← Chapters

အရူး

Vol. 16 Ch. 226

အရူး

Vol. 16 Ch. 226

သူတို့ အနားယူလို့ ရတဲ့ နှစ်ရက်ထဲက ပထမဆုံး ညနေခင်းမှာတော့ ဆန်နီဟာ..ရုပ်ထုရဲ့ အမြင့်ဆုံးနေရာ ဿတွေကို တစ်ယောက်တည်းတက်ပြီး နေဝင်တာကို ကြည့်နေခဲ့ပါတယ်..။

သူ အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ မျှချေတစ်ခုကို ပြန်ရှာသင့်နေသလို ခံစားနေခဲ့ရတယ်..။သူက ဒီအရာကို လွမ်းလို့ မဟုတ်ပါဘူး..။အမှန်တရား ပေါ်လာမယ့် အချိန်အခါကို ရောက်တဲ့ အခါကျရင် သူ့ကိုယ်သူ တည့်ငြိမ်အောင် နေနိုင်ဖို့အတွက် ဒီအရာကို လိုအပ်တယ်လို့ ခံစားနေရလို့ပါ..။

အနာဂတ်အတွက် သူတွေးထားတာတွေကသာ မှန်ကန်လာခဲ့မယ်ဆိုရင် ကိစ္စတစ်ခုလုံးမပြီးသွားခင်အထိ ဒီနေ့က ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တဲ့ နောက်ဆုံးနေ့လေး တစ်နေ့ပါပဲ..။စူးစမ်းရှာဖွေမူ တစ်ခုတည်းသာ မဟုတ်ပေ..။

ဒါက အရာအားလုံးကို ပြောချင်တာပါ..။

အနောက်ကို ပြန်ကြည့်ရရင် ဒီလပိုင်းအတွင်းမှာ သူ့ရဲ့ စိတ်နေသဘောထားတွေက ..အတော်လေးကို ပုံမှန်မဟုတ်ပါဘူး..။အရင်တုန်းက သူ့အသက်ကို အကြိမ်များစွာ ကယ်တယ်ပေးခဲ့တဲ့ အေးစက်တဲ့ ဆင်ခြင်တုံတရား နဲ့..ရက်စက်မူတွေက ဘယ်ကို ရောက်သွားတာလဲ..။ပထမ အိပ်မက်ဆိုးမှာ သူ့ကို ကယ်တင်ပေးနိုင်ခဲ့တဲ့ သတိတရားတွေနဲ့ နတ်ဆိုးဆန်တဲ့ တွက်ချက်မူတွေကရော ဘယ်ရောက်သွားတာလဲ..။သူက..သူကိုယ်တိုင် တစ်ယောက် ဖြစ်မနေခဲ့တာ အတော်ကို ကြာနေခဲ့ပါပြီ..။

ဟုတ်တယ်..သူ့ရဲ့ စိတ်အခြေအနေတွေက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် သက်ရောက်ခြင်း ခံခဲ့ရတယ်..။ဒါပေမဲ့ ဒါက တစ်ခုတည်းသော အကြောင်းပြချက်လား..။

သေချာတွေးကြည့်မှပဲ....

ပထမဆုံး သူ့ကိုရိုက်ခတ်လိုက်တဲ့အရာက..တောက်ပတဲ့ ရဲတိုက်ထဲမှာ ထွက်ပေါက်မရှိဘူးဆိုတာ ပါပဲ..။အနက်ရောင် မြို့တော်ကို ရောက်ဖို့အတွက် ဝင်္ကပါ တစ်လျောက်လုံးက ပြင်းထန်တဲ့ ရိုက်ချက်တွေ ၊ ဝိဥာဥ် စားသုံးသူ ထံမှာ ဆိုးဝါးစွာ ပိတ်မိနေမူတွေ ၊ အနက်ရောင် ပင်လယ်ထဲက အေးစက်ပြီး..ကြောက်ဖို့ကောင်းတဲ့ ညအတွင်း ထွက်ပြေးမူတွေ အားလုံးကို ဆန်နီ တောင့်ခံခဲ့တာက..ဘာမှကို အရာမထင်သလို ဖြစ်သွားခဲ့ပါတယ်..။

သူတို့ရဲ့ ကြိုးစားအားထုတ်မူ တွေ အတွက် ဆုချီးမြှင့် ခြင်း မခံရရုံတင်မကပဲ..အဲဒီအစား သူတို့ရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးကိုပါ တစ်စစီ ရိုက်ချိုးပစ်ခဲ့ပါတယ်..။

ဒီ ဖြစ်ရပ်တစ်ခုတည်းကတင် လူတစ်ယောက်ကို ရူးသွပ်သွားစေ ဖို့အတွက် လုံလောက်နေပါပြီ..။

ယင်းနောက်..ကတ်စီ ၊ နစ်ဖီတို့နဲ့အတူ မြို့ပြင်မှာ လူသစ်တွေ နဲ့ နေခဲ့ရတဲ့ အချိန်တုန်းက ခံစားရတဲ့ ကင်းကွာတဲ့ ခံစားချက်က ပြန်လည်ဝငိရောက်လာခဲ့တယ်..။သူ့ သူငယ်ချင်းတွေရဲ့ ထောက်ပံ့ပေးမူ နဲ့ အားပေးနှစ်သိမ့်မူတွေကို ရှာဖွေမယ့်အစား ဆန်နီ ဟာ သူ အရင်လုပ်နေကြအတိုင်းသာ ပြန်လုပ်နေခဲ့မိပါတယ်..။ဒါက တစ်ခြားသူတွေ သူ့ကို အပယ်ခံအဖြစ် မဆက်ခံခင်မှာပဲ..သူကိုယ်တိုင်က မသိစိတ်အလျောက် အပယ်ခံအဖြစ် နေထိုင်သွားခဲ့တာပါ..။

ဒါက သိသာတဲ့အရာတစ်ခုဆိုပေမယ့်လည်း..သူ့ရဲ့ အရင်ဘဝကို ပြန်ရောက်သွားတဲ့ တစ်ခုတည်းသော အကြောင်းအရင်းတော့ ဟုတ်မနေခဲ့ပါဘူး..။ပြောင်းလဲပြီး သန်မာလာအောင် အပြင်းအထန်ကြိုးစား တိုက်ခိုက်ပြီးနောက်မှာတော့..ဆန်နီဟာ အိပ်မက်ဆိုး အခိုက်အတန့်ရဲ့ ရွေးချယ်ခံရအပြီးမှာ

သူ့ရဲ့ သင်ခန်းစာတွေ အများစုကို စွန့်ပယ်ဖြစ်ခဲ့ပါတယ်..။

ဒီသေးငယ်တဲ့ အမှားလေးတစ်ခုကြောင့်..သူက အရက်ကို ရက်အနည်းငယ် ဖြတ်ထားပြီးမှ ပြန်သောက်ချင်နေတဲ့ လူတစ်ယောက်နဲ့တောင် တူနေခဲ့ပါသေးတယ်..။

ဒါပေမဲ့ သူ့ကို ဘယ်သူ အပြစ်တင်နိုင်မှာလဲ..။

ဆန်နီကတော့ ဒီအခြေအနေ အောက်က ဖိအားတွေကြောင့် တုန့်လှုပ်နေခဲ့ပြီးပါပြီ..။အနည်းငယ်လောက် ထပ်တွန်းလိုက်တာနဲ့တင် သူက ကျရှုံးသွားတော့မှာပါ..။

အဆုံးမှာတော့..သူ့ကို ဒီလိုဖြစ်စေတာက အဖြစ်အပျက် တစ်ခုတည်း မဟုတ်ပဲ အဖြစ်အပျက်သုံးခု ဖြစ်နေခဲ့တာပါ..။ဒါက ကမ္ဘာကြီးတစ်ခုလုံးကို သူ့ကို သေသေချာချာကို ပျက်စီးစေချင်နေတဲ့ အတိုင်းပါပဲ..။

ပထမတစ်ခုက ကတ်စီရဲ့ အမြင်က ဘာဆိုလဲ ဆိုတဲ့ အရာကို ဆိုးဝါးစွာ ရှာဖွေတွေ့ရှိခဲ့မူပါ..။ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ..ဟတ်ပါ နဲ့ စကားပြောနေရင်း သေစေနိုင်လောက်တဲ့ အမှားအယွင်းလေးကနေ တဆင့် ရက်စက်တဲ့ လူသတ်မူပါ ဖြစ်ပေါ်လာခဲ့ပါတယ်..။ပြီးတော့ ဒီဟာနဲ့တင် မလုံလောက်သေးစွာပဲ ကျိန်စာသင့်နယ်မြေမှာ သူ အယုံကြည်အားကိုး ရဆုံးဖြစ်တဲ့ နစ်ဖီ ကပါ သူ့အတွက် ဆက်ပြီး မယုံကြည်ရလောက်တဲ့ လူတစ်ယောက်ဖြစ်လာနေခဲ့တာပါ..။

ဒီလို ဖိအားတွေရဲ့ အောက်မှာ ဘယ်သူမဆို လဲကျသွားနိုင်ပေမယ့်...ဆန်နီကတော့ တည်းတည်းလေးဆိုရင်တောင် ဟန်ချက်ညီအောင် ထိန်းထားနိုင်ပါသေးတယ်..။

အခုတော့ သူက ဒီမှာရောက်နေပါပြီ..။အရူးတစ်ယောက်လို ကစားတယ် ၊ အရူးတစ်ယောက်လို ပြုမူတယ် ၊ ကိုင် နဲ့ အယ်ဖီ တို့ကို အရူးလုပ်တယ်..။ဒါက ​ပျော်စရာ မကောင်းဘူးလား..။ဒါက မလွယ်ကူဘူးလား..။

ဟုတ်တယ်..သူ့ရဲ့ စိတ်အခြေအနေက အကောင်းကြီးတော့ မဟုတ်သေးပါဘူး...။

ဒါပေမဲ့ ဒီအခြေအနေမှာ အရာရာတိုင်းကို အပြစ်တက်ဖို့ ဆိုတာကလည်း အတော်ကို အဆင်ပြေလှပါတယ်..။အမှန်ကတော့....

အမှန်ကတော့ ဆန်နီက လုံးဝကိုယ့်ကိုကို ထိန်းချုပ်ဖို့ မကြိုးစားတော့ပါဘူး..။သူက ဒီရူးသွပ်မူတွေကို လက်ခံလိုက်ပါပြီ..။အနည်းငယ် ရူးသွပ်နေတာကလည်း သက်သောင်သက်သာရှိမူ ၊ ရိုးရှငိးမူ နဲ့ လုံခြုံမူ တွေကို ခံစားရပါတယ်..။

ဒီအရာက သူ့ကို ရင်နာစရာအမှန်တရားကို အမြဲသတိရပြီး မှတ်မိနေတာကနေ ကာကွယ်ပေးထားတာပါ..။အဆုံးမရှိတဲ့ စိတ်အားငယ်မူတွေက သူ့ကို လုံးဝ ဖျက်ဆီးသွားမှာကို ကာကွယ်ဖို့အတွက်ဆိုရင် ဆန်နီက ရူးသွပ်မူ ဒိုင်းကာ ကို အသုံးပြုဖို့လိုအပ်ပါတယ်..။

ဒီအခြေအနေမှာ သူက ဘာကိုမှ မစဥ်းစားနိုင်ရင်ရော ဘာဖြစ်လဲ..။သူက ဟိုဟို ဒီဒီမှာ အမှားတွေပြုလုပ်ပြီး မလိုလားအပ်တဲ့ စွန့်စားမူတွေ လုပ်ရင်ရော ဘာဖြစ်လဲ..။အဲဒီစိတ်ပျက်အားငယ်မူ ကို ရင်ဆိုင်ရတာထက် စာရင် ဒီအရာတွေက ပိုပြီးသာပါတယ်..။

ဒါက နစ်ဖီ အရင်က ပြောခဲ့ဖူးတဲ့အတိုင်းပါပဲ..။ရူးသွပ်နေတဲ့ ကမ္ဘာကြီးမှာ ရှင်သန်နိုင်ဖို့ဆိုရင် တစ်စုံတစ်ယောက်က..အနည်းငယ်တော့ ရူးသွပ်နေဖို့လိုအပ်ပါတယ်..။

...ဒါတောင်မှ ဆန်နီဟာ သူအခုလုပ်နေတဲ့အရာက သဲပုံထဲမှာ ခေါင်းတိုးဝင်ပြီး နေနေတဲ့လူလို ဖြစ်နေတယ်ဆိုတာ သိထားပါသေးတယ်..။

အခု အဆုံးသတ်က ရောက်လာပြီဆိုတော့..သူက အမှန်တရားကနေ ပုန်းကွယ်နေတာကို ရပ်သင့်ပါပြီ..။သူ ဒီအရာကို ဝန်ခံပြီး..ခံနိုင်ရည်ရှိအောင် ကြိုးစားရပါလိမ့်မယ်..။

ဒါက သူ အသက်ရှင်သန်နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပါပဲ..။

...နေက အနောက်ဘက် မိုးကုန်စက်ဝိုင်းမှာ တိုးဝင်ပျောက်ကွယ်သွားပြီး..မေ့ပျောက်ကုန်းမြေကြီးပေါ် အမှောင်ထုတွေ ဝင်ရောက်လာတဲ့ အချိန်မှာတော့ သူ သက်ပြင်းချပြီး တီးတိုးပြောလိုက်တယ်..။

"ကောင်းပြီ..ကောင်းပြီ..။အခုက နိုးထဖို့အတွက် အချိန်ပဲ.."

***

နောက်တစ်ရက်မှာတော့ လူသားခြောက်ယောက်ဟာကျယ်ပြန့်တဲ့ ချောက်နက်ကြီးရဲ့ အစွန်းမှာ ရပ်နေခဲ့ကြတယ်..။ဆည်းဆာချိန် အလင်းရောင်ကတော့ အရိပ်ကမ္ဘာကြီးထဲမှာ နစ်မြုပ်သွားခဲ့ပါပြီ..။သူတိူ့ရဲ့ အောက်မှာတော့..ကျိန်စာသင့်ပင်လယ်ထဲက အနက်ရောင် ရေတွေက ကြောက်မက်ဖွယ်ရာ လှိုင်းလုံးတွေနဲ့ အတူတူ မြင့်တက်လာနေခဲ့ပါတယ်..။

မိနစ်အနည်းငယ် အတွင်းမှာ..အလင်းရောင်က လုံးဝ ပျောက်ကွယ်သွားတော့မှာပါ..။ပြီးရင်တော့..အနက်ရောင် ဒီရေ တွေက ကမ္ဘာကြီးကို ဆေးကြောမှာဖြစ်ပြီး သူ့လမ်းကြောင်းမှာ ရှိနေတဲ့ သက်ရှိမှန်သမျှကို ဖျက်ဆီးပါလိမ့်မယ်..။

..ဒါတောင်မှ လူသားတွေက..ထွက်ပြေးဖို့ မစဥ်းစားကြပါဘူး..။အဲဒီအစား သူတို့က အဲဒီမှာ ရပ်ပြီးတောင် စောင့်နေကြပါသေးတယ်..။

ချောက်နက်ကြီးကို ငုံ့ကြည့်လိုက်ရင်း ဆန်နီ အံကို ကြိတ်ထားကာ ကြက်သီးမွေးညှင်းထနေခဲ့တယ်..။ယင်းနောက် သူ နစ်ဖီကိုကြည့်လိုက်ပြီး ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို လျာနဲ့သပ် လိုက်ပါတယ်..။

"နင် သေချာရဲ့လား..."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ပြန်တောငိကြည့်မနေပဲ ခေါင်းသာ ညိမ့်ပြလိုက်တယ်..။တစ်ရိပ်ရိပ် တက်နေတဲ့ ဒီရေတွေ..သူတို့အနားကို အမြန်ရောက်လာနေပေမယ့်..သူမရဲ့ မျက်နှာကတော့ တည်ငြိမ်နေတုန်းပါပဲ..။

ခနအကြာမှာတော့ နောက်ဆုံးကျန်နေတဲ့ အလင်းရောင်လေးက ပျောက်ကွယ်သွားပြီး သူတို့ကအမှောင်ထုမှာသာ ကျန်နေခဲ့တော့တယ်..။သူတို့ကြားထဲက တိတ်ဆိတ်မူကို..ရေလှိုင်းတွေက ချောက်နက်ကြီးရဲ့ နံရံကို ရိုက်ခတ်ရင်း ဖျက်ဆီးနေခဲ့ပါတယ်..။

ပိုပိုပြီး နီးလာနေပြီ..။

"ကိုယ့်ကိုကို ပြင်ဆင်ထားကြ.."

ဆန်နီ သက်ပြင်းချလိုက်တယ်..။

"စကြတော့မယ်.."

ရုတ်တရက် အဖြူရောင် အလင်းလေးတစ်ခုက အမှောင်ထုထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်..။သူမရဲ့ လက်ထဲမှာ ဓားကို ဆုပ်ကိုင်ထားရင်း နစ်ဖီဟာ သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေကို တစ်စက္ကန့်လောက် ပိတ်ထားခဲ့တယ်..။

ယင်းနောက် သူမရဲ့ ဓားကို သူမရဲ့ ခေါင်းပေါ်မှာ မြောက်ထားလိုက်ပါတယ်..။ဒါက ပင်လယ်ထဲက သားရဲတွေကို သူမကို လာပြီး သတ်စားကြပါ လို့ ပြောနေသလိုပါပဲ..။

All Chapters