← Chapters

တိုက်တန် တွေရဲ့ တိုက်ခိုက်မူ

Vol. 16 Ch. 239

တိုက်တန် တွေရဲ့ တိုက်ခိုက်မူ

Vol. 16 Ch. 239

ကျိန်စာသင့် ပင်လယ်ရဲ့ မျက်နှာပြင်က..တစ်ခုခုပစ်ချလိုက်သလိုမျိုး..ကောင်းကင်ထက်ကို ပေါက်ကွဲထွက်သွားခဲ့တယ်..။အလွန်ကြီးမားတဲ့ လက်ချောင်းကြီးတွေ ပျောက်ကွယ်သွားပေမယ့် နောက်ထပ်ခြောက်ချောင်းက ရေလှိုင်းတွေထဲကနေ ပေါ်ထွက်လာခဲ့ပါတယ်..။သူတို့က..ချီတက်နေတဲ့ ရုပ်ထုကြီးကို တောင်ကြီးတွေလို အုပ်မိုးထားပြီး..မုန်တိုင်းဒဏ်ကိုတောင် ခနလောက် ကာကွယ်ပေးနေခဲ့တယ်..။

ဆန်နီ အံကိုကြိတ်ထားပြီး..ဒီ ကြောက်စရာ ပုံရိပ်တွေကို ကြည့်နေခဲ့ပါတယ်..။နီးကပ်လာမယ့် တိုက်ပွဲနဲ့ ပတ်သက်ပြီး သူက နားလည်ဖို့ ကြိုးစားနေခဲ့တာပါ..။

ဒီ တိုက်တန် တွေရဲ့ တိုက်ခိုက်မူ ကြားထဲမှာ သေးငယ်တဲ့ လူသားလေးတွေက ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ..။

တစ်စက္ကန့်လောက်ကြာပြီးနောက်မှာတော့..လက်ချောင်းကြီး တွေဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး..ကျောက်တုံးရုပ်တုကြီးကို ရန်ပြုဖို့ ကြိုးစားလာခဲ့ကြတယ်..။သူတို့ရဲ့ ခန္တာကိုယ်အရွယ်အစားကြောင့် သူတို့က..အနှေးပြကွက်နဲ့ လှုပ်ရှားနေကြသလိုတောင် ခံစားနေရပါတယ်..။သို့ပေမယ့်..ဒီဟာက ထင်ယောင်ထင်မှား ဖြစ်နေတာ ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။

ပင်လယ်သတ္တဝါကြီးရဲ့ လက်လေးချောင်းဟာ..ရေအောက်ကနေပြီး..ရုပ်ထုကြီးရဲ့ ခြေထောက်နဲ့ ခန္တာကိုယ်ကို ရစ်ပတ်ထားတဲ့ အချိန်မှာ ကျန်နေတဲ့ နှစ်ချောင်းက..သူ့ရဲ့ လက်တွေကို ရစ်ပတ်ထားခဲ့တယ်..။

ရှေးဟောင်းရုပ်ထုကြီးကတော့ တောက်ဘက်ကို ဆက်ပြီး လျောက်နေတုန်းပါပဲ..။သူ့ကြည့်ရတာ ပင်လယ်သတ္တဝါကြီး ကြောက် လုံးဝ အနှောက်အယှက် မဖြစ်တဲ့ ပုံပေါ်နေခဲ့တယ်..။သူက လက်ချောင်းတွေထဲက တစ်ချောင်းကို ရိုက်ချလိုက်ပြီး တစ်ခြားလက်ချောင်းတွေကို ခန္တာကိူယ်ကို ရစ်ပတ်ခွင့်ပေးလိုက်ရပါတယ်..။

"သေချာကိုင်ထား..'

ဒီဟာကို ဘယ်သူအော်လိုက်တာလဲ ဆိုတာကို မသိ​ေ့မယ့်..ဆန်နီဟာ ဒီအကြံအတိုင်း ကျောက်တုံးသူတော်စင်ရဲ့ ပေါင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိူင်ထားခဲ့တယ်..။

' ချီးပဲ '

ဒေါတသကြီး မိုးခြိမ်းသံနဲ့ မျက်စိကျိန်းလောက်တဲ့ လျှပ်စီးတွေ အောက်မှာတော့..ကျောက်တုံးရုပ်ထုကြီးဟာ ရုတ်တရက် ယိုင်သွားပြီး ဘေးဖက်ကို အနည်းငယ် တိမ်းစောင်းသွားခဲ့ပါတယ်..။

အနက်ရောငိ ၊ ချောမွေ့နေတဲ့ သတ္တဝါကြီးရဲ့ အသွေးအသားတွေထဲမှာ ပါဝင်တဲ့ ခွန်အားက အတော်ထိပ်လန့်ဖို့ ကောင်းတာကြောင့်..ရှေးဟောင်းကျောကိတုံးရဲ့ မျက်နှာပြင်ဟာ အက်ကွဲကြောင်းတွေဖြစ်ပေါ်လာခဲ့တယ်..။ရုပ်ထုကြီးရဲ့ လက်ကောက်ဝတ်ဆိုရင် အပိုင်းပိုင်းအစစ ကွဲကြေတော့မလိုတောင် ဖြစ်နေခဲ့ပါပြီ..။

အဲဒီအစား..ကျောက်တုံးရုပ်ထုကြီးဟာ လက်ကိုမြှောက်လာခဲ့ပြီး ..လက်တစ်ချောင်းကို ဆုပ်ကိုင်ကာ ညှစ်လိုက်တယ်..။

ကျောက်တုံးလက်ကြီးက သူ့အပေါ်ကို လာပြီး ညှစ်တဲ့ အချိန်မှာ..လက်ကြီးကလည်း..အပြန်အလှန်အနေနဲ့ ကျောက်တုံးကို ပြန်ဖျက်ဆီးဖို့ ကြိုးစားနေခဲ့ပါတယ်..။အချိနိခနလောက်တော့..ဘယ် သတ္တဝါက ပိုပြီး သန်မာလဲဆိုတာကို မပြောနိုင်ခဲ့ပါဘူး..။သို့ပေမယ့် ရုပ်တုကြီးရဲ့ လက်ချောင်းတွေက..အနက်ရောင် အသွေးအသားတွေကို ဖြည်းဖြည်းချင်း လွှမ်းမိုးသွားနိုင်ခဲ့ပြီး..ပင်လယ်ထဲကို သွေးတွေ စီးကျလာခဲ့ပါတယထ..။

မကြာခင်မှာပဲ လက်ချောင်းကြီးက အပိုင်းပိုင်းအစစ ဖြစ်သွားရင်း နောက်ပြန်ဆုတ်သွားခဲ့တယ်..။

သို့ပေမယ့် နောက်ထပ် လက်ငါးချောင်းကတော့..ရုပ်တုကြီးရဲ့ အောက်ဘက်ကနေ တိုက်ခိုက်နေခဲ့ပြီးပါပြီ..။အနက်ရောင် ဒီရေတွေရဲ့ အောက်ဘက်ကို ဆန်နီ ထိုးဖောက် မမြင်နိုင်ပေမယ့်လည်း..နှစ်ချောင်းက ​ရှေးဟောင်းရုပ်ထုကြီးရဲ့ ခြေထောက်တွေကို ရစ်ပတ်ထားပြီး..နောက်ထပ် နှစ်ချောင်းက ခန္တာကိုယ်ကို ရစ်ပတ်ထားကာ ၊ နောက်တစ်ချောင်းက လက်တစ်ဖက်နဲ့ တူကြီးကို ထိန်းချုပ်ထားတယ် ဆိုတာကို သူ မြင်ယောင်ကြည့်လိူ့ရပါတယ်..။

ကြီးမားတဲ့ လက်ချောင်းကြီးတွေ ဘာပဲ လုပ်နေနေ ဒီအရာက အလုပ်ဖြစ်နေတဲ့ ပုံပါပဲ..။လမ်းလျောက်နေတဲ့ ရုပ်ထုကြီးရဲ့ အမြန်နှုန်းက တဖြည်းဖြည်းချင်းဘနှေးကွေးသွားပြီး..မယုံနိုင်စရာ အလေးချိန်က သူ့ကို ဆွဲထားသလိုဖြစ်နေခဲ့တယ်..။၊ရုပ်ထုကြီးဟာ နောက်တစ်ကြိမ် ဟိုင်သွားခဲ့ပြီး..ရုတ်တရက် ရှေ့ကိုတစ်လှမ်းတိုးကာ နောက်ဆုံးမှာတော့..ရပ်တန့်သွားခဲ့ပါတယ်..။

'မကောင်းတော့ဘူး '

သူ့ခြေထောက် ရဲ့ ထိတွေ့မူကနေတဆင့် ..ရှေးဟောင်း ကျောက်တုံးကြီးက လှုပ်နေတာကို ဆန်နီ ခံစားနေခဲ့ရတယ်..။ရုပ်ထုကြီးက သူ့ရဲ့ ရှိသမျှခွန်အားကို အသုံးပြုပြီး ရုန်းကန်နေရသလိုမျိုး တုန်လှုပ်နေခဲ့တာပါ..။သူတို့ ပုန်းနေကြတဲ့ အဝိုင်းပုံစံ ပလက်ဖောင်းကလည်း..ဆင်ခြေလျော ပုံစံ စတင်ဖြစ်လာခဲ့တယ်..။ဒီပုံစံက နောက်ထပ် ရေလှိုင်းတွေကို ဖိတ်ခေါ်တဲ့ ပုံစံဖြစ်နေခဲ့တယ်..။

ကြီးမားတဲ့ သတ္တဝါကြီးနှစ်ကောင်ရဲ့ တိုက်ခတ်မူကို အားပေးနေခဲ့အလား..မုန်တိုင်းကလည်း ပိုပိုပြီး ပြင်းထန်လာနေခဲ့ပါတယ်..။ဟာရီကိန်း လေပြင်းကလည်း အဖွဲ့သားတွေကို ဆက်တိုက် တိုက်ခတ်နေပြီး မိုးရေ တွေ ၊ ပင်လယ်ရေတွေနဲ့ ပြည့်နှက်နေစေခဲ့တယ်..။ဆက်တိုက်ပေါ်ထွက်နေတဲ့ မိုးခြိမ်းသံ တွေ ၊ လျှပ်စီးတွေကလည်း..အာကာသ မီးတောက်လို သူတို့ကို ဝန်းရံထားခဲ့ပါတယ်..။

ရုတ်တရက် ရှေးဟောင်းရုပ်ထုကြီးရဲ့ ပုံစံက ပြောင်းလဲသွားခဲ့ပါပြီ..။ဒါက..ဒါက..သူ့ရဲ့ ခါးကို ကိုင်းပြီး..ရှေ့ကို ငုံ့ဖို့ လုပ်နေခဲ့တာပါ..။

ဆန်နီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။ရှေ့ဆက်ပြီး ဘာဖြစ်တော့မလဲ ဆိုတာကို သူ ချက်ချင်းပဲ သဘောပေါက်လိုက်ပါတယ်..။

...ပြီးတော့..သူ တစ်ယောက်တည်း မဟုတ်ပါဘူး..။

နောက်တုံးသူတော်စင်က သူ့ရဲ့ အမိန့်အတိူင်း ဒူးကိုထောက်ပြီး ကျောကိတုံးအက်ကွဲကြောင်းကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားတဲ့ အချိန်မှာပဲ နစ်ဖီက အော်ဟစ်လာခဲ့တယ်..။

"ငါတို့ ရေအောက်ကို ရောက်တော့မယ်..။အသက်ကို အောင့်ထားကြ.."

'ထပ်ဖြစ်ပြန်ပြီ '

နောက်စက္ကန့်အနည်းငယ်မှာပဲ ရုပ်တုကြီးဟာ ရှေ့ကို ကိုင်းသွားခဲ့ပြီး..ရေလှိုင်းတွေရဲ့ အောက်ကို ဝင်သွားခဲ့ပါတယ်..။

ဆန်နီဟာ အသက်ရူဖို့ အချိန်အနည်းငယ်သာ ရရှိလိုက်တယ်..။ယင်းနောက် အဖွဲ့သားတွေဟာ..ကျိန်စာသင့် ပင်လယ်ရဲ့ ပွေ့ဖက်မူအောက်ကို ရောက်ရှိသွားခဲ့ပါတယ်..။အရင်နေ့တုန်းကလို ချောက်နက်ကြီးထဲ ဖြတ်သန်းရတာနဲ့ မတူစွာပဲ..ဒီတစ်ကြိမ်က သူတို့က အနက်ရောင်ပင်လယ်ထဲကို ဆွဲခေါ်သွားခြင်းခံလိုက်ရတာပါ..။

ဆန်နီဟာ..သူ့ရဲ့ တန်ဖိုးရှိတဲ့ အသက်ကလေးကို ဆုပ်ကိုင်ထားရင်း ပြင်းထန်တဲ့ ရေစီးကြောင်းက သူ့ကို ဖြတ်ကျော်သွားတာကို..စောင့်ဆိုင်းနေခဲ့တယ်..။တကယ်လို့ ရုပ်တုကြီးသာ သူတွေးထားတဲ့ အတိုင်းလုပ်နေခဲ့တာ ဆိုရင်..သူတို့မှာ..အသက်ရှင်ဖို့အတွက် အခွင့်အရေး ရှိနေပါသေးတယ်..။

အနက်ရောက် ဒီရေတွေက ပိုပြီးလေးလံလာပြီး ၊ အလင်းမရှိတဲ့ အေးစက်မူက အရိုးတွေထဲကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ အဝိုင်းပုံစံ ပလက်ဖောင်းက ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်..။နက်ရှိုင်းတဲ့ ရေအောက်မှာ ရောက်နေတယ် ဆိုပေမယ့်လည်း မဖော်ပြနိုင်လောက်တဲ့ အသံတွေက..ကျိန်စာသင့် ပင်လယ်ထဲမှာ ဖြစ်ပေါ်နေတာကို ဆန်နီ ကြားနေရပါသေးတယ်..။

'ဘုရား..ဘုရား...'

နတ်ဘုရားတွေက သေဆုံးကုန်ပြီဆိုတာကို သိနေပေမယ့်လည်း..သူ အကူအညီမဲ့စွာပဲ ဒီနာမည်ကို ရွတ်ဆိုနေမိခဲ့ပါတယ်..။

သို့ပေမယ့် သူ့ကို တိတ်ဆိတ်မူနဲ့သာ အဖြေပြန်ပေးနေခဲ့တယ်..။

...ယင်းနောက် ၊ နောက်ဆုံးမှာတော့ ရုပ်တုကြီးရဲ့ ခန္တာကိုယ်က နောက်တစ်ကြိမ် လှုပ်ယမ်းသွားပြီး..ရုတ်တရက် အပေါ်ကိုပြန်မြင့်တက်လာခဲ့ပါတယ်..။

သူတို့ကို ရေထဲကို ဆွဲချသွားတုန်းက အရှိန်အတိူင်း တူညီစွာပဲ..အဖွဲ့သားတွေဟာ..ကျိန်စာသင့် ပင်လယ်ပြင်ရဲ့ ပွေ့ဖက်မူကနေ ပြန်ဆွဲထုတ်ခြင်း ခံနေခဲ့ရတယ်..။

ရုပ်ထုကြီးရဲ့ ပုခုံးက ရေမျက်နှာပြင်ကို ထိုးဖောက်သွားပြီး အဝိုင်းပုံစံ ပလက်ဖောင်းက လှ်ိုင်းတွေ အထက်ကို ပြန်ရောက်လာတဲ့ အချိန်အထိ ဆန်နီဟာ အသိစိတ်မလွတ်အောင် မနည်း ထိန်းထားခဲ့ရတယ်..။

သူ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး..အဖွဲ့ဝင်တွေ အကုန် ရေထဲကနေ ပြန်ပါလာတာ သေချာအောင် အရင်ရေတွက်ကြည့်လိုက်ပါတယ်..။

ယင်းနောက် သူ ကိုယ့်ကိုကို အဆင်ပြေအောင် လုပ်လိုက်ပြီး ရှေ့ဘက်ကို ကြည့်လိုက်တယ်..။

ရှေးဟောင်း ရုပ်ထုကြီးကို..မမြင်ရတဲ့ ရေအောက်ကတယ်ရာ က ပင်လယ်ထဲကို ဆွဲခေါ်သွားခဲ့တာမဟုတ်ပါဘူး..။အဲဒီအစား..ကြီးမားတဲ့လက်တွေက သူ့ကို ရစ်ပတ်ထားတဲ့အချိန်မှာ ရုပ်တုကြီးက ရိုးရှင်းစွာ ရှေ့ကိုကိုင်းပြီး ပင်လယ်အောက်မှာ ရှိနေတဲ့ သတ္တဝါကြီးကို သဲ့ယူသွားခဲ့တာပါ..။

အခုတော့ ရုပ်ထုကြီးက ကြောက်စရာ ဧရာမ ပင်လယ် သတ္တဝါကြီးရဲ့ ခန္တာကိုယ်ကို လက်ထဲမှာဆုပ်ကိုင်ထားပြီး..ဒေါသထွက်နေတဲ့ ကောင်းကင်ပေါ်ကို မြှောက်ထားခဲ့ပါတယ်..။

ပင်လယ်ရေရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာ ရှိနေတဲ့ တယ်ရာတစ်ကောင်ရဲ့ အစစ်အမှန်ပုံစံကို ကြည့်တာက..လုံခြုံမူ ရှိတဲ့ အကြံဥာဏ်မဟုတ်ဘူးဆ်ိုတာကို သိပေမယ့် ဆန်နီဟာ မတတ်နိုင်စွာပဲ ကြည့်နေခဲ့မ်ိတယ်..။

သူ မြင်နေရတဲ့ အရာက တကယ်ကို ကြက်သီးထ စရာ ကောင်းပါတယ်..။

All Chapters