← Chapters

#မျှော်စင်ကိုစိန်ခေါ်ခြင်း#

Vol. 50 Ch. 709

#မျှော်စင်ကိုစိန်ခေါ်ခြင်း#

Vol. 50 Ch. 709

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ကျင့်ကြံခြင်းမျှော်စင်၏ စည်းမျဉ်းစည်းကမ်းများကို ပုံဖော်မိကြပြီဖြစ်သည်။

လဲ့ကျန်းချီ၊ ချန်ဟွီနှင့် မြောင်ပန်တုံတို့ ပြေး၀င်သွားသောအခါ အလင်းပြာအတားအဆီးတစ်ခုက သူတို့သုံးယောက်လုံးကို ခွဲပစ်သည်။

တစ်ယောက်ချင်းစီ၌ အတားအဆီးထဲတွင် ခေါင်းခုနှစ်လုံးနတ်ဆိုးဝံပုလွေတစ်ကောင်စီရှိသည်။

ဒီခေါင်းခုနှစ်လုံးနတ်ဆိုးဝံပုလွေကို သတ်ဖြတ်ပြီးမှသာ ခရုပတ်လှေကားထစ်များ၌ တက်ကာ ဒုတိယထပ်သို့၀င်ရန် အရည်အချင်း ပြည့်မှီပေလိမ့်မည်။

ထိုအချိန်တွင် လင်းကျိနန် စုမုယောင်ကို ကြည့်ကာပြုံးသည်။

"ငါတို့လည်းသွားကြရအောင်"

စုမုယောင် ရှေ့သို့ပြေး၀င်သွားပြီဖြစ်သည်။

ယဲ့ချိုးပိုင် ရှေးတိုးကာ လင်းကျိနန်၏ ပခုံးကိုပုတ်သည်။ ထို့နောက် အားကိုးရာမဲ့စွာ ပြုံးရင်း ခေါင်းခါယမ်းသည်။

"လူငယ်လေး၊ မင်းပိုပြီးကြိုးစားရဦးမယ်"

ဒီစကားကိုကြားသောအခါ မုဖူရှန်း အူလှိုက်သည်းလှိုက် ရယ်မောလေတော့သည်။

"ဒါတွေအားလုံးက အစ်ကိုကြီးကြောင့်ပဲလေ"

ထို့နောက် ယဲ့ချိုးပိုင်ချေပသည်ကိုပင် စောင့်မနေတော့ဘဲ ရှေ့တိုးလိုက်စဉ် အလင်းပြာအတားအဆီး၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

ရှောင်ဟိုင်ကလည်း ယဲ့ချိုးပိုင်ကို စိုက်ကြည့်သည်။

"ဂျူနီယာညီလေးမုပြောတာ မှန်တယ်လို့ ကျွန်တော်လည်းထင်တယ်"

ယဲ့ချိုးပိုင်၏ မျက်ခုံးများက တုန်ယင်သွားပြီး ရှောင်ဟိုင်ပြေးသွားတာကို ကြည့်နေသည်။

ဒီနှစ်ယောက်ကတော့.....!

ကြည့်ရတာ အစ်ကိုကြီးဆိုတဲ့ငါ့ဂုဏ်ပုဒ်ကို မကြာခဏပြသရတော့မယ်ထင်တယ်!

ရုတ်တရက် လင်းကျိနန်၏ မကျေမချမ်းဖြစ်နေသည့် အကြည့်ကို ယဲ့ချိုးပိုင် အာရုံခံမိသည်။

တစ်ချက်စိုက်ကြည့်ပြီးနောက်တွင် သူနောက်လှည့်မကြည့်တော့ဘဲ ချက်ချင်းရှေ့သို့ ပြေးလေတော့သည်။

"အချိန်တိုအတွင်း မင်းလုပ်နိုင်မှာပါ၊ အနည်းဆုံးတော့ ကျင့်ကြံခြင်းမျှော်စင်ထဲမှာ သူ့ကိုသိမ်းပိုက်အနိုင်ယူဖို့အတွက် မင်းခွန်အားကို အသုံးပြုလိုက်"

ဒါကိုကြားသောအခါ လင်းကျိနန် အားကိုးရာမဲ့သွားရသည်။

မင်းငါ့ကိုပြောနေတာလား၊ မင်းကိုယ်မင်းနဲ့ ပတ်သက်ပြီး ပြောနေတာလား!

ထိုအချိန်တွင် လူတိုင်းကရှေ့သို့ ပြေးသွားကြသဖြင့် အလင်းပြာအတားအဆီး၏ ဖုံးလွှမ်းခြင်းကိုခံရသည်။

ဝိဉာဉ်ချီမရှိဘဲ သူတို့က သူတို့၏ဝိဉာဉ်စွမ်းအားကို အသုံးမပြုနိုင်ပေ။

ကျင့်ကြံသူတစ်ယောက်အတွက် ဒါက သံသယမရှိ ကြီးမားသည့် အားနည်းချက်ပေတည်း။

စုမုယောင်အားကြည့်ရင်း သူမှော်သားရဲများကို ဖိနှိပ်ရန်အတွက် ဆန္ဒနယ်ပယ်ကိုသာ အသုံးပြုနိုင်တော့သည်။

သို့စေကာမူ ဖိနှိပ်ခြင်းဆန္ဒ၏ အကန့်အသတ်အောက်တွင် နတ်ဆိုးဝံပုလွေ၏ လွှမ်းမိုးနေသည့် ကိုယ်ခွန်အားက ရွေ့လျားနေဆဲပင်။

စုမုယောင် ဒါကိုရှောင်တိမ်းနေရသည်။

သေစေလောက်သည့် အကြောင်းရင်းတစ်ခု မရှိသရွေ့ နတ်ဆိုးဝံပုလွေကို တိုက်ခိုက်ရန်ဟူသည် အတော်လေးခက်ခဲသည်။

လင်းကျိနန်လည်း အလားတူပင်။

လဲ့ကျန်းချီနှင့် ချန်ဟွီတို့က အနည်းငယ် ပိုကောင်းမွန်နေသည်။

လဲ့ကျန်းချီ ဓားလမ်းစဉ်ကို ရေးဆွဲရန်အတွက် သံစဉ်ကိုအသုံးပြုသည်။ သူ နတ်ဆိုးဝံပုလွေဆီသို့ နောက်ဆက်တွဲ ထိခိုက်မှုများကိုပင် လုပ်ဆောင်နိုင်သည်။

ချန်ဟွီ၏လှံဆန္ဒနှင့် လေမိုးကြိုးဆန္ဒက လဲ့ကျန်းချီထက် အနည်းငယ်ပို၍ သက်ရောက်မှုရှိသည်။

လူတိုင်းလွတ်လပ်နေကြစဉ် မုဖူရှန်းအား ကြည့်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ မုဖူရှန်းက အဆောင်သခင်တစ်ဦးဖြစ်သည်။

သူဝိဉာဉ်စွမ်းအားကို အသုံးမပြုနိုင်လေရာ သူ့အခြေအနေက တစ်ခြားသူများထက် ပို၍ ဆိုးရွားနေပေလိမ့်မည်။

သို့စေကာမူ သူတို့တွေ့လိုက်ရတာက မုဖူရှန်းကိုယ်ကို ခရမ်းမိုးကြိုးစွမ်းအားတစ်ခု ဖုံးလွှမ်းနေပြီး ထိုအဖျက်အော်ရာက အတားအဆီးတစ်ခုလုံးကို လွှမ်းခြုံသွား၏။

မုဖူရှန်းလက်မြှောက်လိုက်သောအခါ နတ်ဆိုးဝံပုလွေခေါင်းပေါ်၌ တိမ်မည်းတစ်ခုပေါ်လာသည်။ ထို့ထဲတွင် ခရမ်းမိုးကြိုးစွမ်းအားက ခရမ်းအလင်းတိုင်တစ်ခုအဖြစ် ပြောင်းလဲကာ နတ်ဆိုးသားရဲတစ်ကောင်ကို တိုက်ရိုက်ဖုံးလွှမ်းပစ်သည်။

အလင်းတိုင်ပျောက်ကွယ်သွားသည့် အခိုက်အတန့်၌ နတ်ဆိုးသားရဲက ကြမ်းပြင်၌ မည်သည့်အသက်လက္ခဏာမှ မရှိဘဲ လဲလျောင်းနေလေပြီ။

ဝိဉာဉ်ဆေးပင်ကလည်း အလွန်အမင်းသန့်စင်သည့် ဝိဉာဉ်ချီအဖြစ် ပြောင်းလဲသွားပြီး မုဖူရှန်းလက်ကောက်၀တ်၌ စုပ်ယူခံလိုက်ရသည်။

ဒီမြင်ကွင်းက စုမုယောင်နှင့် ကျန်သောသူများကို ထိတ်လန့်သွားစေသည်။

မုဖူရှန်းမှာ အဆောင်နှင့် ဝိဉာဉ်စွမ်းအားကနေ ကင်းကွာနေတာတောင် ဒီလိုအစွမ်းထက် တိုက်ခိုက်ရေးခွန်အားမျိုး ရှိသေးတာလား!

သို့စေကာမူ ဒါကပုံမှန်သာ။

ဒါကကိုးသွယ်ရှေးဦးမိုးကြိုးနည်းစနစ်မှ မိုးကြိုးစွမ်းအားများအနက် တစ်ခုဖြစ်သည့် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးဖြစ်သည်။

၎င်း၏အဖျက်စွမ်းအားက သာမန်မိုးကြိုးဆန္ဒတစ်ခု ယှဉ်နိုင်သည့်အရာတစ်ခု မဟုတ်ပါ။

ဆန်းကြယ်ယင်ခရမ်းမိုးကြိုးစွမ်းအားတစ်ခုတည်းနှင့် မုဖူရှန်း မိုးကြိုးစည်းမျဉ်များ၏ အစွန်းကို ထိတွေ့နေပြီဟု ဆို၍ရသည်။

တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်၏ ထူးကဲနယ်ပယ်ဓားဆန္ဒ၏ သတ်ဖြတ်ခြင်းစွမ်းအားက ထိုအခိုက်အတန့်၌ သံသယမရှိ ထွက်လာခဲ့သည်။

ယဲ့ချိုးပိုင်၏ အလွန်အမင်းအားကောင်းသည့် တိုက်ခိုက်ရေးစွမ်းရည်ကိုပါ ပေါင်းစပ်လိုက်ပါက သူကရှောင်တိမ်းရင်း နတ်ဆိုးသားရဲ၏ အစွမ်းထက်ကိုယ်၌ နက်ရှိုင်းသည့် ဓားအမှတ်များကို ချန်ထားနိုင်ခဲ့သည်။

နတ်ဆိုးဝံပုလွေပင်လျှင် ယဲ့ချိုးပိုင်ဓားမှ တတိယဓားချက်ကို မခုခံနိုင်ပေ။

တခြားတစ်ဘက်တွင် ရှောင်ဟိုင်၏ တိုက်ရိုက်ရေးပုံစံက ပိုရိုးရှင်းကာ ကြမ်းတမ်းသည်။

ဝိဉာဉ်ချီမရှိသဖြင့် ဝိဉာဉ်စွမ်းအားကို အသုံးမပြုနိုင်ခြင်းက ရှောင်ဟိုင်အတွက် အသုံးမ၀င်ပါ။

သူ့ရုပ်ခွန်အားက နတ်ဆိုးဝံပုလွေထက်ပင် အများကြီး ပိုအားကောင်း‌နေလေပြီ။

ရလဒ်အနေဖြင့် ရှောင်ဟိုင် နတ်ဆိုးဝံပုလွေထံပြေးသွားပြီး အော်ဟစ်သည်။

လက်သီးချက်တိုင်းက နတ်ဆိုးဝံပုလွေ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သည်။

လက်သီးချက်က နတ်ဆိုးဝံပုလွေကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သောအခါ အရိုးနှင့်အတွင်းအင်္ဂါများ ကွဲအက်သံများကိုပင် ကြားရသည်။

အင်မော်တယ်မျောက်ဝံကျေးရွာက ကျန်သုံးယောက်ကလည်း အလားတူပင်။

သူတို့၏ကိုယ်ခွန်အားက နတ်ဆိုးဝံပုလွေကို တစ်ချက်တည်းဖြင့် မသတ်နိုင်သော်လည်း ဖိအားလုံး၀မရှိပါ။

ဒါကိုမြင်သောအခါ လဲ့ကျန်းချီ၏ အမူအရာက လေးနက်သွားရသည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ခွန်အားက မျှော်စင်ကထွက်လာပြီးနောက်တွင် သူ့ကို သေချာပေါက်ချိုးဖျက်ပစ်လိမ့်မည်ဟု သူခံစားနေရသည်။

ထိုအချိန်တွင် သူ့၌ တိုက်ခိုက်ရန်ပင် ခွန်အားရှိတော့မည်မဟုတ်။

ချန်ဟွီခါးသီးစွာပြုံးသည်။

ယခုတွင်မူ ဘာကြောင့် လဲ့ကျန်းချီက ယဲ့ချိုးပိုင်၏ခွန်အားကို သာမန်အသိနှင့် အကဲဖြတ်လို့မရသလဲဆိုတာကို နောက်ဆုံးတော့ သူနားလည်လာခဲ့လေပြီ။

နယ်ပယ်တစ်ခုတည်းကို သူကြည့်၍မရပေ။

ဒီမြင်ကွင်းများက စုမုယောင်နှင့် ကျန်သောသူများကို အလွန်အမင်းအားကျကာ မနာလိုဖြစ်စေသည်။

ဒီကျင့်ကြံခြင်းမျှော်စင်က ယဲ့ချိုးပိုင်တို့အတွက် မွေးဖွားလာသည့်အလားပင်။

နတ်ဆိုးဝံပုလွေကိူ သတ်ဖြတ်ခြင်းက အတော်လေးပင်ပန်းရသည်။

မြောင်ပန်တုံနှင့် လင်းကျိနန်တို့က ဒဏ်ရာရနေလေပြီ။

သူတို့နှစ်ယောက်က တိုက်ခိုက်ရေးစွမ်းရည်နှင့် ကျော်ကြားသူများမဟုတ်ကြပါ။

မကြာမီ ရှောင်ဟိုင်က ခေါင်းခုနှစ်လုံးနတ်ဆိုးဝံပုလွေကို သတ်နိုင်သည့် ပထမဆုံးလူဖြစ်လာသည်။

ထို့နောက် မုဖူရှန်းနှင့်ယဲ့ချိုးပိုင်တို့ဖြစ်သည်။

‌အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်ကလည်း အနီးကပ်လိုက်ပါလာသည်။

"ဒီနေရာက တိုက်ခိုက်ရေးလေ့ကျင့်ဖို့အတွက် အတော်လေးကောင်းတဲ့ နေရာတစ်ခုဆိုတာ သတိထားမိလား"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ သူ့မျက်လုံးမှ တိုက်ခိုက်ရေးစိတ်ဓာတ်များက မပျောက်ကွယ်သွားသေးပေ။ သူပြုံးသည်။

"ငါပျော်တောင်မပျော်ရသေးဘူး"

မုဖူရှန်းကလည်း ရေရွတ်သည်။

"ဒီမျှော်စင်က စမ်းသပ်မှုက တကယ့်တိုက်ပွဲ၊ ဆန္ဒနယ်ပယ်နဲ့ ရုပ်ခန္ဓာအတွက် ပိုအသားပေးထားတာ ရှင်းနေတယ်"

"တကယ်လို့ လုံလောက်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိဘူးဆိုရင် ဒါမှမဟုတ် ဆန္ဒနယ်ပယ်က လုံလောက်အောင် အားမကောင်းဘူးဆိုရင် ပထမအဆင့်ကို ဖြတ်ကျော်ဖို့ဆိုတာကတောင် အရမ်းခက်ခဲတယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်ရင်း ဒဏ်ရာရနေသည့် လင်းကျိနန်နှင့် ကျန်သောသူများကို ကြည့်ရင်း အကူအညီမဲ့စွာပြောသည်။

"ကံဆိုးချင်တော့ ငါသူတို့ကို မကူညီနိုင်ဘူး"

ယဲ့ချိုးပိုင်၏စိုးရိမ်ပူပန်မှုကို မြင်နေရသည့်အလား လင်းကျိနန်ချက်ချင်းပြောသည်။

"မင်းတို့အရင်သွားကြ၊ ငါတို့ကိုမစိုးရိမ်နဲ့၊ အချိန်က တိုတောင်းတယ်"

ထို့နောက် သူက နတ်ဆိုးဝံပုလွေကြောင့် လွင့်စင်သွားရတော့သည်။

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် ခေါင်းညိတ်သည်။

"ဂရုစိုက်ပါ၊ မင်းတကယ်မလုပ်နိုင်ရင် အရင်ဆုံးနောက်ဆုတ်ပါ"

ထို့နောက် သူ မုဖူရှန်းနှင့်ရှောင်ဟိုင်တို့နှင့်အတူ ခရုပတ်လှေကားထစ်များဆီသို့ တက်ခဲ့သည်။

တခြားတစ်ဘက်တွင် ငရဲဘိုးဘေး၏ အကူအညီနှင့်အတူ ပန်ရှီနှင့်ကျန်သုံးယောက်၏ တန်ပြန်သက်ရောက်မှုများက ပျောက်ကွယ်သွားကြပြီဖြစ်ကာ သူတို့ခွန်အားကလည်း ကောင်းလာခဲ့သည်။

ငရဲဘိုးဘေးပြောသည်။

"မင်းတို့ပြန်ကောင်းလာပြီ‌ဆိုတော့ မြေအောက်သရဖူမြို့လို့ ခေါ်တဲ့နေရာကို ရှာပြီးတိုက်ခိုက်ကြ၊ အဲဒီက ဝိဉာဉ်ကိုဖိနှိပ်ခြင်းက ငါ့သက်သာမှုအတွက် အကြီးအမား အထောက်အကူဖြစ်စေတယ်"

ထိုသို့ဆိုပြီးနောက် ပန်ရှီနှင့်ကျန်သောသူများ၏ နဖူးထဲသို့ နောက်ထပ်ဝိဉာဉ်စွမ်းအားအမျှင်စတစ်ခုစီ ထည့်ပေးသည်။

ဒါကသူတို့အတွက် လျှို့ဝှက်ကျင့်စဉ်ကို ထပ်မံအသုံးပြုနိုင်ရန်ဖြစ်သည်။

ပန်ရှီဒါကိုကြားသောအခါ ချက်ချင်းခေါင်းညိတ်ရင်းပြောသည်။

"ဘိုးဘေး၊ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ သေချာပေါက် ကျရှုံးမှာမဟုတ်ဘူး"

သူတို့ ယဲ့ချိုးပိုင်တို့ကို မဖမ်းနိုင်သော်လည်း မြို့ကိုတိုက်ခိုက်ပါက မတူညီတော့ပါ။

ထို့နောက် လေးယောက်လုံးက ချက်ချင်းဆိုသလို မြေအောက်သရဖူမြို့သို့ စတင် ထွက်ခွာသည်။

ငရဲဘိုးဘေးက ကွေ့ကောရင်အား ကြည့်ပြီး မေးသည်။

"မင်းမှာ ငါတို့ငရဲဂိုဏ်းနဲ့ ပူးပေါင်းရတဲ့ အကြောင်းရင်းတစ်ခုရှိတယ်ဆို"

အပိုင်း(710) coming။

All Chapters