မုန်တိုင်း မတိုင်မီ
Vol. 16 Ch. 232
နောက်ထပ် နာရီအနည်းငယ်မှာလည်း ဆန်နီဟာ ဘာမှမလုပ်ပဲ..ပျင်းရိစွာ..ဝင်္ကပါရဲ့ ရူခင်းတွေကို ကြည့်နေခဲ့ပါတယ်..။ဒါက ပျင်းစရာ ကောင်းတယ်ဆိုပေမယ့်လည်း..ရူခင်းတွေက အသက်ရူမှားလောက်အောင် လှပနေတုန်းပါပဲ..။
မေ့ပျောက်ကုန်းမြေက ကြောက်မက်ဖွယ်ရာကောင်းပေမယ့် လှပတဲ့ နေရာတစ်ခုပါ..။အညိုရောင် ကောင်းကင်ကြီးနဲ့ အနက်ရောင် ကမ္ဘာမြေကြီးရဲ့ အောက်မှာ သန္တာဓားသွားတွေ ရှိနေတဲ့ ကြက်သွေးရောင် ပင်လယ်ကြီးကို ဖန်တီးထားခဲ့နာပါ..။ဟို နား ဒီနားတွေမှာ ရှိနေတဲ့ ထူးဆန်းတဲ့ နယ်မြေသတ်မှတ်ချက် တိုင်ကြီးတွေက..ရူခင်းရဲ့ ပျင်းစရာ ကောင်းမူကို တွန်းလှထားပြီး ..ဆန်နီကို သိချင်စိတ်ပြင်းပြစေပါတယ်..။
ဘာပဲဖြစိဖြစ်..သူက..စိတ်အားထက်သန်တဲ့ စူးစမ်းရှာဖွေသူ တစ်ယောက်ပါ..။
သူ့ရဲ့ စူးစမ်းရှာဖွေမူ အများစုက..သေအံ့ဆဲဆဲ အခြေအနေ နဲ့သာ အဆုံးသတ်ခဲ့ရပေမယ့်..ဒီအရာကို စိတ်ဝင်စားနေပါသေးတယ်..။
အောက်ဘက်ဝင်္ကပါ ထဲမှာတော့..ဆန်နီ စိတိဝင်စားတဲ့ အရာတွေ အများကြီးကို တွေ့နေခဲ့ရတယ်..။
ကြီးမားတဲ့ မွန်းစတားတွေရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးစုတွေမှာ..ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့အမှတ်အသားတွေရှိနေခဲ့ပါတယ်..။ကြီးမားတဲ့ သင်္ဘောအပျက်အဆီးတွေနဲ့..သူတို့ရဲ့ ကိုယ်ထည်မှာ ရှိတဲ့ ဆိုးဝါးတဲ့ အပေါက်ကြီးတွေ..။ပြီးတော့..သူ တောင်မှ ပြန် မဖော်ပြနိုင်တဲ့ အရာတွေလည်း ရှိနေပါသေးတယ်..။ဒါတွေက ဘာတွေလဲဆိုတာကို လေ့လာဖို့ကတော့ အဝေးကြီးပါပဲ..။
တစ်ချိန်တုန်းက မြို့တွေဖြစ်ခဲ့တဲ့ ကျယ်ပြန့်တဲ့ အပျက်အစီး တစ်ချို့ကိုလည်း သူ မြင်တွေ့ခဲ့ရပါသေးတယ်..။အခုတော့ သိပ်ပြီးမရှင်းလင်းတဲ့ အဆောက်အဦး အကြွင်းအကျန်တွေသာ ရှိပါတော့တယ်..။
သူတို့က အနက်ရောင်မြို့တော်ထက် အရင်ပေါ်လာတာလား..တစ်ချိန်တည်းမှာ ပေါ်လာတာလား ဆ်ိုတာကိုတော့ သူ မသိထားပေ..။ဘာပဲဖြစ်ဖြစ်..ဘယ်လူသားအဆောက်အအုံကမှ..ကျိန်စာသင့် မြို့တော်လို မေ့ပျောက်ကုန်းမြေရဲ့ အမှောင်ထု ကျိန်စာကို တောင့်ခံထားနိုင်ပုံ မရပါဘူး..။
သူတို့အကုန်လုံးက ဖျက်ဆီးပြီး ဝါးမြိုခြင်းကို ခံခဲ့ကြရတာပါ..။ပထမဆုံးအနေနဲ့ သန္တာကျောက်တန်းတွေ ၊ ပြီးတော့..ရက်စက်တဲ့ အချိန်ရဲ့ စီးဆင်းမူတွေ..။အခုတော့..ဒီ ဂုဏ်ယူရတဲ့ မြို့ကြီးတွေ တည်ရှိခဲ့တယ် ဆိုတာကို ဘယ်သူကမှ မှတ်မိတော့မှာမဟုတ်ပေ..။
ကြယ်အလင်းစစ်သည်တွေကို ဖန်တီးခဲ့တဲ့..သူရဲကောင်း ခုနှစ်ယောက်က..အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ အချိန်မှာ မွေးဖွားခဲ့ကြတယ်လို့ ဖော်ပြထားခဲ့တာပါ..။ဒါက အနည်းဆုံးတော့ လူသားတွေက ဒီကျိန်စာကို အချိန်တစ်ချို့အထိတော့ တောင့်ခံထားကြတယ်လို့ ဆိုလိုပါတယ်..။အနက်ရောင် မြို့တော်က ဒီနယ်မြေကို အမှောင်ထု စိုးမိုးပြီးတဲ့ အချိန်မှ တည်ဆောက်ထားခဲ့တာ ဖြစ်နိုင်ပြီး..အသက်ရှင်ကျန်ရစ် သူတွေရဲ့ မြင့်မြတ်နေရာအဖြစ် သတ်မှတ်ထားတဲ့ ပုံပါပဲ..။
....အဆုံးမှာတော့ ကောင်းမွန်တဲ့ အရာတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်..။
သူ့ရဲ့ စိတ်ကူးယဥ်မူတွေက..ရုတ်တရက် တောင်ဘက်အရပ်ကို မျက်မှောင်ကျုတ်ပြီး ကြည့်နေတဲ့ ကတ်စီ ကြောင့်..ပျက်ဆီးသွားခဲ့တယ်..။သူမရဲ့ လျင်မြန်တဲ့ လှုပ်ရှားမူတွေက အားလုံးရဲ့ အာရုံစိုက်မူကို ခံလိုက်ရပါတယ်..။
ဆန်နီ ခံစားချက်မကောင်းတော့ပေ..။
နစ်ဖီက မျက်မမြင် မိန်းကလေး ဘက်ကို လှည့်ကာ မျက်မှောင်ကျုတ်လိုက်ပြီး..
"ကတ်စီလား...။နင် တစ်ခုခု ခံစားမိလို့လား.."
ကတ်စီဟာ ခနလောက် တွေဝေနေပြီးကာမှ မသေချာတဲ့ အသံနဲ့ပြောလိုက်တယ်..။
"ငါထင်တာတော့...ငါထင်တာတော့..မုန်တိုင်းတစ်ခုလာနေတယ်ထင်တယ်.."
ဆန်နီဟာ အမြဲတမ်း အညိုရောင် တိမ်တိုက်တွေနဲ့ဖုံးလွှမ်းနေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်...။ဒီအရာကြီးက အမှောင်ကျပြီး ဒေါသတကြီးဖြစ်လာတော့မယ်လို့ ဘယ်အရာကမှ ညွှန်ပြမနေခဲ့ပါဘူး..။
သို့ပေမယ့် မေ့ပျောက်ကုန်းမြေမှာ..အခြေအနေတွေ အလုပ်လုပ်တဲ့ ပုံစံက ဒီီလိုပါ..။မုန်တိုင်းဆိူတာက ဘယ်ကမှန်း မသိပဲ ရုတ်တရက် ပေါ်ထွက်လာတာဖြစ်ပြီး ကံဆိုးတဲ့လူမှန်သမျှကို အကုန်ဖျက်ဆီးပစ်ပါတယ်..။
တကယ်လို့ ကတ်စီက..မုန်တိုင်းတစ်ခု လာတော့မယ်လို့ ခံစားရတယ်ဆိုရင် ဒါက လာတော့မှာပါပဲ..။ဒီလို အရာမျိုးကို ခံစားတဲ့ အရာမှာ သူတို့ရဲ့ ကံတရားက တကယ်ကို ကောင်းမွန်နေခဲ့တာပါ..။
' ချီးပဲ...'
မုန်တိုင်း ဆိုတာက..ကျ်ိန်စာသင့်ပင်လယ်ကြီး ခါတိုင်းထက် စောပြီး မြင့်တက်လာတော့မယ်လို့ ဆိုလိုတာပါပဲ..။ပြီးတော့ မိုးကြိုးတွေ ၊ လျှပ်စီးတွေ ပါ ပေါ်ထွက်လာမှာဖြစ်ပြီး..ပင်လယ်ထဲက သားရဲတွေရဲ့ အပြုအမူတွေက မခန့်မှန်းနိုင်လောက်အောင် ဖြစ်လာတော့မှာပါ..။
ပြီးတော့..ဟာရီကိန်း လို လေတိုက်ခတ်နှုန်းတွေလည်း ရောက်လာပါဦးမယ်..။မီတာနှစ်ရာလောက်မြင့်တဲ့ လမ်းလျောက်နေတဲ့ ကျောက်တုံးပေါ်မှာ ရောက်နေတဲ့ အချိန်မှာ ဒီဟာက တကယ်ကို သတင်းဆိုးပါပဲ..။
နစ်ဖီဟာ အံကိုကြိတ်ထားလိုက်ပြီး.
"နင်တို့ ကြားတယ်နော်..။ပြင်ဆင်ထားကြ.."
သို့ပေမယ့် မျက်မမြင် မိန်းကလေး ထပ်ပြောလိုက်တယ်..။
"ခနလေး..နောက်ထပ် တစ်ခုခု လာနေသေးတယ်.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခနလောက်တွေဝေပြှးကာမှ မေးလိုက်တယ်..။
"နင်က နောက်ထပ် အန္တရာယ်တစ်ခုကို ခံစားရလို့လား"
ကတ်စီက ထူးဆန်းတဲ့လေသံနဲ့ပြန်ဖြေလိုက်ပါတယ်..။
"မဟုတ်ဘူး..ခံစားရတာ မဟုတ်ဘူး..။ငါ...ငါက တစ်ခုခု ထူးဆန်းတာကို ကြားနေရတာ..။အဲတာက လေတိုးသံလိုပဲ..."
လူတိုင်းက သူမကို စ်ိုက်ကြည့်နေပြီး..
သူမရဲ့ စကားလုံးတွေရဲ့ နောက်က အဓိပ္ပါယ်ကို နားခည်နိုင်ဖို့ကြိုးစားနေခဲ့ပါတယ်..။
ထူးဆန်းစွာပဲ ကိုင်က ပထမဆုံး တုန့်ပြန်လာခဲ့တယ်..။ရုတ်တရက် မျက်နှာဖြူဖျော့သွားပြီး သူက တစ်ဖက်ကို လှည့်ကာ လေးကို ထုတ်လိုက်ပါတယ်..။တစ်ခြားလူတွေက ဘာတွေဖြစ်နေမှန်း နားမလည်သေးခင်မှာပဲ အနက်ရောင် အရိပ်တစ်ခုက..သူတို့ရှိနေတဲ့ ကျောက်တုံး ပလက်ဖောင်းကို အရှိန်ပြင်းစွာ ဝင်တိုက်လာခဲ့ပြီး..သွေးတွေ စွန်းပေသွားစေခဲ့ပါတယ်..။အနက်ရောင် မြားတစ်ချောင်းကတော့ သူ့ရဲ့ ခန္တာကိုယ်ထဲကမှာ စိုက်ဝင်နေခဲ့တယ်..။
ဒီ မွန်းစတားရဲ့..ကျောက်တုံးအပေါ်ကို သက်ရောက်လာတဲ့ အားကြောင့် ဆန်နီ ထိပ်လန့်ပြီး ထခုန်လိုက်တယ်..။ကိုင်ရဲ့ မြားက သူ့ရဲ့ ခန္တာကိုယ်ကို ဖောက်မဝင်ခင်ကတည်းက..ဒီသားရဲက ထိုးစိုက်ဝင်လာခဲ့တာပါ..။ဒါက သူတို့ထဲကတစိယောက်ကို သုတ်ချီသွားဖို့အတွက် တီတီလေးပါပဲ..။
သတ္တဝါ ရဲ့ ပုံစံက ကြီးမားတဲ့ ကျိုင်းတစ်ကောင် နဲ့ တူနေခဲ့တယ်..။သူ့ရဲ့ ခန္တာကိူယ်ကို အနက်ရောင် အမွှေးတွေနဲ့ ဖုံးကွယ်ထားပြီး ၊ လူသားတစ်ယောက်ထက်ပိုပြီး မကြီးခဲ့ပေ..။သူ့ရဲ့ ကျယ်ပြန့်တဲ့ တောင်ပံတွေက ပါးလွှာပြီး..ဖောက်ထွင်းမြင်နေရပါတယ်..။သူက သေဆုံးနေပြီဆိုပေမယ့်လည်း..သူ့ရဲ့ တောင်ပံတွေကို ခတ်ရင်း အဖွဲ့ဝင်တွေကို ပလက်ဖောင်းပေါ်က ပြုတ်ကျအောင် ခြိမ်းခြောက်နေခဲ့တယ်..။
ကိုင်ကတော့..နောက်ထပ် မြားတစ်ချောင်းကို ကိုင်ထားပြီးပါပြီ..။သူ့မျက်နှာပေါ်မှာတော့ ထိပ်လန့်တဲ့ အမူအရာ ရှိနေခဲ့ပါတယ်..။
ဆန်နီ မျက်တောက်ခတ်လိုက်တယ်..။
'သူက ဘာလို့ ထိပ်လန့်နေတာလဲ..။မွန်းစတားက သေပြီး....'
သူ့အတွေးတွေကို ကြားရတဲ့အလား ကိုင်က အဖွဲ့ဝင်တွေဘက်ကို လှည့်ကာ မျက်လုံးပြူးကျယ်ပြီး အော်လိုကိတယ်..။
"အုပ်စုလိုက်...ဒီသားရဲတွေက အုပ်စုလိုက် အမဲလိုက်ကြတာ..။အဆင်သင့်လုပ်ထားကြ.."
သူ့စကား မဆုံးသေးခင်မှာပဲ ဆန်နီက သန်းခေါင်ယံ အမြုတေနဲ့ ကျောက်တုံးသူတော်စင်ကို ထုတ်ယူပြီးသွားပါပြီ ။
' သေပြီ...'
အခုတော့ လူတိုင်းက ကတ်စီပြောခဲ့တဲ့ လေတိုးသံတွေကိုကြားနေရပါပြီ..။ဒါက ဘယ်ကနေမှန်းမသိ ထွက်လာတာဖြစ်ပြီး သူတို့ရဲ့ ပတ်လည်ကို ဝန်းရံထားခဲ့တယ်..။တစ်ခနလောက်အထိတော့ ဘာမှ ဖြစ်မလာသေးပေ..။
ရုတ်တရက် အနက်ရောင် အစက်အပျောက်တစ်ခုက အညိုရောင် တိမ်တိုက်တွေကြားထဲမှာ ပေါ်လာပြီး ကျောက်တုံးရုပ်ထုကြီးရဲ့ လည်ပင်းဆီကို ထိုးဆင်းလာခဲ့ပါတယ်..။သူ မတိုက်ခိုက် နိုင်ခင်လေးမှာပဲ အယ်ဖီရဲ့ လှံက သူ့ကို ဖောက်ဝင်သွားခဲ့တယ်..။ကြီးမားတဲ့ ကျိုင်းကောင်ကြီးကတော့..သွေးတွေပန်းထွက်ကာ..ကျောက်တုံးရဲ့ မျက်နှာပြင်နဲ့ရိုက်ခတ်သွားခဲ့ပါတယ်..။
မုဆိုးမိန်းကလေးက ..သူမရဲ့ လှံကို သိမ်းလိုက်ပြီး ပြန်မထုတ်ရသေးတဲ့ အချိန်မှာပဲ..နောက်ထပ် နောက်ထပ် အစက်အပျောက်လေးတွေ ထွက်ပေါ်လာခဲ့ပါတယ်..။
ကိုင် က လေထဲက နောက်ထပ် သတ္တဝါတစ်ကောင်ကို ပစ်လိုက်ပြီး ကတ်စတာကတော့ ထူးဆန်းတဲ့ ဓားမြောက်တစ်ချောင်းကို ထုတ်ကာ..နောက်တစ်ကောင်ရဲ့ တောင်ပံကို လှီးဖြတ်ဖို့လုပ်နေခဲ့ပါတယ်..။
"ကတ်စီ လေ..."
မျက်မမြင် မိန်းကလေးဟာ သူမရဲ့ တုတ်တံကို ထုတ်ပြီး လေကို ခေါ်ဖို့လုပ်လိုက်တယ်..။
သူမရဲ့ လက်ထဲမှာ အဖြူရောင် အစက်အပျောက်လေးတွေ ဖြစ်ပေါ်နေတုန်းမှာပဲ..တိတ်ဆိတ်တဲ့ ကခုန်သူက လေထဲမှာ လှည့်ပတ်လာပြီး အနားက်ု ကပ်လာတဲ့ ကျိုင်း ကောင်ကို ရှင်းလင်းလိုက်က်ပါတယ်..။
ခနကြာပြီးနောက်မှာတော့..ပြင်းထန်တဲ့ လေပြင်းအားတစ်ခုက ..သစ်သားတုတ်ကနေ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့ပါတယ်..။ဒါက တိုက်ခိုက်လာတဲ့ ကျိုင်း ကောင်တွေကို နှေးကွေးစေပြီး နောက်ကို ရောက်ရှိသွားစေခဲ့တယ်..။
ရှောင်တိမ်းနိုင်တဲ့ သားရဲတွေထဲက တစိကောင်ကတော့ ပလက်ဖောင်းပေါ်ကို ရောက်လာနိုင်ခဲ့ပြီး ချက်ချင်းပဲ ဆန်နီ အပေါ်ကို ခုန်အုပ်လိုက်ပါတယ်..။
သူ့ရဲ့ ဦးတည်ရာကို လေထဲကို အာရုံစိုက်လိုက်ပြီး ဆန်နီဟာ ရွံစရာ သတ္တဝါကို ပိုင်းဖြတ်လိုက်တယ်..။
သိူ့ပေမယ့်..အနည်းငယ်နှေးကွေးနေတာကြောင့် ကြီးမားတဲ့ ခန္တာကိုယ်ကြီး ရှေ့ကိုတက်လာခဲ့ပြီး ဆန်နီကို ပြင်းထန်တဲ့ အမြန်နှုန်းနဲ့ တိုက်ခိုက်လိုက်တယ်..။
ဆန်နီ နောက်ကို လွင့်ထွက်သွားခဲ့ပြီး..ပလက်ဖောင်း ပေါ်ကနေ ပြုတ်ကျသွားခဲ့ပါတယ်..။ကျောက်တုံးတစ်လျောက် ပြုတ်ကျသွားခဲ့ပြီး...ရုပ်ထုကြီးရဲ့ ပုခုံးနားမှာ အယ်ဖီ နဲ့ ကိုင် တို့ ဖန်တီးထားတဲ့ အကာအရံ စည်းရိုး ရောက်မှသာ ရပ်တန့်သွားခဲ့တယ်..။ယင်းနောက် သူ မတ်တတ်ရပ်ပြီး ..သွေးတစ်ပွက် အန်လိုက်ရတယ်..။
ခနအကြာမှာတော့ ဆန်နီ အေးခဲပြီး မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ..။
သူက လိမ့်ကျ လာတာဖြစ်တာကြောင့် အောက်ဘက်ကို မတော်တဆ ကြည့်လိုက်မိပါတယ်..။သူ မြင်လိုက်ရတဲ့အရာက သူ့ကို ကြက်သီးထသွားစေခဲ့တယ်..။
များပြားလှတဲ့ အနက်ရောင်ပုံရိပ်တွေက ဝင်္ကပါထဲကနေ ပေါ်လာပြီး ရုပ်ထုကြီးပေါ်ကို ခုန်တက်ကာ..ခန္တာကိုယ်တစ်လျောက် တက်လာနေခဲ့ကြတာပါ..။
.