မုန်တိုင်းထဲကို
Vol. 16 Ch. 238
မိုးစက်ကလေး တစ်ပေါက်က ဆန်နီရဲ့ ပါးပြင်ပေါ်ကိုကျလာခဲ့တယ်..။တိုက်ခတ်လာတဲ့ လေပြင်းသံက ပိုပြီး ကျယ်လောင်လာခဲ့ပါပြီ..။ခနအကြာမှာတော့..ကမ္ဘာကြီး တစ်ခုလုံးက ရုတ်တရက် အမှောင်ကျသွားခဲ့တယ်..။ရေတွေက သူ့ရဲ့ မျက်နှာကို အဆက်မပြတ် ထိမှန်လာခဲ့တာကြောင့် ..ဆန်နီ အသံထွက်ပြီး ကျိန်ဆဲ လု မတတ်ဖြစ်နေခဲ့ပါတယ်..။
' ချီးပဲ '
မုန်တိုင်းက..သူတို့အပေါ်ကို ပြင်းပြင်းထန်ထန်ကို ဆင်းသက်လာနေခဲ့တယ်..။ပလက်ဖောင်း ပေါ်မှာ ကျန်နေတဲ့ ကျိုင်းကောင်တွေရဲ့ အလောင်းတွေက ရုတ်တရက် ရွေ့လျားလာခဲ့ကြပါတယ်..။ပြီးတာနဲ့ လေထုက သူတို့ကို သယ်ဆောင်ပြီး..လမ်းလျောက်နေတဲ့ ရုပ်ထု ပေါ်ကနေ ပစ်ချလိုက်တယ်..။သူတို့ရဲ့ အနက်ရောင် သွေးတွေကိုလည်း မိုးရေ တေဥ ွက ဆေးကြောပေးနေခဲ့ပါတယ်..။
မျက်စိကျိန်းလောက်တဲ့ လျှပ်စီးကြောင်းတွေက တိမ်တွေ ကြားထဲမှာ ဖြစ်ပေါ်လာတဲ့ အချိန်တိုင်း..နောက်ကနေ မိုးခြမ်းသံတွေပါ လိုက်ပါနေခဲ့တယ်..။
ကျောက်တုံးက ချော်ပြီး စိုစွတ်လာတဲ့ အချိန်မှာတော့..ဆန်နီဟာ..သူ့ရဲ့ ခန္တာကိုယ်ကို လေပြင်းက တိုးထိုးလာတာကို ခံစားနေရပါတယ်..။ကျောက်တုံးသူတော်စင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း..သူက မျက်နှာရှုတ်မဲ့နေခဲ့တယ်..။နာကျင်မူက သူ့ရဲ့ အဆုတ်ကို ထိုးနှက်နေခဲ့ပါတယ်..။
'ဆိုးဝါးတယ်...အဆိုးဝါးဆုံး စီးနင်းရတဲ့အရာပဲ '
ကံကောင်းချင်တော့..လေးလံတဲ့ အရိပ်က..ဟာရီကိန်း လေပြင်း တွေရဲ့ ဖိအားအောက်မှာတောင် မလှုပ်ခဲ့ပါဘူး..။သူမက ပလက်ဖောင်းပေါ်မှာ မြဲမြံစွာရပ်နေရင်း..ခါးကို အနည်းငယ် ကိုင်းကာ..လေထုကို သူမရဲ့ ခန္တာကိုယ်နဲ့ တောင့်ခံထားခဲ့ပါတယ်..။
သူမရဲ့ ဘေးနားမှာတော့..နစ်ဖီ ..ကတ်စတာ နဲ့ အယ်ဖီတို့က လေတိုက်ခတ်တဲ့ ဒဏ်ကို တောင့်ခံနေခဲ့ကြပါတယ်..။ကြိုးစားအားထုတ်မူ အချို့နဲ့အတူပဲ..သူတို့လည်း တောင့်ခံနေနိုင်ခဲ့ကြတယ်..။
သို့ပေမယ့် အဆိုးဆုံးက မလာသေးပါဘူး..။
နေရောင်ကနေ ပုန်းကွယ်တတ်တဲ့ အနက်ရောင် ပင်လယ်ပြင်ကြီးက မြင့်တက်လာဦးမှာပါ..။အနက်ရောင် ဒီရေလှိုင်းတွေက..ဝင်္ကပါထဲကို ရိုက်ခတ်ပြီး ဝင်လာတဲ့ အသံကို ဆန်နီ ကြားနေခဲ့ရတယ်..။မကြာခင်မှာပဲ..ကျောက်တုံး ရုပ်ထုကြီးရဲ့ အောက်အထိပါ ရောက်လာခဲ့ကြပြီး..ခြေတစ်လှမ်းခြင်းစီတိုင်းမှာ ရေလှိုင်းကြီးတွေဖြစ်ပေါ်စေခဲ့ပါတယ်..။
နောက်ထပ် လျှပ်စီးကြောင်းကြီး တစ်ခုဖြစ်ပေါ်လာတာနဲ့ အတူပဲ လေ ၊ ရေ နဲ့ အမှောင်ထုတွေ ပြည့်နှကိနေတဲ့ ကမ္ဘာကြီးကို မြင်တွေ့လိုက်ရတယ်..။လေထုကအရမ်းကို ပြင်းထန်လာတာကြောင့်..ကျောက်တုံးသူတော်စင်က နောက်ဘက်ကို စင်တီမီတာ အနည်းငယ်လောက် ရွေ့လျားသွားပါတယ်..။ဆန်နီ ထိပ်လန့်သွားခဲ့တယ်..။
ကျောက်တုံး ရုပ်တုကြီးကတော့ ရှေ့ကို ရွေ့လျားနေတုန်းပါပဲ..။
ခနအကြာမှာတော့ အနက်ရောင် ဒီရေတွေက သူ့ရဲ့ ဒူးနေရာ ၊ ယင်းနောက် ဝမ်းဗိုက် ၊ ပြီးတာနဲ့ ရင်ဘတ်အထိကိုပါ ရောက်လာခဲ့တယ်..။အရိပ်ရဲ့ ခြေထောက်ကို တင်းကြပ်စွာ ဖက်ထားရင်းနဲ့ ဒီရေတွေက ရှေးဟောင်း ရုပ်ထုကြီးရဲ့ ပုခုံးနေရာအထိ ရောက်လာတာကို ဆန်နီ မြင်တွေ့နေရပါတယ်..။
သူ ပြုံးလိုက်တယ်..။
မနေ့ညကတော့..အနက်ရောင် ပင်လယ်က သူတို့ရှိနေတဲ့ ပလက်ဖောင်းပေါ်အထိ မတက်နိုင်ခဲ့ပါဘူး..။သို့ပေမယ့် လှိုင်းတွေရဲ့ အမြင့်ကို ကြည့်ရတာတော့ အခြေအနေတွေက ပြောင်းလဲတော့မယ့် ပုံပါပဲ..။
သူ့အတွေးတွေကို ပြန်ဖြေလိုက်တဲ့အလား..ကြီးမားတဲ့ လှိုင်းကြီးတစ်ခုက ရုပ်တုကြီးရဲ့ လည်ပင်းကို လာရောက်ရိုက်ခတ်ပြီး..ပလက်ဖောင်းတစ်ခုလုံးကို ရေဆေးပေးလိုက်ပါတယ်..။အဖွဲ့သားတွေ အကုန်လုံးက အနက်ရောင် ရေနံရံကြီးရဲ့ ရိုက်ခတ်မူကို ခံလိုက်ရပြီး..ချက်ချင်းဆိုသလိုပဲ ဦးခေါင်းကနေ ခြေထောက်အထိ ဆားငံရည်တွေ စိုရွဲသွားခဲ့တယ်..။
ကံကောင်းချင်တော့ ဘယ်သူမှ လွင့်စင် မသွားခဲ့ပါဘူး..။အခုထိပေါ့....။
ပြင်းထန်တဲ့လေတိုက်ခတ်မူ ၊ ဒေါသတကြီး ရွာသွန်းနေတဲ့ မိုးရေတွေ ၊ မကြာခန ထွက်ပေါ်နေတဲ့ လျှပ်စီးတွေ ပြီးတော့ ကျယ်လောင်တဲ့ မိုးခြမ်းသံတွေက သူတို့ကို ကမ္ဘာကြီးနှစ်ခြမ်းကွဲတော့မယ်လိူ့ အထင်ရောက်စေဖို့ လုံလောက်ပါတယ်..။အနက်ရောင် ရေလှိုင်းတွေ ပလက်ဖောင်းပေါ်ကို ထပ်ခါထပ်ခါ ရိုက်ခတ်လာတဲ့ အချိန်မှာတော့ အခြေအနေက တကယ်ကို ကပ်ဆိုးဆိုက်သလို ဖြစ်လာခဲ့တယ်..။
ဒါတောင်မှ..သူတို့က တောင့်ခံထားဆဲပါပဲ..။တစ်မိနစ်ပြီး တစ်မိနစ်.၊ လူသားခြောက်ယောက်ဟာ..ရှေးဟောင်း ကျောက်တုံးကြီးကို ကုတ်တွယ်ထားရင်း လွင့်စင်သွားမယ့် အရေးကနေ တောင့်ခံနေခဲ့ရပါတယ်..။အချိန်တွေ ဘယ်လောက်ကြာသွားပြီလဲ၊ ကျောက်တုံးရုပ်တုကြီးက ဘယ်လောက် ဝေးဝေးကို လျောက်သွားပြီးပြီလဲ ဆိုတာကိုတော့ ဆန်နီ မသိတော့ပေ..။သို့ပေမယ့် ဒီအရာတွေက အားနည်းသွားမယ့် ပုံစံတော့ မရှိသေးပါဘူး..။
တကယ်တော့ ဒါက ပိုပိုပြီးတောင် ဆိုးဝါးနေပါသေးတယ်..။
သို့ပေမယ့် ဒီအရာတွေက သူ တကယ် ကြောက်ရွံ့နေတဲ့ အရာတွေ မဟုတ်သေးပေ..။သူ ကြောက်နေတဲ့ အရာက ကောင်းကင်ပေါ်မှာ ရှိမနေပဲ အလင်းမရှိတဲ့ ကျိန်စာသင့် ပင်လယ်ပြင် ထဲမှာပဲ ရှိပါတယ်..။
ပြီးတော့ မကြာခင်မှာပဲ သူကြောက်ရွံ့နေတဲ့ အရာက အမှန်တကယ် ဖြစ်ပေါ်လာခဲ့တယ်..။
အရာရာကို ကြိုတင်ပြီး သိနေသလိုပဲ ဆန်နီဟာ အောက်ကို ငုံ့ပြီး ကြည့်လိုက်တယ်..။ဒါက ကျောက်တုံးကြီးကို ဖောက်ပြီး မြင်နေရတာနဲ့တောင် တူနေပါသေးတယ်..။အောက်ဘက်မှာတော့ အရိပ်တစမခုက ရေနက်ပိုင်းကနေ တက်လာတာကို သူ ခံစားနေရပါတယ်..။
...မပြောပြနိုင်လောက်တဲ့ တယ်ရာ တစ်ကောင်က ရေနက်ပိုင်းကနေ တက်လာခဲ့ပြီး..ကျောက်တုံးရုပ်တုကြီးဆီကို ဖြည်းဖြည်းချင်း ချီတက်လာနေခဲ့တာပါ..။
' ချီးတဲ့မှပဲ '
အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..ကိုင်က သူ့ဘေးနားမှာ ကျောကိတုံးသူတော်စင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားတာကို တွေ့လိုက်ရတယ်..။တစ်ခါလောက်ပဲ ဖြစ်ဖြစ် လေးသည်တော်က ကြည့်ကောင်းလောက်အောင် ချောမော မနေတော့ပါဘူး..။သူက ဒီတိုင်း ရေတွေစိုရွဲကာ ၊ ဖြူဖျော့ပြီး ဖင်တုန်အောင် ကြောက်နေခဲ့ပါတယ်..။
သူ့နောက်မှာတော့ နစ်ဖီဟာ..ဒူးထောက်လျက် အနေအထား နဲ့ ငွေရောင်ဓားရိုးကို ဆုပ်ကိုင်ထားခဲ့တယ်..။သူမရဲ့ အဖြူရောင် လက်ချောင်းတွေကတော့..သွေးတွေနဲ့ ပြည့်နှကိနေခဲ့ပါတယ်..။
သူ့ အဆုတ်က နာကျင်မူကို တောင့်ခံထားရင်း ဆန်နီ အော်ဟစ်လိုက်တယ်..။
"အသင့်ပြင်ထားကြ..။တယ်ရာ..."
.
သို့ပေမယ့် သူ စကားမဆုံးခင်မှာပဲ သူမရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါပြီ..။
လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..ကြီးမားတဲ့ သတ္တဝါကြီး တစ်ကောင်က ရေလှိိုင်းတွေထဲကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာတာကို တွေ့လိုက်ရတယ်..။ဒါက လျှပ်စီးတွေကြားထဲမှာ မြင်နေခဲ့ရတာပါ..။ဒါက ရှည်လျားတဲ့ အနက်ရောင် တာဝါကြီး တစ်ခုလိုပါပဲ..။ဒါက ကောင်းကင်ကိုတောင် ထိုးဖောက်မတတ်ဖြစ်နေပြီး..ရှေးဟောင်း ရုပ်ထုရဲ့ အပေါ်ကနေ အုပ်မိုးထားခဲ့ပါတယ်..။
.
နှလုံးခုန်တွေ ရပ်တန့်သွားမတတ်ခံစားရင်း..ဆန်နီဟာ သူ ဒီမြင်ကွင်းကို သိနေတယ် ဆိုတာ နားလည်လိုက်တယ်..။ဒီ အနက်ရောင် သတ္တဝါကြီးက သူ မေ့ပျောက်ကုန်းမြေပေါ်ကို စရောက်တဲ့ နေ့တုန်းက..အရမ်းကြီးမားတဲ့ မွန်းစတားတစ်ကောင်ကို ငါးတစ်ကောင်လို ရေထဲ ပြန်ဆွဲယူသွားတဲ့ သတ္တဝါကြီးပါပဲ..။
ပျက်ပြားခြင်းအဆင့် အိပ်မက်ဆိုး သားရဲ တွေတောက် ကြောက်ရတဲ့ ဖြစ်တည်မူတစ်ခု..။
အပေါ်ကနေ ပြုတ်ကျနေရင်း..ကြီးမားတဲ့ သတ္တဝါကြီးဟာ..ရွေ့လျားနေတဲ့ ရုပ်ထုကို တိုက်မိပြီး သူ့ရဲ့ လည်ပင်းမှာ ရစ်ပတ်လိုက်ပါတယ်..။
' အိုး ....နိုး...'
***
ဆန်နီ မတုန့်ပြန်နိုင်သေးခင်မှာပဲ..ကြီးမားတဲ့ သတ္တဝါကြီးက ကျောက်တုံးရုပ်ထုကြီးရဲ့ လည်ပင်းကို ရစ်ပတ်ပြီးသွားပါပြီ..။သူ့ရဲ့ အသွေးအသားတွေနဲ့ ကျောက်တုံးကြီးကို တင်းကြပ်အောင် ပတ်ထားခဲ့ပါတယ်..။
....ပြီးတာနဲ့ သူက လှိုင်းတွေအောက်ကို ဆွဲချဖို့ကြိုးစားလာခဲ့တယ်..။
ရှေးဟောင်း ရုပ်ထုကြီးကတော့ နှေးကွေးသွားခြင်း မရှိပဲ ရှေ့ကိုသာ လျောက်နေဆဲပါ..။ယင်းနောက် ရေလှိုင်းတွေရဲ့ ကျယ်လောင်တဲ့ အသံနဲ့အတူပဲ ရုပ်တုကြီးရဲ့ လက်တစ်ဖက်ဟာ..အပေါ်ကို မြှောက်တက်လာခဲ့ပြီး..သတ္တဝါကြီးကို ဆုပ်ကိုင်လိုက်ပါတယ်..။
ခန္တာကိုယ်ကို ကျောက်တုံးလက်နဲ့ ဆုက်ကိူင်ထားရင်း ရုပ်တုကြီးဟာ ခနလောက်တွေဝေနေပြီးကာမှ အလွယ်တကူပဲ တစ်စစီ ဖျက်ဆီးပစ်လိုက်ပါတယ်..။
ဆန်နီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။
သတ္တဝါကြီးရဲ့ အစိတ်အပိုင်းတစ်ချို့ကတော့..ရုပ်တုကြီးရဲ့ လည်ပင်းကနေ ပြုတ်ကျပြီး အနက်ရောင်ရေလှ်ိုင်းတွေထဲကို တိုးဝင်သွားခဲ့ပါတယ်..။တစ်ခြားအစိတ်အပိုင်းတွေက ခေါင်းမာစွာ ရစ်ပတ်ထားဆဲဖြစ်ပေမယ့် ကျောက်တုံးလက်ကြီးက နောက်တစ်ကြိမ် ရောက်လာပြီး ကျိန်စာသင့် ပင်လယ်ထဲကို ပြန်ပို့ပေးလိုက်တယ်..။
အချိန်ခနလောက် အနက်ရောင် ရေပြင်ဟာ တိတ်ဆိတ်သွားခဲ့သလိုပါပဲ..။
'အိုး..ဘုရားရေ..'
ယင်းနောက်..ပင်လယ်ရဲ့ မျက်နှာပြင်တစ်ခုလုံးက..ကောင်းကင်ပေါ်အထိကို ပေါက်ကွဲထွက်သွားခဲ့ပါပြီ..။