← Chapters

လုယက်ဖျက်ဆီးတဲ့ အုပ်စု

Vol. 16 Ch. 234

လုယက်ဖျက်ဆီးတဲ့ အုပ်စု

Vol. 16 Ch. 234

ကတ်စတာကိို အနည်းငယ် ညွှန်ကြားပြီးတဲ့ နောက်မှာတော့..နစ်ဖီဟာ ..ပလက်ဖောင်းရဲ့ အစွန်းနားကို လျောက်သွားလိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်တယ်..။သူမက ကျောက်တုံးကြီးပေါ်ကို တက်လာနေတဲ့ များပြားလှတဲ့ အရိပ်တွေကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်ပါတယ်..။

ဆန်နီဟာ လက်ထဲမှာ သုံးမြှောင့်ဆူးချွန်ကို ကိုင်ထားရင်း မေးလိုက်တယ်..။

"ဒီတော့..အစီအစဥ်က ဘာလဲ..."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သူ့ကို ကြည့်ပြီး ခါးသက်စွာ ပြုံးလိုက်ပါတယ်..။

"ဘာရှိရဦးမှာလဲ..။နင် သတ်နိုင်သလောက်သာ သတ်"

ဒီလို ပြောပြီးတာနဲ့ သူမက အောက်ကို ခုန်ချလိုက်ပြီး ရုပ်တုကြီးရဲ့ ပုခုံးပေါ်ကို ညှင်သာစွာ ဆင်းသက်လိုက်ပါတယ်..။ဆန်နီ သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ကနေ လိုက်လာခဲ့တယ်..။

' ပုံရိပ်တွေ '

ခနအကြာမှာတော့ သူတို့ လူခွဲလိုက်ကြတယ်..။နစ်ဖီက ရုပ်ထုကြီးရဲ့ ကော်လံကနေတဆင့် တစ်ဖက်ဆီကိုသွားလိုက်ပါတယ်..။သူမက အရှေ့နဲ့ ဘေးကနေ တက်လာတဲ့ သားရဲတွေကို တာဝန်ယူသွားမှာပါ..။

ဆန်နီကတော့..ညာဘက်ခြမ်းနဲ့ အနောက်ဘက်ကနေ တက်လာတဲ့ သားရဲတွေကို ရပ်တန့်ပေးရပါလိမ့်မယ်..။သူတို့နှစ်ယောက်က နေရာလွတ်တွေ အကုန်လုံးကို ပိတ်ဆို့ထားနိုင်မလားဆိုတာကို သူမသိပေမယ့်..သူတို့မှာ ရွေးချယ်စရာ မရှိပါဘူး..။

အနည်းဆုံးတော့ ဆန်နီ နဲ့ နစ်ဖီ တို့က ရန်သူကို အမြင့်ကနေ တိုက်ခိုက်ရတဲ့ အားသာချက် ရှိပါတယ်..။လေပေါ်မှာ ပျံနေတဲ့ ကျိုင်းကောင်တွေကို တိုက်ခိုက်ရတဲ့လူတွေကတော့ ဒီီလိုအားသာချက် မရှိကြပေ..။အဖွဲ့သားတွေက..ဒီ စမ်းသပ်ချက်အတွက် နောက်ထပ် တစ်ယောက်လည်း ထပ်မထည့်ပေးနိုင်တော့ပါဘူး..။

အောက်ကို ငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့..သူက ဝင်္ကပါထဲကို တက်လာတဲ့ သားရဲတွေရဲ့ ပုံစံတွေကို မြင်နေကြရပါပြီ..။သူတို့က ညစ်ပတ်တဲ့ အညိုရောင် အမွှေးတွေနဲ့ ဖုံးအုပ်ထားတဲ့..လူဝံကြီးတွေနဲ့ တူပါတယ်..။သူတို့ရဲ့ လက်မောင်းတွေက ကြွက်သားတွေနဲ့ အတော်လေးကို သန်မာပြီး..ကျောက်တုံးတွေကိုဆွဲကာ သူတို့ရဲ့ ခန္တာကိုယ်တွေကို အလွယ်တကူ သယ်ယူနေခဲ့ကြတယ်..။တစ်ကောင်ချင်းစီတိုင်းက.ပါးစပ်နဲ့အပြည့် သွားတွေရှိနေပြီး ကွေးကောက်တဲ့ အစွယ်တွေက..အပြင်ဘက်ကို ထိုးထွက်နေခဲ့ကြပါတယ်..။

ဒီသားရဲတွေအတွက် အနှောက်အယှက်ဖြစ်စေတဲ့အရာက သူတို့ရဲ့ ခန္တာကိုယ် အက်ကွဲကြောင်းတွေကြားထဲမှာ ကြက်သွေးရောင် ပန်းပွင့်တွေ ပွင့်နေတာ ပါပဲ..။တစ်ချို့ဆိုရင် ဖြူဖျော့တဲ့ ရိုးတံတွေတောင် ရှိနေကြပါသေးတယ်..။ဆန်နီဟာ ကြက်သီးထသွားခဲ့ပြီး ဒီသားရဲတွေက..တစ်ကောင်တည်း ကြောက်စရာကောင်းတာထက် အစုလိုက်အပြုံလိုက်က ကွဲပြားတယ် ဆ်ိုတာက်ို နားလည်လိုက်ပါတယ်..။

ဒီ သရဲပန်းပွင့်တွေ အတွက်ကတော့..လူဝံကြီးတွေက..ရုပ်သေးရုပ် အသားတုံးကြီးတွေပါပဲ..။

' အိုး..ဘုရားရေ..'

သာမန်ကျောက်တုံးကို ထုတ်လိုက်ရင်း.. ၊ သူ့ရဲ့ ခန္တာကိုယ်ကို အရိပ်နဲ့ပတ်ကာ. အောက်ဘက်ကို အရှိန်ပြင်းနိုင်သလောက် ပြင်းပြင်း ပစ်ချလိုက်ပါတယ်..။သေးငယ်တဲ့ ကျောက်တုံးလေးက..လေထဲမှာလွင့်ပျံသွားပြီး..အောက်မှာရှိတဲ့ သားရဲတွေထဲက တစ်ကောင်ကို ထိမှန်သွားခဲ့တယ်..။ဒါက သူ့ရဲ့ အရိုးဦးခေါင်းကိုတောင် ကွဲကြေသွားခဲ့ပါတယ်..။

သူ့ ဦးခေါင်းရဲ့ တစ်ဝက်က မရှိတော့ဘူးဆ်ိုတာကို ဂရုမစိုက်ပဲ လူဝံကြီးက..ဆက်ပြီးတက်လာနေခဲ့တယ်..။

ဆန်နီ အံကိုကြိတ်လိုက်ပြီး ကျောက်တုံးကို ပြန်သိမ်းလိုက်ပါတယ်..။

'...ငါ ထင်ထားသလိုပဲ '

မေ့ပျောက်ကုန်းမြေပေါ်မှာ ဘယ်အရာကမှ ထင်သလောက် မရိုးရှင်းပါဘူး...။သူတို့အဖွဲ့က..လေသားရဲ တွေကပဲ ရိုးရိုးရှငိးရှင်း တိုက်ခိုက်သွားမှာ မဟုတ်ပေ..။မြေပြင်ပေါ်က လူဝံ သားရဲတွေကလည်း သူတို့ကို တိုက်ခိုက်ကြဦးမှာပါ..။

'တစ်ချို့နေရာတွေက ဆွေးမြေ့နေတာကြောင့် အနည်းဆုံးတော့ သူတို့ရဲ့ ခန္တာကိုယ်က မမာကျောဘူးပဲ..'

ဒါက သူ အလုပ်လုပ်ရမယ့်အရာပါ..။

ပထမဆုံးလူဝံက သုံးမြှောင့်ဆူးချွန်ရဲ့ တိုက်ခိုက်နိုင်တဲ့ နယ်နိမိတ်အတွက်ကို ဝင်ရောက်လာတဲ့ အချိန်မှာပဲ..ဆန်နီရဲ့ အထက်ကနေ ကျယ်လောင်တဲ့ အသံတစ်ခုမြည်လာခဲ့ပါတယ်..။နောက်ထပ် တစ်ခနအကြာမှာတော့..သူ့ရဲ့ ​ခေါင်းအစ ခြေအဆုံးမှာ..အနက်ရောင်သွေးတွေ စိုရွဲနေခဲ့ပါပြီ..။ကြီးမားတဲ့ လူဝံကြီး ရဲ့ရုပ်ပျက်ဆင်းပျက် အလောင်းကတော့ အောက်ကို ပြုတ်ကျသွားခဲ့တယ်..။

ဆန်နီ ခနလောက် အေးခဲသွားပြီးမှ ရေရွတိလိုက်တယ်..။

'ငါက အခု လမ်းလျောက်နေတဲ့ ပစ်မှတ်တစ်ကောင်ဖြစ်သွားပြီ မဟုတ်ဘူးလား..။ကောင်းပြီ..ကောင်းတယ်..လာကြစမ်း..။ပိုများလေ ပျော်စရာကောငိးလေပဲ...'

***

မမြင်ရတဲ့ ကြိုးကို အရှည်ဆုံးအထိ ဆန့်ထုတ်ပြီး..ဆန်နီဟာ ကူနယ်ကို အောက်ကို ချိန်ကာပစ်လိုက်တယ်..။သူက ကြိုးကို ဆွဲရင်း ဦးတည်ချက်ကို ထိန်းညှိနေခဲ့ပါတယ်..။

ဆူးချွန်ဟာ..လေထဲမှာပျံဝဲပြီး ကွေ့ကောက်စွာသွားနေခဲ့တယ်..။ခနအကြာမှာတော့ ဒါက လူဝကြီး တစ်ကောင်ရဲ့ လက်ကောက်ဝက်ကို ထိမှန်သွားပြီး ပြတ်တောက်စေခဲ့တယ်..။

ရုတ်တရက် အရှိန်ပျက်သွားတဲ့ သားရဲက ချက်ချင်းအောက်ကို ပြုတ်ကျသွားခဲ့ပါတယ်..။အတော်မြင့်တဲ့နေရာကနေ ပြုတ်ကျပြီးတဲ့ နောက်မှာတော့..ဒါက အောက်မှာ ရှိနေတဲ့ ကြက်သွေးရောင် သန္တာကျောက်တွေနဲ့ ထိမှန်သွားပြီး..ခန္တာကိုယ်က တစ်စစီ ဖြစ်သွားခဲ့တယ်..။

ဆန်နီဟာ..လေးနက်တဲ့ အမူအရာနဲ့ ဘာမှမရှိတဲ့ အရာကို နားထောင်နေခဲ့တယ်..။

[ သင်က နိုးထမူအဆင့် မွန်းစတား..သွေးပန်းပွင့် ကို သတ်လိုက်ပါပြီ ]

[သင့် အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]

စိတ်သက်သာရာရတဲ့ အမူအရာက သူ့မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။အနည်းဆုံးတော့ ဒီအရာတွေက သတ်ဖြတ်လို့ မရနိုင်တာမျိုး မဟုတ်ပါဘူး..။

လက်ကို မြှောက်လိုက်ရင်း..သူက ပြန်ရောက်လာတဲ့ ကူနယ်ကို ဖမ်းကာ..ချက်ချင်းထပ်ပစ်လိုက်တယ်..။

အချိန်က အများကြီး မကျန်ပါဘူး..။

မရေမတွက် နိုင်တဲ့..သားရဲတွေက..ရှေးဟောင်းရုပ်တုကြီးရဲ့ ကျောက်တုံးခန္တာကိုယ်ကြီးပေါ်ကို တက်လာရင်း တစ်စနဲ့တစ်စ နီးကပ်လာခဲ့တယ်..။သူတို့က ရုပ်တုကြီးရဲ့ ပုခုံးပေါ်ကို ရောက်မလာသေးခင်မှာ သူက ရနိုင်သလောက် များများသတ်ထားရမှာပါ..။ဒါမှမဟုတ်ရငိ သူတို့က သူ့ကို တစ်စစီ လုပ်သွားပါလိမ့်မယ်..။

နောက်ထပ် မိနစ်အနည်းငယ်ကြာတဲ့အထိ ဆန်နီဟာကူနယ်ကို ထိန်းချုပ်ပြီး..အရိုးအသားတွေကို ဖြတ်တောက်တာပဲ လုပ်နေခဲ့တယ်..။လေးလံတဲ့ ကူနယ်က သူ့လက်ထဲမှာ စက္ကန့်ပိုင်းလောက်သာကြာအောင် နေပြီး အသက်တွေကို ရိတ်သိမ်းလိုက်ပါတယ်..။

ရှေးဆုံးကနေ ဦးတည်ပြီး ချီတက်လာတဲ့ ဒါဇင်နဲ့ချီတဲ့ လူဝံကြီးတွေကတော့..အောက်ကို ပြန်ပြုတ်ကျပြီး သေကုန်ကြပါပြီ..။ဆန်နီကတော့..အရိပ်အပိူင်းအစ အတော်များများကို စုဆောင်းရရှိနေခဲ့တယ်..။

သို့ပေမယ့် သူက အရမ်း နှေးကွေးနေပါသေးတယ်..။ဆန်နီက ကူနယ်ကို ပစ်တာ ၊ ပြန်ဆွဲယူတာကို လုပ်တဲ့ အချိန်မှာ ဒီထက် မြန်ဆန်ပြီး တိကျနေမှ ရမှာပါ..။ပိုပြီး ဆိုးဝါးတာက..သူက မကြာမကြာ ကောင်းကင်ပေါ်ကို ကြည့်ပြီး အပေါ်က တိုက်ခိုက်လာနိုင်တဲ့ အခြေအနေကိုလည်း စစ်ဆေးရပါသေးတယ်..။

ဆိုးဝါးတဲ့ သားရဲအုပ်က ပိုပို နီးလာပြီး ဖြစ်ပြီး သူတို့ရောက်လာတဲ့ အချိန်ကျရင် အဆိုးဝါးဆုံးတွေ ဖြစ်လာပါတော့မယ်..။

နောက်ထပ် သားရဲအုပ်စုက..ရုပ်တုကြီးရဲ့ နောက်ကျောဘက်ကို ထပ်ရောက်လာရင်တော့ ဒါက အဆိုးတကာ့ အဆိုးဆုံးပါပဲ..။အခုချိန်မှာ ဆန်နီက ဘေးဘက်ကနေလာနေတဲ့ သားရဲတွေကို ဖြေရှင်းယုံတင်မကပဲ အနောက်ကနေ လာတဲ့ သားရဲတွေ အမြင့်ကို ရောက်မသွာအောင်လည်း ကိုင်တွယ်သွားရပါလိမ့်မယ်..။

'ဆိုးဝါးတယ် ..ဆိုးဝါးတယ်..ဒါက ဆိုးဝါးတယ်'

ခန္တာကိုယ်မှာ သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး ကြွက်သားတွေ နာကျင်နေတဲ့ ဆန်နီဟာ..သားရဲတွေကို မြန်နိုင်သလောက် မြန်မြန်သတ်ဖြတ်နေခဲ့ပါတယ်..။

သို့ပေမယ့် သူက လုံလောက်အောင် မမြန်ပါဘူး..။

အဲ့အချိနိမှာပဲ တက်လာနေတဲ့ သားရဲတွေက သူနဲ့ မီတာ အနည်းငယ်မှာသာ လိုတော့တယ် ဆိုတာကို နားလည်လိုက်တယ်..။သူတို့ရဲ့ ပုတ်သိုးနေတဲ့ ခန္တာကိုယ်ပေါ်က အသေးစိတ်ပုံစံတွေနဲ့ ၊ ထူးဆန်းတဲ့ ပန်းပွင့်တွေကို သူ သေချာမြင်နေရပါပြီ..။သူတို့က သားကောင်ရဲ့ အနံ့ကို ရလာတဲ့အချိန်မှာ ပွင့်ချပ်တွေ တုန်လှုပ်လာခဲ့တယ်..။

ရုတ်တရက်..လူဝံတွေထဲက တစ်ကောင်က..ခြေထောက်တွေကို အားပြုလိုက်ပြီး လေပေါ်ကို ခုန်တက်ကာ..ဆန်နီနဲ့ သူ့ကြားက အကွာအဝေးကို လျော့ချလိုက်ပါတယ်..။သို့ပေမယ့် သူ မြေပေါ်ကို မကျခင်မှာပဲ..သန်းခေါင်ယံအမြုတေက သူ့ရဲ့ ကြီးမားတဲ့ခန္တာကိုယ်ကို ဖြတ်ပိုင်းသွားခဲ့တယ်။

ဆိုးဝါးတဲ့ ဒဏ်ရာကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပေမယ့်..ဘာသွေးမှတော့ မထွက်ပေါ်လာခဲ့ပါဘူး..။အဲဒီအစား အနီရောင် ဝတ်မှုန်တွေသာ ထွက်ပေါ်လာခဲ့တယ်..။

ဆန်နီ အခြေအနေကို သေသေချာချာ မသိသေးခင််မှာပဲ..သူက ဒီအရာတွေကို အဆုတ်နဲ့အပြည့် ရူသွင်းပြီးနေပါပြီ..။

သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

'အိုး..မဟုတ်ဘူး..။ဒါက မကောင်းတော့ဘူး..'

All Chapters