← Chapters

#အတွင်းပိုင်းပဋိပက္ခ#

Vol. 50 Ch. 706

#အတွင်းပိုင်းပဋိပက္ခ#

Vol. 50 Ch. 706

ငရဲဂိုဏ်း၏ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ကျင့်စဉ်ကို ဘယ်လိုခုခံရမလဲဆိုတာကို တွေးတောရန်ဟူသည် အ‌ရေးပါသည်။

ဒါက သေမင်းဝိဉာဉ်မြို့၏ ကျင့်ကြံခြင်းအကန့်အသတ်များကို ချိုးဖျက်ပစ်နိုင်သည်သာမက မြေအင်မော်တယ်နယ်ပယ်ကိုပင် ရောက်နိုင်သည်။ ‌

အလယ်အလတ်အဆင့်ကြယ်နယ်‌မြေတွင် မြေအင်မော်တယ်နယ်ပယ်ကို ရောက်သောအခါမှသာ အင်မော်တယ်နယ်ပယ်ထဲကို အမှန်တကယ် ခြေချနိုင်ပြီဟု ယူဆ၍ရသည်ဟု ဆိုရိုးစကားတစ်ခုရှိသည်။

အင်မော်တယ်တပိုင်းနယ်ပယ်က ကူးပြောင်းမှုတစ်ခုသာဖြစ်သည်။

ထို့ကြောင့် ကွာဟချက်က ဘယ်လောက်အထိ ကြီးမားသလဲဆိုတာကို မည်သူမဆို မြင်နိုင်သည်။

လဲ့ကျန်းချီ၊ ချန်ဟွီနှင့် ကျန်သောပါရမီရှင်များ၌ ခုခံရန်အခွင့်အရေးမရှိဘဲ သူတို့ခေါင်းများကို ဖုံးကာ ထွက်ပြေးလာရုံသာ တတ်နိုင်ပါသည်။

မဟုတ်ပါက သူတို့ထိုနေရာ၌ပင် သေရပေလိမ့်မည်။

လင်းကျိနန် လေးနက်သည့်အမူအရာဖြင့် ပြောသည်။

"ပြီးတော့ ကောင်းကင်ပြာမြစ်ဝါနန်းတော်ရဲ့ အခင်းအကျင်း အစီအရင်ကို ချိုးဖျက်ဖို့ဆိုတာက အရမ်းခက်ခဲတယ်၊ ဒါ့အပြင် ချိုးဖျက်နိုင်ရင်တောင် ခွန်အားအပြည့်သုံးပြီး ဝှက်ဖဲတွေကိုပါ ဖော်ပြရလိမ့်မယ်၊ အဲဒီအချိန်ကျရင် ဆက်ပြီးတိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

"လက်ရှိငါ့နယ်ပယ်အရဆိုရင် ဝှက်ဖဲကို ထုတ်ပြရင်တောင် အခင်းအကျင်းအစီအရင်ကို ချိုးဖျက်ဖို့ဆိုတာက ခက်ခဲနေလိမ့်မယ်" သေမင်းဝိဉာဉ်မြို့၌ တိမ်ပြာဓားကို ထုတ်နိုင်သော်လည်း တိမ်ပြာဓား၏ အဆင့်အရ သေမင်းဝိဉာဉ်မြို့က သေချာပေါက် ဒါကို ထိန်းချုပ်နိုင်မည်မဟုတ်။

သို့စေကာမူ သူတိမ်ပြာဓားကို ထုတ်လိုက်သည်နှင့် ‌သေမင်းဝိဉာဉ်မြို့၏ အကန့်အသတ်များက သူ့အား ဖိနှိပ်လာပေလိမ့်မည်။

ထိုအချိန်တွင် နှစ်ဘက်စလုံးကသာ တိုက်ခိုက်ပါက သေမင်းဝိဉာဉ်မြိုက တိုက်ရိုက်ပြိုကျသွားပေလိမ့်မည်။

ယဲ့ချိုးပိုင်ဒါကိုတော့မသိပေ။

သူတိမ်ပြာဓား၏ အစစ်အမှန်အဆင့်ကို တစ်ခါမှမကြာဖူးပါ။

သို့စေကာမူ ဒါက ခေးအောစ့်အနှစ်သာရဓားထက် သေချာပေါက်သာလွန်နေသည်။

ဘေးကနေ စုမုယောင်ပြောသည်။

"ငါတို့ငရဲဂိုဏ်းနဲ့ ကောင်းကင်ပြာမြစ်ဝါနန်းတော်ကို အနိုင်ယူချင်တယ်ဆိုရင် ငါတို့ခွန်အားကို အမြန်တိုးတက်အောင် လုပ်ရမယ်၊ အထူးသဖြင့် ယဲ့ချိုးပိုင်၊ မုဖူရှန်းနဲ့ ရှောင်ဟိုင်တို့ပေါ့"

လူတိုင်းယဲ့ချိုးပိုင်တို့သုံးယောက်ကို ကြည့်လိုက်ကြသည်။

စုမုယောင်နှင့် ကျန်သောသူများက နယ်ပယ်ဖြတ်ကျော်တိုက်ပွဲများ၌ သူတို့၏ မဟာတိုက်ခိုက်ရေးခွန်အားကို မြင်ခဲ့သည်။

သူတို့သာ အင်မော်တယ်တပိုင်းနယ်ပယ်ကို ချိုးဖျက်နိုင်ပါက ငရဲဂိုဏ်းက လူလေးယောက်ကို သူတို့ကြန့်ကြာအောင် အချိန်ဆွဲနိုင်ပေလိမ့်မည်။

ပန်ရှီနှင့်ကျန်သုံးယောက်က မြေအင်မော်တယ်နယ်ပယ်ကို အတင်းချိုးဖျက်ရန်အတွက် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အသုံးပြုနိုင်သော်လည်း ဒါကယာယီသာဖြစ်သည်။

လျှို့ဝှက်ကျင့်စဉ် အဆုံးသတ်သွားသည်အထိ သူတို့ဆွဲဆန့်ထားနိုင်ပါက တန်ပြန်အကျိုးဆက်က ရောက်လာပေလိမ့်မည်။

"အင်မော်တယ်တပိုင်းနယ်ပယ်ကို ချိုးဖျက်ဖို့လား"

ဒါကိုကြားသောအခါ နီပင်းချန်နှာခေါင်းရှုံ့သည်။

"သူကသွေးပြောင်းလဲခြင်းနယ်ပယ်ပဲ ရှိသေးတာလေ၊ အချိန်တိုအတွင်းမှာ အင်မော်တယ်တပိုင်းနယ်ပယ်ကို ဘယ်လိုချိုးဖျက်နိုင်မှာတဲ့လဲ"

"ဒါ့အပြင် ချိုးဖျက်ရာမှာ ကူညီဖို့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများကြီးကို ဘယ်ကရနိုင်မှာလဲ"

လက်ရှိယဲ့ချိုးပိုင်က သွေးပြောင်းလဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ကောင်းရောက်နိုင်သော်လည်း နီပင်းချန်ပြောတာ မှန်သည်။

သူက အင်မော်တယ်တပိုင်းနယ်ပယ်နှင့် ဝေးကွာနေဆဲပင်။

မုဖူရှန်းစကားမပြောပေ။

ရှောင်ဟိုင်အတွက်မူ ကျင့်ကြံခြင်းစနစ်ဆိုတာမျိုးကို မပိုင်ဆိုင်ထားသဖြင့် နယ်ပယ်ဆိုတာမျိုးမရှိပေ။

"အခုက အတွင်းပိုင်းပဋိပက္ခဖြစ်ရမယ့် အချိန်မဟုတ်ဘူး" ယဲ့ချိုးပိုင် နီပင်းချန်အား အေးစက်စွာကြည့်သည်။

"မင်းငါတို့သုံးယောက်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ မကြိုက်ဘူးဖြစ်နေတာလား"

"ငါရှင်းရှင်းလင်းလင်းမပြောခဲ့လို့လား"

နီပင်းချန်နှာခေါင်းရှုံ့သည်။

"မင်းခွန်အားနဲ့ဆိုရင် ဘယ်လိုလုပ် ငါတို့ကို ဦးဆောင်ဖို့ အရည်အချင်းရှိမှာလဲ"

"ဒီလိုဆိုမှတော့...."

ယဲ့ချိုးပိုင်ညင်သာစွာခေါင်းညိတ်ရင်း လက်ဖဝါးပေါ်၌ ကိုးပေရှည်ကြယ်ကြွေဓားပေါ်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သေမင်းဝိဉာဉ်မြို့၌ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို မသုံးနိုင်ပေ။

ကိုးပေရှည်ဓားကို ဒေါင်လိုက်မြှောက်လိုက်စဉ် သူ့လက်မောင်းက လုံးဝတုန်ယင်သွားခြင်းမရှိချေ။ လူတိုင်း၏ စူးရှအေးစက်သည့်အကြည့်အောက်တွင် ဓားထိပ်က နီပင်းချန်ကို ညွှန်ပြနေသည်။

"ငါကမထိုက်တန်ဘူးလို့ မင်းထင်ရင် တိုက်ခိုက်ကြရအောင်၊ မင်းနိုင်ရင် ငါမင်းကို မြေအောက်သရဖူမြို့ရဲ့ခေါင်းဆောင် ရာထူးကိုပေးမယ်၊ သေချာတာပေါ့၊ ငါကလည်း အသိရှိရှိနဲ့ ဆုတ်ခွာမယ်၊ ဒါပေမယ့် မင်းရှုံးရင်တော့....."

သူပို၍ပြောလာလေလေ၊ ယဲ့ချိုးပိုင်၏ မျက်လုံးများက ပို၍အေးစက်လာလေလေပင်။

"မင်းရှုံးရင် မဟာမိတ်အဖွဲ့ကနေ ထွက်သွားရမယ်၊ ဘယ်လိုလဲ"

ထိုနေရာတွင် ယဲ့ချိုးပိုင် လဲ့ကျန်းချီအား ကြည့်ကာမေးသည်။

"ဒီလိုလုပ်တဲ့အတွက် မင်းမှာပြဿာနာတစ်ခုခုများရှိလား"

လဲ့ကျန်းချီခေါင်းခါယမ်းသည်။

"ဒါကအကောင်းဆုံးဖြေရှင်းနည်းပဲ၊ ဒီလိုမှမဟုတ်ရင် မဟာမိတ်အဖွဲ့မှာ အနှေးနဲ့အမြန် တစ်ခုခုဖြစ်ပျက်လာလိမ့်မယ်"

အသင်းတစ်သင်းတွင် တားမြစ်ထားသည့်အရာက အတွင်းရေးပဋိပက္ခများနှင့် ခေါင်းဆောင်ကို အညံ့ခံရန် ငြင်းဆန်ခြင်းပင်။

ဒီအက်ကြောင်းပေါ်လာသည်နှင့် နောက်ပိုင်းလုပ်ဆောင်မှုများတွင် အောင်မြင်မှုနှုန်းကလည်း ကျဆင်းသွားပေလိမ့်မည်။

ဒါက သူတို့လုပ်ဆောင်ချက်များအတွက် သေစေလောက်သည်။

နီပင်းချန်၏မျက်လုံးများက တုန်ယင်သွားသည်။

ဒီစကားလုံးများ၏ အကျိုးဆက်များက မယုံနိုင်လောက်အောင် လေးလံသည်။

"မင်းငါ့ကိုအနိုင်ယူနိုင်မယ်ထင်နေတာလား၊ မင်းကသွေးပြောင်းလဲခြင်းနယ်ပယ် ဓားသမားတစ်ယောက်သာသာပါပဲ၊ မင်းမှာ အစွမ်းထက်ဝှက်ဖဲရှိရင်တောင် သေမင်းဝိဉာဉ်မြို့မှာ ဘယ်လိုသုံးမလဲ"

ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးသည်။

"မင်းကိုကိုင်တွယ်ဖို့အတွက် အဲဒီဝှက်ဖဲတွေဆိုတာကို ငါသုံးစရာမလိုဘူး"

အရမ်းမောက်မာတယ်!

လူတိုင်းယဲ့ချိုးပိုင်ကို ကြည့်လိုက်ကြ၏။

သူတို့ ယဲ့ချိုးပိုင်ကို ဒီလိုအခြေအနေမျိုးတွင် တစ်ခါမှမမြင်ဖူးသလောင်ပင်။

များသောအားဖြင့် ယဲ့ချိုးပိုင်က အမြဲလိုလို နှိမ့်ချတတ်သည့်ပုံပေါ်ပြီး ဓားအိမ်ထဲ ပုန်းနေသည့် နတ်ဓားတစ်လက်အသွင်။

လက်ရှိယဲ့ချိုးပိုင်က ဓားအိမ်ကိုစွန့်ခွာလာသည့် ထက်ရှသည့်နတ်ဓားတစ်စင်းနှင့်တူသည်။

မောက်မာသည့်အော်ရာက ဓားဆန္ဒနှင့်အတူ ကောင်းကင်ပေါ် ထိုးတက်သွား၏။

"မင်းတိုက်မလား၊ မတိုက်ဘူးလား"

နီပင်းချန် ယဲ့ချိုးပိုင်၏ တည်ငြိမ်သည့် အကြည့်ကိုကြည့်ရင်း အံကြိတ်သည်။

"မင်းပြောတဲ့အတိုင်း လုပ်မယ်လို့ ငါယုံကြည်တယ်"

ထို့နောက် သူယဲ့ချိုးပိုင်အား ရိုက်ချသည်။

အင်မော်တယ်တပိုင်း အစောပိုင်းအဆင့်ခွန်အားက သံသယမရှိထွက်လာခဲ့သည်။

ရေခဲပန်းတစ်ပွင့်က သူ့လက်ဖဝါးပေါ်၌ ပေါ်လာသည်။ ရေခဲပန်းပွင့်ပေါ်လာသည့် အချိန်တွင် ပတ်ပတ်လည်မှလေဟာနယ်၊ လေထုနှင့် မြို့ရိုးများက ရေခဲဆူးချွန်များနှင့် ဖုံးသွားသည်။

ဒါက ကမ္ဘာကြီးထဲက အရာအားလုံးကို အေးခဲပစ်ချင်နေသည့်အလားပင်။

လင်းကျိနန်လက်ပိုက်ကာ ရှင်းပြသည်။

"နီပင်းချန်ကို တစ်ကိုယ်တော်ကျင့်ကြံသူတွေအကြား ထူးချွန်ထင်ရှားတဲ့လူတစ်ယောက်လို့ ယူဆနိုင်တယ်"

"အရမ်းရှားပါးတဲ့ရေခဲ‌ဆန္ဒကို သူ့ကိုယ်ပိုင်လက်မောင်းတစ်ခုလို ထိန်းချုပ်နိုင်တယ်ဆိုတာက သူကအရမ်းပါရမီရှိတာပဲ၊ ဝိဉာဉ်အင်မော်တယ်နန်းတော်က အကြီးအကဲတစ်ယောက်မှာတောင် သူ့ကိုတပည့်အဖြစ် ခေါ်ယူဖို့ ဆန္ဒရှိခဲ့တယ်"

"ငါလျှို့ဝှက်နယ်မြေတစ်ခုကို ဂိုဏ်းရဲ့တာ၀န်တစ်ခု ဆောင်ရွက်ဖို့ သွားတဲ့အချိန် ကုရှီသူနဲ့ တိုက်ခိုက်ခဲ့တယ်"

စုမုယောင်မေးသည်။

"ရလဒ်ကဘာတဲ့လဲ"

ဒါကိုကြားသောအခါ လင်းကျိနန်ရယ်မောသည်။

"သူကဘယ်လိုလုပ် ကုရှီရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"

ကုရှီအကြောင်းပြောလာစဉ် လင်းကျိနန်၏ မျက်လုံးများက အနည်းငယ်မှိန်သွားသည်။

သူတို့က ဝိဉာဉ်အင်မော်တယ်နန်းတော်တွင် မျိုးရိုးတူမဟုတ်သော်လည်း ဆက်ဆံရေးက အတော်လေးကောင်းသည်။

နန်းတော်သခင်၏ ကိုယ်ပိုင်တပည့်တစ်ဖြစ်လဲ ကုရှီက သူ့ကိုယ်သူသိပ်မထင်မကြီးပေ။

ဘာလုပ်ရမလဲဆိုတာ သူပြောနေသရွေ့ ကုရှီဘာမှပြောမည်မဟုတ်။

လင်းကျိနန်က ကုရှီ၏ခွန်အားကို ယုံကြည်သလို ကုရှီကလည်း လင်းကျိနန်၏ အစီအစဉ်ကို ခြွင်းချက်မရှိ ယုံကြည်သည်ဟု ဆို၍ရသည်။

ထိုအချိန်က ဝိဉာဉ်အင်မော်တယ်နန်းတော်သခင် ဒီလိုပြောခဲ့သည်။

ကုရှီက ဝိဉာဉ်အင်မော်တယ်နန်းတော်၏ ဓားဖြစ်လိမ့်မည်။

လင်းကျိနန်ကမူ ဓားကိုစီးနင်းသူပင်။

ဒီလူနှစ်ယောက်နှင့်အတူ ဝိဉာဉ်အင်မော်တယ်နန်းတော်က ဆက်လက်ရှင်သန်နေပေလိမ့်မည်။

ကံဆိုးစွာကင် ကုရှီက ငရဲဂိုဏ်းက လူများ၏ သတ်ဖြတ်ခြင်းကိုခံရသည်။

ဒါကိုတွေးမိသောအခါ လင်းကျိနန် လက်သီးကျစ်ကျစ်ဆုပ်ရင်း သူ့မျက်လုံးများက အေးစက်နေသည်။

ငရဲဂိုဏ်း....ငါဘယ်လိုပဲတန်ဖိုးပေးဆပ်ရ ပေးဆပ်ရ မင်းတို့အားလုံးကိုထပ်ပြီး ဖျက်ဆီးပစ်မယ်!

သူယဲ့ချိုးပိုင်ရှိရာဘက်သို့ ကြည့်လိုက်၏။

သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်တွင်ပင် ယဲ့ချိုးပိုင်၌ ကုရှီကို ခုခံရန်အတွက် ခွန်အားရှိသည်။

ယခုသူက သွေးပြောင်းလဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်လေရာ အသေးအနုတ် နီပင်းချန်လေးက မွန်းစတားကဲ့သို့ ပါရမီ ယဲ့ချိုးပိုင်၏ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။

အဖြေကသိသာထင်ရှားနေသည်။

ယဲ့ချိုးပိုင် ရှေ့သို့ခြေလှမ်းကြီးတစ်လှမ်း လှမ်းရင်း ရှောင်တိမ်းမနေဘဲ နီပင်းချန်ထံ ပြေး၀င်သွား၏။

ယဲ့ချိုးပိုင်၏လက်ထဲတွင် ရေခဲများက အဆက်မပြတ် သိပ်သည်းနေသော်လည်း ထိုးထွက်လာသည့် ဓားဆန္ဒကြောင့် မကြာမီ ဖယ်ရှားခံရသည်။

ဒါက ယဲ့ချိုးပိုင်အား လှုပ်ရှားခြင်းကနေ လုံး၀ရပ်တန့်နိုင်စွမ်းမရှိပေ။

နီပင်းချန် ဒီမြင်ကွင်းကိုကြည့်ရင်း ကျယ်လောင်စွာအော်ဟစ်သည်။

"ကိုးဘက်ရေခဲသိပ်သည်းခြင်း"

ချက်ချင်းဆိုသလို အေးခဲသည့်လေက သူ့လက်ဖဝါးကနေ မုန်တိုင်းတစ်စင်းပမာ စိမ့်ထွက်လာသည်။

အပိုင်း(707) coming။

All Chapters