ပန်းပွင့်ကောင်လေး
Vol. 16 Ch. 235
အနီရောင် ဝတ်မှုန်တွေက သူ့ရဲ့ အဆုတ်ထဲကို ဝင်သွားခဲ့တယ်..။သူတို့ထဲမှာ တစ်ခုခုက သိမ်မွေ့စွာ ရွေ့လျားနေတာကို ဆန်နီ ခံစားရပါတယ်..။ယင်းနောက် နာကျင်မူ လှိုင်းတစ်ခုက သူ့ရဲ့ ရင်ဘတ်ကို ထိုးဖောက်လာခဲ့တယ်..။ကျယ်လောင်တဲ့ အော်သံနဲ့အတူပဲ သူ ဒူးထောက်လျက် ကျသွားခဲ့ပြီး..ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို..လက်နဲ့ ဆုပ်ကိုင်ထားခဲ့တယ်..။သွေးစီးကြောင်းတစ်ခုက သူ့ ပါးစပ်ကနေ ထွက်ပေါ်လာခဲ့ပြီး..ရှေးဟောင်းကျောက်တုံးပေါ်ကို ကျဆင်းသွားခဲ့ပါတယ်..။
အထဲမှာတော့ သေးငယ်တဲ့ အမြစ်ကလေးက အညှောင့်ပေါက်နေခဲ့ပါပြီ..။သူက ကြက်သွေးရောင် အရည်တွေကို သောက်ရင်း မြင်နိုင်တဲ့ အရှိန်နဲ့ ကြီးပြင်းလာနေခဲ့တယ်..။
ဆန်နီ ဒီအရာတွေကို နက်မှောင်စွာကြည့်လိုက်ပြီး အံကို ကြိတ်ကာ ထရပ်လိုက်တယ်..။
သူ့ရဲ့ ပုံမှန်အခြေအနေကို ပြန်ရောက်သွားတဲ့ အခါမှာတော့ နာကျငိမူက အနည်းငယ် လျော့ကျသွားခဲ့ပါပြီ..။သွေးဆာနေတဲ့ ပန်းပွင့်တွေက အနက်ရောင် ဖြစ်သွားပြီး သေအံ့ဆဲဆဲ ဖြစ်နေခဲ့တယ်..။သူတို့ကို ဆန်းကျယ်လှတဲ့ ဝီဗာသွေးက ဖျက်ဆီးပစ်လိုက်တာပါ..။
အန္တရာယ်ပေးနိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါက သူ့ရဲ့ အတွင်းထဲကနေ ဝါးမြိုဖို့ ကြိုးစားချင်ပေမယ့်..အမှန်တော့ ကိုယ့်သေတွင်းကို တူးသလိုဖြစ်သွားခဲ့တယ်..။မိနစ်အနည်းငယ် အတွင်းမှာပဲ ဒါက သူ့ခန္တာကိုယ်ရဲ့ ဖျက်ဆီးခြင်းကို ခံရမှာပါ..။
တကယ်လို့ သူတို့ထဲက တစ်ချို့ရှင်သန်ခဲ့ရင်တောင်..နစ်ဖီရဲ့ သန့်စင်ခြင်း မီးတောက်တွေက အဆုံးသတ်ပေးသွားပါလိမ့်မယ်..။
...အဲ့အချိန်အထိတော့ သူက ဒီ နိုပ်စက်မူတွေကို ခံစားနေရဦးမှာပါ..။
"လာ...အနားကို လားစမ်းပါ..။ခွေးသားတွေ "
သန်းခေါင်းယံ အမြုတေ သူ့လက်ထဲမှာ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ နောက်ထပ် မွန်းစတား တစ်ကောင်က ..ရုပ်တုကြီးရဲ့ ပုခုံးပေါ်ကို တက်လာနေခဲ့ပြီးပါပြီ..။
ရှေ့ကို တိုးကာ..ဆန်နီ ဓားကိုဝေ့ယမ်းပြီး သားရဲရဲ့ ခေါင်းကို ဖြတ်ကာ ရင်ဘတ်ကိုကန်ပြီး အောက်ကို ပြုတ်ကျစေလိုက်တယ်..။ခနအကြာမှာတော့..သူနောက်ကို ခုန်ဆုတ်လိုက်ပြီး..နောက်ထပ် လူဝံတစ်ကောင်ရဲ့ လှမ်းကုတ်တာကို တီတီလေး ရှောင်နိုင်ခဲ့ပါတယ်..။
သားရဲ မတုန့်ပြန်နိုင်သေးခင်မှာပဲ ထက်ရှတဲ့ ဓားဦးက သူ့ခန္တာကိုယ်ပေါ် ဖြတ်သန်းကာ အရောင်လက်သွားပြီး လက်နှစ်ဖက်စလုံးကို ဖြတ်တောက်ပေးလိုက်တယ်..။
အနက်ရောင် ဝတ်မှုန်တွေ ထွက်လာတဲ့ အချိန်မှာ ဆန်နီ အသက်ကို အောင့်ထားလိုက်ပြီး..နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက့်လိုက်ပါတယ်..။သန်းခေါင်းယံ အမြုတေက ကြီးမားတဲ့ လူဝံကြီးရဲ့ ဒူးကို ထိသွားပြီး ပြိုလဲကျသွားစေခဲ့တယ်..။
သတ္တဝါကြီးက မသေဆုံးသေးပေမယ့် သူ့ရဲ့ လှုပ်ရှားနိုင်စွမ်း အကုန်လုံးကတော့ မရှိတော့ပါဘူး..။
' အဆင်ပြေတယ်..'
သို့ပေမယ့် ဒါက တကယ်ကို ကိစ္စမရှိပါဘူး..။နောက်ထပ် မွန်းစတားသုံးကောင်က ဒီမှာရောက်နှင့်နေပြီဖြစ်ပြီး..ကျရှုံးသွားတဲ့ သားရဲရဲ့ နေရာမှာ အစားထိုးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ..။ပြီးတော့ နောက်ထပ် စက္ကန့်အနည်းငယ် နေရင်..နောက်ထပ် အများကြီး...အများကြီး ထပ်လာကြဦးမှာပါ..။ဒီအရာက ဆန်နီ..မသေဆုံးခင်အချိန်အထိ ဆက်တိုက်ဖြစ်နေပါလိမ့်မယ်..။
ဒီလို အခြေအနေ မရောက်ခင််မှာ သူ တစ်ခုခုကို တွေးဖို့ လိုအပ်ပါတယ်..။
' ငါက အသက်ပဲ ရူနိုင်မယ် ဆိုရင်...'
သူ့ စိတ်ထဲက နာကျင်မူကို တောင့်ခံထားရင်း ..ဆန်နီဟာ သူ့ရှေ့က ရန်သူတွေကို ရင်ဆိုင်ဖို့ ရှေ့ကို တက်သွားလိုက်ပါတယ်..။
နောက်ထပ် မိနစ်အနည်းငယ်မှာတော့..သူက မလိုလား အပ်တဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး ကိုယ့်ကိုကို သန်မာပြီး ရက်စက်တဲ့ လူတစ်ယောက်လို ပြောင်းလဲလိုက်တယ်..။သန်းခေါင်းယံ အမြုတေကတော့..အိပ်မက်ဆိုးသားရဲ တစ်ကောင်ကနေ နောက်တစ်ကောင်ဆီကို အဆက်မပြတ် ကခုန်နေခဲ့ပါတယ်..။ဒါက..ထိုးသွင်းတာ ၊ ပိုင်းခုတ်တာ တွေလုပ်ပြီး သွေးသားတွေကို ဧည့်ခံနေခဲ့တယ်..။မကြာခင်မှာတော့ လေထုတစ်ခုလုံးမှာ အနီရောင် ဝတ်မှုန်တွေနဲ့သာ ဖုံးလွှမ်းနေခဲ့ပါပြီ..။
အဲ့အချိန်မှာတော့ ဆန်နီဟာ အံကို ကြိတ်လိုက်ပြီး..သွေးသံတရဲရဲ ခန္တာကိုယ်တွေကို ထားခဲ့ကာ တိုက်ခိုက်နေတဲ့ နေရာကနေ ဆုတ်ခွာလိုက်ပါတယ်..။နောက်ကို မီတာ အနည်းငယ် ဆုတ်လိုက်ရင်းကျောက်တုံးပေါ်မှာ လျောတိုက်သွားကာ..အနီရောင် အမှုန်တွေကြားထဲက ထွက်သွားနိုင်ခဲ့တယ်..။အဲ့အချိန်ကြမှ..သူက နောကိဆုံးမှာ အသက်ကို ဝအောင် ရူနိုင်ခဲ့ပါတယ်..။
သူတို့ရဲ့ ရန်သူက မရှိတော့ဘူးဆိုတာကို ခံစားမိတာကြောင့်..လူဝံ တွေဟာ ရှေ့ကို တက်လာခဲ့တယ်..။သို့ပေမယ့် ခနအကြာမှာတော့..အမှုန်တွေထဲကနေ တစ်ခုခု ထွက်လာပြီး..သုံးမြှောင့်ဆူးချွန်လေးက ရှေ့ဆုံးကနေ ဦးဆောင်လာတဲ့ သားရဲရဲ့ ခေါင်းကို ဖောက်ဝင်သွားခဲ့ပါတယ်..။
သွေးပန်းပွင့်တွေကတော့..သူ့ရဲ့ ပိုင်ရှင်က ထိခိုက်ဒဏ်ရာ ရသွားတာတောင် ဘာမှ တုန့်ပြန်မူ မရှိခဲ့ပါဘူး..။သို့ပေမယ့် နောက်ထပ် စက္ကန့်အနည်းငယ်မှာတော့..လူဝံရဲ့ ဦးခေါင်းဟာ နောက်ကို ယိုင်သွားပြီး ဟန်ချက်ပျက်ကာ အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်..။
သုံးမြှောင့်ဆူးချွန်ရဲ့ ကြိုးတွေဟာ..လက်လုပ် အကာအကွယ်တွေကို ရစ်ပတ်သွားခဲ့ပြီး မမြင်နိုင်တဲ့ ထောင်ခြောက်တစ်ခုကို ဖန်တီးနေခဲ့တယ်..။ကူနယ်ခေါင်းမှာ စိုက်နေတဲ့ လူဝံတစ်ကောင်ဟာ..ဒီ မမြင်ရတဲ့ ပိုက်ကွန်ကို ဝင်တိုးပြီး ပိုက်ကွန်ကို လေထဲမှာ မြောက်တက်စေခဲ့ပါတယ်..။အဆင့်ဆင့် တိုးမိကြရင်းနဲ့..သားရဲ ဒါဇင်လောက်က အောက်ကို ပြုတ်ကျသွားခဲ့ကြတယ်..။ပြီးတော့ တစ်ခြားအကောင်တွေ ဆန်နီ နောက်ကို လိုက်လာတာကိုလည်း တားဆီးထားပေးပါသေးတယ်..။
လက်လုပ် အကာအကွယ်တွေရော ၊ မမြင်ရတဲ့ကြိုးရောက အချိန်အကြာကြီး တောင့်ခံနိုင်မှာမဟုတ်ပေမယ့်..အနည်းဆုံးတော့ ဒါက သူ့ကို စက္ကန့်အနည်းငယ် အချိန်ရစေပါတယ်..။
[ သင်က နိုးထမူအဆင့် သားရဲ , သွေးပန်းပွင့်ကို သတ်လိုက်ပါပြီ ]
[ သင့်ရဲ့ အရိပ်က ....]
'နောကိဆုံးတော့ '
သူ့ကို အမြဲတမ်း စိတ်ဒုက္ခပေးနေတဲ့ သားရဲကတော့ နောက်ဆုံးမှာသေသွားခဲ့ပါပြီ..။သွေးတစ်ပွက် အန်လိုက်ရင်း ဆန်နီ ညဥ်းညူကာ သူ့ နှုတ်ခမ်းကို သပ်လိုက်ပါတယ်..။
သူမြင်လိုက်ရတဲ့ အရာကြောင့် ကျိန်ဆဲချင်သွားခဲ့တယ်..။
ရုပ်ထုကြီးရဲ့ အနောက်ဘက်ကနေ တက်လာကြတဲ့ လူဝံ တွေက..ကျောက်တုံးကော်လာ နေရာကို ရောက်ကြတော့မှာပါ..။
ဆန်နီက အဘက်ဘက်က ဝန်းရံခံရပါတော့မယ်..။ပြီးတော့..သူလည်း အကြံကုန်နေခဲ့ပါပြီ..။
'..ငါ ဒီနေ့သေမယ်ဆိုရင်တောင်..မင်းတို့တွေကို ရနိုင်သလောက် များများ ငါနဲ့အတူ ခေါ်သွားပြမယ်...။ပြင်ဆင်ထားကြတော့...'
ရှေ့ကို တက်လိုက်ပြီး သူက ကျဥ်းမြောင်းတဲ့ ကျောက်တုံးလမ်းကြောင်းကနေ သွားကာ..ရုပ်ထုကြီးရဲ့ အနောက်ဘက် အလယ်နားကို သွားလိုက်ပါတယ်..။သူရောက်တာနဲ့ အချိန်ကိုက် ဆိုသလိုပဲ..ပထမဆုံး ရောက်လာတဲ့ လူဝံတွေထဲက တစ်ကောင်ကို ဝင်္ကပါထဲကို ပြန်ပို့ပေးလိုက်တယ်..။
ရုပ်ထုကြီးရဲ့ ပုခုံးပေါ်နဲ့ မတူတာက ဒီနေရာမှာ ဆန်နီအတွက် လှုပ်ရှားဖို့ နေရာလွတ်မရှိပါဘူး..။တကယ်တော့..လှုပ်ရှားနေတဲ့ ရုပ်ထုကြောင့် သူက နဂိုကတည်းက ဟန်ချက်ထိန်းဖို့ ခက်ခဲနေခဲ့တာပါ..။
သို့ပေမယ့်..ကျယ်ပြောတဲ့ ပုခုံးတွေနဲ့ အလေးချိန်ပိုများတဲ့ လူဝံ တွေက သူ့ထက်တောင် အခြေအနေ ပိုဆိုးပါသေးတယ်..။
ဒီကျဥ်းမြောင်းတဲ့ ကျောက်တုံးလမ်းကြောင်းလေးမှာ ဆိုရင်တော့ လူတစ်ယောက်က..စစ်တပ်တစ်ခုလုံးကို တားဆီးထားနိုင်လောက်မှာပါ..။
....ဒါပေါ့..သူ့ရဲ့ နောကိဘက်က ဘယ်အရာမှ တိုက်ခိုက်မလာဘူး ဆိုရင်ပေါ့...
ကျိန်ဆဲရင်း..ဆန်နီဟာ ဓားချက်တွေ ဆက်တိုက်ခုတ်ပိုင်းကာ..မွန်းစတားကောင်ကို အောက်ကို ပြုတ်ကျစေပြီး အနီရောင် ဝတ်မှုန်တွေ ဖန်တီးလိုက်ပါတယ်..။သူ ဒီလောက်ကြိုးစားနေပေမယ့်..သားရဲတွေရဲ့ ဝန်းရံမူကို ခံရမှာဆိုးတာကြောင့် နောက်ကို တစ်လှမ်းချင်းစီ ဆုတ်ပေးနေရတုန်းပါပဲ..။
အခြေအနေတွေက ပိုပိုပြီး ဆိုးလာခဲ့ပါပြီ..။အထူးသဖြင့် သုံးမြှောင့် ဆူးချွန်ကို ပိုက်ကွန်အဖြစ်သုံးပြီး တားဆီးထားတဲ့ သားရဲတွေက လွတ်ထွက်သွားကြပြီဖြစ်ပြီး..သူရှိနေတဲ့ နေရာကို ရောက်လာဖို့ စက္ကန့်အနည်းငယ်သာ လိုပါတော့တယ်..။
' ချီးတဲ့မှပဲ '
ဆန်နီဟာ သူ့ရှေ့မှာရှိတဲ့ လူဝံကို သန်းခေါင်းယံ အမြုတေနဲ့ ခုတ်ဖြတ်လိုက်ပြီး..အနောက်ကနေ တိုက်ခိုက်လာတဲ့ သားရဲ့ ကုတ်ချက်ကို လှည့်ပတ်ကာ ရှောင်လိုက်တယ်..။
သို့ပေမယ့် သူက စက္ကန့်အနည်းငယ် နောက်ကျသွားခဲ့ပါတယ်..။
လူဝံရဲ့ လက်သည်းတွေကို ကာကွယ်လို့ရော ၊ ရှောင်တိမ်းလို့ရော မရတော့ဘူးဆိုတာကို နားလည်လိုက်တဲ့ ဆန်နီဟာ..ထိခိုက်မူကို အနည်းဆုံးအဖြစ် လျော့ချနိုင်ဖို့ ကြိုးစားလိုက်တယ်..။
...သို့ပေမယ့် သတ္တဝါကြီးရဲ့ လက်သည်းတေံက သူ့ရဲ့ လည်ပင်းနားကို ရောက်တော့မယ့် အချိန်မှာပဲ အရိပ်တစ်ခုက ကောင်းကင်ပေါ်ကနေ ကျဆင်းလာခဲ့ပါတယ်..။ကျိုင်း ကောင်တွေထဲက တစ်ကောင်က
လူဝံကြီးရဲ့ ခေါင်း ကို ချွန်ထက်တဲ့ နှုတ်သီးတွေနဲ့ လွယ်ကူစွာ ထိုးဖောက်လိုက်တာပါ..။ပြီးတာနဲ့ သူက သားကောင်ကို သုတ်ချီပြီး ပြန်တက်သွားခဲ့တယ်..။
ခနအကြာမှာတော့ နောက်ထပ် ကျိုင်း ကောင်တွေဟာ ကောင်းကင်ကနေ ဆင်းသက်လာပြီး တက်လာနေကြတဲ့ လူဝံတွေကို ချိန်ရွယ်ထားခဲ့ကြတယ်..။
အိပ်မက်ဆိုး သားရဲအုပ်စု နှစ်ဖွဲ့က ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ရုတ်တရက် ဆင်နွဲကြရတော့မှာဖြစ်ပြီး..လူသားခြောက်ယောက်ကတော့ ဒီကြားထဲမှာ အကူညီမဲ့သွာ ပိတ်မိနေခဲ့ပါပြီ..။