#တိုက်ခိုက်ရန် ပြင်ဆင်ခြင်း#
Vol. 50 Ch. 701
ယဲ့ချိုးပိုင်နှင့် လင်းကျိနန်တို့က လဲ့ကျန်းချီ၏စကားလုံးများကို သဘောတူကြသည်။
အကယ်၍ သူတို့သာ အခုတိုက်ခိုက်မည်ဆိုပါကတစ်ဘက်လူက တိုက်ခိုက်ရန် ပြင်ဆင်ဆဲအဆင့်တွင်သာ ရှိနေပေလိမ့်မည်။ သို့သော် ဒါကဖြစ်နိုင်ချေတစ်ခုသာ။
သို့စေကာမူ ဘာတစ်ခုမှမသိသည့် အခြေအနေတွင် သူတိုက်ခိုက်ရန်အတွက် ပဏာမခြေလှမ်းလှမ်းချင်သည်။
အရှိန်ပိုမြန်မြန်၊ အောင်မြင်နှုန်းပိုမြင့်လေလေဖြစ်သည်။
ထိုအချိန်တွင် လင်းကျိနန်ပြောသည်။
"ငါတို့ပဏာမခြေလှမ်းလှမ်းပြီး တိုက်ခိုက်နိုင်တယ်၊ ဒါပေမယ့် ငါတို့မတိုင်ခိုက်ခင် ငရဲမြို့တစ်ဝိုက်က မြေမျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်းနားလည်အောင် မြောင်ပန်တုံကို လွှတ်ရမယ်၊ တစ်ချိန်တည်းမှာပဲ တစ်ခြားဘက်က လူတွေက ငရဲမြို့ထဲမှာရှနလားဆိုတာ ငါတို့သိဖို့လိုတယ်"
"ဘယ်လိုပဲဆိုဆို ဒါကတစ်ဘက်ရဲ့ ထောင်ချောက်ဖြစ်ပြီး ငါတို့ကို ဆွဲဆောင်နေတာလည်း ဖြစ်နိုင်တယ်၊ ဒီတော့ ငါတို့နှစ်ဘက်စလုံးက တိုက်ရိုက်ချီတက်ပြီး မြို့ကို သိမ်းပိုက်ရမယ်"
လဲ့ကျန်းချီခေါင်းညိတ်သည်။
"မင်းဒီအကြောင်းကို စိုးရိမ်နေစရာမလိုပါဘး၊ မြောင်ပန်တုံဒါကို သေချာစစ်ဆေးစုံစမ်းထားပြီးပါပြီ"
ထို့နောက် သူမြေပုံတစ်ချပ်ကို ထုတ်ယူလိုက်၏။
မြေပုံက ငရဲမြို့တစ်ဝိုက်က မြေမျက်နှာသွင်ပြင်နှင့် မြို့ရိုးပေါ်မှ အစောင့်များကို ရှင်းလင်းစွာ သရုပ်ဖော်ထားသည်။
"ငရဲဂိုဏ်းနဲ့ ကောင်းကင်မြေအောက်ခန်းမက လူတွေအားလုံးက ငရဲမြို့ထဲမှာရှိတယ်"
မြောင်ပန်တုံ၏ စစ်ဆေးမှုအဆင့်အပေါ် လင်းကျိနန် လုံး၀မစိုးရိမ်ပေ။
တစ်ဘက်ဘူတွင် မြေအင်မော်တယ်နယ်ပယ်ထက် ကျော်လွန်သည့် အကာအကွယ်အခင်းအကျင်း သို့မဟုတ် ပုံရိပ်ယောက်အခင်းအကျင်းတစ်ခုခု မရှိသေးသရွေ့ မြောင်ပန်တုံ၏ စူးစမ်းရှာဖွေမှုကို ရှောင်ရှားရန်ဟူသည် မဖြစ်နိုင်။
"ဒီလိုဆိုမှတော့ လူစပြီစုကြရအောင်"
ယဲ့ချိုးပိုင် နောက်ဆုံးဆုံးဖြတ်ချက် ချလိုက်ပြီးနောက် မြေပုံပေါ်က ငရဲမြို့၏ မြောက်ဘက်မြို့ရိုးအပြင်ဘက်ကို ညွှန်ပြသည်။
ဒီနေရာက ပုန်းကွယ်ကာ အသင်းများ စုစည်းရန်အတွက် အလွန်အမင်း သင့်တော်သည့် ထူထပ်သော တောင်ကုန်းများရှိသည့် သစ်သောတစ်ခုပင်။
ငရဲဂိုဏ်းနှင့် ကောင်းကင်မြေအောက်ခန်းမမှ လူအားလုံးက ငရဲမြို့တွင် ရှိနေကြလေရာ မြို့ကို စောင့်ကြပ်ရန်ကိုမူ စဉ်းစားနေစရာပင်မလို။
မည်သို့ပင်ဆိုစေကာမူ ဒါက မြို့ကြီးတိုက်ပွဲများကဲ့သို့မဟုတ်ဘဲ မြို့ငယ်တိုက်ပွဲတစ်ခုသာ။
သူတို့က လူအင်အားကို အပြည့်အ၀ အသုံးချရပေမည်။
ထိုအချိန်တွင် ငရဲမြို့မှ မိုင်ရာချီဝေးသည့် တောင်ကုန်းတစ်ခုပေါ်က ထူထပ်သော သစ်တော၌ ကြယ်တိမ်တိုက်မြို့နှင့် မြေအောက်သရဖူ(နတ်ဆိုးဘုရင်)မြို့တို့က ဒီနေရာ၌ စုစည်းနေကြသည်။
ကြယ်တိမ်တိုက်မြို့ဘက်တွင် ခေါင်းဆောင်က လဲ့ကျန်းချီဖြစ်သည်။
သူက ယဲ့ချိုးပိုင်လို ရှေ့တွင်ရပ်နေသည်။
ထိုအချိန်တွင် လင်းကျိနန်မြေပုံကိုကိုင်ရင်း မြေပြင်၌ဖြန့်ကာ လက်ညိုးထိုးပြသည်။
"ငါတို့က လက်ရှိ မြောက်တံခါးမှာရှိတယ်"
"သူတို့က လူရှစ်ယောက်ပဲရှိတယ်ဆိုပေမယ့် စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ မြို့ရိုးကို စောင့်ကြပ်နေကြတဲ့ ရုပ်သေးတွေရှိတယ်၊ ဒီရုပ်သေးအားလုံးက အင်မော်တယ်တပိုင်းနယ်ပယ် တစ်၀က်အဆင့်ဖြစ်ပုံရတယ်"
"မြို့ရိုးတစ်ခုစီမှာ နှစ်ခုစီရှိတယ်"
မည်သူမှ မနှောက်ယှက်ကြပေ။ သူတို့က လင်းကျိနန်၏ ဂုဏ်သတင်းကို အတွေးအခေါ်ဘုရင်ဟူ၍ ကြားဖူးထားကြပြီးဖြစ်သည်။
သူ့အတွက် ညွှန်ကြားပေးတာက အသင့်တော်ဆုံးပင်။
"ငါတို့မှာ တကယ်ပဲလုံလောက်တဲ့ လူအင်အားမရှိဘူး၊ အများကြီး ငါတို့်မှာ လူ၁၇ယောက်ပဲရှိတယ်"
ယဲ့ချိုးပိုင်ဘက်တွင် ချီပင်းနှင့် ကုရှီသေသွားသဖြင့် လူရှစ်ယောက်သာကျန်ခဲ့သည်။
ကြယ်တိမ်တိုက်မြို့တွင် လဲ့ကျန်းချီ၊ ချန်ဟွီနှင့် မြောင်ပန်တုံတို့ဦးဆောင်လာသည့် လူကိုးယောက်ရှိသည်။
"ငါတို့ခုနှစ်ယောက်အတွက် ငရဲဂိုဏ်းရဲ့ လေးဘက်စလုံးကို တစ်ချိန်တည်းမှာ တိုက်ခိုက်ဖို့ဆိုတာက လက်တွေ့မကျဘူးဆိုတာ သိသာနေတယ်၊ ဒီနည်းလမ်းနဲ့ဆိုရင် ငါတို့လူအင်အားတွေက ပြန့်ကြဲသွားပြီး အချီမီ ထောက်ပံ့ပေးဖို့အတွက် အဆင်ပြေတော့မှာ မဟုတ်တော့ဘူး"
လင်းကျိနန် မြို့ရိုးအရှေ့ပိုင်းကို ညွှန်ပြသည်။
"မြို့ရိုးအရှေ့ဘက်ခြမ်းအပြင်မှာ လွင်ပြင်တစ်ခုရှိတယ်၊ ဒါနဲ့မြောက်မြိုးရိုးကြားမှာ အတားအဆီးမရှိဘူး၊ ဒါကြောင့် ဒါက ငါတို့ရဲ့ တိုက်ခိုက်ရမယ့်နေရာတစ်ခုပဲ၊ ငါတို့ မြေအောက်သရဖူမြို့ကလူတွေက ထိပ်တိုက်ရင်ဆိုင်မယ်"
"မင်းတို့က မြောက်ဘက်ကနေ မြို့ရိုးကို တိုက်ခိုက်ရမယ်"
"အရှေ့မြို့ရိုးကြောင့် ငါတို့တိုက်ခိုက်မယ့် နေရာက လွင်ပြင်တစ်ခုမှာဖြစ်နေတော့ မင်းတို့အရင်တိုက်ခိုက်ရမယ်"
"ဒီနည်းလန်းနဲ့ ငါတို့နောက်ဆုတ်တိုက်ခိုက်နိုင်တယ်၊ တစ်ဘက်လူရဲ့အာရုံကို ဆွဲဆောင်ပြီးရင် ငါတို့အရှေ့ဘက်ကနေ တိုက်ခိုက်မယ်"
လင်းကျိနန်၏တိုက်ခိုက်ရေးနည်းလမ်းက အရမ်းရိုးရှင်းသော်လည်း အတော်လေးထိရောက်သည်။
သူတို့နှစ်ဘက်စလုံးတွင် လူအလုံအလောက်မရှိသည့် အခြေအနေတွင် သူတို့ အတားအဆီးမရှိဘဲ ဘက်နှစ်ဘက်ကနေ တိုက်ခိုက်ကြမည်။
ပထမချက်က သူတို့က ပြိုင်ဘက်၏ခံစစ်လိုင်းကို ရှည်အောင် လုပ်နိုင်သည်။
ဒါ့အပြင် ဒါက တစ်ဘက်အဖွဲ့ကို အရှေ့ပိုင်းမြို့ရိုးကို ချက်ချင်းမထောက်ပံ့နိုင်စေရန်အတွက် တွန်းအားပေးနိုင်မည်ဖြစ်သည်။ ဒါက ကြယ်တိမ်တိုက်မြို့ကို တိုက်ခိုက်ရင်း သူတို့ခွန်အားများကိုလည်း ပြန့်ကြဲသွားစေနိုင်သည်။
ဒါကရိုးရှင်းသော်လည်း တိုက်ခိုက်ရန်အတွက် အသင့်တော်ဆုံးနည်းလမ်းပင်။
တစ်နည်းအားဖြင့် ဒါကစစ်ပွဲတွင် မကြာခဏဆိုသလို အသုံးပြုလေ့ရှိသည့် နှစ်ဖက်ညှပ်တိုက်ခိုက်ခြင်းဗျူဟာပေတည်း။
တစ်ကိုယ်တော်ကျင့်ကြံသူများဘက်တွင် တစ်ယောက်က မေးခွန်းတစ်ခုမေးလာသည်။ ဒီလူကလည်း ထူးချွန်သည့် တစ်ကိုယ်တော်ကျင့်ကြံသူ နီပင်းချန်ဖြစ်သည်။
သူက အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်နေလေပြီ။
နီပင်းချန် အနည်းငယ်မျက်မှောင်ကြုတ်သည်။
"မင်ဘာလို့ဘာလို့မြောက်ဘက်က မတိုက်ခိုက်ရတာလဲ"
မြောက်ဘက်မှ တိုက်ခိုက်သူများက ရန်သူ၏အင်အားကို ဆွဲဆောင်ရန်အတွက် ရှေးပြေးတပ်အဖြစ် လုပ်ဆောင်ရမည်ဖြစ်သည်။
အပေါ်ယံတွင် စွန့်စားရမည့်အကြောင်းခံကလည်း အတော်လေးမြင့်မားသည်။
လင်းကျိနန်ပြုံးရင်း နီပင်းချန်ကိုကြည့်သည်။
"ဒီလိုဆိုရင် မင်းတို့လည်း အရှေ့ဘက်ကနေ တိုက်ခိုက်ဖို့ကို ရွေးချယ်လို့ရပါတယ်၊ အရှေ့ဘက်မှာ လွင်ပြင်ကြီးတစ်ခုရှိတယ်၊ မင်းတို့တိုက်ခိုက်လို့ပဲရမယ်၊ ဒါပေမယ့် နောက်ဆုတ်ပြီး ခုခံကာကွယ်ဖို့ဆိုတာက မလွယ်ကူဘူး"
နီပင်းချန်ပြောနေသည်ကိုပင် စောင့်မနေတော့ဘဲ လဲ့ကျန်းချီခေါင်းညိတ်သည်။
"ငါတို့မင်းပြောသလိုလုပ်မယ်"
ယဲ့ချိုးပိုင်လည်းခေါင်းညိတ်သည်။
ဒါကိုမြင်သောအခါ လင်းကျိနန်ပြောသည်။
"ကောင်းပြီ၊ နေ၀င်ပြီး မင်းတို့တိုက်ခိုက်တာကို ငါတို့မြင်တာနဲ့ ငါတို့လည်းတိုက်ခိုက်မယ်၊ နားလည်လား"
အားလုံးခေါင်းညိတ်ကြသည်။
ထို့နောက် အရှေ့ဘက်မြို့ရိုးအပြင်တွင် ပုန်းရန်အတွက် ယဲ့ချိုးပိုင် မြေအောက်သရဖူမြို့က လူများကို ဦးဆောင်သွား၏။
သူတို့နောက်ကျောကိုကြည့်ရင်း နီပင်းချန်မျက်မှောင်ကြုတ်သည်။
"ငါတို့သူတို့ကို ဘာလို့ငါတို့ကို ညွှန်ကြားခွင့်ပေးရမှာလဲ"
လဲ့ကျန်းချီသူ့ကို စိုက်ကြည့်လိုက်၏။
"မင်းလည်းပိုကောင်းတဲ့နည်းလမ်းတစ်ခုကို တွေးနိုင်ရင် တပ်မှူးတစ်ယောက်ဖြစ်လာနိုင်တယ်"
နီပင်းချန်အရှက်ရသွားပြီး ကြည့်ရဆိုးသည့် အမူအရာဖြင့် ပါးစပ်ပိတ်လိုက်ရသည်။
ချန်ဟွီ လဲ့ကျန်းချီဘေးသို့ ရောက်လာစဉ် စုမုယောင်၊ လဲ့ကျန်းချီနှင့် ကျန်သောသူများက ယဲ့ချိုးပိုင်ကို ၀န်းရံနေတာကို တွေ့လိုက်သည်။
သူသိချင်စိတ်ဖြစ်သွားသည်။
"ဒီလူကတကယ်ပဲ ဘယ်သူများလဲ၊ သူက စုမိသားစုသမီးကြီးနဲ့ ဝိဉာဉ်အင်မော်တယ်နန်းတော်က လင်းကျိနန်တို့ကိုတောင် သူ့နောက်ကို လိုလိုလားလားလိုက်ပါအောင် လုပ်နိုင်တယ်"
စုမိသားစု၏သမီးကြီး စုမုယောင်!
ဝိဉာဉ်အင်မော်တယ်နန်းတော်၏ အတွေးအခေါ်ဘုရင် လင်းကျိနန်!
သူတို့နှစ်ယောက်စလုံးက အလွန်အမင်း အစွမ်းထက်သည့်ပုံရိပ်များ ဖြစ်ကြသည်။
ချန်ဟွီပင်လျှင် သူတို့ကိုယဉ်ကျေးရသည်။
လဲ့ကျန်းချီ ဗျပ်စောင်းကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ထူးမခြားနားစွာပြောသည်။
"ဒီလူက သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်ဆိုပေမယ့် အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်က ကုရှီကို အနိုင်ယူနိုင်တယ်"
ချန်ဟွီတုန်လှုပ်ချောက်ချားသွားရသည်။
သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံသူက အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်က ကုရှီကို အနိုင်ယူနိုင်တာလား!
ကုရှီကဘယ်သူလဲ!
သူကဝိဉာဉ်အင်မော်တယ်နန်းတော်မှ ပါရမီရှင်ဖြစ်သည်။
သူ့တိုက်ခိုက်ရေးခွန်အားက သူနှင့်ပင် ယှဉ်၍ရသည်။
"ဒါ့အပြင် သူငါ့ကိုပါ အနိုင်ယူခဲ့တယ်" လဲ့ကျန်းချီ ချန်ဟွီကို ထူးမခြားနားစွာ ကြည့်ရင်း မေးသည်။
"အခု သူက အရည်အချင်းရှိတယ်ဆိုတာကို မင်းသံသယဖြစ်နေသေးလား"
ချန်ဟွီလေးနက်စွာခေါင်းညိတ်သည်။
"ဒီလိုဆိုရင်တော့ သူအဲဒီအုပ်စုရဲ့ အလယ်မှာ ရပ်နိုင်ဖို့ အရည်အချင်းမှီပါတယ်"
သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးက ယခုလိုအဆင့်အထိ ရောက်လာနိုင်ပြီး ကုရှီနှင့် သူပင်လျှင် ပြိုင်ဘက်မဖြစ်နိုင်သော လဲ့ကျန်းချီတို့ကို အနိုင်ယူခဲ့သည်။
ဒါပေမယ့် ငါဘာလို့အရင်က ဒီလိုမွန်းစတားမျိုးကို တစ်ခါမှ မကြားဖူးရတာလဲ!
"ကောင်းပြီ၊ မင်းရဲ့အခြေအနေကို ကိုက်ညှိအောင်လုပ်ဦး၊ နေ၀င်တာနဲ့ ချက်ချင်း တိုက်ခိုက်ကြမယ်"
"မြောင်ပန်တုံ၊ တဘက်လူရဲ့လှုပ်ရှားမှုတွေကို အမြဲအာရုံစိုက်ထား"
ထို့နောက် လဲ့ကျန်းချီ မြေပေါ်၌ တင်ပလ္လင်ခွေထိုင်လိုက်သည်။
တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ငါးဆယ်မီလိုမီတာအဝေးကို ရောက်လာကြပြီဖြစ်သည်။ သူတို့ထိုနေရာ၌ပင် ရပ်ကာ အဝေးတစ်နေရာက ငရဲမြို့ကို ကြည့်လိုက်ကြ၏။
မုဖူရှန်းဘေးကနေပြောသည်။
"သူတို့မှာ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ဖိနှိပ်ထားနိုင်တဲ့ စေတီရတနာလေးတစ်ခုရှိနိုင်တယ်၊ ဒီတော့ ငါတို့တိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူး"
"ဒါ့အပြင် ဒါနဲ့ပတ်သက်ပြီး ငါမကောင်းတဲ့ ခံစားချက်တစ်ခုရနေတယ်"
မုဖူရှန်း၏ လေးနက်သောစကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ထို့နောက်သူပြောသည်။
"နောက်ထပ်အန္တရာယ်မရှိတော့ဘူးလို့ မင်းဘယ်အချိန်ကများ ခံစားခဲ့ရဖူးလို့လဲ"
မုဖူရှန်း "....."
အပိုင်း(702) coming။