#ညတာဆင်းသက်လာခြင်း၊ သွေးအလင်းပွင့်လန်းခြင်း#
Vol. 50 Ch. 702
သေမင်းဝိဉာဉ်မြို့အလယ်ဗဟို၌ နေက တောက်ပနေသည့် ကြယ်စင်စုဘေးတွင် တွဲလွဲခိုနေတာကို မြင်နိုင်သည်။
အချိန်ကြာလာတာနှင့်အမျှ နေမင်းကြီးက ဖြည်းဖြည်းချင်း၀င်လာသည်။
ငရဲမြို့၏ အရှေ့ဘက်မြို့ရိုးတွင် နေရောင်ခြည်က ဖြည်းညင်းစွာ တိမ်းစောင်းလာ၏။ ငရဲမြို့၏အရိပ်က အရှေ့ဘက်ကို မျက်နှာထားသည့် မြို့ရိုးအပြင်ဘက်ကို ဖြည်းဖြည်းချင်းပျံ့သွားသည်။
ကမ္ဘာကြီးကပို၍ပင် မှောင်မိုက်လာပြီး အရိပ်က စတင်ကျယ်ပြန့်လာသည်။
ဒါက ညတာယံ ဖြည်းဖြည်းချင်း ကျဆင်းလာနေပြီဟု ဆိုလိုနေခြင်းပင်။
ပတ်ဝန်းကျင်က တည်ငြိမ်နေပုံရပြီး လေပြေလေညင်းများကသာ ကျီစယ် တိုက်ခတ်နေသည်။ လွင်ပြင်ပေါ်က အဝါရောင်သဲနှင့်ကြယ်ပွင့်များက ပြန့်ကြဲကာ လွင့်မြောသွားကြ၏။
မြို့ရိုးမြောက်ပိုင်းက ထူထဲသည့်သစ်တောထဲသို့ သစ်ရွက်များက တဟူးဟူးမြည်ဟီးနေကြသည်။
ငရဲမြို့တွင် အရာအားလုံးက ငြိမ်းချမ်းနေပုံရသည်။
ကျန်းချန်မေးသည်။
"သူတို့မြို့ကိုတိုက်ခိုက်မှာလား၊ ငါတို့ ဘိုးဘေးကို နှိုးတုန်းက ကောင်းကင်ပေါ်ထိုးတက်သွားခဲ့တဲ့ သွေးရောင်အလင်းတိုင်က ငါတို့ငရဲမြို့ရဲ့တည်နေရာကို သေချာပေါက် ဖော်ပြခဲ့လောက်တယ်"
"ဒါမှမဟုတ်၊ အော်ရာကအရမ်းအားကောင်းလွန်းလို့ သူတို့လာရဲတာများလား"
ပန်ရှီရော ကွေ့ကောရင်ပါ တစ်ပြိုက်တည်း ခေါင်းခါယမ်းလိုက်ကြသည်။
"အဲဒီတစ်ကိုယ်တော်ကျင့်ကြံသူအုပ်စုဖြစ်စေ၊ စုမုယောင်ဖြစ်စေ၊ လင်းကျိနန်ဖြစ်စေ သူတို့က ဂုဏ်ယူရပြီး မာနကြီးတဲ့သူတွေပဲ၊ သူတို့ကမြို့ထဲမှာပဲ ငြိမ်ငြိမ်လေးပုန်းနေတတ်တဲ့ သူတွေမဟုတ်ဘူး"
"ဒါ့အပြင်....."
ပန်ရှီနှင့် ကွေ့ကောရင်တို့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။
ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့က တိတ်ဆိတ်စွာ သည်းခံနေတတ်မည့်သူများမဟုတ်ပါ။
ဒါ့အပြင် ရေးထွင်းထားသည့် အဆောင်များကလည်း ပါရှိသည်။
"ဒီလိုဆိုသူတိုဘာလို့ ဒီမှာမရှိရသေးတာလဲ"
ပန်ရှီ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး လက်ပိုက်သည်။
"မစိုးရိမ်ပါနဲ့၊ သူတို့လာပြီးအသေခံတာကိုပဲ စောင့်ကြည့်ပါ"
"ဒါ့အပြင် ဘာမှမမှားဘူးဆိုရင် ညဘက်မှာ တစ်ခုခု သေချာပေါက် ဖြစ်ပျက်လာလိမ့်မယ်"
ပန်ရှီ၏ခန့်မှန်းမှုက မှန်သည်ဟုဆို၍ရသည်။
နေရောင်လုံး၀ပျောက်ကွယ်သွားသောအခါ ကြယ်စယ်စုက ကောင်းကင်ပေါ်၌ တက်ချိတ်လာသည့်အချိန်တွင်ပင် မြောက်ဘက်မြို့ရိုးမှ အော်ရာတစ်ခု ချက်ချင်း ထိုးထွက်လာပြီး လေနှင့်မိုးကြိုးစွမ်းအားက ၀င်လာခဲ့သည်။
ဗျပ်စောင်းသံက စစ်တပ်တစ်တပ်အလား ကျယ်လောင်လှသည်။
အင်အားစုအားလုံးက မြို့ရိုးပေါ်က အင်မော်တယ်တပိုင်းတစ်၀က်အဆင့် ရုပ်သေးနှစ်ခုကို တိုက်ခိုက်ကြသည်။
ဒါကိုမြင်သောအခါ ပန်ရှီချက်ချင်းပြောသည်။
"သူတို့လာကြပြီ၊ သတ်ကြ"
"သူတို့ရဲ့ဝိဉာဉ်တွေကို နှုတ်ယူဖို့သတိရ၊ ဘိုးဘေးရဲ့ဝိဉာဉ်က အားနည်းသေးတယ်၊ သူတို့ဝိဉာဉ်က ဘိုးဘေးကို အရမ်းကြီး မကောင်းလာနိုင်စေဘူးဆိုပေမယ့် ခြင်တစ်ကောင်ရဲ့ခြေထောက်ကလည်း အသားဖြစ်နေတုန်းပဲ"
အားလုံးခေါင်းညိတ်သည်။
ငရဲဂိုဏ်းမှ လူလေးယောက်က မြောက်ပိုင်းမြို့တံခါးသို့ ပြေး၀င်သွားကြ၏။
ကောင်းကင်ပြာမြစ်ဝါနန်းတော်ဘက်တွင် ဟန်လီချန်း ကွေ့ကောရင်ဘက်သို့လှည့်ပြီးမေးသည်။
"စီနီယာအစ်ကိုကွေ့၊ ငါတို့ရော ကူညီကြမလား"
ကွေ့ကောရင်ခေါင်းခါယမ်းသည်။
"အလောတကြီးလုပ်စရာမလိုဘူး၊ အရင်ဆုံးတစ်ချက် သွားကြည့်ကြရအောင်၊ သူတို့က ငါတို့ရဲ့ပြိုင်ဘက်မဟုတ်ရင် ငါတို့အရေးယူဆောင်ရွက်ကြတာပေါ့"
လိုအပ်သည့်အချိန်ကူညီခြင်းက ကိတ်မုန့်ပေါ်က အချိုထက်ပင် အများကြီး ပိုအဖိုးတန်ပါသည်။
ဟန်လီချန်းနှင့် ကျန်သောသူများခေါင်းညိတ်သည်။
သူတို့ကလည်း ပန်ရှီတို့လေးယောက်နောက်မှ လိုက်လာခဲ့ကြပြီး မြောက်ဘက်မြို့ရိုးကို ရောက်လာကြသည်။
လဲ့ကျန်းချီနှင့် ကျန်သောသူများ၏ တိုက်ခိုက်မှုအောက်တွင် အင်မော်တယ်တပိုင်းနယ်ပယ် တစ်၀က်အဆင့် ရုပ်သေးနှစ်ရုပ်က ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းသွားသည်။
တိုက်ချက်များက မြို့ရိုးဆီသို့ အဆက်မပြတ် ဦးတည်နေသည်။
ပန်ရှီနှင့်ကျန်သောသူများက မြို့ရိုးပေါ်တက်ပြီး တစ်ချိန်တည်းတွင် လက်ဖဝါးချက်များ ရိုက်ထုတ်လိုက်ကြ၏။
သွေးချီကသိပ်သည်းလာပြီး ရောင်စုံလက်ဖဝါးချက်ဘေးချက်က ၀င်လာသည့် တိုက်ခိုက်မှုများကို တိုက်ခိုက်သည်။
တစ်ခြားကိုးဦး၏တိုက်ခိုက်မှုအောက်တွင် နှစ်ဘက်စလုံးက ထိပ်တိုက်တွေ့ဆုံကြသည်။
နောက်ဆက်တွဲလိုင်းများက အသံလှိုင်းများအဖြစ် ပြောင်းသွားပြီး ပတ်၀န်းကျင်၌ ပျံ့ကာ ကျယ်လောင်သည့်အသံများကို ထုတ်လွှတ်နေသည်။
ပန်ရှီနှင့်ကျန်သောသုံးယောက်က အနည်းငယ်နောက်ဆုတ်လိုက်ရပြီး သွေးလက်ဖဝါးချက်က ပျောက်ကွယ်သွား၏။
တစ်ချိန်တည်းမှာပင် တစ်ဘက်လူ၏ တိုက်ခိုက်မှုကလည်း ပျောက်ကွယ်သွားခဲ့သည်။
ပန်ရှီ လေးနက်သည့်အမူအရာဖြင့် ရှေ့ကို ကြည့်လိုက်သော်လည်း သူမြင်ချင်သည့် လူကို မတွေခဲ့ပါ။
ထို့ကြောင့် သူမေးလာသည်။
"လဲ့ကျန်းချီ၊ ချန်ဟွီ၊ ဒီမှာမင်းတို့တစ်ကိုယ်တော် ကျင့်ကြံသူတွေပဲလား"
လဲ့ကျန်းချီ၏အမူအရာက တည်ငြိမ်နေသည်။ သူဗျပ်စောင်းကို ပေါင်ပေါ်တင်ရင်း လက်နှစ်ဖက်နှင့်ပွတ်သပ်ကာ လက်ချောင်းသုံးချောင်းကို ကြိုးပေါ် တင်လိုက်၏။
"ဘာလို့လဲ၊ မင်းဘယ်သူ့ကိုတွေ့ချင်သေးလို့လဲ"
ချန်ဟွီ လက်ထဲက လှံနှင့်အတူ ရှေ့တစ်လှမ်းတိုးသည်။
လှံရှည်ပေါ်၌ လေနှင့်မိုးကြိုးစွမ်းအားက အဆက်မပြတ် လည်ပတ်နေသည်။ မိုးကြိုးနဂါးအသက်ရှူသံတစ်ခုအလား အသံက လှံထိပ်ကနေ ထွက်လာသည်။
ချန်ဟွီ၏မျက်နှာထက်တွင် မောက်မာသည့် အပြုံးတစ်ပွင့်ရှိပြီး သူ့လှံဆန္ဒက အဆက်ပြတ် ပေါက်ကွဲနေသည်။
သူ့စရိုက်က ကိုယ်ထဲကအော်ရာနှင့် အတိအကျတူပြီး လှံတစ်စင်းပမာ ကောင်းကင်ပေါ် ထိုးတက်သွား၏။
"အဆင့်နိမ့်မိစ္ဆာကျင့်ကြံသူတစ်ချို့ပဲမလား၊ ငါတို့အနည်းငယ်က မင်းတို့ကို ကိုင်တွယ်ဖို့ လုံလောက်ပါပြီ"
ပန်ရှီဒေါသထွက်ရမည့်အစား ရယ်မောလိုက်သည်။
"မင်းကအရမ်းမောက်မာတယ်လို့ ငါကြားဖူးတာကြာပါပြီ၊ ကြည့်ရတာ....."
သို့စေကာမူ သူစကားပြော၍မပြီးသေးခင်မှာပင် ပန်ရှီ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူရုတ်တရက် ခေါင်းလှည့်လိုက်ကာ အရှေ့ဘက်မြို့ရိုးကို ကြည့်လိုက်၏။
အရှေ့ဘက်မြို့ရိုး၌ အဖျက်အဆောင်စွမ်းအားတစ်ခုနှင့် ဓားဆန္ဒက မြို့ရိုးကို တိုက်ခိုက်နေပြီဖြစ်သည်။
မြို့တံထါးကကျိုးပဲ့ကာ သစ်သားအပိုင်းအစများအဖြစ် နေရာတိုင်းသို့ ပြန့်ကြဲသွားကြသည်။
"မင်းတို့အင်အားတွေစုစည်းလိုက်ကြပြီလား"
ပန်ရှီ၏မျက်လုံးများက တစ်ခဏမျှ အံ့ဩသင့်မှုများနှင့် ပြည့်နှက်နေပြီးနောက် ပုံမှန်ပြန်ဖြစ်သွားသည်။
သူဒါကိုဂရုမစိုက်သည့်အသွင်။
"ကွေ့ကောရင်၊ အဲကိုသွားပြီးသူတို့ကို တားလိုက်ဦး၊ ဒီနေရာမှာ ငါတို့ပြီးသွားရင် သူတို့ကို လာကိုင်တွယ်မယ်"
သူတို့မြို့ကိုတိုက်ခိုက်လာစေကာမူ ဘိုးဘေးက သူတို့ကို သတ်နိုင်သော်လည်း ဘိုးဘေးအဖို့ အစောကြီးကတည်းက မထုတ်ဖော်ပြတာက ပိုကောင်းသည်။
ဒါအပြင် သူတို့က ဒီလိုကိစ္စသေးသေးလေးတွင် ဘိုးဘေး၏အကူအညီကို လိုအပ်မည်လား။ ဒါကဘိုးဘေးကို သူတို့အပေါ် အထင်အမြင်သေးရာ မကျသွားဘူးလား။
ကွေ့ကောရင် ပန်ရှီကို တစ်ချက်စိုက်ကြည့်ပြှးနောက် ဟန်လီချန်းနှင့် ကျန်နှစ်ယောက်ကို မြို့ရိုးဆီသို့ ဦးဆောင်သွားသည်။
ပန်ရှီ၏စကားလုံးများကို ကြားသောအခါ ချန်ဟွီနှာခေါင်းရှုံ့သည်။ သူလှံကို ပခုံးထိ ကျယ်အောင် ဒေါင်လိုက်မြှောက်လိုက်သည်။ လှံထိပ်က ထက်ရှသောငွေရောင်အလင်းနှင့် တောက်ပနေပြီး ပန်ရှီအား ညွှန်နေသည်။
"မင်းတို့လေးယောက် ငါတို့အားလုံးကို သတ်ချင်တာလား"
"မင်းငါတို့ကို နည်းနည်းအထင်သေးလွန်းတယ် မထင်ဘူးလား"
လဲ့ကျန်းချီ၏အမူအရာက လုံး၀ပြောင်းလဲခြင်းမရှိသော်လည်း သူ့မျက်လုံးများက အေးစက်မှုကမူ ပို၍ပင်ပြင်းထန်လာသည်။
နီပင်းချန်၏မျက်နှာက ဒေါသဖြင့် ပြည့်နှက်နေသညိ။
သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကာ စုမုယောင်နှင့် လင်းကျိနန်ကဲ့သို့ နောက်ကွယ်က စွမ်းအားမရှိသော်လည်း နှစ်များစွာလေ့ကျင့်မှုကနေ တည်ဆောက်ခဲ့သည့် သူတို့၏ပါရမီနှင့် ဂုဏ်သတင်းက သူတို့စရိုက်ကို ပို၍ပင်မောက်မာလာစေပြီး သူတို့စံနှုန်းကို ပိုမြင့်စေသည်။
ပန်ရှီနှင့်ကျန်သုံးယောက်၏ အထင်အမြင်သေးခြင်းကို ခံရခြင်းက သူတို့ကို ဒေါသထွက်စေသည်။
"မင်းတို့ကိုအထင်သေးနေတာမဟုတ်ပါဘူး"
ပန်ရှီလက်ကိုဖွင့်လိုက်စဉ် သွေးရောင်အလင်းတစ်ခုက သူ့မျက်ခုံးအကြား လင်း၀င်းလာသည်။
ထို့နောက်ကျန်းချန်၊ ဟန်ဟွားနှင့် ယုဟောင်တို့ကလည်း ပန်ရှီနှင့်အလားတူ လုပ်ခဲ့ကြသည်။
အလားတူပင် သူတို့၏မျက်ခုံးများကြား၌ သွေးရောင်အလင်းတစ်ခုပေါ်လာသည်။
"ငါသာမင်းတို့ကို အထင်သေးမယ်ဆိုရင် ဒီလှုပ်ရှားမှုကို သုံးမှာတောင်မဟုတ်ဘူး"
"ဒါပေမယ့် ဒီလှုပ်ရှားမှုကိုသုံးပြီးတာနဲ့ ခုခံဖို့အတွင် မင်းတို့မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး...."
သူစကားပြောပြီးသည်နှင့် ပန်ရှီနှင့်ကျန်သုံးယောက်၏ နဖူးပေါ်က သွေးရောင်အလင်းများက တောက်ပစွာ လင်း၀င်းလာသည်။
ထို့နောက် ဧရာမသွေးအလင်းတစ်ခုအဖြစ် ပြောင်းပြီး လေးယောက်စလုံးကို လွှမ်းခြုံသွား၏။
သတ်ဖြတ်ခြင်းဆန္ဒကိုသယ်လာသည့် အလွန်အမင်းဆိုးယုတ်သည့် မိစ္ဆာအော်ရာက သွေးလုံးကနေ အဆက်မပြတ် စိမ့်ထွက်လာသည်။
သူတို့ခွန်အားများက ထိုးတက်သွားခဲ့သည်။
လဲ့ကျန်းချီ၊ ချန်ဟွီ၊ မြောင်ပန်တုံနှင့် ကျန်သော တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူတို့က အင်မော်တယ်တပိုင်းနယ်ပယ်ဆိုတာ ရှင်းနေသည်။
သို့စေကာမူ ယခုတွင် သူတို့နယ်ပယ်က အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် မြေအင်မော်တယ်နယ်ပယ်ကို ထိုးတက်နေသည်။
ဒါဘယ်လိုလျှို့ဝှက်ကျင့်စဉ်မျိုးလဲ!
သူတို့က တကယ်ပဲသူတို့နယ်ပယ်ကို မြေအင်မော်တယ်နယ်ပယ်ကို အတင်းမြှင့်တင်နိုင်တာလား!
ဒီအော်ရာကိုခံစားမိသည့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း မြောက်ပိုင်းတံခါးဆီကို လေးနက်သောအမူအရာများဖြင့် ကြည့်လိုက်ကြသည်။
"တစ်ခုခုတော့ဖြစ်လာတော့မယ်...." မုဖူရှန်းလေးနက်စွာပြောသည်။
"ကြည့်ရတာ ငါ့အမြင်ကမှန်နေပုံပဲ..."
အပိုင်း(703) coming။