← Chapters

#နောက်ဆုတ်ခြင်း#

Vol. 50 Ch. 704

#နောက်ဆုတ်ခြင်း#

Vol. 50 Ch. 704

ပန်ရှီအတွက် ဒီတစ်ကိုယ်တော်ကျင့်ကြံသူများကို အရမ်းကြီးဂရုစိုက်ရန် မလိုပေ။

ဓားလမ်းစဉ်ကို သံစဉ်နှင့်၀င်ခဲ့သည့် လဲ့ကျန်းချီဖြစ်စေ၊ လှံနည်းစနစ်ကို လေနှင့်မိုးကြိုးစွမ်းအားဖြင့် ပြီးပြည့်စုံအောင် လေ့ကျင့်ခဲ့သည့် ချန်ဟွီဖြစ်စေ၊ ထူးခြားသည့် အသိရှိသော မြောင်ပန်တုံဖြစ်စေ၊ သူတို့က ပန်ရှီ၏ရှုထောင့်ကနေဆိုပါက ပါရမီပိုကောင်းသည့် သာမန်လူများသာ။

သူတို့အပေါ် သူအာရုံစိုက်နိုင်သော်လည်း ဒါကမလိုအပ်ပါ။

သို့စေကာမူ ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ကရော!

သူတို့ထဲကတစ်ယောက်က သွေးပြောင်းလဲခြင်းနယ်ပယ်နှင့် အင်မော်တယ်တပိုင်းအဆင့်ကိုပင် အနိုင်ယူနိုင်သလို သတ်ပစ်နိုင်သည်။ ဒါ့အပြင် သူက အင်မော်တယ်ဓားဆန္ဒကိုပင် ငှားယူသုံးစွဲနိုင်လေပြီ။

နောက်တစ်ယောက်က တိုက်ပွဲအတွင်း မြေအင်မော်တယ်အဆင့်အဆောင်ကို ရေးထွင်းနိုင်ပြီး မြေအင်မော်တယ်အဆောင်များကို ရေးထွင်းရင်း အာရုံကိုပင် ခွဲထုတ်နိုင်သည်။

ကျန်သည့်ခန္ဓာကျင့်ကြံသူတွင် အလွန်အမင်း ကြောက်စရာကောင်းသည့် ခန္ဓာရှိပြီး ပြိုင်ဘက်အားလုံးကို အညံ့ခံစေနိုင်သည့် အင်မတန်အစွမ်းထက်သော သွေးကြောစွမ်းအားရှိသည်။

သူတို့သုံးယောက် အခွင့်အလမ်းတစ်ခုကို ဖမ်းဆုပ်မိသရွေ့ သူ့ကိုသတ်မည်ဖြစ်လေရာ ပန်ရှီ သေချာပေါက်ဒါကို လက်လွှဲမည်မဟုတ်။

ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်၏ ပါရမီက အရမ်းကြောက်စရာကောင်းလွန်းသည်။

သူတို့ကိုသာ သူကြီးထွားခွင့်ပေးလိုက်ပါက ငရဲဂိုဏ်း၏ အစီအစဉ်များကိုပင် ထိခိုက်လာနိုင်သည်။

ဒါက ပန်ရှီစိုးရိမ်ပူပန်နေသည့်အရာပင်။

ထို့ကြောင့် လဲ့ကျန်းရှီနှင့် ကျန်သောသူများ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ပန်ရှီ သူတို့နောက်လိုက်ကာ အချိန်ဖြုန်းရန် မရွေးချယ်ဘဲ ယင်းအစား သူ့အကြည့်ကို အရှေ့ဘက်မြို့ရိုးဆီသို့ အာရုံစိုက်လိုက်သည်။

ပန်ရှီချက်ချင်းပင် တစ်ဘက်လှည့်ပြီး အရှေ့ဘက်မြို့ရိုးဆီသို့ ဦးတည်လိုက်သည်။

ဒါကိုမြင်သောအခါ ကျန်းချန်နှင့် ကျန်သောသူများကလည်း ချက်ချင်းသူ့နောက်မှ လိုက်သွားကြ၏။

ထိုအချိန်တွင် အရှေ့ဘက်မြို့ရိုး၌ လင်းကျိနန် အသံလွှင့်ကျောက်စိမ်းဆွဲသီးကို ထုတ်ယူပြီး လေးနက်သည့်အမူအရာဖြင့် ပြောသည်။

"အခြေအနေက ပြောင်းလဲသွားပြီ၊ လဲ့ကျန်းချီနဲ့ ကျန်တဲ့သူတွေ နောက်ဆုတ်သွားခဲ့ရတယ်"

ယဲ့ချိုးပိုင် လက်ထဲကဓားကိုဝှေ့ယမ်းရင်း ရှေ့က အတားအဆီးကို ခုတ်ဖြတ်ပစ်သည်။

သို့စေကာမူ အတားအဆီးပေါ်၌ မည်သည့်အက်ကြောင်းကိုမှ မထင်စေခဲ့ပေ။

"နောက်ဆုတ်ကြရအောင်"

အလွန်အမင်း ကြောက်စရာကောင်းသည့် အော်ရာလေးတစ်ခုက မြောက်ပိုင်းမြို့ရိုးကနေ သူတို့ထံ ဦးတည်လာနေတာကို သူခံစားမိပါသည်။

ဒါကအတော်လေးမြန်ဆန်သဖြင့် ရောက်ရန်အတွက် အချိန်အများကြီး လိုမည်မဟုတ်။

"အားလုံးပဲ၊ မတိုက်ခိုက်ကြနဲ့တော့၊ မြို့ကို အမြန်ဆုတ်ကြရအောင်" ယဲ့ချိုးပိုင် အော်ဟစ်သည်။

စုမုယောင်နှင့် ကျန်သောသူများက လေးနက်သည့်အမူအရာဖြင့် နောက်ဆုတ်လိုက်ကြသည်။

သူတို့လုံး၀တုံ့ဆိုင်းမနေခဲ့ကြပါ။

ယဲ့ချိုးပိုင်ပင် ဒါကိုအာရုံခံနိုင်လေရာ သူတို့ကလည်း အာရုံခံမိကြပါသည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဆုတ်ခွာသွားတာကို မြင်သောအခါ ဘာဖြစ်ခဲ့သလဲဆိုတာကို ကွေ့ကောရင် သိလိုက်သည်။

ထို့နောက် သူသံလိုက်အိမ်မြှောင်ကို သိမ်းဆည်းရင်း မြို့ရိုးပေါ်တွင်ရပ်ပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ထွက်ပြေးတာကို ကြည့်နေသည်။

ထိုအချိန်တွင်ပင် ပန်ရှီနှင့် ကျန်သောသူများလည်း ရောက်လာကြသည်။ သူတို့က မရပ်ဘဲ ယင်းအစား အရူးအမူးရယ်မောရင်း ယဲ့ချိုးပိုင်တို့နောက်မှ လိုက်သွားကြ၏။

"အခုမှထွက်ပြေးဖို့ဆိုတာက နည်းနည်းနောက်ကျမနေဘူးလား"

လျှို့ဝှက်ကျင့်စဉ်ဖြင့် မြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းခဲ့သည့် ငရဲဂိုဏ်းက လူလေးယောက်၏ အမြန်နှုန်းက အကြီးအမား တိုးတက်လာခဲ့သည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများနောက်ရှိ ကောင်းကင်တွင် သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒက သွေးတိမ်တစ်ခုအဖြစ် ပြောင်းလဲကာ သူတို့နောက်မှလိုက်လာသည်။

အလွန်အမင်းပြင်းထန်သည့် ဖိအားတစ်ခုက ယဲ့ချိုးပိုင်တို့အပေါ် ကျရောက်လာသည်။

မြေအင်မော်တယ်နယ်ပယ်၏အမြန်နှုန်းကို ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက မည်သို့မည်ပုံ အလွယ်တကူ ဖယ်ရှားနိုင်မည်နည်း။

အသက်ရှူကြိမ်ရေအနည်းငယ်အတွင်းမှာပင် သူတို့အား လိုက်မီလာသည်။

လင်းကျိနန်အော်ဟစ်သည်။

"သူတို့အမှီလိုက်လာပြီ"

ဒါကိုမြင်သောအခါ ရှောင်ဟိုင်အနည်းငယ် မျက်မှောင်ကြုတ်ရင်း သူ့မျက်လုံးအစုံက အေးစက်သွား၏။ သူတစ်ခုခုကို ဆုံးဖြတ်လိုက်သည့်မလား သူ့ကိုယ်ထဲကနေ နတ်ဆိုးနက်ဆန္ဒတစ်ခုက စတင်ပြန့်လာသည်။

ယွမ်ဟန်ဒါကိုမြင်သောအခါ သူ့အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး ချက်ချင်းတားဆီးလိုက်၏။

"နတ်ဆိုးအ....ရှောင်ဟိုင်၊ မင်းထပ်ပြီး သွေးကြောကို ဖော်ထုတ်လို့မရတော့ဘူး၊ ဒီလိုသာဆက်ဖြစ်နေရင် သူတို့သေချာပေါက် ဒါကို အာရုံခံမိကြလိမ့်မယ်"

သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"မဟုတ်ရင် တစ်ခြားနည်းလမ်းမရှိတော့ဘူး" ရှောင်ဟိုင်၏ လေးနက်သော စကားလုံးများကိုကြားသောအခါ ယွမ်ဟန်၊ ယွမ်လင်းနှင့် ယွမ်လီတို့က အချင်းချင်းကြည့်ရင်း ခေါင်းညိတ်လိုက်ကြ၏။

"ရှောင်ဟိုင်၊ ငါတို့နဲ့လက်လွှဲထားခဲ့လိုက်၊ ဒီနေရာက အမြန်ဆုံးထွက်သွားပါ"

ထို့နောက် သူတို့တားချင်ကြသည်။

ထိုစဉ် မုဖူရှန်းကြာဖြတ်လာသည်။

"ကောင်းပြီ၊ မရပ်ကြနဲ့၊ အခုမင်းတို့တိုက်ခိုက်ရမယ့် အချိန်မဟုတ်သေးဘူး"

မုဖူရှန်း ရှေ့ကိုလက်ညိုးထိုးပြသည်။

"ရှေ့နည်းနည်းသွားကြမယ်၊ ငါတို့အဲကို ရောက်ရင် ငါ့မှာ သူတို့ကို အချိန်ဆွဲဖို့အတွက် နည်းလမ်းတစ်ခုရှိတယ်"

ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့က ဒါကိုကြားသောအခါ စိတ်သက်သာရာရသွားကြ၏။

ဒါက မုဖူရှန်းအပေါ် အကြွင်းမဲ့ယုံကြည်မှုဖြစ်သည်။

မုဖူရှန်း၏ စကားလုံးများကိုကြားသောအခါ သူတို့နားလည်ကြသည်။

ဒီကောင်တွင် အရံမစီအစဉ်တစ်ခုရှိရပေမည်။

သို့စေကာမူ မုဖူရှန်းကဲ့သို့ လူတစ်ယောက်တွင် သူ့အတွက် နောက်ခံအရံအစီအစဉ်မရှိဘူးဆိုပါက ပုံမှန်မဟုတ် ဖြစ်သွားပေလိမ့်မည်။

"ပြေးတာလား၊ မင်းတို့ဘယ်ကိုများ ပြေးနိုင်ဦးမှာလဲ"

လေထဲတွင် ကျန်းချန်တစ်ချက်လင်းသွားပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အပေါ်တွင် ရောက်လာပြီး မြေကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ကောင်းကင်ထဲက သွေးတိမ်က လက်ဖဝါးချက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ဆင်းသက်လာသည်။

လေဟာနယ်က တုန်ယင်သွားသည်။

မြေကြီးက တုန်ခါနေသည်။

လွင်ပြင်ရိုင်းတစ်ခုလုံးက အက်ကွဲသွားသည်။ နက်ရှိုင်းသည့်အက်ကြောင်းများက ယဲ့ချိုးပိုင်တို့အနားတွင် အဆက်မပြတ် ကျယ်ပြောလာနေသည်။

ယွမ်ဟန်နှင့် ကျန်နှစ်ယောက်က ရှေ့တိုးရင်း အော်ဟစ်ပြီး လှည့်လိုက်ကြသည်။

ချက်ချင်းဆိုသလို သူတို့သုံးယောက်နောက်တွင် ဧရာမမျောက်ဝံနတ်ဆိုးပုံရိပ်တစ်ခု ပေါ်လာပြီး ယွမ်ဟန်တို့နှင့်အတူ ထိုးနှက်လိုက်လေသည်။

မျောက်ဝံနတ်ဆိုးပုံရိပ်သုံးခုက တစ်ပြိုက်တည်း ထိုးနှက်လိုက်သည်။

ကြောက်မက်ဖွယ်ရာရုပ်ခွန်အားက လေဟာနယ်ကို ဆက်လက်ဖိသိပ်ကာ ပြင်းထန်သည့်အသံများကို ထုတ်လွှတ်နေသည်။

ဒါက ဧရာမသွေးရောင်လက်ဖဝါးချက်နှင့် ထိပ်တိုက်တွေ့ဆုံသွားရသည်။

ဘန်း......!

ကျယ်လောင်သည့်ပေါက်ကွဲသံတစ်သံ ထွက်လာခဲ့သည်။

လေလှိုင်းများက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများနောက်၌ ရုတ်တရက်တိုက်ခတ်ရင်း သူတို့အား တွန်းအားတစ်ခုပေးနေသည်။

ထိုအချိန်တွင် မျောက်ဝံနတ်ဆိုးပုံရိပ်ကလည်း ပျောက်ကွယ်သွားရသည်။

တစ်ချိန်တည်းမှာပင် သွေးရောင်လက်ဖဝါးချက်ကလည်း ပျောက်ကွယ်သွား၏။

ဒါက ယွမ်ဟန်နှင့်ကျန်နှစ်ယောက် မျောက်ဝံနတ်ဆိုးသွေးကြောကို အဆုံးထိ ထုတ်လွှတ်ထားသော လက်သီးချက်ဖြစ်ပြီး စွမ်းအားက အလွန်အမင်း ကြီးမားသည်။

သို့စေကာမူ ကုန်ခမ်းမှုကလည်း ကြီးမားသည်။

ထိုလက်သီးချက်ကို ထုတ်လွှတ်ပြီးနောက် ယွမ်ဟန်နှင့်ကျန်နှစ်ယောက်က အလွန်အမင်း ဖြူရော်သွား၏။

ဒါကိုမြင်သောအခါ ကျန်းချန်အနည်းငယ် အံ့ဩသင့်သွားသည်။

"အိုး၊ ငါ့ရဲ့လက်ဖဝါးချက်ကို မင်းတို့တားဆီးနိုင်တာလား၊ ဒါဆိုရင်ရော"

တစ်ချိန်တည်းမှာပင် ပန်ရှီ၊ ဟန်ဟွားနှင့် ယုဟောင်တို့ကလည်း ယဲ့ချိုးပိုင်တို့အပေါ်တွင် ပြေးလာကြသည်။

သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒက လေးယောက်စလုံး၏လက်ဖဝါးချက်များ၌ သိပ်သည်းလာသည်။

မုန်တိုင်းက ဒီကမ္ဘာကြီးကို စတင်တိုက်ခတ်လာသည်။

မြေအင်မော်တယ်ကျွမ်းကျင်သူလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်သည်။

"မင်းတို့အခုဘယ်ကိုသွားမလဲ"

ပန်ရှီနှာခေါင်းရှုံ့သည်။

"အကြွင်းမဲ့စွမ်းအားအောက်မှာ မင်းတို့ ဒီနေ့ဒီနေရာမှာ သေရမယ်"

"ဒါက မင်းတို့ ငါတို့ငရဲဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့အတွက် ငြင်းဆန်မှုရဲ့ရလဒ်ပဲ"

"အခုမင်းတို့နောင်တရနေပြီလား"

ရုတ်တရက် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများရပ်လိုက်ကြသည်။

ပန်ရှီနှင့်ကျန်သုံးယောက်က အနည်းငယ် ကြက်သေသေသွားကြသည်။

"မင်းတို့ထပ်မပြေးကြတော့ဘူးလား၊ လက်လျှော့လိုက်ကြပြီလား"

မုဖူရှန်း လက်ထဲတွင် အဆောင်တစ်ခုကို ကိုင်ရင်း လူအုပ်ထဲကနေ ဖြည်းဖြည်းချင်း ထွက်လာသည်။

သူခေါင်းမော့ကာ ပန်ရှီနှင့် ကျန်သုံးယောက်အားကြည့်လိုက်သည်။

"ငါတို့ မင်းတို့နဲ့မဟာမိတ်ဖွဲ့ဖို့ ဆုံးဖြတ်လိုက်ကြပြီ၊ မင်းငါတို့ကိုလွှတ်ပေးနိုင်မလား"

ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင် "...."

စုမုယောင်၊ လင်းကျိနန်နှင့် ကျန်သောသူများကလည်း ကြက်သေသေနေကြ၏။

ဘာတွေဖြစ်နေတာလဲ!

သူလက်လျှော့လိုက်တာလား!

သူ့မှာအရံအစီအစဉ်ရှိတယ်လို့ ပြောခဲ့တာမလား!

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့တွက်သာ အားကိုးရာမဲ့နေသည့် အမူအရာများရှိနေသည်။

အရမ်းတူလွန်းတယ်၊ သူကငါတို့ဆရာနဲ့ အရမ်းတူလွန်းတယ်၊ ဒါတွေက ပုံစံတူ ထုဆစ်ထားတာတွေပဲ!

လုချန်ရှန်း တစ်ခြားသူများရှေ့တွင် အရှုံးကို ၀န်မခံသော်လည်း မုဖူရှန်းက ဒီကံကြမ္မာ၏ သက်ရောက်မှုကို မခံချင်ပေ။

တစ်ခြားရွေးချယ်စရာက သူတို့နိုင်ပြီး အလျင်အမြန် တိုက်ခိုက်ရန် ရာနှုန်းပြည့် သေချာအောင် လုပ်ခြင်းသာ။ အနာဂတ်ပြဿာနာများကို ရှောင်ရှားရန်အတွက် သူတို့အနီးအနားက လူများကိုလည်း သတ်ပစ်ရပေမည်။

သို့စေကာမူ ဒီသတိရှိသည့်ပင်ကိုယ်စရိုက်အရ သူတိုက်ခိုက်စဉ် တစ်ဘက်လူ၏ စိတ်ကိုလည်း နှောင့်ယှက်ချင်သည်။

မုဖူရှန်း သူတို့ဆရာ၏ အနှစ်သာရကို သင်ယူခဲ့သည်ဟု ဆို၍ရသည်။

အပိုင်း(705) coming။

All Chapters