုင်ထားခဲ့ပါတယ်..။
တစ်ခြား လက်တွေကတော့ သေးသွယ်၊ ရှည်လျားပြီးအရေအတွက် အများကြီးရှိပါတယ်..။အဲ့လက်တွေကတော့ ဆန်နီ အခု ရှောင်တိမ်းပြီး ပြန်တိုက်ခိုက်နေရတဲ့ အရာတွေပါပဲ..။
ရှဥ့်သားရဲ ပိုပြီး နီးကပ်လာလေလေ..ဆန်နီကို လက်တွေ အများကြီးက ဘေးပတ်လည်က နေ ပိုပြီး တိုက်ခိုက်လာကြလေပါပဲ..။ဒီအရာတွေကို ရှောင်ရှားရင်း တစ်ပြိုင်နက်တည်းမှာပဲ လှုပ်ယမ်းနေတဲ့ တူကြီးပေါ်မှာ ဟန်ချက်ညီအောင် ထိန်းနေရတာက မဖြစ်နိုင်တဲ့ အရာတစ်ခုလိုဖြစ်နေခဲ့တာပါ..။
ကံကောင်းချင်တော့ ဆန်နီက ကျောက်တုံးသူတော်စင် ရဲ့ လေးနက်တဲ့ တိုက်ပွဲဟန်ပန်ကို လေ့ကျင့်ထားပြီး သူ့ရဲ့ ကိုယ်ပိုင်နည်းစနစ် ထဲကို ပေါင်းထည့်ထားခဲ့ပါတယ်..။ဒီဟာရဲ့ မြဲမြံမူတွေ နဲ့ အရှုံးမပေးမူတွေကြောင့်..သူ တူပေါ်ကနေ လွင့်စင်မသွားခဲ့ပဲ အပေါ်မှာ ရှိနေနိုင်ခဲ့တယ်..။သူက တစ်လက်မလောက်တောင် ရွေ့လျားမသွားခဲ့ပါဘူး..။
ခက်ခဲစွာ အသက်ရူနေရင်းနဲ့ ဆန်နီဟာ အကူအညီမဲ့စွာပဲ နစ်ဖီပြောတာက မှန်တယ်လို့ တွေးမိလိုက်ပါတယ်..။အတော်ဆုံး တိုက်ခိုက်ရေးက အသန်မာဆုံး တိုက်ခိုက်ရေးသမား မဟုတ်ပါဘူး..။အခြေအနေကို လိုက်လျောညီထွေမူရှိတဲ့ တိုကိခိုက်ရေသမားပါ..။
သူမဆီကနေ သင်ယူခဲ့တဲ့ အခြေခံဟန်ပန် တွေက အနက်ရောင်မြို့တော်ရဲ့ လမ်းမတွေနဲ့ အတော်လေးကို လိုက်လျောညီထွေမူ ရှိနေခဲ့တယ်..။တကယ်လို့ သူသာ..ဒီ ကျဥ်းမြောင်းတဲ့ လမ်းကြောင်းအတိုင်းဆက်သွားနေပြီ..ကျောက်တုံးသူတော်စင်ရဲ့ ဟန်ပန်ကိုသာမပေါင်းထည့်ခဲ့ရင် အခုဆို သူ သေနေလောက်ပါပြီ..။
အိပ်မက်ကမ္ဘာကြီးက ကျယ်ပြောကာ ၊ မခန့်မှန်းနိုင်လောက်အောင်ဖြစ်ပြီး..မကြာခနဆိုသလိုလည်း..လောဂျစ်နဲ့ ဆန့်ကျင်နေပါသေးတယ်..။သူ့ရဲ့ ကျယ်ပြန့်တဲ့ ကမ္ဘာကြီးမှာ ခြေမချနိုင်လောက်အောင်ထိပ်လန့်စရာ တွေ အများကြီး ထည့်သွင်းထားခဲ့တာပါ..။ဥပမာ အနေနဲ့ ဒီအခြေအနေကို စဥ်းစားကြည့်နိုင်ပါတယ်..။ဘယ်လိုလူကများ..ရထားတစ်စင်းလောက်ရှိတဲ့ ရွံစရာ ရှဥ့်သားရဲတစ်ကောင်နဲ့ လမ်းလျောက်နေတဲ့ ရုပ်ထုကြီးပေါ်မှာ တိုက်ခိုက်ရမယ်လို့ ထင်ထားမှာလဲ..။
ဆန်နီလည်း ဒီလိုအခြေအနေနဲ့ကြုံတွေ့ရလိမ့်မယ်လို့တစ်ခါမှ မစဥ်းစားမိခဲ့ဖူးပါဘူး..။တကယ်ကို ရူးသွပ်နေတဲ့ တစ်ခုတည်းသော ကမ္ဘာကြီးပါ..။
ဒါကြောင့်ပဲ..လိုက်လျောညီထွေဖြစ်မူက နိုးထမူအဆင့် တိုက်ခိုက်ရေးသမား ပိုင်ဆိုင်သင့်တဲ့ လက္ခဏာတစ်ရပ်ပါ..။
..သို့ပေမယ့် ဆန်နီက အခုလို ခြေလှမ်းတွေကို အမှန်ကန်ဆုံးဖြစ်အောင် ရွေ့လျားနေတာတောင် သူအသက်ရှင်နိုင်တဲ့ အချိန်က စက္ကန့်ပိုင်းပဲ ကျန်ပါတော့တယ်..။သေးသွယ်တဲ့ လက်တွေရဲ့ ရိုက်ချက်တွေက..သူ ကိုယ်တွယ်နိုင်တာထက်ကို အများကြီး ပိုလွန်နေခဲ့ပါပြီ..။ပြီးတော့ သူတို့ရဲ့ အရေအတွက်ကလည်း ပိုများလာနေခဲ့ပါသေးတယ်..။
' နှစ်ဆယ့် ရှစ် '
သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆန်နီဟာ အရိပ်ကို သူ့ခန္တာကိုယ်ကနေ ခွာစေပြီး ရှဥ့်သားရဲ အနားကို ကပ်သွားစေခဲ့တယ်..။ချက်ချင်းဆိုသလိုပဲ အားနည်းသွားခဲ့ပါတယ်..။သူ အံကိုကြိတ်ထားကာ..လက်ချောင်းတွေကို အတတ်နိုင်ဆုံး ပြန်ပြီး တိုက်ခိုက်နေခဲ့တယ်..။
လက်ချောင်းတွေထဲက တစ်ခုက..သန်းခေါင်ယံ အမြုတေ ရဲ့ ဓားသွားကို အားအပြည့်နဲ့ ထိမှန်သွားခဲ့ပြီး..သူ့လက်ထဲကနေ လွတ်ကာ..ညရဲ့ အမှောင်ထုထဲကို ပျံသန်းသွားစေခဲ့ပါတယ်..။
နောက်ထပ် လက်တစ်ချောင်းက သူ့ရဲ့ ရင်ဘတ်ကို လာရောက် ရိုက်ခတ်သွားခဲ့ပြီး..ဆန်နီကို မခံမရပ်နိုင်တဲ့ နာကျင်မူကို ခံစားရစေကာ..နောက်ကို လှိမ့်သွားစေခဲ့ပါတယ်..။သူက တူကြီးရဲ့ မျက်နှာပြင်ပေါ်ကနေ လိမ့်ကျမတတ်ဖြစ်သွားခဲ့တယ်..။နောက်ဆုံး အခိုက်အတန့်မှာတင် သူ့ ခန္တာကိုယ်ကို ဟန်ချက်ပြန်ထိန်းနိုင်ခဲ့ပြီး အဝေးကို လှိမ့်လိုက်ကာ..တတိယ တစ်ချောင်း သူ့ရဲ့ ရင်ဘတ်ကို ဖောက်ဝင်မယ့် အရေးက ကပ်သီလေး ရှောင်တိမ်းနိုင်ခဲ့ပါတယ်..။
အခုတော့ သူ ထပ်ပြီး နောက်ဆုတ်စရာ မရှိတော့ပါဘူး..။
' နှစ်ဆယ့် ကိုး...'
အဝိုင်းပြားပေါ်မှာတော့ အယ်ဖီဟာ သူမရဲ့ကြွက်သားတွေကို ဆန့်တမ်းလိုက်ပြီး ဆန်နီ သူမကို ပေးထားတဲ့ အရာကို လေထဲကို လှမ်းပစ်လိုက်ပါတယ်..။
ဒါကတော့ သာမန် ကျောက်တုံး ပါ..။
ပျံသန်းနေရင်းနဲ့ မှတ်သားမူဟာ ရုတ်တရက် အော်ဟစ်လိုက်တယ်..။
"ခြေလှမ်းသုံးဆယ်..."
သူ့ရဲ့ ကျယ်လောင်တဲ့အသံက..ရှဥ့်သားရဲ ရဲ့ ဦးခေါင်းက နားစည်ကို တုန်ခါသွားစေခဲ့ပါတယ်..။ကြီးမားတဲ့ သားရဲကြီးက ရုတ်တရက် ဆူညံလာတဲ့ အသံရှိရာကို ခေါင်းလှည့်သွားပြီး ကြောက်စရာ ပါးစပ်ကြီးကို ဆာလောင်စွာ ဖွင့်ထားခဲ့ပါတယ်..။
သူက တစ်ခနလောက်..ဆန်နီကို အာရံမစိုက်တော့ပါဘူး..။
သူ့ရဲ့ အလေးချိန်က ရွေ့လျားသွားပြီး ချောက်နက်ရှိတဲ့ ဘက်ကို မှီသွားခဲ့တယ်..။
အဲ့အချိန်မှာပဲ လူသားတစ်ယောက်ရဲ့ အရိပ်က သူ့ရှေ့ကနေ ပေါ်လာခဲ့ပြီး..ကြက်သွေးရောင် မျက်လုံးနှစ်လုံးက အမှောင်ထဲမှာ တောက်ပနေခဲ့တယ်..။ကျောက်တုံးသူတော်စင်က ..အရိပ်ထဲကနေ ပေါ်ထွက်လာခဲ့တာဖြစိပြီး..ပြင်းထန်တဲ့ ခွန်အားတွေ နဲ့ပြည့်နေခဲ့ပါတယ်..။
အရိပ်ရဲ့ ဓားက အရောင်လက်သွားခဲ့တယ်..။
ဆန်နီက ဒီ ရှဥ့်သားရဲကို သတ်ဖို့ကြိုးစားနေတာ မဟုတ်ပါဘူး..။ကျောက်တုံးသူတော်စင်က အတော်လေးကို သန်မာတယ်ဆိုပေမယ့်..သူမက ဒီ ရွံ့စရာသားရဲကို သတ်ဖို့အတွက်တော့ အားနည်းနေပါသေးတယ်..။
သူက ရှဥ့်သားရဲကောင်ကြီးရဲ့ ခန္တာကိုယ်အလေးချိန်ကို ထိန်းထားတဲ့..အဓိကလက်တွေထဲက တစ်ချောင်းကို ဖြတ်တောက်လိုက်ဖို့ပဲ လိုအပ်တာပါ..။
အရိပ်တွေရဲ့ စွမ်းအားကြောင့် ပိုမိုသန်မာလာတဲ့ ကျောက်တုံး စစ်သည်တော်ဟာ..ရှဥ့် သားရဲရဲ့ အသားကို အလွယ်တကူ ပိုင်းဖြတ်ပြီး..အထူဆုံး လက်ချောင်းကို ခန္တာကိုယ်နဲ့ အဆက်ဖြတ်ပေးလိုက်ပါတယ်..။
ဟန်ချက်မညီ ဖြစ်သွားတဲ့ ရွံစရာ သားရဲကြီးဟာ..လှုပ်ယမ်းနေတဲ့ ကျောက်တုံး လက်မောင်ပေါ်ကနေ အကူအညီမဲ့ စွာ ပြုတ်ကျသွားပြီး အနက်ရောင် ရေလှိုင်းတွေထဲကို ရောက်သွားခဲ့ပါတယ်..။
ယင်းနောက်..သူ့ခန္တာကိုယ်က..သန်မာတဲ့ ရေစီးကြောင်းရဲ့ ဆွဲခေါ်သွားခြင်းကို ခံရပြီး ပျောက်ကွယ်သွားခဲ့တယ်..။
ဆန်နီ ဒူးထောက်လျက် ထိုင်ချလိုက်ပြီး..အသက်ကို ပြင်းပြင်းရူလိုက်တယ်..။
ယင်းနောက် သူက အေးစက်ပြီး အက်ကွဲတဲ့လေသံနဲ့ ပြောလိုက်ပါတယ်..။
"အလကား စီးလို့ မရဘူးလေ ခွေးသားလေး..။နောက်တစ်ကြိမ် လက်မှတ် တစ်စောင် ဝယ်ထား.."