#တိုက်ခိုက်မှုကျရှုံးခြင်း#
Vol. 50 Ch. 705
မုဖူရှန်း၏စကားလုံးများကို ကြားရသောအခါ ပန်ရှီနှင့်ကျန်သုံးယောက်က ကြက်သေသေသွားကြလေတော့သည်။
သူတို့ 'မင်းဘာလှည့်ကွက်တွေ လုပ်ချင်နေသေးတာလဲ' ဟု ပြောတော့မည့်ဆဲဆဲ မုဖူရှန်း လက်ထဲတွင် အဆောင်ကိုကိုင်ထားပြီး မိုးကြိုးစွမ်းအားက ထိုးတက်လာခဲ့သည်။
ဒီမိုးကြိုးစွမ်းအားထွက်လာသည့် အခိုက်အတန့်၌ မရေမတွက်နိုင်လောက်သော မိုးကြိုးစင်းများအဖြစ် ပြောင်းကာ ပတ်၀န်းကျင်၌ ပျံ့သွားလေတော့သည်။
ထိုအချိန်မှာပင် အဆောင်အလင်းတန်းက မိုးကြိုးစွမ်းအားနှင့်အတူ အဆက်မပြတ် ပေါ်လာသည်။
စုမုယောင်၊ လင်းကျိနန်နှင့် ကျန်သောသူများ ကြက်သေသေသွားကြ၏။
အဆောင်တစ်ခုလား!
ဒါကိုဘယ်တုန်းက စီစဉ်ထားခဲ့တာလဲ!
သူတို့ထွက်ခွာမည့်အကြိုညတွင် မုဖူရှန်း မြို့ကိုကာကွယ်ရန်အတွက် အဆောင်စည်းတံဆိပ်များစွာကို ရေးထွင်းခဲ့သည်သာမက သတ်ဖြတ်ခြင်းအဆောင်များစွာကိုလည်း ရေးထွင်းခဲ့သည်။
သူမြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်အဆောင်များကို မသုံးနိုင်သဖြင့် အရေအတွက်အရဆိုပါက သူနိုင်နေလေပြီ။
မုဖူရှန်း အင်မော်တယ်တပိုင်းအဆောင်များစွာကို ရေးထွင်းရင်း သူနှင့်အတူ ယူလာခဲ့သည်။
ထိုအချိန်က သူ့တွင် မကောင်းသည့် ခံစားချက်တစ်ခုရှိနေသည်။
ငရဲမြိုကိုပူးတွဲတိုက်ခိုက်စဉ် မျှော်လင့်မထားသည့် အရာတစ်ခုခုဖြစ်ပျက်လိမ့်မည်ဟု သူကြိုတင်တွေးထင်ခဲ့သည်။
သူတို့ရှိနေသည့် အရှေ့ပိုင်းမြို့ရိုးကို လွင်ပြင်ကြီးက ဝိုင်းထားကာ အကာအကွယ်ဟူ၍ လုံး၀မရှိပါ။
သူတို့သာနောက်ဆုတ်ပါက ဒါက အတော်လေးဆိုးရွားသည့် အနေအထားကို သေချာပေါက် ရောက်သွားနိုင်သည်။
ထို့ကြောင့် မုဖူရှန်း သူ့နောက်တွင် အင်မော်တယ်တပိုင်းအဆောင်၃၉ခုကို နေရာချထားခဲ့သည်။
ယခုအချိန်က ပေါက်ကွဲရမည့်အချိန်ပေတည်း။
သူ့ရှေ့က မြင်ကွင်းကိုမြင်သောအခါ ပန်ရှီ၏ အမူအရာက အတော်လေးကြည့်ရဆိုးသွားခဲ့သည်။
မုဖူရှန်း သူတို့နှင့်ကစားနေတာကို သူသိပါသည်။
မုဖူရှန်း အဆောင်၃၉ခုကို အသက်သွင်းပြီးနောက်တွင် မိုးကြိုးစွမ်းအားက ပေါက်ကွဲသွားပြီး အဖျက်အော်ရာတစ်ခုက ဒီလွင်ပြင်၌ ပြည့်နှက်သွားခဲ့သည်။
အင်မော်တယ်တပိုင်းအဆောင်၃၉ခုက ကိုယ်ပိုင်တာ၀န်များကို လုပ်ဆောင်ကာ မိုးကြိုးသားရဲများအဖြစ် ပြောင်းသွားပြီး ပန်ရှီနှင့် ကျန်သောသူများထံ တိုး၀င်သွား၏။
ထို့နောက် ငရဲဂိုဏ်းမှလူလေးယောက်ကို မိုးကြိုးအကျဉ်းထောင်တစ်ခုပမာ ၀န်းရံပစ်လိုက်သည်။
"ဒီအဆောင်တွေက ငါတို့ကိုအနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား"
ပန်ရှီ မုဖူရှန်းနှင့် ကျန်သောသူများကို အတော်လေးကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်လိုက်၏။
"မြေအင်မော်တယ်နယ်ပယ်က မင်းတို့ခုခံနိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး"
သို့စေကာမူ သူစကားပြောပြီးသွားသည်နှင့် မုဖူရှန်း သူတို့ကိုလျစ်လျူရှုကာ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အဝေးသို့ ထွက်ပြေးရန် ပြောလိုက်သည်။
ဒါ့အပြင် ပြေးနေစဉ် လူတိုင်းက လမ်းကြောင်းအမျိုးမျိုးကနေ ခွဲထွက်ရင်း နောက်ဆုတ်သွားကြသည်။
သူတို့၏အမြန်နှုန်းက အရင်ကထက် ပိုမြန်လာသည်။
ဒါက အရင်က သူတို့အစွမ်းကုန် မပြေးခဲ့သော်လည်း ယခုအချိန်အတွက် ပြင်ဆင်ထားခဲ့သည့်အလားပင်။
ဒါကိုမြင်သောအခါ ပန်ရှီဒေါသတကြီး အော်ဟစ်သည်။
"ဒီအစီအရင်ကိုချိုးဖျက်စမ်း" ချက်ချင်းဆိုသလို လေးယောက်စလုံးက လက်ထဲတွင် သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒများကို သိပ်သည်းစေပြီး ပတ်ပတ်လည်က မိုးကြိုးသားရဲများအား ထိုးနှက်လိုက်ကြသည်။
တဘန်းဘန်းမြည်သံများကိုကြားနေရသည်။
မိုးကြိုးသားရဲ၃၉ကောင်က ပန်ရှီနှင့် ကျန်သုံးယောက်၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် ဖျက်ဆီးခံလိုက်ရသည်။
သို့စေကာမူ ဒါက သူတို့ကို တစ်မိနစ်ခန့် နှောင့်နှေးသွားစေသည်။
ဒီတစ်မိနစ်အတွင်း မုဖူရှန်းနှင့် ကျန်သောသူများက ပျောက်ကွယ်သွားကြလေပြီ။
ပန်ရှီလိုက်ဖမ်းရန်ပြင်လိုက်စဉ် အစွမ်းမဲ့အသိအာရုံတစ်ခုက သူ့တစ်ကိုယ်လုံးသို့ ဗိုင်းရပ်စ်ပမာ ကျူးကျော်ထိုးဖောက်လာသည်။
ဒါက လျှို့ဝှက်နည်းစနစ်ကုန်တော့မည့် အချိန်ဆိုတာကို သူသိလိုက်သည်။
သူတို့ဆက်လက်လိုက်ဖမ်းချင်သော်လည်း နောက်ဆက်တွဲက ပန်ရှီတို့လေးယောက်ကို အားနည်းသည့်အခြေအနေတွင် ကျရောက်သွားစေသည်။
ထိုအချိန်တွင် သူတို့အမှီမလိုက်နိုင်တော့ဘူးဆိုတာ သေချာနေပါပြီ။
သူတို့အမှီလိုက်နိုင်လျှင်ပင် သူတို့ကိုယ်သူတို့ သေခြင်းတရားထဲပို့သည်နှင့် ပိုတူနေပေလိမ့်မည်။ ဒါကပန်ရှီ၏အမူအရာကို ကြည့်ရဆိုးသွားစေပြီး သူ့မျက်လုံးများက ဒေါသဖြင့် ပြည့်နှက်သွားစေသည်။ ကံဆိုးစွာပင် မြေအင်မော်တယ်နယ်ပယ်ကို ရောက်ရန်အတွက် လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီးသည့်တိုင် တစ်ဘက်လူကို နေရန်အတွက် သူမလုပ်နိုင်သေး။
တကယ်တမ်းတွင် ယဲ့ချိုးပိုင်တို့သုံးယောက်ထဲက တစ်ယောက်လေးမှပင် မသေခဲ့ပါ။
ဒါကိုတွေးမိသောအခါ ပန်ရှီအော်ဟစ်ပြီး မြေကြီးကို ထိုးနှက်ပစ်သည်။
မြေကြီးကကွဲအက်သွားသည်။
အောက်ခြေမဲ့တွင်းတစ်တွင်းက သူ့ခြေထောက်အောက်တွင် ပေါ်လာသည်။
"မြို့ကိုပြန်သွားကြစို့"
ပန်ရှီတွင် ဒီစကားလုံးများကို ဒေါသတကြီး ပြောရန်ကလွဲ၍ တစ်ခြားရွေးချယ်စရာ မရှိတော့ပါ။
ငရဲမြို့သို့အပြန်တွင် ကွေ့ကောရင် ပန်ရှီတို့ပြန်လာတာကို ကြည့်ရင်း သူ့အော်ရာက ကျဆင်းလာသည်။ သူနှာခေါင်းရှုံ့သည်။
"မင်းသူတို့ကို နေအောင်တောင် မလုပ်နိုင်ခဲ့ဘူးလား"
ပန်ရှီ ကွေ့ကောရင်အား ဒေါသတကြီး အမူအရာဖြင့် ကြည့်သည်။
"ဒါဆိုအရင်က သူတို့ကို မင်းဘာလို့ မတားခဲ့တာလဲ"
ကွေ့ကောရင်၏မျက်နှာ၌ လှောင်ပြောင်နေသည့် အမူအရာတစ်ခုရှိသည်။
"ငါ့ရဲ့ကောင်းကင်ပြာမြစ်ဝါနန်းတော်က မင်းတို့နဲ့ပူးပေါင်းရင်း လုံလုံလောက်လောက် ကူညီပေးခဲ့ပြီးပြီ၊ အခုမင်းက ငါ့ကို မင်းအမှားအတွက် အပြစ်တင်နေတာလား၊ မမေ့လိုက်နဲ့၊ ကောင်းကင်ပြာမြစ်ဝါနန်းတော်ရဲ့ မျက်လုံးထဲမှာ ငါတို့သာ မပူးပေါင်းဘူးဆိုရင် ပုရွက်ဆိတ်တစ်ကောင်သာသာပဲ"
"ငါနဲ့ငြင်းခုံနေရမယ့်အစား မင်းတို့ဘိုးဘေးရဲ့ ဒေါသကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဘာလို့မစဉ်းစားသေးတာလဲ"
ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ ပန်းတိုင်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အသက်ကို ယူဆောင်ရန် ဘယ်တော့မှ မဟုတ်ခဲ့ပါ။
ငရဲဘိုးဘေးတွင် သူတို့အား မြေအောက်ကမ္ဘာထဲသို့ ၀င်ရန် ကူညီနိုင်သည့် အရာတစ်ခုရှိနေသောကြောင့်ပင်။
ပန်ရှီ၏အမူအရာက ကြည့်ရဆိုးသွားသော်လည်း ကွေ့ကောရင်ပြောတာမှန်သည်။ ယခုသူကျရှုံးသွားပြီဖြစ်လေရာ ဘိုးဘေးက သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။ သို့စေကာမူ သူ့တွင် ရွေးချယ်စရာမရှိဘဲ ရင်ဆိုင်ရမည်သာ။
အေးစက်စွာနှာခေါင်းရှုံ့ရင်း သူကျန်းချန်နှင့် ကျန်နှစ်ယောက်ကိုခေါ်ကာ ငရဲမြို့အလယ်သို့ ၀င်သွားသည်။
သူတို့ ငရဲဘိုးဘေးရှေ့ကို ရောက်လာသောအခါ နောက်ဆက်တွဲက မျှော်လင့်ထားသည့်အတိုင်းပင်။
ပန်ရှီတို့လေးယောက်က အလွန်အမင်း ဖြူရော်နေကြ၏။ သွေးဆန္ဒက သူတို့တစ်ကိုယ်လုံးထဲသို့ အဆက်မပြတ် ကျုးကျော်နေသည်။
ထို့နောက် ဓားများပမာ အသားများ၊ မရီဒျန်များနှင့် ကိုယ်ထဲကဝိဉာဉ်ကိုပင် ဖြတ်တောက်နေသည်။
"ကျရှုံးခဲ့တာလား"
တုန်ယင်နေသည့်လေးယောက်ကို ကြည့်ရင်း ငရဲဘိုးဘေးနှာခေါင်းရှုံ့သည်။
"မင်းတို့က လျှို့ဝှက်ကျင့်စဉ်ကို သုံးပြီးတာတောင် ကျရှုံးခဲ့တာပေါ့၊ ငရဲဂိုဏ်းရဲ့ မျိုးဆက်သစ်တွေက ပိုပိုပြီး ဆိုးရွားလာနေတာပဲ"
ပန်ရှီ နာကျင်မှုကို သည်းခံရင်း ငရဲဘိုးဘေးရှေ့တွင် ဒူးထောက်ကာ အံကြိတ်သည်။
"ကျေးဇူးပြုပြီး....ဘိုးဘေး၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
"နောက်တစ်ကြိမ် ကျွန်တော်တို့ ကျရှုံးမှာမဟုတ်ပါဘူး"
ဒါကိုကြားသောအခါ ငရဲဘိုးဘေးက အေးစက်စွာနှာခေါင်းရှုံ့သည်။
"အပြစ်ပေးတာက ရှောင်လွှဲလို့မရဘူ၊ ငါတို့ငရဲဂိုဏ်းကို ပြန်သွားတဲ့အခါကျရင် ငါမင်းကို အပြစ်ပေးမယ်"
"မင်းကအခုအသုံး၀င်သေးတယ်"
"လိုအပ်ချက်ကတော့ နောက်ဆက်တွဲထဲမှာ မင်းတို့အသက်ရှင်နေနိုင်ဖို့ပဲ"
ပန်ရှီတို့လေးယောက်က ခေါင်းငုံ့ထားကြသည်။
"ကျေးဇူးတင်ပါတယ်၊ ဘိုးဘေး"
ငရဲဘိုးဘေးလက်ဝှေ့ယမ်းသည်။
"မင်းတို့၊ သူတို့ကို မြို့ထဲဆွဲဆောင်ဖို့အတွက် နည်းလမ်းတစ်ခုစဉ်းစားကြ၊ အဲဒီအချိန်ကျရင် ငါကိုယ်တိုင်အရေးယူ ဆောင်ရွက်မယ်"
"ကောင်းပြီ၊ မင်းတို့ထွက်သွားနိုင်ပြီ"
ထို့နောက် ငရဲဘိုးဘေးက မျက်လုံးများကို မှိတ်လိုက်၏။ သိပ်သည်းသည့်သွေးဆန္ဒက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံကာ ခွန်အားများကို အားဖြည့်ပေးနေသည်။
တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက မြေအောက်သရဖူမြို့ကို ရောက်လာသည်။
လဲ့ကျန်းချီ၊ ချန်ဟွီ၊ မြောင်ပန်တုံနှင့် နီပင်းချန်တို့က မြို့ပြင်၌ စောင့်နေခဲ့ကြသည်။
ယဲ့ချိုးပိုင်တို့ပြန်လာသောအခါ သူတို့က အလွန်အမင်း ကြည့်ရဆိုးသည့် အမူအရာများဖြင့် မြို့ထဲကို လိုက်လာခဲ့ကြသညိ။
ယဲ့ချိုးပိုင်မေးသည်။
"မင်းတို့လေးယောက်ပဲကျန်တော့တာလား"
လဲ့ကျန်းချီ မနှစ်မြို့ဖွယ်ရာအမူအရာဖြင့် ခေါင်းညိတ်သည်။
နီပင်းချန်အော်ဟစ်သည်။
"မင်းတို့အဲမှာဘာလုပ်နေတာလဲ၊ ဘာလို့ ငါတို့ကိုလာပြီး မထောက်ပံ့ပေးရတာလဲ"
ယဲ့ချိုးပိုင်တို့က ဘာဆုံးရှုံးမှုကိုမှ မခံစားခဲ့ရတာဖြစ်ကောင်းဖြစ်နိုင်သည်။ သေခြင်းတရားကနေ ခပ်ယဲ့ယဲ့လေးမှ လွတ်မြောက်လာခဲ့သည့် နီပင်းချန်မှာ ပို၍ပင် ဒေါသထွက်လာသည်။ လင်းကျိနန်ရှင်းပြသည်။
"ကောင်းကင်မြေအောက်နန်းတော်က လူတွေက ငါတို့ကို တားဆီးဖို့အတွက် အစီအရင်တစ်ခု သုံးခဲ့တယ်၊ မင်းတို့ကို ကူညီဖို့အတွက် ငါတို့အတားအဆီးကို မချိုးဖျက်နိုင်ခဲ့ဘူး"
"တကယ်တော့ ငါတို့ရန်သူကို အရမ်းလျှော့တွက်မိခဲ့တာပဲ၊ တစ်ဘက်လူမှာ ဒီလို နောက်ခံအစီအစဉ်ရှိလိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့ဘူး"
နီပင်းချန် ဒေါသတကြီးပြောသည်။
"မင်းတို့ဒါကိုမတွေးမိတာနဲ့ပဲ လက်လျှော့လိုက်ကြတာလား၊ ငါတို့က အကြီးအမားထိခိုက်ခဲ့ကြတာကွ"
လဲ့ကျန်းချီ နီပင်းချန်အားတားကာ လေးနက်သည့်အသံဖြင့်ပြောသည်။
"ဒီကိစ္စအတွက် ငါတို့လည်းတာ၀န်ရှိတယ်၊ ငါတို့က မြေအောက်သရဖူမြို့နဲ့ ပူးပေါင်းဖို့ ပဏာမခြေလှမ်းလှမ်းခဲ့ပြီး ငရဲမြို့ကို တိုက်ခိုက်ခဲ့ကြတာပဲလေ"
"အခုသေဆုံးသွားရတဲ့သူတွေအတွက် ဘယ်လိုလက်စားချေရမလဲဆိုတာ စဉ်းစားရမယ်"
အပိုင်း(706) coming။