← Chapters

#ကျင့်ကြံခြင်းမျှော်စင်#

Vol. 50 Ch. 708

#ကျင့်ကြံခြင်းမျှော်စင်#

Vol. 50 Ch. 708

"ပြီးသွားပြီလား"

ယဲ့ချိုးပိုင် ပြန်လာသည့်မုဖူရှန်းအား ကြည့်လိုက်၏။

မုဖူရှန်းခေါင်းညိတ်ကာ ပြုံးသည်။

"မစိုးရိမ်ပါနဲ့၊ ကျွန်တော်က အရာတွေကို အဆုံးသတ်ပေးတဲ့နေရာမှာ အရမ်းထူးချွန်တယ်၊ ဘယ်လိုခြေရာမျိုးမှ မကျန်တာကို ကျွန်တော်အာမခံတယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

"မှန်တယ်၊ အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ အစ်ကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်က မကြာခင် ဆရာ့ရဲ့ဖယ်ရှားခြင်းကို ခံရတော့မယ်ထင်တယ်"

မုဖူရှန်းအလျင်အမြန်ပင် လက်ဝှေ့ယမ်းသည်။

"ဒါကမဖြစ်နိုင်ပါဘူး၊ အစ်ကိုကြီးနေရာက စီနီယာအစ်ကိုယဲ့ပဲ ဖြစ်နေသင့်တာ"

"ဒီလိုအခြေအနေတွေအောက်မှာ ဆရာ့အတွက် ဂိုဏ်းထဲက အဓိကကိစ္စတစ်ခုကို ဆောင်ရွက်ဖို့ဆိုတာက အဆင်မပြေဘူးဆိုရင် အစ်ကိုကြီးဆီကို အရင်ဆုံးတွန်းပို့ပေးမှာပဲလေ"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်၏ မျက်ခုံးများက တုန်ယင်သွားရသည်။

ငါဘာလုပ်သင့်လဲ၊ ဒီကောင်စုတ်ကို ငါတကယ် တောင်တစ်တောင်နဲ့ ဖိသတ်ပစ်ချင်တယ်!

"ကောင်းပြီ၊ ကျန်တာတွေကို ငါတို့ဆွေးနွေးပြီးပြီ"

ယဲ့ချိုးပိုင် လဲ့ကျန်းချီအားကြည့်လိုက်၏။

ဒါကိုမြင်သောအခါ လဲ့ကျန်းချီရှင်းပြသည်။

"မင်းတို့ ကြယ်တိမ်တိုက်မြို့ရဲ့ ဗဟိုဖိနှိပ်နေရာကို ၀င်နိုင်ပါတယ်"

"အဲထဲမှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ သဘာ၀ရတနာတွေ အများကြီးရှိပြီး ထူးခြားတာတစ်ခုခုလည်းရှိသေးတယ်၊ အဲဒီသဘာ၀ရတနာတွေနဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ကျင့်ကြံခြင်းအဖြစ် တိုက်ရိုက်ပြောင်းလဲနိုင်သလို တုံကင်အဖြစ်လည်း သိမ်းဆည်းထားနိုင်တယ်"

"အန္တရာယ်ကြီးတွေလည်းရှိတာပေါ့၊ ပထမဆုံးအနေနဲ့ ၀င်ပြီးတာနဲ့ ကျင့်ကြံခြင်းက တိုက်ရိုက်ဖိနှိပ်ခံရလိမ့်မယ်၊ အဲဒီနေရာမှာ ဆန္ဒနယ်ပယ်နဲ့ ကိုယ်ခွန်အားကိုသာ သုံးနိုင်တယ်၊ ဝိဉာဉ်ချီ ဒါမှမဟုတ် ဝိဉာဉ်စွမ်းအားလိုအပ်တဲ့ ဘယ်လိုကျင့်ကြံခြင်းကျင့်စဉ်မျိုးကိုမဆို သုံးလို့မရဘူး"

သေမင်းဝိဉာဉ်မြို့တွင် ဖိနှိပ်အားက ဝိဉာဉ်ကို အဓိကထားဖိနှိပ်ခြင်းပင်။

"တစ်ချိန်တည်းမှာပဲ ရတနာတိုင်းကို မှော်သားရဲတွေက သယ်ဆောင်ထားကြတယ်၊ တကယ်လို့ရချင်တယ်ဆိုရင် မှော်သားရဲတွေကို သတ်ဖို့လိုတယ်"

"အရင်က ငါတို့ပထမအဆင့်ကိုပဲ ရောက်ခဲ့ပြီး တစ်ယောက်ယောက်အပြင်းအထန် ဒဏ်ရာရခဲ့တယ်၊ ချန်ဟွီနဲ့ငါတောင် ဒုတိယအဆင့်ကိုပဲ ရောက်နိုင်တယ်"

မုဖူရှန်းပဟေဠိဖြစ်သွားရသည်။

"ဒီလိုဆိုရင် မင်းတို့ဘာလို့မဟာမိတ်ဖွဲ့ဖို့ ဒီလောက်အလျင်လိုနေရတာလဲ၊ ဒီလိုကျင့်ကြံခြင်းရတနာမြေနဲ့ဆိုရင် မင်းတို့ကျင့်ကြံခြင်းအဆင့် ပိုမြင့်တဲ့အခါမှ လာတာပိုမကောင်းဘူးလား"

ဒါကိုကြားသောအခါ လဲ့ကျန်းချီခေါင်းခါယမ်းသည်။

"ငါတို့ဘာတစ်ခုမှမသိတဲ့ ဒီလိုအခြေအနေမှာ ငါတို့ရဲ့တိုက်ခိုက်ရေးခွန်အားကသာ အပြင်းအထန်ဒဏ်ရာရသွားပြီး တစ်ဘက်လူ တိုက်ခိုက်လာမယ်ဆိုရင် ဒါက သေစေလောက်တဲ့ ရိုက်ချက်တစ်ခုဖြစ်လာမယ်လေ"

"ဒါကြောင့် မင်းတို့ရဲ့မဟာမိတ်ကို ငါတို့အရင်ရှာဖွေရတာပဲ၊ တစ်ချိန်တည်းမှာပဲ ငါတို့ငရဲမြို့နဲ့ လက်ရှိအခြေအနေကို စူးစမ်းချင်လို့ပဲ"

ဒါက လဲ့ကျန်းချီနှင့် ကျန်သောသူများ မဟာမိတ်ဖွဲ့ရန်အတွက် မြေအောက်သရဖူမြို့ကို လာရသည့် အဓိကအကြောင်းရင်းပေတည်း။

မုဖူရှန်းခေါင်းညိတ်သည်။

ဒီရှင်းလင်းချက်က အဓိပ္ပာယ်ရှိပါသည်။

"ဒီလိုဆိုရင် ငါတို့အခုသွားကြမလား" စုမုယောင်မေးသည်။

"ဒါပေမယ့် မြေအောက်သရဖူမြို့ရဲ့ မြို့စောင့်တပ်ကိုရော"

လင်းကျိနန်ခေါင်းခါယမ်းသည်။

"စည်းမျဉ်းတွေအရဆိုရင် မြို့ကျသွားတာနဲ့ ချက်ချင်းဖယ်ရှားခံရမယ်လို့ မပြောထားဘူး၊ ဒါကြောင့် မြို့ကျသွားရင်တောင် သေမင်းဝိဉာဉ်မြို့ရဲ့ အလယ်ဗဟိုကို ရွေးနိုင်ဦးမယ်"

"အဲဒီအချိန်ကျရင် ငါတို့ရှုံးရင်တောင် ငါတို့ခွန်အားတိုးမြှင့်လာတဲ့အခါ ပြန်တိုက်ခိုက်နိုင်တယ်"

"ဒါ့အပြင် တကယ်လို့ ဒီနေရာကို စောင့်ကြပ်ဖို့အတွက် ငါတို့အခုလူလွှတ်မယ်ဆိုရင် သူတို့က သေခြင်းတရားကို ရေတွက်နေတာနဲ့ တူနေလိမ့်မယ်"

ငရဲဂိုဏ်းကလူလေးယောက်က မြေအင်မော်တယ်နယ်ပယ်အထိ တိုးမြှင့်ရန် လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုနိုင်သည်။

ဒါ့အပြင် ကောင်းကင်ပြာမြစ်ဝါနန်းတော်က ဖျက်ဆီး၍မရနိုင်သည့် အခင်းအကျင်း အစီအရင်ရှိသည်။

သူတို့အားလုံး ဒီမှာနေရာချမည်ဆိုလျှင်ပင် အရမ်းကြီးအသုံး၀င်မည်မဟုတ်။ သူတို့က ကျရှုံးနေမည်သာ။

ထို့ကြောင့် သူတို့က ခွန်အားကို အရင်ဆုံးတိုးမြှင့်ရန်အတွက် ကြယ်တိမ်တိုက်မြို့ကို သွားပြီး စွန့်စားနိုင်သေးသည်။

"ကောင်းပြီ၊ ဆုံးဖြတ်ပြီးပြီဆိုမှတော့ အားလုံးပဲ ကြယ်တိမ်တိုက်မြို့ကို သွားကြရအောင်"

သူတို့ခေါင်းညိတ်ကြသည်။

ကြယ်တိမ်တိုက်မြို့က တောင်ထိပ်တစ်ခုပေါ်၌ တည်ရှိသည်။

ပတ်ပတ်လည်ကျောက်ထရံများသို့ ၀င်နိုင်သည့် တောင်လမ်းကြောင်းတစ်ခုတည်းသာ ရှိသည်။

တစ်ချိန်တည်းမှာပင် ဒါက ကောင်းကင်ရှိ တောက်နေသည့်ကြယ်စင်စုနှင့် အရမ်းနီးသည်။ အဘယ်ကြောင့်ဆိုသော် တောင်ထိပ်က အရမ်းမြင့်မားသောကြောင့်ပင်။

၎င်းမှ ထုတ်လွှတ်နေသည့် ဖိနှိပ်အားက မည်သည့်ကျင့်ကြံသူကိုမဆို အချိန်အကြာကြီး ပျံသန်းခွင့်မပေးပေ။

ရလဒ်အဖြစ် ကြယ်တိမ်တိုက်မြို့က ကာကွယ်ဖို့ လွယ်ကူသော်လည်း တိုက်ခိုက်ရန် ခက်ခဲသည့် သဘာ၀ရဲတိုက်တစ်ခုပမာ။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တောင်လမ်းထဲကနေတစ်ဆင့် တိမ်များထဲသို့ ဖြည်းဖြည်းချင်း၀င်လာခဲ့ကြသည်။

မုဖူရှန်း၀န်းကျင်သို့ကြည့်လိုက်စဉ် ဖိနှိပ်မှုကို ခံစားရသည်။

အကယ်၍ သူတို့မြေအောက်သရဖူမြို့တွင်သာ ဒီလိုတူညီသည့် မြေမျက်နှာသွင်ပြင်နဲ့ ပတ်၀န်းကျင်သာ ရှိမည်ဆိုပါက သူ့အဆောင်ကိုပါ ပေါင်းစပ်လိုက်ပါက သူတို့ ငရဲမြို့၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပေလိမ့်မည်။

ထိုအချိန်တွင် လဲ့ကျန်းချီပြောသည်။

"ငါတို့ရောက်ပြီ"

လူတိုင်းမော့ကြည့်လိုက်ကြ၏။

တောင်ထိပ်ပေါ်၌ ရှေးဆန်ပြီး ခမ်းနားသည့် မြို့တစ်မြို့ရှိသည်။

လူတိုင်း၀င်လိုက်ကြ၏။ တည်ဆောက်ပုံက မြေအောက်သရဖူမြို့နှင့် အရမ်းကြီး မခြားနားသော်လည်း ပတ်ပတ်လည်က မြို့ရိုးများနှင့် စံအိမ်များကို အထူးသစ်သားများဖြင့် ပြုလုပ်ထားသည်။

သစ်သားက မြေအောက်သရဖူမြို့နှင့် ငရဲမြိုထက်ပင် ပို၍မာကျောသည်။

မဟုတ်ပါက ယခုလိုအစွမ်းထက်ဖိနှိပ်မှုနှင့် ဖိနှိပ်ထားသည့် ဒီလိုနေရာမျိုးတွင် ကောင်းကောင်း ထိန်းသိမ်းထားနိုင်မည်မဟုတ်။

လူတိုင်းအလယ်ဗဟိုကို ရောက်လာသောအခါ ဒီနေရာတွင်လည်း ၀န်းရံထားသည့် ‌မိုးနှင့်မြေကို ဆက်သွယ်ထားသော ကျောက်တိုင်သုံးတိုင်ရှိသည်။

ထို့ထဲတွင် အပေါ်ကနေအောင်အထိ အဆင့်ကိုးဆင့်ရှိသည့် ဧရာမမျှော်စင်တစ်ခုရှိသည်။

သူတို့ပိုမြင့်လေလေ၊ ‌မျှော်စင်က ပိုသေးလာလေလေဖြစ်သည်။

လဲ့ကျန်းချီ ရှေ့သို့လက်ညိုးထိုးပြသည်။

"ဒီတံခါးကနေ ၀င်လိုက်ပါ၊ မျှော်စင်ထဲ ၀င်ပြီးတာနဲ့ ကျင့်ကြံခြင်းအဆင့်က ဖိနှိပ်ခံရလိမ့်မယ်၊ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ပဲမြင့်နေပါစေ အထဲမှာ လုံး၀ပျောက်ကွယ်သွားပြီး သာမန်လူတစ်ယောက်လို ဖြစ်လာလိမ့်မယ်"

'မှော်သားရဲတွေကလည်း ဘာကျင့်ကြံခြင်းမှ မပိုင်ဆိုင်ထားကြပါဘူး၊ ဒါပေမယ့် သူတို့ရဲ့ရုပ်ခန္ဓာတွေက အတော်လေးအစွမ်းထက်တယ်"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် ရှောင်ဟိုင်အား ကြည့်ကာ ပြုံးသည်။

"ဒါက မင်းရဲ့အိမ်ကွင်းလိုပဲ"

လူတိုင်းအနည်းငယ် မနာလိုဖြစ်သွားကြသည်။

ရှောင်ဟိုင်၏ရုပ်ခန္ဒာက အရမ်းအစွမ်းထက်တာကို သူတို့သိကြပါသည်။ အင်မော်တယ်မျောက်ဝံကျေးရွာက ကျန်သုံးယောက်ကလည်း ကိုယ်ခန္ဓာများကို ကျင့်ကြံကြသည်။

"ကောင်းပြီ၊ အချိန်ကအရေးပါတယ်၊ တိုက်ရိုက်၀င်ကြရအောင်"

ထို့နောက် လဲ့ကျန်းချီ၊ ချန်ဟွီနှင့် မြောင်ပန်တုံတို့က အရင်၀င်လိုက်သည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း အနီးကပ်လိုက်သွားကြ၏။

လူတိုင်း မျှော်စင်ထဲ၀င်လိုက်သည်နှင့် တစ်ပြိုင်နက် အလင်းတန်းတစ်ခုက လူတိုင်း၏ လက်ကောက်၀တ်၌ လင်း၀င်းသွားသည်။

ထို့နောက် သူတို့လက်ကောက်၀တ်၌ သစ်သားပြားတစ်ခုစီ ချည်ခံလိုက်ရသည်။

ဒါက ဝိဉာဉ်ချီကို ‌သိုလှောင်ရန်အတွက် နေရာတစ်ခုဆိုတာ ရှင်းလင်းနေသည်။

တစ်ချိန်တည်းမှာပင် အလွန်အမင်း အစွမ်းထက်သည့် ဖိနှိပ်အားတစ်ခုက သူတို့အပေါ် ကျဆင်းလာသည်။

ထိုအချိန်တွင် ကျင့်ကြံခြင်းဖြစ်စေ ဝိဉာဉ်ကိုဖြစ်စေ သုံး၍မရတော့ပါ။

စုမုယောင် သူမလက်ကိုဆန့်ထုတ်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"ငါတကယ်သုံးလို့မရတော့ဘူး"

လင်းကျိနန်ကလည်း ခါးသီးစွာပြုံးသည်။

"ကျင့်ကြံခြင်းမရှိရင် ငါတို့လည်း လုံခြုံတယ်လို့ မခံစားရဘူး"

သူဘေးဘီဝဲယာကြည့်လိုက်သည်။

ပထမအထပ်က ထိုးဖောက်၍မရနိုင်သည့် နံရံတစ်ခုဖြင့် ၀န်းရံထားသည်။ ပတ်ပတ်လည်၌ အဆင်လှဆင်ထားသည့် အရာများဟူ၍မရှိဘဲ မျှော်စင်၏ ကိုယ်ထည်ကို ထောက်ပံ့ပေးထားသော သံတိုင်များသာရှိသည်။

ထို့ထဲတွင် ဝိဉာဉ်ချီမရှိပေ။

လူတိုင်းရှေ့သို့ကြည့်လိုက်သောအခါ သူတို့၏မျက်လုံးများက တုန်ယင်သွားကြ၏။

ရှေ့တွင် ခရုပတ်လှေကားထစ်တစ်ခုရှိသည်။

ဒုက တတိယထပ်၏၀င်ပေါက်ဖြစ်သည်။ ၀င်ပေါက်ရှေ့တွင် နီရဲသည့်မျက်လုံးများနှင့် ဝံပုလွေပုံမှော်သားရဲများရှိသည်။ ၎င်းတို့က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား စိုက်ကြည့်ရင်း ပါးစပ်များကို ဟလိုက်ကြသည်။ ၎င်းတို့၏ ထက်ရှသည့်သွားနှစ်ချောင်းက တည့်မတ်နေပြီး အလွန်အမင်း ကြမ်းကြုတ်ရက်စက်ပုံရသည်။

ဝံပုလွေများ၏ မျက်ခုံးအကြားတွင် လင်း၀င်းစွာ တောက်ပနေသည့် ဝိဉာဉ်ဆေးပင်တစ်ပင်ရှိသည်။ ဒီပုလဲဝိဉာဉ်ဆေးပင်က ယှဉ်၍မရနိုင်သည့် သန့်စင်သော ဝိဉာဉ်ချီနှင့် ပြည့်နှက်နေသည်။

လဲ့ကျန်းချီပြောသည်။

"ငါတို့ သူတို့ကိုသတ်နိုင်ရင် ဝိဉာဉ်ဆေးပင်တွေထဲက ဝိဉာဉ်စွမ်းအင်တွေကို သစ်သားတုံကင်က စုပ်ယူပစ်နိုင်မယ်"

"ငါတို့ကိုမြင့်လေလေ၊ ဒီဝိဉာဉ်ဆေးပင်တွေရဲ့ ဝိဉာဉ်စွမ်းအင်က ပိုသိပ်သည်းလေလေပဲ၊ မှော်သားရဲတွေကလည်း ပိုပြီး အားကောင်းလာကြတာပေါ့"

ထို့နောင် လဲ့ကျန်းချီ၊ ချန်ဟွီနှင့် မြောင်ပန်တုံတို့က မှော်သားရဲများထံ အလွယ်တကူပင် ဦးတည်သွားကြ၏။

လဲ့ကျန်းချီ လက်ထဲတွင် ဗျပ်စောင်းကိုကိုင်ထားသည်။ သူဗျပ်စောင်းကို တီးခတ်သောအခါ ဓားဆန္ဒအမျှင်တန်းများက မှော်သားရဲများအား ပိုင်းဖြတ်ပစ်သည်။

ထိုထဲတွင် မည်သည့်ဝိဉာဉ်ချီမှမပါရှိဘဲ ဓားဆန္ဒတစ်ခုတည်းသာဖြစ်သည်။

အပိုင်း(709) coming။

All Chapters