← Chapters

#လုံး၀မခုခံနိုင်ခြင်း#

Vol. 50 Ch. 703

#လုံး၀မခုခံနိုင်ခြင်း#

Vol. 50 Ch. 703

ထိုအချိန်တွင် အရှေ့ဘက်မြို့ရိုး၌ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက မြောက်ဘက်မြို့ရိုးကနေ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ရာအော်ရာကို ခံစားမိသည်။

ဒီအော်ရာ၏ခွန်အားက မြေအင်မော်တယ်နယ်ပယ်ကိုပင် ရောက်နေလေပြီ။

လင်းကျိနန် ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။

"ငရဲဂိုဏ်းက ဒီတစ်ကြိမ် သူတို့တည်နေရာကို ဖော်ပြရဲမှတော့ သူတို့ပြင်ဆင်ထားမယ်ဆိုတာ ငါသိနေခဲ့တယ်"

"ဒါပေမယ့် ဒါက ခွန်အားကို မြေအင်မော်တယ်နယ်ပယ်အထိ အတင်းမြှင့်တင်နိုင်တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်လိမ့်မယ်လို့ ငါတကယ်မထင်ထားဘူး"

မြေအင်မော်တယ်နယ်ပယ်နှင့် ကောင်းကင်အင်မော်တယ်နယ်ပယ်ကြားက ခြားနားချက်က မိုးနှင့်မြေပမာဖြစ်သည်။

မြေအင်မော်တယ်နယ်ပယ်နှင့် အင်မော်တယ်တပိုင်းနယ်ပယ်အတွက်တော့ စကားလုံးတစ်လုံးတည်းသာ ခြားနားသော်လည်း မြေအင်မော်တယ်များက အင်မော်တယ်တပိုင်းများနှင့် အခြေခံအားဖြင့် ကွဲပြားသည်။

ဒီအကြားက ခြားနားချက်က စကားလုံးအနည်းငယ်ဖြင့် ဖော်ပြ၍ရသည့် အရာတစ်ခုမဟုတ်။

စုမုယောင်လေးနက်သည့် အမူအရာဖြင့်ပြောသည်။

"ငါတို့ဒါကိုမြန်မြန်ဖြေရှင်းမှရတော့မယ်၊ မဟုတ်ရင် အဲမှာ သေချာပေါက် တစ်ခုခု ဖြစ်ပျက်လာလိမ့်မယ်"

လူတိုင်းခေါင်းညိတ်ကြသည်။

လဲ့ကျန်းချီနှင့်ကျန်သောသူများက မြေအင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူလေးဦး၏ တိုက်ခိုက်မှုများကို ခုခံနိုင်မည်မဟုတ်ပေ။

သူတို့က တစ်ခြားဘက်ကို မလှုပ်ခတ်နိုင်သော်လည်း အနည်းဆုံးတော့ အချိန်တစ်ခုအထိ ဆွဲထားနိုင်လောက်သည်။

လူတစ်ယောက်၏ခွန်အားကို မြှင့်တင်ပေးသည့် ဒီလိုလျှို့ဝှက်ကျင့်စဉ်များက များသောအားဖြင့် အကန့်အသတ်ရှိတတ်သည်။

ဒါကယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တွေးနေသည့်အရာဖြစ်သည်။

ထို့ကြောင့် သူတို့က ကောင်းကင်မြေအောက်ဂိုဏ်းက လူလေးယောက်ကို တတ်နိုင်သမျှ အမြန်ဆုံးဖယ်ရှားပစ်ရပေမည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ အတွေးကို မြင်နိုင်သည့်အလား ကွေ့ကောရင် သံလိုက်အိမ်မြှောင်တစ်ခု ထုတ်ယူလိုက်၏။

တစ်ချိန်တည်းမှာပင် ဟန်လီချန်း၊ ကျောက်ဟန်လင်းနှင့် ယုရှောင်ဟီတို့ကလည်း သံလိုက်အိမ်မြှောင်တစ်ခုစီ ထုတ်ယူကြသည်။

သို့စေကာမူ ကွေ့ကောရင်လက်ထဲက သံလိုက်အိမ်မြှောက်က လုံး၀အဝါရောင်ရှိပြီး ဟန်လီချန်းနှင့် ကျန်နှစ်ယောက်လက်ထဲက သံလိုက်အိမ်မြှောင်ကမူ လုံး၀အစိမ်းရောင်ရှိသည်။

သူတို့လက်ထဲက သံလိုက်အိမ်မြှောင်များက ကွေ့ကောရင်၏ သံလိုက်အိမ်မြှော်ကို အဓိကအားဖြင့် ထောက်ပံ့ရန် အသုံးပြုခြင်းပင်။

"ငါတို့ကိုရှင်းပစ်ချင်တာလား"

ကွေ့ကောရင် လက်ဖဲက အဝါရောင်သံလိုက်အိမ်မြှောင်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

ဖိနှိပ်အားတစ်ခုက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ဖြည်းညင်းစွာလွှမ်းခြုံသွား၏။

ဧရာမအတားအဆီးတစ်ခုက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ ရှေ့နောက်၊ ဘယ်ညာ၌ မြှင့်တက်လာပြီး ဖိနှိပ်ခြင်းစွမ်းအားက ပေါက်ဖွားလာသည်။

ဒါက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

ကွေ့ကောရင် တည်ငြိမ်နေသည့် အမူအရာဖြင့် ကြည့်သည်။

"ဒီအစီအရင်ကိုမချိုးဖျက်နိုင်ဘူးဆိုရင် ဘာလို့စွမ်းအင်နည်းနည်းချွေတာပြီး မထွက်ပြေးရတာလဲ"

ဒီအစီအရင်က ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ အဝါရောင်စမ်းချောင်း ကောင်းကင်အစီအရင်ဖြစ်သည်။

ကွေ့ကောရင်နှင့်ကျန်သောသူများလက်ထဲက သံလိုက်အိမ်မြှောက်များက အစီအရင်၏ အခြေခံအုတ်မြစ်အဖြစ် လုပ်ဆောင်သည်။

ကွေ့ကောရင်နှင့်ကျန်သူများက သူတို့ခွန်အားဖြင့် အဝါရောင်စမ်းချောင်း ကောင်းကင်အစီအရင်၏ စွမ်းအားကို အပြည့်အ၀ မထုတ်လွှတ်နိုင်သော်လည်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ တိုက်ခိုက်မှာများကို တားဆီးရန် လုံလောက်သည်ထက် ပိုနေလေပြီ။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက တိုက်ခိုက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သူတို့၏အမူအရာများက အလွန်အမင်း ကြည့်ရဆိုးသွားကြသည်။

တခြားတစ်ဘက်တွင် ရွှေရောင်အလင်းက ဖြည်းဖြည်းချင်းပျောက်ကွယ်ကာ ပန်ရှီနှင့် ကျန်သုံးယောက်၏ကိုယ်ခန္ဓာထဲတွင် ပေါင်းစပ်သွားသည်။

ထိုအချိန်တွင် ပန်ရှီ၊ ကျန်းချန်၊ ဟန်ဟွားနှင့် ယုဟောင်တို့၏အော်ရာများက အလွန်အမင်း ကြောက်စရာကောင်းလာသည်။

ယှဉ်၍မရနိုင်လောက်အောင် သိပ်သည်းသည့် သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒရောင်ခြည်များက မြို့ရိုးတစ်ခုလုံးအထက် ကောင်းကင်အား ဖြတ်သန်းသွားသည်။

ထို့နောက် တောင်ပနေသည့်ကြယ်စင်စုကို ဖုံးလွှမ်းကာ သွေးနီရောင်ကောင်းကင်တစ်ခုအဖြစ် ပြောင်းလဲပစ်သည်။

ချန်ဟွီ၏အမူအရာက အလွန်အမင်း လေးနက်နေပြီး ရှေ့က မြင်ကွင်းကို ကြည့်လိုက်၏။

"မြေအင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူ လေးယောက်....."

"သေမင်းဝိဉာဉ်မြို့က ကျင့်ကြံခြင်းနယ်ပယ်ကို ကန့်သတ်ထားတာမလား၊ မြေအင်မော်တယ်နယ်ပယ်က လူတွေ မ၀င်နိုင်ဘူးမလား"

ဒါကိုကြားသောအခါ ပန်ရှီနှာခေါင်းရှုံ့သည်။

"ဒါပေမယ့်ဒါက လျှို့ဝှက်ကျင့်စဉ်တွေကိုတော့ မကန့်သတ်ထားဘူးလေ"

သူစကားပြောနေစဉ် ပန်ရှီလက်အစုံကို ကြည့်လိုက်၏။ သူ့လက်ဖဝါးကနေ လက်မောင်းအထိ ဆန့်တန်းထားစဉ် သွေးရောင်ပုံစံကွက်များက သူ့တစ်ကိုယ်လုံး၌ တွားတွားသွားလာနေသည်။

ထိုပုံစံကွက်များထဲတွင် သွေးရောင်အင်းဆက်များနှင့်တူသည့် ပုံစံကွက်များက အဆက်မပြတ် စီးဆင်းနေကြ၏။

ခွန်အားက သူ့တစ်ကိုယ်လုံး၌ ပြည့်နှက်သွားခဲ့သည်။

ထိုအချိန်တွင် ပန်ရှီနှင့်ကျန်သုံးယောက်၏ မျက်နှာထက်တွင် ပျော်ရွှင်နေသည့် အကြည့်တစ်ခုစီ ရှိနေကြသည်။

ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် ဒီခံစားချက်က သူတို့ကို အရူးအမူး ဖြစ်သွားစေသည်။

မြောင်ပန်တုံအနည်းငယ်နောက်ဆုတ်ရင်း လေးနက်သည့်အမူအရာဖြင့် လဲ့ကျန်းချီကိုကြည့်လိုက်၏။

"ငါတို့ဆုတ်ရတော့မယ်...."

လဲ့ကျန်းချီအနည်းငယ် မျက်မှောင်ကြုတ်ကာ အရှေ့ဘက်မြို့ရိုးကို ကြည့်လိုက်သည်။ ထိုဘက်တွင် တိုက်ပွဲတစ်ပွဲ စတင်ဖြစ်ပွားနေလေပြီ။

"ခဏလောက်အချိန်ဆွဲပြီး ယဲ့ချိုးပိုင်နဲ့ ကျန်တဲ့သူတွေ ငါတို့ကိုလာအထောက်အကူ ပေးတာကို စောင့်ကြရအောင်၊ ငရဲဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်က သူတို့ခွန်အားကို အကြီးအမား တိုးမြှင့်ပေးတယ်ဆိုပေမယ့် ဒါကသေချာပေါက် ကြာကြာခံမှာမဟုတ်ဘူး၊ ဒါ့အပြင် ဒီကျင့်စဉ်မှာ အရမ်းအားကောင်းတဲ့ နောက်ဆက်တွဲတုံ့ပြန်မှုလည်းရှိရမယ်...."

ဒါကိုကြားသောအခါ မြောင်ပန်တုံခေါင်းညိတ်သည်။

"မင်းတို့ဆွေးနွေးပြီးပြီလား"

ထိုအချိန်တွင် ပန်ရှီ ဆိုးယုတ်သည့် အပြုံးတစ်ပွင့်ကို ထုတ်ဖော်လိုက်၏။

"မင်းတို့ ငါတို့လျှို့ဝှက်ကျင့်စဉ်ကို တစ်ခဏလောက် ခုခံပြီး ငါတို့နောက်ဆက်တွဲကို ခံစားနေရတဲ့အခါ တိုက်ခိုက်ဖို့ကို စဉ်းစားနေတာလား"

"ဒါက အကြံကောင်းပါပဲ၊ ဒါပေမယ့် အဲဒီအချိန်ထိ မင်းတို့ဘယ်လိုအချိန်ဆွဲမလဲ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ပန်ရှီ လက်ဖဝါးတစ်ချက် ရိုက်ထုတ်သည်။

ရုတ်ချည်းဆိုသလို ကောင်းကင်ထက်ရှိ သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒက ပန်ရှီရှေ့တွင် လေဆင်နှာမောင်းတစ်ခုပမာ စုစည်းလာသည်။

ဧရာမလက်ဖဝါးပုံကြီးက လဲ့ကျန်းရှီထံ ချဉ်းကပ်ကာ ရိုက်ခတ်ပစ်သည်။

ဒီဖိနှိပ်မှုခံစားချက်က လဲ့ကျန်းချီနှင့် ကျန်သော တစ်ကိုယ်တော်ကျင့်ကြံသူများကို ဖိနှိပ်ပစ်ပြီး သူတို့အသက်ရှူသံများပင်လျှင် မတည်မငြိမ်ဖြစ်လာရသည်။

ဒါကိုမြင်သောအခါ လဲ့ကျန်းချီ၏ အမူအရာက လေးနက်သွား၏။

သူတစ်ချိန်တည်းတွင် လက်ချောင်းများကို ကြိုးပေါ်၌တင်ပြီး အရူးအမူးလွှဲယမ်းသည်။

တေးသွားက ရုတ်တရက် အလွန်အမင်း ပြင်းထန်လာသည်။

ကောင်းကင်ဘုံဗိုလ်ချုပ်များအဖြစ် ပြောင်းလဲပြီးနောက် မြေပြင်က မြင်စီးတပ်က လက်ထဲက ဓားရှည်များနှင့် ဂီတနှင့်တကွ သွေးရောင်လက်ဖဝါးချက်ဆီသို့ ၀င်ရောက်သွားကြ၏။

"ဓားနတ်ဘုရားရဲ့ နတ်ဆိုးသန့်စင်သီချင်း"

ချန်ဟွီအေးစက်စွာအော်ဟစ်သည်။ သူလက်နှစ်ဖက်နှင့် လှံကိုကိုင်စဉ် လေနှင့် မိုးကြိုးစွမ်းအားက လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲကာ လှံတစ်ဝိုက်တွင် ရစ်ပတ်သွားသည်။

ချန်ဟွီ သူ့လှံနှင့်အတူ ထိုးစိုက်ပစ်သည်။

လှံကနဂါးတစ်ကောင်ပမာ ပစ်၀င်ကာ လေနှင့်မိုးကြိုးနဂါးက သွေးရောင်လက်ဖဝါးဆီသို့ လှိမ့်၀င်လာကြသည်။

ကျန်သောတစ်ကိုယ်တော်ကျင့်ကြံသူများကလည်း လုံးဝမထိန်ချန်ရဲတော့ဘဲ သူတို့၏ ခွန်အားအပြည့်ကို တစ်ချိန်တည်းတွင် ထုတ်လွှတ်လိုက်ကြ၏။

တစ်ဘက်လူက မြေအင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူဖြစ်သည်။

သူကမြေအင်မော်တယ်တစ်ဦး ဖြစ်လာစေရန်အတွက် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အတင်းသုံးခဲ့သော်လည်း မြေအင်မော်တယ်က မြေအင်မော်တယ်ဖြစ်နေသေးသည်။

၎င်းကသယ်လာသည့်ဖိအားက သူတို့ကို အလွန်အမင်း စွမ်းအားမဲ့စေသည်။

တစ်ခဏအကြာတွင် တိုက်ခိုက်မှုအားလုံးက သွေးရောင်လက်ဖဝါးချက်ပေါ် ကျရောက်သွားစဉ် သွေးရောင်လက်ဖဝါးပုံက တစ်ခဏမျှရပ်သွားသည်။

သို့စေကာမူ ပန်ရှီ သူ့လက်ဖဝါးကို ညင်သာစွာ ရှေ့တွန်းလိုက်သည်။ သွေးအလင်းက လက်ဖဝါးပေါ်၌ တောက်ပစွာ လင်း၀င်းလာသည်။

၎င်းက နတ်ဗိုလ်ချုပ်မြင်စီးတပ်၊ လေနှင့် မိုးကြိုးနဂါးနှင့် တိုက်ချက်အားလုံးကို ဖျက်ဆီးပစ်သည်။

လဲ့ကျန်းချီအော်ဟစ်သည်။

"ဆက်တိုက်ကြ"

ထို့နောက်သူဗျပ်စောင်းကြိုးများကို ထပ်မံလွှဲယမ်းသည်။

ဗျပ်စောင်းသံထွက်လာသည်။

ကျန်သောသူများကလည်း တိုက်ခိုက်တာကို မရပ်ရဲကြပေ။

တတိယအကြိမ်တွင်သာ သွေးရောင်လက်ဖဝါးချက်က တဖြညိးဖြည်းပျောက်ကွယ်သွား၏။

သို့စေကာမူ ထိုအချိန်တွင် အန္တရာယ်က သူတို့အပေါ်၌ ရှိနေသည်။

လဲ့ကျန်းချီ၊ ချန်ဟွီ၊ မြောင်ပန်တုံနှင့် ကျန်သောသူများက တစ်ချိန်တည်းတွင် ခုန်လိုက်ကြ၏။

သူတို့ခုန်လိုက်သည့်အချိန်၌ ပုံရိပ်သုံးခုက ချက်ချင်းရောက်လာပြီး လက်ဖဝါးချက်များဖြင့် ရိုက်ခတ်ပစ်သည်။

တုံ့ပြန်ရန်ပင် အချိန်မရခဲ့သည့် တစ်ကိုယ်တော်ကျင့်ကြံသူသုံးဦးက ထိုအချိန်တွင် ချက်ချင်းအသတ်ခံရသည်။

လဲ့ကျန်းချီနှင့်ကျန်သောသူများက နောက်သို့ ခုန်လိုက်ကြသည်။ သူတို့ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့၏ အမူအရာများက အတော်လေး ကြည့်ရဆိုးသွားကြ၏။

မြေအင်မော်တယ်နယ်ပယ်!

သူတို့တွင် ခုခံရန်အတွက်ပင် ဖြစ်နိုင်ချေရှိသည်လား!

သူတို့ကလူသုံးယောက်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။

ထိုသုံးယောက်အနက် တစ်‌ယောက်က အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည်။ ကျန်နှစ်ယောက်ကမူ အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်များဖြစ်ကြသည်။

ပန်ရှီ လဲ့ကျန်းချီနှင့်ကျန်သောသူများအား ကြောင်က ကြွက်ကိုကြည့်နေသည့်ပမာ ကြည့်ရင်းပြုံးသည်။

"မင်းတို့ကအရမ်းမြန်တာပဲ...ဒါပေမယ့် မင်းတို့ဘယ်လောက်ကြာကြာ ပြေးနိုင်မှာလဲ"

ထို့နောက် သူလဲ့ကျန်းချီနှင့် ကျန်သောသူများအား ဆက်လက်တိုက်ခိုက်သည်။

အမွေးတိုင်တစ်တိုင်ခန့်စာအကြာတွင် လဲ့ကျန်းချီ၊ ချန်ဟွီ၊ မြောင်ပန်တုံနှင့် နီပင်းချန်တို့က ထွက်ပြေးရန်အတွက် သူတို့၏ ဝှက်ဖဲများကို အားကိုးလိုက်ရသည်။

ကျန်သောတစ်ကိုယ်တော်ကျင့်ကြံသူများကမူ ထိုနေရာ၌ပင် သေသွားကြရသည်။

ဒါကိုမြင်သောအခါ ပန်ရှီ မလိုက်တော့ဘဲ ယင်းအစား အရှေ့ဘက်နံရံကိုကြည့်ကာ သရော်လိုက်သည်။

"ဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ ပတ်သက်ပြီး ဘာမှပူပန်နေစရာမလိုဘူး၊ သူတို့ဝိဉာဉ်တွေကိုစုစည်းပြီး သတ်ပစ်ကြ"

အပိုင်း(704) coming။

All Chapters