အမှောင်နံရံ
Vol. 16 Ch. 237
ကိုင်က ကျောက်တုံး ပလက်ဖောင်းပေါ်ကို ဆင်းသက်လိုက်ပြီး..ကတ်စီကို ညှင်သာစွာ ချပေးလိုက်တယ်..။မျက်မမြင် မိန်းကလေး ရဲ့ မျက်နှာက ဖြူဖျော့ပြီး နာကျင်နေပုံရပေမယ့်..သူမရဲ့ အသက်ကတော့ အန္တရာယ် မရှိတော့ပါဘူး..။လေးသည်တော်ဟာ..နှစ်သိမ့်စွာ ပြုံးလိုက်ပြီး..သူမရဲ့ ပုခုံးကို ညှစ်လိုက်တယ်..။
ယင်းနောက် တစ်ခြားလူတွေလိုပဲ..သူက တောင်ဘက်အရပ်ကို လှည့်ကာ တိတ်ဆိတ်စွာကြည့်လိုက်ပါတယ်..။
မထိုးဖောက်နိုင်တဲ့ နံရံကြီးတစ်ခုလိုပဲ ၊ အမှောင်ထုကြီးက ဒေါသတကြီး နီးကပ်လာကာ..ကျယ်ပြန့်တဲ့ဝင်္ကပါကို တစ်စက္ကန့်ချင်းစီ ဝါးမြိုသွားခဲ့ပါတယ်..။ဆန်နီ အတွက်ကတော့..အဆုံးမရှိတဲ့ အရိပ်ပင်လယ်ကြီး တစ်ခုလို ခံစားနေခဲ့ရတယ်..။သူ ခံစားနေရတဲ့ ဖိအားက..ကြက်သွေးရောင် ရဲတိုက်ကြီးထက်ကို ပိုပြီး ဆိုးဝါးနေပါသေးတယ်..။
ရုပ်တုကြီးကတော့ အမှောင်ထုဆီကို ချီတက်နေပြီး..သူ့ အမူအရာက မပြောင်းလဲခဲ့ပေ..။
လေထုက..ဆူညံတဲ့အသံနဲ့ ဆန်နီရဲ့ ဆံပင်ကို တိုက်ခတ်နေခဲ့ပါတယ်..။တိတ်ဆိတ်နေတဲ့ အချိန်မှာပဲ..အယ်ဖီက..ဒူးထောက်လျက်ကျသွားကာ ညဥ်းညူနေခဲ့တယ်..။သူမရဲ့လက်တွေက..အကာအကွယ်အင်္ကျီ ရဲ့ အပေါက်နေရာကို ကိုင်ထားခဲ့ပါတယ်..။ဒီနေရာကနေပြီး သွေးတွေ အများကြီး စီးကျနေခဲ့တာပါ..။
ဒီအသံက လူတိုင်းကိူ အသိစိတ်ပြန်ဝင်လာစေခဲ့တယ်..။မျက်နှာမှာ အပြုံးတစ်ခု ရှိနေခဲ့ပြီး နစ်ဖီဟာ မုဆိုး မိန်းကလေးဆီကို လျောက်သွားကာ သူမရဲ့ လက်ကို..အယ်ဖီရဲ့ ကိုယ်ပေါ်ကို တင်လိုက်ပါတယ်..။ခနအကြာမှာတော့..ညှင်သာတဲ့ အဖြူရောင် အလင်းတန်းတွေက..အယ်ဖီရဲ့ အကာအကွယ်အင်္ကျီကြားထဲမှာကနေ ..တိုးဝင်သွားပြီး.သူမရဲ့ ဒဏ်ရာျွေကို ကုသပေးကာ..ဒဏ်ရာတွေကို ယူဆောင်သွားခဲ့တယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင်ကတော့ မျက်လုံးကို မှိတ်ပြီး နှုတ်ခမ်းကိူ ကိုက်ထားခဲ့ပါတယ်..။ကြက်သွေးရောင် သွေးတွေကိုကတော့..သူမရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတွေကနေ စီးကျလာနေခဲ့တယ်..။
သူမ အဖွဲ့သားရဲ့ ဝေဒနာတွေကို..ဖယ်ရှားပေးနိုင်ဖို့ဆိုရင်..သူမက..ပိုပြီးဆိုးဝါးတဲ့ နာကျင်မူတွေကို ခံစားရပါလိမ့်မယ်..။
ဆန်နီ ချောင်းဆိုးလိုက်တယ်..။သွေးစက်တွေက သူ့ နှုတ်ခမ်းကနေ လွင့်စင်ထွက်လာပြီး..သူ့ ခန္တာကိုယ်ကို အားနည်းစွာ အောက်ကို နိမ့်လိုက်ပါတယ်..။သူ ကိုယ်တိုင်လည်း အခြေအနေ သိပ်မကောင်းပေ..။
အမှောင်ထုနံရံ ကြီးကတော့..တဖြည်းဖြည်းချင်း နီးကပ်လာခဲ့ပါပြီ..။ပြင်းထန်တဲ့ လေထုက..ရှေးဟောင်း ရုပ်ထုကြီးကို စတင် ရိုက်ခတ်လာနေခဲ့တယ်..။ဒါက ပင်လယ်ရဲ့ ရနံ့ကိုပါ သယ်ဆောင်လာခဲ့ပါသေးတယ်..။
ဆန်နီ မျက်နှာရှုတ်မဲ့သွားခဲ့ပြီး..ကျောက်တုံးသူတော်စင်ကို သူ့အပေါ်မှာ လာရပ်နေဖို့ အမိန့်ပေးလိုက်ပါတယ်..။
"ငါတို့ အခုဘာလုပ်ကြမလဲ.."
ကိုင်က ဒေါသတကြီး အော်ဟစ်နေတဲ့ တိမ်တိုက်တွေကို ကြည့်ကာ..ကြက်သီးထသွားပြီး ပြောလိုက်တယ်..။
"အောက်ကို နဲနဲ ဆင်းရမှာလား..။လျှပ်စီးတွေက..ဒီရုပ်ထုကြီးရဲ့ လည်ပင်းနေရာကို ရောက်လာမှာ မဟုတ်ဘူးလား.."
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
"ငါတို့ အဲလိုလုပ်လို့ မရဘူး..။ပင်လယ်ရေက မြင့်တက်လာတော့မယ်..။ဒီတော့ ရုပ်ထု ရဲ့ နေရာအများစုက ပင်လယ်ရေ အောက်ကို ရောက်သွားတော့မှာလေ..။ရေလှိုင်းတွေက..ပလက်ဖောင်းပေါ်ကို ရောက်မလာရင်ပဲ အတော်လေး ကံကောင်းနေပြီ.."
လေးသည်တော်ဟာ သက်ပြင်းချပြီး အောက်ကို ကြည့်လိုက်တယ်..။
"ဒီတော့..ငါတို့က သေတော့မှာလား.."
ဆန်နီ ခါးသက်စွာ ပြုံးလိုက်ပြီး..
"စိတ်မပူနဲ့..။ကျောက်တုံးတွေက လျှပ်စစ်ကို သိပ်ပြီး မဆွဲငင်ပါဘူး..။ဒီတော့ ငါတို့က လျှပ်စီးကနေ တော့ လုံခြုံပါတယ်..။မင်း တကယ် စိုးရိမ်ရမှာက..အဲဒီအရာတွေကို ဆွဲဆောင်မိမယ့် အရာတွေပဲ.."
ပြီးတဲ့ နောက်မှာတော့..သူ ခါးကို ကိုင်းလိုက်ပြီး..နာကျင်စွာ ချောင်းဆိုးလိုက်ပါတယ်..။
'အ...ဒါက နည်းနည်းတော့ နာတယ်..'
နစ်ဖီဟာ..အယ်ဖီကို ကုသပေးပြီးတဲ့ နောက်မှာတော့..လမ်းလျောက်လာခဲ့ပြီး..ဒူးထောက်လိုက်ကာ ဆန်နီကို ကြည့်လိုက်ပါတယ်..။
..မထင်မှတ်ထားစွာပဲ..သူမရဲ့ မျက်နှာပေါ်မှာ..ရိုးသားစွာ စိတ်ပူမူတွေ ရှိနေခဲ့တယ်..။
"နင်...နင် ဝတ်မှုန်တွေကို ရူလိုက် မိတယ်မလား.."
ဆန်နီ ပြုံးပြဖို့ ကြိုးစားလိုက်ပေမယ့်..ချောငိးဆိုးတာနဲ့သာ အဆုံးသတ်သွားပြီး သွေးတစ်ပွက် ထပ်အန်လိုက်ပါတယ်..။
"အင်း..နည်းနည်းပေါ့..။ဒါပေမဲ့ စိတ်မပူနဲ့..။အဲတာက...ငါရဲ့ အဆုတ်ထဲမှာ ပန်းပွင့်တွေ ရှိမနေတော့ဘူး..။ထပ်ပြီးတော့..."
နစ်ဖီဟာ မျက်မှောင်ကျုတ်လိုက်ပြီး သူမရဲ့ လက်ကို ဆန့်တန်းကာ..ဆန်နီရဲ့ ရင်ဘတ်ပေါ်ကို လက်တင်ဖို့ လုပ်လိုက်တယ်..။သို့ပေမယ့်..ဆန်နီဟာ..သူမရဲ့ လက်တွေကို လေထဲမှာတင် ဆုပ်ကိုင်လိူက်ပြီး ရပ်တန့်ထားလိုက်ပါတယ်..။
သူမရဲ့ အသားအရေက နူးညံ့ပြီး..ထိတွေ့လို့ အတော်ကောင်းမွန် နေခဲ့တာပါ..။
"စိတ်ရှုပ်မခံနဲ့..။ငါ အဆင်ပြေပါတယ်..။အဲဒီအစား ကတ်စီကိုသာ ကြည့်ပေးလိုက်ပါ.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ သူ့ကို ခနလောက် စိူက်ကြည့်နေခဲ့တယ်..။ယင်းနောက် သူမ ရုတ်တရက် မေးလိုက်ပါတယ်..။
"ဒါပေမဲ့ နင် နာကျင်နေရတာ မဟုတ်ဘူးလား.."
သူက သူမရဲ့ လက်တွေကို ပြန်လွှတ်ပေးလိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
"နင် ခံစားရမယ့် ဝေဒနာ လောက်တော့ မနာကျင်ပါဘူး.."
နစ်ဖီ မျက်မှောင်ကျုတ်လိုက်တယ်..။
"..ငါက အဲတာကို အသားကျနေပြီ.."
ဆန်နီ သူမကို အတော်ကြာအောင် ကြည့်နေခဲ့တယ်..။သူ့ အမူအရာကတော့ ဖော်ပြဖို့ ခက်ခဲလှပါတယ်..။ယင်းနောက် သူ မထူးခြားစွာ ပြောလိုက်တယ်..။
"ငါ သိပါတယ်..။ဒါပေမဲ့ ငါ နင့်ကို နာကျင်မူနဲ့ အသားကျ တာမျိုး မဖြစ် စေချင်ဘူး..။နင် ဒီလို မဖြစ်သင့်ဘူး..။အထူးသဖြင့် ငါ့ကြောင့် နင့်ကို မနာကျင်စေချင်ဘူး.."
သူ မပြောပဲ ချန်ထားတဲ့ စကားလုံးတွေက သူတို့နှစ်ယောက်ကြားမှာ တစ်ခနလောက် ဖိအားဖြစ်စေခဲ့ပါတယ်..။နစ်ဖီဟာ တစ်ဖက်ကို လှည့်သွားခဲ့တယ်..။နောက်ဆုံးတော့ သူမ သက်ပြင်းချကာ ခနလောက် တွေဝေနေပြီးကာမှ ဘာမှမပြောပဲ လျောက်ထွက်သွားခဲ့ပါတယ်..။
ဆန်နီ ခေါင်းကို ငုံ့ထားပြီး..အတော်ကြာအောင် ကျောက်ရုပ်ကြီးလို ခံစားချက်မဲ့စွာ ဖြစ်နေခဲ့တယ်..။
'ပိုကောင်းတယ်..ဒီလိုလေးပဲ ပိုကောင်းပါတယ်..'
လူသားတွေရဲ့ အဖြစ်အများဆုံး စိတ်ခံစားချက် က နာကျင်မူကို ကြောက်ရွံ့တာပါ..။နစ်ဖီက သူမရဲ့ အားနည်းချက်ကြောင့်..ကြောက်ဖို့ကောင်းတဲ့ နိပ်စက်မူကို ခံစားရတဲ့ အချိန်တိုင်း..သူက အကူအညီမဲ့စွာပဲ ဒီလို ခံစားရပါတယ်..။သူမ ဒီလို ခံစားနေရတာကို သူ မမြင်ချင်ခဲ့ပေ..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..ဒီလို ကုသပေးသင့်တဲ့ လူတွေထဲမှာ သူက နောက်ဆုံးလူတစ်ယောက်ဖြစ်တယ် ဆိုတာကတော့ ပြောစရာတောင် မလိူတော့ပါဘူး..။
ရုတ်တရက် ကျယ်လောင်တဲ့ မိုးခြိမ်းသံက သူတို့ရဲ့ အပေါ်မှာ ထွက်ပေါ်လာပြီး ..အဖွဲ့သားတွေကို တွန့်ဆုတ်သွားစေဖို့ တွန်းအားပေးနေခဲ့ပါတယ်..။နေ့အလင်းရောင်က မှိန်ပြသွားပြီး အေးစက်ထဲလေထုက သူတို့အပေါ်ကို ဒေါသတကြီး တိုက်ခတ်နေခဲ့တယ်..။အနက်ရောင် ဆားရေစက် လေးတွေကတော့ လေထုနဲ့အတူ ပါလာနေခဲ့ပါပြီ..။
ကတ်စီကို စစ်ဆေးပြီးတာနဲ့ နစ်ဖီဟာ ရှေ့ကိုကြည့်ပြီး အော်ပြောလိုက်တယ်..။
သူတို့မှာ့ အချိန်သိပ်မကျန်တော့ပါဘူး..။
"အသင့်ပြင်..ကိုင်ထားကြ.."
ဒီလို ပြောပြီးတာနဲ့ သူမက ဓားကို ထုတ်ကာ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားခဲ့တယ်..။သူမရဲ့ ဓားမှာ အလင်းရောင် တစ်ချို့ ထွက်နေပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်က.. ဓားဦးကို ကျောက်တုံးထဲကို ထိုးစိုက်လိုက်တယ်..။သူမက ဒူးထောက်ချလိုက်ပြီး ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ..မုန်တိုင်းကိူ အံတုဖို့ ပြင်ဆင်ထားလိုက်ပါတယ်..။
ဘေးနားမှာတော့ အယ်ဖီဟာ သက်ပြင်းချလိုက်ပြီး အက်ကွဲနေတဲ့ ကျောက်တုံးကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တယ်..။ကျန်တဲ့လက်တစ်ဖက်နဲ့ သူမက ကတ်စီကို အနားကို ခေါ်ပြီး ဖက်ထားလိုက်ပါတယ်..။
ကတ်စတာကတော့ သူတို့ရဲ့ ခေါင်းဆောင်ရဲ့ ပုံစံအတိုင်း ဓားကို ထုတ်ကာ ပလက်ဖောင်းထဲမှာ ထိုးစိူက်ပြီး ကိုင်ထားခဲ့တယ်..။
ဆန်နီ သူတို့ကို ကြည့်ပြီး မျက်နှာ ရှုတ်မဲ့သွားခဲ့ပါတယ်..။
သူ့ရဲ့ အပေါ်မှာတော့ ကျောက်တုံးသူတော်စင်က ဒိုင်းကာကို ရှေ့ထုတ်ကာ..ပုခုံးကို နိမ့်ထားပြီး ဟာရီကိန်းလေတိုက်နှုန်းတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်..။သူ့မှာ ကိုင်စရာ ဘာမှမရှိတာကြောင့်..ဆန်နီဟာ အရိပ်ရဲ့ ပေါင်ကို တင်းကြပ်စွာ ဖက်ထားပြီး..ရှက်ရွံ့စွာ မျက်လုံးကို ပိတ်ထားခဲ့ပါတယ်..။
ဒီလို အခြေအနေနဲ့ မကြုံခင်မှာပဲ..သူ့ဘေးနားကို တစ်ယောက်ယောက် ရောက်လာတာကို ခံစားမိလိုက်တယ်..။မျက်လုံးတစ်ဖက်ကို ဖွင့်လိုက်တဲ့ အချိန်မှာတော့..ကိုင် ကိုမြင်ပြီး ဆန်နီ အံ့ဩသင့်သွားခဲ့ပါတယ်..။
"...ဘာလဲ..။မင်းက ဒီမှာ ဘာလုပ်နေတာလဲ..'
လေးသည်တော်ဟာ ပြုံးလိုက်ပြီး ရှက်ရွံ့စွာ ချောင်းဆိုးလိုက်တယ်..။
"အာ..ကောင်းပြီ..။သိတယ်မလား..။ငါ့မှာက ကျောက်တုံးကို ထိုးစိုက်ဖို့ ဓားမရှိသလို ..ကိုင်ထားဖို့လည်း ခွန်အား မရှိဘူးလေ..။ဒီတော့ ..အာ...ငါ မင်း အပေါင်းအပါ ရဲ့ ဒီဘက်လွတ်နေတဲ့..ပေါင်ကို ကိုင်ထားလို့ ရနိုင်မလား.."
ဆန်နီ သူ့ကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်နေပြီးမှ ပြောလိုက်တယ်..။
"ကောင်းပြီလေ..! ဘာပဲဖြစ်ဖြစ်..။ငါ့ကိုသာ မှားပြီး မကိုင်ထားမိစေနဲ့.."
အဆုံးမရှိတဲ့ အမှောင်နံရံကြီးက နီးကပ်လာသလို ၊ ခေါင်းပြတ် ရုပ်တု ကြီးကလေး..ရှေ့ကို တည်တည်ငြိမ်ငြိမ် လျောက်လှမ်းသွားခဲ့ပါတယ်..။ပြီးတာနဲ့ သူက..ပြင်းထန်တဲ့ မုန်တိုင်းရဲ့ ဒေါသတကြီး ပွေ့ဖက်မူ အောက်ကို တိုးဝင်သွားခဲ့ပါပြီ..။