← Chapters

အရိပ် အစေခံ

Vol. 16 Ch. 240

အရိပ် အစေခံ

Vol. 16 Ch. 240

ရှေးဟောင်းရုပ်တု ဆုပ်ကိုင်ထားတဲ့ ကြီးမားတဲ့ ဦးခေါင်းက လူသားတစ်ယောက် ရဲ့ ဦးခေါင်းနဲ့တောင် တူနေပါသေးတယ်..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ ဒါက နည်းနည်းတော့ ကွဲပြားနေခဲ့ပါတယ်..။

သူ့ရဲ့ အရွယ်အစားကလွဲလို့ ကျန်တဲ့ ပုံသဏ္ဍာန်တွေက လွဲမှားနေခဲ့တာပါ..။ဘယ်အရာက မတူညီတာလဲ ဆိုတာကို ပြောရမယ်ဆိုရင်တော့..ဆန်နီအနေနဲ့ စကားလုံးတွေနဲ့ဖော်ပြဖို့ ခက်ခဲပါလိမ့်မယ်..။သို့ပေမယ့် ဦးခေါင်းခွံနဲ့ ပတ်သက်တဲ့အရာတိုင်းက မှားယွင်းမူ ၊ မစ္ဆိရ စိတ် နဲ့ ဆိုးယုတ်မူ တွေချည်းပါပဲ..။

သူ့ရဲ့ ကိုယ်ကနေ ထွက်ပေါ်နေတဲ့ အော်ရာကတော့ အတော်လေးကို သိသာနေခဲ့တာပါ..။ဒီသတ္တဝါကြီးကို ကြည့်နေရတာက..သူ့ရဲ့ အသက်စွမ်းအင်တွေ စိတ်ထွက်နေသလိုမျိုး ဆန်နီဟာ ရုတ်တရက် အားနည်းလာသလို ခံစားနေခဲ့ရတယ်..။

ဒီခံစားချက်က..သူ အမည်မသိ အရာရဲ့ ဖော်ပြချက်ကို ဖတ်တုန်းက ဖြစ်ပေါ်လာတဲ့ ခံစားချက်နဲ့တောင် ဆင်တူနေပါသေးတယ်..။

ပိုပြီ သိသာထင်ရှားတဲ့ အရာကတော့ ဒီ ဦးခေါင်းခွံကြီးမှာ..မျက်လုံးအိမ်က နှစ်ခုအစား သုံးခု ရှိနေခဲ့ပါတယ်..။တတိယ တစ်ခုက မျက်လုံးနှစ်လုံးရဲ့ အထက် အလယ်တည့်တည့် နေရာမှာ ရှိနေခဲ့တယ်..။သူ့ရဲ့ သွားတွေကလည်း သိသာနေပြီး..လူသားတွေထက် ပိုပြီး ချွန်ထက် လေးလံပါတယ်..။

ဦးခေါင်းရဲ့ အောက်ဘက်မေးရိုးက မရှိဖြစ်နေခဲ့တယ်..။အံ့ဩစရာကောင်းတာက..လက်ချောင်းတွေကိုပဲ ကြည့်ရင်တော့ ဆန်နီကို ဘာသက်ရောက်မူမှ မဖြစ်စေပါဘူး..။

အံ့ဩမူနဲ့အတူပဲ..တယ်ရာ က ..ဒီ ဆိုးဝါးတဲ့ ဦးခေါင်းခွံကို အကာအရံအဖြစ် အသုံးချနေပြီး..အတွင်းထဲမှာ အားနည်းပြီး ပျော့ညံ့တဲ့ သတ္တဝါအဖြစ် ပုန်းအောင်းနေတာကို သူ နားလည်လိုက်ပါတယ်..။ဒါပေါ့..အားနည်းတဲ့ သတ္တဝါတွေက ဒီလို ရှေးဟောင်း အရိုးတွေ့ကြားထဲမှာ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး..။တကယ်တော့..အနက်ရောင် အသွေးအသားနဲ့ အကောင်ကို..မျက်လုံးအိမ်သုံးခု ကြားထဲက အက်ကွဲကြောင်းကနေ တဆင့် သူ မြင်နေခဲ့ရပါတယ်..။

လျှပ်စီးကြောင်းတွေကနေ ဖြစ်ပေါ်လာတဲ့ အလင်းရောင် နဲ့..လက်ချောင်းတွေ ရွေ့လျားနေတာကို ဆန်နီ သတိထားမိလိုက်တယ်..။သူတို့က ကျောက်တုံး လက်ကြီးကို ရစ်ပတ်နေခဲ့ကြတာပါ..။သူတို့ထဲက သုံးခုက ပြင်းပြင်းထန်ထန် ဒဏ်ရာရထာခဲ့ပေမယ့်..ကျန်တဲ့ လက်ချောင်းကတော့ မယုံနိုင်တဲ့ ခွန်အားတွေ ရှိနေတုန်းပါပဲ..။

သူတို့ရဲ့ပူးပေါင်းတဲ့ ခွန်အားက..ရှေးဟောင်း ကျောက်တုံးကို အစိတ်စိတ်အမွာမွာဖြစ်သွားစေဖို့ အတွက် လုံလောက်ပါတယ်..။

ကျောက်တုံးလက်ကြီးမှာ အက်ကွဲကြောင်းရာတွေ ထွက်ပေါ်နေပြီဖြစ်ပေမယ့်..ရုပ်တုကြီးကတော့ ဒါကို ဂရုမစိုက်တဲ့အလား..သတ္တဝါကြီးကို ဆက်လက် မြှောက်ထားခဲ့တယ်..။

'သူ...သူက ဘာလုပ်နေတာလဲ...'

သူ့ မေးခွန်းကို ပြန်ဖြေပေးလိုက်သလိုပဲ..အနက်ရောင်

ပင်လယ်ကြီးက နှစ်ခြမ်းကွဲသွားခဲ့ပြီး..ကျောက်တုံးလက်မောင်းကြီး တစ်ဖက်က ရေထဲကနေ ထိုးထွက်လာခဲ့ပါတယ်..။အနက်ရောင် ရေတွေ စီးကျလျက်ပဲ ကျောကိတုံးလက်ကြီးက အပေါ်ကို တဖြည်းဖြည်း တက်လာခဲ့တယ်..။သူက ကောင်းကင်ပေါ်အထိကို မြှောက်တက်လာခဲ့တာပါ..။

ပြင်းထန်းတဲ့ လေတိုက်ခတ်မူက ကျောက်တုံးလက်ကြီး ကို တစ်စင်တီမီတာလောက်တောင် ရွေ့လျားဖို့ ခက်ခဲအောင် ဖန်တီးနေပါသေးတယ်..။

သူ့လက်ထဲမှာ ကိုင်ထားတဲ့ တူကြီးက ရုတ်တရက် အပြာရောင် အလင်းရောင် တွေ တောက်ပလာခဲ့တယ်..။

...မဟုတ်ဘူး ဒါက တောက်ပ လာတာမဟုတ်ဘူး..။သူ့ရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ လျှပ်စစ်စီးကြောင်းတွေ ပြေးလွှားနေခဲ့တာပါ..။သူတို့က..တစ်စုံတစ်ခုရဲ့ ရှေ့ပြေးနိမိတ်ပါပဲ..။

ဆန်နီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

ခနအကြာမှာတော့..မိုးကြိုးတွေက..ကောင်းကင်မှာ ထောင်မတ်နေတဲ့ တူ နဲ့ ချိတ်ဆက်သွားခဲ့တယ်..။ပြီးတဲ့ နောက်မှာတော့ နောက်ထပ် နောက်ထပ်..မိုးကြိုးတွေ ဆက်လက် ဆင်းသက်လာခဲ့ပါတယ်..။ဒါဇင်နဲ့ ချီတဲ့ လျှပ်စီးကြောင်းတွေက တူပေါ်ကို ဆင်းသက်လာပြီး..ကျယ်လောင်တဲ့ မိုးခြိမ်းသံက ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ဖျက်ဆီးတော့မယ့် အလားပါပဲ..။

လျှပ်စီး​ အပိုင်းအစတွေရဲ့ ရိုက်ခတ်မူကြောင့် ရှေးဟောင်း ကျောက်တုံးကြီးဟာ ပူပြီး တောက်ပလာခဲ့တယ်..။ဒါက လိမ္မော်ရောင် အလင်းတွေတောငိ ထွက်ပေါ်နေခဲ့ပါပြီ..။

အချိန်ခနလောက်တော့ အရာအားလုံးက ပုံမှန်အတိုင်းရှိနေတုန်းပါပဲ..။

ယင်းနောက် တူညီတဲ့ တည်ငြိမ်မူနဲ့ပဲ..ကျောက်တုံးရုပ်တုကြီးဟာ..သူ့ရဲ့ တူကို ..အရိုးခေါင်းပေါ်ကို လွှဲပြီး ထုချလိုက်ပါတယ်..။တူ ရဲ့ ထိပ်ပိုင်းက..ရှေးဟောင်း အရိုးကို အလွယ်တကူ ထိုးဖောက်ဝင်သွားခဲ့ပြီး အထဲမှာ ပုန်းနေတဲ့ တယ်ရာ ရဲ့ အသွေးအသားတွေကို ထိမှန်သွားခဲ့တယ်..။

ဆန်နီကတော့ မိန်းမောစွာကြည့်နေခဲ့တယ်..။

သို့ပေမယ့် ခနအကြာမှာတော့..သူက နားစည်ကွဲလုမတတ်..ဆိုးဝါးတဲ့ အော်ဟစ်သံကြီး တစ်ခုကို ကြားလိုက်ရပါတယ်..။ဒီ ဆွဲဆွဲငင်ငင် ငိုကြွေးနဲ့ အသံကြီးက..သက်ရှိတွေ ဖန်တီးနိုင်လောက်တဲ့ အသံမျိုးမဟုတ်ပါဘူး..။ပြီးတော့..ကောင်းကင်ပေါ်မှာ ဒေါသတကြီးဖြစိပေါ်နေတဲ့ မိုးခြိမ်းသံတွေထက်လည်း ပိုပြီး ကျယ်လောင်ပါတယ်..။ဒါက ပင်လယ်ရဲ့ အနက်ပိုင်းမှာ နေတဲ့ သတ္တဝါ ဆီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီးသူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးကတော့ ကျောက်တုံးရုပ်တုကြီးကြောင့် ဒဏ်ရာရနေခဲ့ပါပြီ..။

ဒီသတ္တဝါကြီးရဲ့ ဆိုးဝါးတဲ့ ဒဏ်ရာကနေ တဆင့် အနက်ရောင်သွေးတွေ စီးကျနေတာကို ဆန်နီ မြင်နေခဲ့ရတယ်..။မဟုတ်ဘူး..သွေးတွေ မဟုတ်ဘူး..။ဒါက ခြားနားမူတော့ ရှိတယ်..။

တယ်ရာ ရဲ့ ခန္တာကိုယ်ကနေ စီးကျနေတဲ့ အရာတွေက..ဒီတိုင်း စစ်မှန်တဲ့ အမှောင်ထု တွေပါ..။

....ပြီးတောင် ဒီ အမှောင်နံရံကြီးက သူတို့ဆီကို ဦးတည်လာနေခဲ့တယ်..။

ရုတ်တရက် ဆန်နီဟာ အန္တရာယ်ကို ခံစားမိလိုက်ပါပြီ..။

ကျန်တဲ့ အဖွဲ့သားတွေအတွက်ကတော့..တယ်ရာရဲ့ခန္တာကိုယ်ကနေ ထွက်ပေါ်လာတဲ့ အမှောင်ထုက..သူတို့ဘေးနားမှာ ဝန်းရံနေတဲ့ အနက်ရောင် တိမ်တိုက်တွေ ၊ ပင်လယ်ရဲ့ အနက်ရောင်မျက်နှာပြင် ၊ ဒါမှမဟုတ် သူတို့အစောက သတ်ခဲ့တဲ့ ကျိုင်းကောင် တွေရဲ့ သွေးတွေနဲ့ ဘာမှ ကွာခြားမှာမဟုတ်ပါဘူး..။

သို့ပေမယ့် အရိပ်ကို ထွင်းဖောက်မြင်နိုင်တဲ့ ဆန်နီ အတွက်ကတော့ ဒါက မတူဘူးဆိုတာကို ချက်ချင်းပြောနိုင်ပါတယ်..။ဘာလ်ို့လဲဆ်ုတော့..သူ့အကြည့်က..အလင်းမရှိတဲ့ အရာရဲ့ မျက်နှာပြင်ကို ထိုးဖောက်မြင်နိုင်စွမ်းမရှိပေ..။

တစ်နည်းအားဖြင့်..ဒီ အမှောင်ထုသာ..သူတို့ရဲ့ ခန္တာကိုယ်ကို ထိသွားမယ်ဆိုရင်..သူတို့ အားလုံးတော့ အဆုံးသတ်ပြီ ဆိုတာကို သူ ကျိန်းသေပြောနိုင်ပါတယ်..။ဒီဟာက သေဆုံးတာထက် အကြိမ်တစ်ထောင်လောက် ဆိုးဝါးတဲ့ အရာတစ်ခု ဖြစ်လာမှာပါ..။

ဒီလို ကံတရားမျိုးကတော့..သူကိုယ်တိုင် ကြုံတွေ့ဖို့မပြောနဲ့ တွေးတောင် မတွေးဖူးပေ..။

သူ့ခန္တာကိုယ်ကို လှည့်လိုက်ပြီး ဆန်နီ ပါးစပ်ကို ဖွင့်ကာ ကျယ်နိုင်သလောက် ကျယ်အောင် အော်ပြောလိုက်တယ်..။

"နစ်...အလင်းရောင် ..."

အမှောင်ထုက သူတို့ကို လွှမ်းမိုးသွားဖို့အတွက် စက္ကန့် ပိုင်းလောက်သာ ကျန်ပါတော့တယ်..။တကယ်လို့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်သာ..သူ့စကားတွေကို နားခလည်ဖို့ ကြိုးစားရင်း အချိန်ကုန်နေတာ ၊ သူပြောတာကို နားထောင်သင့်လား စဥ်းစားနေတာ တွေ လုပ်နေမယ် ဆိုရငိ.....

သို့ပေမယ့် သူမ မလုပ်ခဲ့ပေ..။

ဆန်နီ ရဲ့ အသံမှာ ထိပ်လန့်မူတွေ အပြည့်အဝပါဝင်နေတာကို ကြားတာနဲ့ နစ်ဖီဟာ ချက်ချင်းပဲ သူမရဲ့ မီးတောက်တွေကို ဆင့်ခေါ်လိုက်ပြီး ဓားထဲကို ထည့်လိုက်က်ပါတယ်..။

မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေက အဖွဲ့သားတွေကို ဖုံးလွှမ်းသွားပြီး အမှောင်ထုတွေကို ပြန်တွန်းပို့လိုက်တယ်..။သတ္တဝါကြီးရဲ့ ဒဏ်ရာကနေ ထွက်ပေါ်လာတဲ့ အမှောင်ထု လှိုင်းတွေက စစ်မှန်တဲ့ အလင်းရောင်ကို ထိတွေ့လ်ိုက်တာနဲ့..နေ့အလင်းရောင်ကို မြင်တဲ့ အိပ်မက်ဆ်ိုးလို ထွက်ပြေးသွားခဲ့ပါတယ်..။

ဆန်နီ အသက်ကို ရူထုတ်လိုက်ပြီး အားအင်ကုန်ခမ်းစွာ ကျောက်တုံးပေါ် လဲကျသွားခဲ့တယ်..။

အရှေ့ကို ကြည့်လိုက်တဲ့အချိန်မှာတော့ ရှေးဟောင်း ​ကျောက်တုံးကြီးဟာ..ထူးမခြားနားစွာပဲ အရိုးခွံကို ကျိန်စာသင့်ပင်လယ်ထဲကို ပြန်ပစ်ချလိုက်တယ်..။အနက်ရောင် လက်ချောင်းတွေကတော့..သူ့အလိုလို အားနည်းသွားကြပြီး..ကျောက်တုံးလက်မောင်းကို ရစ်ပတ်ထားတာကနေ ဖြေလျော့ကာ..ခနအကြာမှာ ပင်လယ်လှိုင်းတွေကြား ပျောက်ကွယ်သွားခဲ့ပါတယ်..။

...ဘယ်အရာကိုမှ ဂရုမစိုက်စွာပဲ..ရှေးဟောင်းရုပ်ထုကြီးဟာ...တူကို ပြန်ချလိုက်ပြီး တောင်ဘက်ကို ဆက်လက် ဦးလိုက်ပါတယ်..။

ဒါက ..ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့တဲ့ အတိုင်းပါပဲ..။

ဆန်နီ အံကိုကြိတ်လိုက်ပြီး နောက်ဆုံးကျန်ရှိနေသေးတဲ့ ခွန်အား အကုန်လုံးကို စုစည်းကာ..ကျောက်တုံးသူတော်စင်ကို နောက်တစ်ကြိမ် ပြန်ဖက်ထားခဲ့လိုက်တယ်..။

မုန်တ်ိုင်းက အခုထိ မပြီးသေးပါဘူး..။

သို့ပေမယ့်..တစ်နည်းအားဖြင့်..ဒါက ထပ်ပြီး ကြောက်လန့်စရာ ၊ အန္တရာယ် ဖြစ်စရာ အခြေအနေ မရှိတော့ပေ..။

အမှန်တကယ်ပဲ သူတို့က ဘာမှထပ်ပြီး မကြုံတွေ့ခဲ့ရပေ..။နာရီတွေကြာပြီးနောက်မှာတော့..ဒေါသတကြီး တိုက်ခတ်နေတဲ့ လေထုက အားနည်းသွားခဲ့ပြီး ..အဆက်မပြတ်ကျဆင်းနေတဲ့ မ်ိုးရေ တွေက

မိုးစက် လေးတွေ အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်..။

မှောင်မိုက်နေတဲ့ တိမ်တိုက် အစုအဝေးတွေဟာလည်း တဖြည်းဖြည်း လွင့်စင်သွားပြီး...နေရဲ့ အလင်းရောင်က ပြန်လည် ထွက်ပေါ်လာခဲ့ပါပြီ..။

ဒီလိုနဲ့ မုန်တိုင်းက အဆုံးသတ်သွားခဲ့တယ်..။

အေးစက်တဲ့ ကျောက်တုံး မျက်နှာပြင်ပေါ်မှာ လဲလျောင်းနေရင်း..ဆန်နီဟာ ကောင်းကင်ပေါ်ကိုမျက်နှာမဲ့စွာ ကြည့်နေခဲ့တယ်..။

' အခုမှ လုံခြုံတဲ့ ပုံစံ လုပ်ပြမနေနဲ့..'

All Chapters