အုပ်လိုက်
Vol. 16 Ch. 233
အဖွဲ့ဝင်တွေက..ကြီးမားတဲ့ ကျိုင်းကောင်ကြီးတွေကို သတ်လိုက်တာကြောင့်..သူတို့ရဲ့..ခန္တာကိုယ်တွေက..အောက်ဘက်မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်..။ သွေးတွေကတော့..ရုပ်ထုကြီး နဲ့ ဝင်္ကပါထဲက သန္တာကျောက်တန်းတွေပေါ်ကို ပက်ဖြန်းသလိုဖြစ်နေခဲ့ပါတယ်..။
သူတို့ရဲ့ အလောင်းတွေ မြေကြီးပေါ်ကို ပြုတ်ကျသွားတာနဲ့ တပြိုင်နက် လှုပ်လှုပ်ရှားရှားတွေဖြစ်သွားခဲ့တယ်..။အနက်ရောင် ပုံရိပ်တွေက..ရွံ့တွေထဲကနေ ထွက်လာပြီး..သေဆုံးနေတဲ့ ကျိုင်းကောင် တွေကို စားသုံးဖို့ အလျင်အမြန် ရောက်လာခဲ့ကြပါတယ်..။ရာနဲ့ချီတဲ့ မွန်းစတားတွေက ရုတ်တရက် အစားအသောက် လုတဲ့ တိုက်ပွဲကြီးကို စတင်ခဲ့ကြပါပြီ..။သွေးသံတရဲရဲ တိုက်ပွဲအချို့ပြီးဆုံးသွားတဲ့ နောက်မှာတော့..အနိုင်ရရှိသူက ပေါ်ထွက်လာခဲ့တယ်..။အစားအသောက်ကို မရ ရှိတဲ့ သားရဲတွေကတော့..သွေးနံ့လာရာ ဘက်ကို ခေါင်းတွေ လှည့်လာခဲ့ကြပါတယ်..။
....ဒါက ရွေ့လျားနေတဲ့ ကျောက်တုံးကြီး ဆီကနေ လာနေတာပါ..။
အောက်ကို ငုံ့ကြည့်နေရင်းကနေ ဆန်နီဟာ များပြားလှတဲ့ သားရဲတွေက ရွံ့နွံတွေထဲကနေ ရုပ်ထုကြီးရဲ့ ခြေထောက်ဆီကို အလျင်အမြန်တွယ်တက်လာတာ မြင်နေခဲ့ရတယ်..။သူတို့က တောင်ပံသားရဲတွေ တိုက်ခိုက်တာကို ခံနေရတဲ့..အဖွဲ့သားတွေ ဆီကို ဦးတည်လာနေခဲ့ကြတာပါ..။
ဒီ သတ္တဝါတွေရဲ့ ပုံစံကို သူ ရှင်းရှင်းလင်းလင်း မမြင်ရပေ..။သို့ပေမယ့်..ဒီမွန်းစတားတွေက သူတို့အတွက် သတင်းကောင်း မဟုတ်တာတော့ အသေအချာပါပဲ..။
'သောက်ကျိုးနဲပဲ...'
[...နိုးထမူအဆင့် သားရဲ , အသွေးသား သတ်ဖြတ်သူ ကို သတ်လိုက်ပါပြီ ]
[ သင့်ရဲ့ အရိပ်ပိုသန်မာလာပါပြီ ]
တစ်ဖက်ကို လှည့်လိုက်ပြီး ဆန်နီဟာ သုံးမြှောင့်ဆူးချွန်ကို ထုတ်ကာ..အပေါ်ကို ပစ်လိုက်တယ်..။ခနအကြာမှာတော့ သူက မမြင်ရတဲ့ ကြိုးကို အသုံးပြုပြီး လေထဲမှာ ရောက်နေခဲ့ပါပြီ..။အဝိုင်းပုံစံ ပလက်ဖောင်း ရဲ့ အစွန်းကို ကုတ်ဖက်တက်ရင်း သူက အပေါ်က အခြေအနေတွေနဲ့ နောက်တစ်ကြိမ် မျက်နှာခြင်းဆိုင် တွေ့လိုက်ရတယ်..။
ကူနယ်က ရွေ့လျားသွားပြီး ကျိုင်းကောင်တွေထဲက တစ်ကောင်ရဲ့ တောငိပံကို ဖြတ်တောက်လိုက်တယ်..။ရုတ်တရက် မသန်စွမ်းဖြစ်သွားတဲ့ သားရဲဟာ ဟန်ချက်ပျက်ပြီး အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်..။အောက်မှာ ရှိနေကြတဲ့ အိပ်မက်ဆိုးသားရဲတွေက သူ့ကို ဝိုင်းပြီး အမဲဖြတ်ကြလိမ့်မယ်ဆိုတာကတော့ အသေအချာပါပဲ..။
ဒီ သတ္တဝါတွေ အုပ်စုလိုက်နဲ့ တိုက်ပွဲက အဖွဲ့သားတွေ အတွက် သိပ်တော့ အခြေအနေမကောင်းလှပါဘူး..။ကတ်စီရဲ့ တုတ်တံကနေ ထွက်လာနေတဲ့ လေထုက..ဒီသားရဲတွေ ကို အခက်အခဲဖြစ်နေစေပေမယ့်..သူတို့ ရဲ့ အရေအတွက်က အရမ်းကို များပြားလှပါတယ်..။
ကိုင်ကတော့ မြားတွေကို တစ်ချောင်းပြီး တစ်ချောင်း ပစ်နေခဲ့တယ်..။ပထမဆုံးတစ်ကြိမ် ပစ်ပြီးတဲ့နောက်မှာ သူက သွေးမြားနဲ့ ထပ်ပြီး မပစ်တော့ပါဘူး..။အဲဒီအစား သူက..သာမန်မြားတွေကိုသာ အသုံးပြုနေခဲ့ပါတယ်..။ဒီလို ဗရမ်းဗတာ ဖြစ်နေတဲ့ ရုတ်တရက် တိုက်ပွဲ မျိုးမှာ..ထိချက်လွဲသွားဖို့ဆိုတာက အတော်ကို လွယ်ကူတာပါ..။ထပ်ပြောရရင်..ကျိုင်းကောင်တွေကို ဒဏ်ရာ ရစေဖို့အတွက် သူ အင်အား အများကြီး ထည့်စရာ မလိုအပ်ပေ..။
သူတို့က ကောင်းကင်ပေါ်ကနေ အရှိန်ပြင်းပြင်းနဲ့ ထိုးဆင်းလာပြီး..မြားတွေပေါ်ကို ကျကာ တံစို့နဲ့ ထိုးသလိူဖြစ်နေခဲ့တာပါ..။ဒါတောင်မှ ဒီသားရဲတွေက နိုးထမူ အဆင့်သားရဲတွေ ဖြစိပါတယ်..။အိပ်စက်သူ တစ်ယောက်အနေနဲ့ ဒီသားရဲတွေကို တစ်ချက်တည်း ပစ်ပြီး သတ်ဖို့ဆိုတာက မလွယ်ကူပါဘူး..။
ဆန်နီ ကူနယ်ကို ဆုပ်ကိုင်ထားပြီး..သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မူကို ရှပ်တီလေး ရှောင်လိုက်နိုင်ချိန်မှာပဲ နောက်ထပ်တစ်ကောင်က ပလက်ဖောင်း ပေါ်ကို ဆင်းသက်လာခဲ့ပါတယ်..။မြှားနှစ်ချောင်းက သူ့ရဲ့ ကိုယ်ထည်မှာ စိုက်နေတုန်းဖြစ်ပေမယ့်..ကျိုင်းကောင်က အသက်ရှင်နေခဲ့သေးတယ်..။
....သိပ်တော့ မကြာတော့ဘူး..။
ဒီသားရဲ ဆင်းသက်လာပြီး မကြာခင်မှာပဲ..နစ်ဖီရဲ့ ဓားက အရောင်လက်သွားပြီး နှစ်ပိုင်း ပိုင်းဖြတ်လိုက်ပါတယ်..။ပြီးတာနဲ့..သူ့ရဲ့ ခန္တာကိုယ်ကို အင်အားအပြည့်နဲ့ ကန်လိုက်ပြီး..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို အော်ပြောလိုက်တယ်..။
"သူ့ကို သတ်ဖို့ မကြိုးစားနဲ့..။သူတို့ရဲ့ တောင်ပံကို ဖျက်ဆီးကြ..."
လေးသည်တော်ရဲ့ မျက်လုံးထဲမှာ နားလည်တဲ့ မျက်လုံးအရောင်လက်သွားခဲ့ပြီး..ချည်းကပ်ပုံ ပြောင်းလဲ သွားခဲ့တယ်..။
တကယ်ပဲ..ဒါက အဓိပ္ပါယ်ရှိတယ်..။အဖွဲ့ဝင်တွေက ကျိုင်းကောင်တွေကို သတ်ဖို့ မလိုအပ်ပါဘူး..။သူတို့က ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကျိုင်းကောင်တွေက..ကျောက်တုံး ပလက်ဖောင်း ပေါ်ကို ရောက်နိုင်ကြမှာ မဟုတ်တော့ပေ..။
အဲ့အချိန်မှာတော့ အယ်ဖီက ဒီအကြံဥာဏ်ကို မလိုအပ်ခဲ့ပါဘူး..။သူမ တိုက်ခိုက်လ်ိုက်တိုင်းမှာ..သွေးတွေ ဖုံးလွှမ်းသွားခဲ့တာပါ...။
မုဆိုးမိန်းကလေး ကြုံတွေ့နေရတဲ့ ပြသနာက သူမ အသုံးပြုဖို့အတွက် အဝေးကို ရောက်နိုင်တဲ့လက်နက်မရှိတာပါပဲ..။သူမရဲ့ လှပတဲ့ လှံရှည်က အဝေးကို လှမ်းပစ်ပြီး တိုက်ခိုက်ဖို့အတွက်တော့ မသင့်တော်လှပေ..။
မှတ်သားမူတွေက ဝိဥာဥ် အဆီအနှစ်ကနေ ဖန်တီးထားခဲ့တာပါ..။မှတ်သားမူကို ပြန်သိမ်းလိုက်ပြီး ဆိုရင်..ဝိဥာဥ် အဆီအနှစ်တွေက ထုတ်လိုက်တဲ့ န််ိုးထသူရဲ့ အမြုတေထဲကို ပြန်ရောက်သွားခဲ့ပါတယ်..။သို့ပေမယ့် တကယ်လို့ ဒါက သူတို့နဲ့ အရမ်းဝေးကွာသွားမယ်ဆိုရင် ဝိဥာဥ်အဆီအနှစိတွေကို ဖြုန်းတီးသလို ဖြစ်သွားခဲ့ပါပြီ..။သွေးမြားတွေလို အထူးစွမ်းရည် ပါရှိတဲ့ မှတ်သားမူ တွေဆိုရင်တော့ မတူပါဘူး..။
အဆီအနှစ်က တစ်သက်လုံး ဆုံးရှုံးသွားမှာမဟုတ်ပဲ..ဒီအရာက အထွတ်အထိပ်အခြေအနေကို ရောက်တာနဲ့ အမြုတေထဲကို ပြန်ထည့်ပေးသွားမှာပါ..။သို့ပေမယ့် ဒီဖြစ်စဥ်က ကြာရှည်တာကြောင့် တိုက်ပွဲ အတွင်းမှာ ရန်သူကို ဆက်တိုက်ကြီး ပစ်နေဖို့ မဖြစ်နိုင်ပေ..။အထူးသဖြင့် သူတို့ရဲ့ ဝိဥာဥ် အဆီအနှစ်တေံက အရမ်းကို အရေးကြီးတဲ့ နေရာကို ရောက်နေတဲ့ အချိန်မှာပါ..။
ဒါကြောင့် အယ်ဖီက..ပင့်ကူတွေရဲ့ အကာအကွယ်သံပြားတွေ ကာရံထားတာကို အသုံးပြုခဲ့ရပါတယ်..။သို့ပေမယ့် ဒီအကာအကွယ်ကလည်း အများကြီး မကျန်တော့ပါဘူး..။နောကိဆုံး အကာအကွယ် ကျိုးပျက်သွားတဲ့ အချိန်ရောက်ရင်..သူမက ဝိဥာဥ် အဆီအနှစ်တွေ လျော့ပါး မူကြောင့် ပင်ပန်းတာ ၊ ဒါမှမဟုတ်..စွန့်စားပြီး အနီးကပ်တိုက်ပွဲကို တိုက်ခိုက်ရမှာပါ..။
ဒါက ကျောက်တုံးသူတော်စင် အခု လုပ်နေတဲ့ အတိုင်းပါပဲ..။အောက်ကနေ တက်လာတဲ့ အရိပ်တွေက ပုခုံးနားကို ရောက်လာပြီ ဆိုတာကို သတိထားမိတာကြောင့် ဆန်နီဟာ နစ်ဖီ အနားကို အမြန်သွားလိုက်ပါတယ်..။
[ သင် သတ်လိုက်...]
သို့ပေမယ့် ကျောက်တုံးသူတော်စင်က အလေးချိန်ပိုများတာကြောင့် အကျိုးကျေးဇူးပိုမရပေ..။သူမမှာထည်ဝါတဲ့ အသွင်အပြင် ရှိပေမယ့် သူတော်စင်က ကျောက်တုံးနဲ့ ပြုလုပ်ထားခဲ့တာပါ..။ဒါကြောင့် သူမက ခုတ်ဖြတ်တာတွေ ၊ လွဲပိုင်းတာတွေ လုပ်ဖို့ ပိုပြီး ခက်ခဲပါတယ်..။
'ချီးပဲ...ချီးပဲ...ချီးလိုပဲ...'
ပြောင်းလဲနေတဲ့ ကြယ်ပွင့်အနားကို ကပ်ပြီး ဆန်နီဟာသတ်ဖြတ်ထားတဲ့ သတ္တဝါတစ်ကောင်ကို ပလက်ဖောင်း ပေါ်က ကန်ချကာ..အော်ပြောလိုက်တယ်..။
"ငါတို့်မှာ ပြသနာ ဖြစ်နေပြီ.."
နစ်ဖီ သူ့ကို ကြည့်ပြီး ပြောလိုက်တယ်..။
"ဘာဖြစ်တာလဲ..."
ဆန်နီ ခနလောက်တွေးလိုက်ပြီး..အောက်ကို လက်ညိုးထိုးပြလိုက်တယ်..။
"ရုပ်ထုပေါ်ကို တက်လာနေတဲ့ ဝင်္ကပါထဲက သားရဲတွေ ရာနဲ့ချီပြီး ရှိတယ်..။သူတို့ အကုန်လုံး မကြာခင်မှာ ရောက်လာကြတော့မယ်.."
နစ်ဖီ အံကိုကြိတ်ပြီး နောက်မှာ အဖွဲ့သားတွေကို လှမ်းကြည့်လိုက်တယ်..။
ကတ်စီကတော့..သစ်သားတုတ်တံကို ကိုင်ထားပြီး သားရဲတွေကို ကောင်းကင်ပေါ်ကို ပြန်ရောက်သွားအောင် လုပ်လိုက်ပါတယ်..။တိတ်တဆိတ်ကခုန်သူကတော့..သူမ ပတ်လည်မှာရှိနေပြီး ကျိုင်း ကောင်တွေကို သတ်ကာ အစွန်းကုန်ကာကွယ်ပေးနေခဲ့တယ်..။ကတ်စတာကတော့ သူ့ရဲ့ လက်နက်ကို ဝေ့ယမ်းပြီး..ရွံစရာ သတ္တဝါတွေရဲ့ တောင်ပံတွေကို ဦးတည် တိုက်ခိုက်နေခဲ့ပါတယ်..။
လူတိုင်းက..တည်းတည်းလေးသာ ထိန်းထားနိုင်ခဲ့ပြီး သေဆုံးဖို့အတွက်..အမှားသေးသေးလေးသာ လိုအပ်နေခဲ့တယ်..။
သူမရဲ့ မျက်လုံးထဲမှာ နက်မှောင်တဲ့ အမူအရာတွေ ရှိနေရင်းနဲ့ နစ်ဖီဟာ ဆန်နီကိုကြည့်ပြီး ပြောလိုက်တယ်..။
"...ဒါဆို ငါနဲ့လိုက်ခဲ့..."