ကျောကိတုံး ရုပ်တု
Vol. 16 Ch. 231
ဆန်နီဟာ လှုပ်ယမ်းနေတဲ့ တူကြီးပေါ်မှာ ခနလောက် အနားယူနေပြီး အသက်ကိုကြိုးစားရူနေခဲ့ပါတယ်..။သို့ပေမယ့် မကြာခင်မှာပဲ..မြင့်တက်လာတဲ့ အနက်ရောင် ဒီရေက သူရှိနေတဲ့ နေရာကို ခြိမ်းခြောက်လာနိုင်ခဲ့တယ်..။
သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ မတ်တတ်ရပ်ကာ ကျောက်တုံးဆီက သုံးမြှောင့်ဆူးချွန်ကို နှုတ်လိုက်ပါတယ်..။ရုပ်ထုကြီးက လက်မြှောက်တာကို စောင့်ဆိုင်းပြီးကာမှ ဆန်နီ လှမ်းခုန်လိုက်တယ်..။နားထဲကို လေတိုးလာတဲ့ အသံကို ကြားလိုက်အပြီးမှာ သူက လက်ကောက်ဝတ်ပေါ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်..။သို့ပေမယ့် ဆန်နီ ခြေချလိုက်တဲ့ အချိန်မှာပဲ ကျောက်တုံးရဲ့ မျက်နှာပြင်က အောက်ကို နိမ့်ဆင်းသွားခဲ့တယ်..။
ဆန်နီဟာ ကူနယ်ကို နောက်ထပ် အက်ကွဲကြောင်းထဲမှာ အလျင်အမြန် ထိုးစိုက်လိုက်ပြီး..အံကိုကြိတ်ကာ သူ့အသက်ကို ဆုပ်ကိုင်ထားခဲ့ရပါတယ်..။မကြာခင်မှာပဲ သူ ခြေထောက်ချထားတဲ့ ဆင်ခြေလျောလေးက ထောင်လိုက်နံရံတစ်ခုလို ဖြစ်သွားခဲ့တယ်..။ကျိန်စာသင့် ပင်လယ်ပြင်ရဲ့ အနက်ရောင် ချောက်နက်ကြီးကိုတော့ အောက်ဘက်မှာ မြင်နေခဲ့ရပါတယ်။နံရံမှာ တွဲလောင်းဖြစ်နေရင်းနဲ့ပဲ...ဆန်နီဟာ ရုပ်ထုကြီး လက်ကို ပြန်မြှောက်မယ့် အချိန်ကို စောင့်ဆိုင်းကာ..ကျိန်ဆဲလိုက်တယ်..။
နောက်ဆုံး လက်ကို ပြန်မြှောက်လိုက်တဲ့ အချိန်မှာတော့ ဆန်နီ ရှေ့ကို တက်သွားလိုက်ပါတယ်..။ကျောက်တုံးလက်ကြီး အောက်ကို ပြန်မရောက်သွားခင် အချိန်အတွင်းမှာတော့..သူ့မှာ အဖိုးတန်တဲ့ မိနစ်အနည်းငယ် ရှိနေခဲ့ပါတယ်..။
အရမ်း နှေးကွေးလွန်းတယ်..။ကျိန်စာသင့်ပင်လယ်ကြီးက သူ့အနားကို ရောက်လာတော့မှာပါ..။
သူက လမ်းလျောက်နေတဲ့ ကျောက်တုံးကြီးရဲ့ တံတောင်ဆစ်နားကို ရောက်လာလေလေ သူ့ရဲ့ လမ်းကြောင်းက..ပိုပြီး..တစောင်း ဖြစ်လာလေလေပါပဲ..။ဆန်နီဟာ..ပြေးလွှားရမယ့် အစား..အပေါ်ကိုပဲ တက်နေရပါတယ်..။သူ့ရဲ့ လက်တွေက ..ခန္တာကိုယ်အလေးချိန်ကို ထိန်းထားရတာကြောင့်..ပင်ပန်းနေပြီဖြစ်ပေမယ့်..သူက ရှေ့ကို ဆက်ပြီး ရွေ့လျားနေခဲ့ပါသေးတယ်..။
ဆန်နီဟာ တံတောင်အနားကို ရောက်ပြီး ..အပေါ်ကို မြင့်မြင့်တက်လာတဲ့ အချိန်မှာတော့..လွဲနေတဲ့ အရှိန်နှုန်းက သိသိသာသာကို လျော့နည်းသွားခဲ့ပါတယ်..။အခုတော့..သူက ဒေါင်လောက် နံရံကြီးကို ကျော်တက်ပြီး ရုပ်ထုကြီးရဲ့ ပုခုံးပေါ်ကို ရောက်ဖို့ပဲ လိုအပ်တော့တာပါ..။
ချော်ထွက်နေတဲ့ ကျောက်တုံးတွေကို ..တွယ်တက်ရတာက..လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ဘူးဆိုပေမယ့်လည်း..သူက ဒီလို စမ်းသပ်ချက်မျိုးတွေနဲ့ အစောကတည်းက အသားကျနေခဲ့ပါပြီ..။ဆန်နီက ပြင်းထန်တဲ့ မုန်တိုင်းကြားမှာတောင် ကျောက်တုံးပေါ်ကို တွယိတက်ခဲ့ဖူးတာဖြစ်ပြီး..အနက်ရောင် ဒီရေတွေရဲ့ ဆွဲခေါ်သွားမူကို တောင် ခံခဲ့ရပါသေးတယ်..။ နောက်ဆုံးအခိုက်အတန့်ကို ရောက်မှ သူ့ကို နစ်ဖီက ကယ်တင်ခဲ့ရတာပါ..။
ဒီတစ်ကြိမ်မှာတော့..အနည်းဆုံး သူ့အသက်ကို ကယ်တင်ဖို့အတွက် သူမကို မလိုအပ်တော့ပေ..။
ဒါက အတော်လေး ရှက်ဖို့ကောင်းမှာပါ..။
အချိနိတစ်ချို့ကြာပြီးနောက်မှာတော့..ဆန်နီဟာ အဝိုင်းပြား ရဲ့ အစွန်းနားကို တွယ်တက်လာနိုင်ခဲ့ပြီး အလယ်ဆီကို တွားသွားလိုက်ပါတယ်..။ပြီးတာနဲ့ သူ့ကို လေးနက်တဲ့ မျကိနှာတွေနဲ့ စောင့်နေကြတဲ့ အဖွဲ့ဝင်တွေ ဆီကို တိုးဝင်လိုက်တယ်..။
"ဆန်နီလား..။မင်း အဆင်ပြေရဲ့လား.."
ကိုင် က ဖရိုဖရဲ ပုံစံနဲ့ အသိစိတ်ဝင်လာခဲ့ပါတယ်..။သို့ပေမယ့် ရယ်စရာ ကောင်းစွာပဲ..သူက ခန့်ညားနေတုန်းပါ..။ဆန်နီ သူ့ကို စိုက်ကြည့်လိုက်ပြီးမှ သက်ပြင်းချလိုက်တယ်..။
"...ငါ အသက်ရှငိနေတုန်းပဲ.."
အချိန်ခနကြာပြီး နောက်မှာတော့..နစ်ဖီက သူ့ကို ခေါ်လာခဲ့ပါတယ်..။
"နင် ဘာနဲ့ တိုက်ခိုက်ခဲ့ရတာလဲ.."
ဆန်နီ မျက်နှာရှုတ်မဲ့သွားခဲ့တယ်..။
"ရွံစရာ ..ကပ်ပါး ကောင်တစ်ကောင်ပဲ..။ငါ သူ့ကို ရဲထဲကို ပြန်ကန်ချပေးခဲ့တယ်.."
ဒီလိုပြောပြီးတာနဲ့ သူ ထထိုင်လိုက်ပြီး..အနက်ရောင် ဒီရေ ရဲ့ မျက်နှာပြင်ကိုကြည့်လိုက်ပါတယ်..။ဒီရေတွေကတော့ ကျောက်တုံးရုပ်ထုကြီးရဲ့ ပုခုံးနားကိုတောင် ရောက်နေခဲ့ပါပြီ..။
သူ့ရဲ့ မျက်နှာပြင်က မှောင်မိုက်ပြီး ငြိမ်သက်နေခဲ့တယ်..။ကြည့်ရတာတော့..ဘယ်သူမှ သူတို့နောက်ကို မလိုက်ကြတော့ပါဘူး..။
"အဲဲဒါက မရှိတော့ဘူး..။ဒီတော့ နားလိုက်ကြတော့..။ငါ ဆက်ပြီး စောင့်ကြည့်ထားလိုက်မယ်.."
***
သူက မနက်ခင်း အာရုံတက်တဲ့ အထိစောင့်နေခဲ့ပြီးမှ တစ်ခြား အဖွဲ့ဝင်တွေကို နှိုးလိုက်ပါတယ်..။သူတို့ ထလာ ကြတဲ့ အချိန်မှာတော့..ဆန်နီဟာ အေးစက်တဲ့ ကျောက်တုံးပေါိမှာ လဲလျောင်းပြီး..ပင်ပန်းစွာ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်..။
မနေ့ကတော့..သူက လမ်းလျောက်နေတဲ့ ကျောက်တုံးကြီးရဲ့ အပေါ်မှာ အိပ်ပျော်နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာပါ..။သို့ပေမယ့် ဆန်နီက ဒီ ရှည်လျားတဲ့ ညက ဘယ်လောက်တောငိ ပင်ပန်းနွမ်းနယ်စေခဲ့လဲ ဆိုတာကို လျော့တွက်ခဲ့မိပါတယ်..။
တကယ်တော့..လှုပ်ယမ်းနေတဲ့ ကျောက်တုံး ပလက်ဖောင်း က ချော့သိမ့်နေသလိုတောငိ ဖြစ်နေပါသေးတယ်..။မကြာခင်မှာပဲ..သူက အိပ်ပျော်သွားခဲ့တယ်..။
ဆန်နီ ပြန်နိုးလာတဲ့ အချိန်မှာတော့..နေက ကောင်းကင် အထက်ကို ရောက်ရှိနေခဲ့ပါပြီ..။သန်းဝေစွာ ထထိုင်လိုက်ပြီး..သူက..အဆုံးမရှိတဲ့ စမ်းချောင်းကို ထုတ်ယူကာ လောဘတကြီး သောက်လိုက်ပါတယ်..။တစ်စုံတစ်ယောက်က သူ့အနားမှာ အသားပန်ကန် တစ်ချပ်ကို လာချပေးထားတာကြောင့်..ဆန်နီ အများကြီး တွေးမနေတော့ပဲ မနက်စာအဖြစ်ယူစားလိုက်တယ်..။
'အာ...ဒီ အရသာက...'
နစ်ဖီ ရဲ့ လက်ရာကို မှတ်မိနေတာကြောင့်..သူက သူတို့ ခေါင်းဆောင်ရှိရာကို လှမ်းကြည့်ပြီး ပြုံးလိုက်ပါတယ်..။
တစ်ခြားလူတွေ အလုပ်လုပ်နေတဲ့ အချိန်မှာ အပျင်းကြီးနေရတာက တကယ်ကို ကောင်းမွန်တဲ့ အရာပါပဲ..။
ဆန်နီ အိပ်နေတဲ့ အချိန်မှာတော့ ကျောက်တုံး ပလက်ဖောင်း က ပြောင်းလဲနေခဲ့ပါပြီ..။အယ်ဖီရဲ့ အိတ်ထဲမှာ ထည့်ထားတဲ့ ပင့်ကူသားရဲတွေရဲ့ ခန္တာကိုယ်ကနေ ရလာခဲ့တဲ့ သံအချပ်ပြားတွေကို ပတ်ပတ်လည်မှာ ကာရံထားခဲ့ပါတယ်..။ရွှေရောင်ကြိုးကတော့ သူတို့တွေ ကြားထဲမှာ ..ချိတ်ဆက်ထားခဲ့တယ်..။ဒီ အရာတွေက လက်လုပ် ဆူးချွန်တွေနဲ့ ဆင်တူပြီး..လေပေါ်ကနေ တစ်ခုခုလာရောက်တိုက်ခိုက်တဲ့ အခုခု လာရောက်တိုက်ခိုက်လာရင် လှံအဖြစ် ပစ်ဖို့ ဖန်တီးထားကြတာပါ..။
လတ်တလောမှာတော့..ကိုင် နဲ့ အယ်ဖီတို့ဟာ..ရုပ်ထုကြီးရဲ့ ပုခုံးနားမှာ နောက်ထပ် နံရံတစ်ခုကို ဖန်တီးနေခဲ့တယ်..။နစ်ဖီကတော့ အပေါ်ကနေပြီး သူတို့ရဲ့ တိုးတက်မူကို ကြည့်ရူနေခဲ့ပါတယ်..။
သူတို့မှာ ဘာအခွင့်အရေးမှ မရှိကြပါဘူး..။ဝင်္ကပါတစ်လျောက် ခရီးထွက်ရတာက ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းကောင်း..ဒါက အန္တရာယ်တွေနဲ့ပြည့်နှက်နေပါသေးတယ်..။စိတ်မကောင်းဖြစ်နေတာထက် လုံခြုံအောင်လုပ်တာက ပိုကောင်းတဲ့အရာပါ..။
ဆန်နီ နှာခေါင်းရှုတ်လိုက်တယ်..။
'အလုပ်တွေ ကြိုးစားနေတယ်ပေါ့..။တကယ်လို့ အဆိုးဆုံး.....အာ..မဟုတ်ဘူး..။ငါ ဒီအတွေးမျိုးကို တွေးလို့်မရဘူး..။မတွေးတော့ဘူး ကျေးဇူးပဲ...'
သူ့ဘေးနားက ကျောက်တုံးမှာတော့ အရိပ်က ထေ့ငေါ့စွာ လက်ခုပ်တီးနေခဲ့ပါတယ်..။
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး အစားအသောက်ကိုသာ တိတ်တဆိတ်စားဖို့ဆုံးဖြတ်လိုက်တယ်..။ပြီးတာနဲ့ မေ့ပျောက်ကုန်းမြေရဲ့ ရူခင်းကို ကြည့်ဖို့ ပလက်ဖောင်းရဲ့ အစွန်းကို ရွေ့လျားလိုက်ပါတယ်..။
အောက်ဘက်မှာတော့ ဝင်္ကပါရဲ့ ရူခင်းတွေက သူတို့ကို ဖြတ်ကျော်သွားနေခဲ့ပါတယ်..။ကျောက်တုံးရုပ်ထုကြီးကတော့..တောင်ဘက်ကို ချီတက်နေခဲ့ပြီး ကြက်သွေးရောင် သန္တာကျောက်တွေကို တစ်လှမ်းချင်းစီတိုင်းမှာ နင်းချေနေခဲ့ပါတယ်..။မြင်ကွင်းက ဝမ်းနည်းစရာ ကောင်းပြီး အိပ်မွေ့ချခံထားရသလိုပါပဲ..။
ဆန်နီ မြင်နိုင်သမျှ နေရာတိုင်းမှာတော့..အနီရောက် သန္တကျောက်တွေကိုသာ တွေ့နေရပြီး တစ်ချို့ဆိုရင် အညိုရောင် ကောင်းကင်ဆီကိုတောင် ထိုးထွက်နေခဲ့ပါတယ်..။မေ့ပျောက်ကုန်းမြေက အတော်လေးကို ကျယ်ပြန့်တာပါ..။
ပြီးတော့..နေ့ရာတစ်ခုချင်းစီတိုင်းကလည်း ပြောမပြနိုင်လောက်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။
သူနဲ့ သိပ်မဝေးတဲ့ နေရာမှာတော့..ကတ်စတာက ရူခင်းတွေပို လေ့လာရင်း အလုပ်ရှုပ်နေခဲ့ပါတယ်..။သို့ပေမယ့် သူ ဒီလို လုပ်နေတာက အချည်းနှီးတော့ မဟုတ်ပါဘူး..။ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ မြေပုံက သူ့ဘေးနားက ကျောက်တုံးမှာရှိနေပြီး ဂုဏ်ယူရတဲ့ ဆက်ခံသူကတော့ အဲ့ပေါ်မှာ အမှတ်အသားအသစ်တွေကို မကြာခန ဆွဲနေခဲ့ပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
အဖွဲ့သားတွေက..သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ မေ့ပျောက်ကုန်းမြေရဲ့ အစွန်းနေရာကို သွားကောင်း သွားနိုင်လောက်မှာပါ..။သို့ပေမယ့် သူ့တို့ အနက်ရောင်မြို့တော်ကို ပြန်လာတဲ့ အချိန်ရောက်ရင်တော့..လမ်းလျောက်ပြီး ပြန်ကြရပါလိမ့်မယ်..။
ဒါက ဒီငရဲလို နေရာမျိုးမှာ လနဲ့ချီကြာအောင် ခရီးသွားကြရမှာဖြစ်ပြီး..အသက်ရှင်ဖို့အတွက် သူတို့ရဲ့ ခွန်အားကိုသာ အားကိုးထားကြရပါလိမ့်မယ်..။ကတ်စတာ မှတ်သားထားတဲ့ မြေပုံက အနာဂတ်မှာ သူတို့အတွက် ရတနာ တစ်ခုလိုဖြစ်လာတော့မှာပါ..။
....သို့ပေမယ့် ဒါတွေက မနက်ဖြန်အတွက် ပြသနာတွေချည်းပါပဲ..။
အခုတော့ ဆန်နီက ခနလောက် နားနေဖို့အတွက် ထိုက်တန်ပါတယ်..။
ခန့်ညားတဲ့ လူငယ်လေးဆီကနေ အကြည့်ကို လွှဲလိုက်ပြီး ..ဆန်နီ အောက်ကို ငုံ့ကာ..မြင်ကွင်းကို သေချာကြည့်လိုက်ပါတယ်..။
ငရဲ တစ်ခုရဲ့ လှပတဲ့ မြင်ကွင်းကို ခံစားနိုင်တဲ့ အခွင့်အရေးက နေ့ရက်တိုင်း ရနေတဲ့ အရာမဟုတ်ပါဘူး..။