#ပူးပေါင်းရသည့်အကြောင်းရင်း#
Vol. 50 Ch. 710
"မင်း ငါ့ရဲ့ငရဲဂိုဏ်းနဲ့ ပူးပေါင်းချင်တယ်လို့ ငါကြားခဲ့တယ်"
ကွေ့ကောရင် ငရဲဘိုးဘေး၏ မေးခွန်းကို ကြားသောအခါ အမှန်ပြန်ပြင်ပေးသည်။
"အတိအကျပြောရမယ်ဆိုရင် ခင်ဗျားနဲ့ ပူးပေါင်းချင်တာပါ"
"အိုး" ငရဲဘိုးဘေးအနည်းငယ် အံ့ဩသင့်သွားသည်။
"အရင်က ကောင်းကင်ပြာမြစ်ဝါနန်းတော်ကို ငါကြားဖူးပါတယ်၊ ဒါက အတော်လေး လျှို့ဝှက်ဆန်းကြယ်တယ်၊ ငါ့မှာ မင်းတို့ တန်ဖိုးထားရတဲ့ အရာတစ်ခုခုရှိလို့လား"
ကွေ့ကောရင်ခေါင်းညိတ်သည်။
"အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ခင်ဗျားက အဆင့်မြင့်ကြယ်နယ်မြေကို ရောက်ဖူးတဲ့ တစ်ဦးတည်းသောသူပဲလေ၊ ခင်ဗျားဘာလို့ ပြန်လာခဲ့သလဲဆိုတာ ကျုပ်မသိပေမယ့် အဆင့်မြင့်ကြယ်နယ်မြေကို ရောက်ဖို့ ကျုပ်တို့ခင်ဗျားရဲ့နည်းလမ်းကို လိုအပ်တယ်"
အဆင့်မြင့်ကြယ်နယ်မြေ.....!
သူကအဆင့်မြင့်ကြယ်နယ်မြေသို့ သွားချင်နေခဲ့သည်။
ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေကနေ အဆင့်နိမ့်ကြယ်နယ်မြေကို သွားခြင်းကဲ့သို့ မရိုးရှင်းပေ။ အလယ်အလတ်အဆင့်ကနေ အဆင့်နိမ့်ကြယ်နယ်မြေကို ဖြတ်ကျော်ရန် အထူးကျောက်စိမ်းတံဆိပ်တစ်ခုသာ လိုအပ်သည်။
ယခုလိုကျောက်စိမ်းတံဆိပ်မျိုးကို အခြေခံအားဖြင့် တတိယတန်းစားအင်အားစုများနှင့် အထက်လူအားလုံး ပိုင်ဆိုင်ကြသည်။
သို့စေကာမူ အဆင့်မြင့်ကြယ်မြေသို့ သွားလိုပါက အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဂိုဏ်းအားလုံးသာမက မြင့်မြတ်အဆောင်ဂိုဏ်း သို့မဟုတ် စုမိသားစု အစရှိသည့် ထိပ်တန်းဂိုဏ်းများပင်လျှင် ၀င်ရန် နည်းလမ်းမရှာတွေ့ခဲ့ကြပေ။
သူတို့ အဆင့်မြင့်ကြယ်နယ်မြေသို့ ဘယ်နေရာကနေ ၀င်ရမလဲဆိုတာကိုပင် မသိကြပါ။
"ဒါပေမယ့် ဒီသတင်းကို မင်းတို့ဘယ်လိုသိတာလဲ" ငရဲဘိုးဘေးက မျက်မှောင်ကြုတ်ရင်း သူ့မျက်လုံးများက အံ့ဩသင့်မှုများနှင့် ပြည့်နှက်နေသည်။
သူအဆင့်မြင့်ကြယ်နယ်မြေကို တစ်ခါကရောက်ဖူးတာကို ဘယ်သူ့ကိုမှ မပြောပြခဲ့ပေ။
အဆင့်မြင့်ကြယ်နယ်မြေသို့ ဦးတည်ပြီးနောက်မှသာ ငရဲဘိုးဘေးက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ အားအကောင်းဆုံး ဖြစ်လာရခြင်းဖြစ်သည်။ သို့စေကာမူ အဆင့်မြင့်ကြယ်နယ်မြေတွင် ငရဲဘိုးဘေးအား သူ့ပါရမီနှင့် ခွန်အားက ပုရွက်ဆိတ်သာသာမျှသာ ရှိတယ်ဆိုတာကိုလည်း သိစေခဲ့သည်။
ဒီကြယ်နယ်မြေနှစ်ခုကြားက ခွန်အားကွာဟချက်က အရမ်းကြီးမားသည်။
ဒါ့အပြင် ခွန်အားမရှိပါက အဆင့်မြင့်ကြယ်နယ်မြေကို သွားရန်ဟူသည် ခက်ခဲသည်။
ထိုအချိန်က ငရဲဘိုးဘေးမှာ မြေအင်မော်တယ်နယ်ပယ်ကို ရောက်နေပြီဖြစ်သည်။
မြေအင်မော်တယ်များပင်လျှင် အဆင့်မြင့်ကြယ်နယ်မြေ၌ လိုက်လျောညီထွေစွာ မနေနိုင်ပေ။ ခွန်အားကွာခြားချက်က သိသာထင်ရှားသည်။
ကွေ့ကောရင်ပြုံးသည်။
"ကောင်းကင်ပြာမြစ်ဝါနန်းတော်က အလယ်အလတ်အဆင့်ကြယ်နယ်မြေနဲ့ ပတ်သက်တဲ့ အရာတိုင်းကိုသိပါတယ်၊ စီနီယာရဲ့ အောင်မြင်မှုတွေကလည်း ခြွင်းချက်မဟုတ်ပါဘူး"
"သေချာတာပေါ့၊ ဘိုးဘေးကသာ ကျုပ်တို့ကို အဆင့်မြင့်ကြယ်နယ်မြေကို ခေါ်ဆောင်နိုင်ရင် ကျုပ်တို့ကောင်းကင်ပြာမြစ်ဝါနန်းတော်က ငရဲဂိုဏ်းကို အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ အခြေချထူထောင်နိုင်ဖို့အတွက်တောင် ကူညီပေးဦးမယ်"
"ပြီးတော့ အုပ်ချုပ်သူဖြစ်လာစေရမယ်"
ငရဲဘိုးဘေးတုန်လှုပ်ချောက်ချားသွားသည်။
အကယ်၍ ကွေ့ကောရင်ပြောတာကသာ အမှန်တရားဆိုပါက ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ ခွန်အားက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသည်။
"သေချာတာပေါ့၊ ဒါပေမယ့် ငါမင်းကို သတိပေးရဦးမယ်၊ ကောင်းကင်ပြာမြစ်ဝါနန်းတော်က အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ဘယ်လောက်ပဲ အားကောင်းနေပါစေ အဆင့်မြင့်ကြယ်နယ်မြေကို ဦးတည်တဲ့အခါ ပုရွက်ဆိတ်တစ်ကောင်သာသာပဲ ဖြစ်နေလိမ့်မယ်..."
ကွေ့ကောရင်ခေါင်းခါယမ်းသည်။
"စီနီယာ၊ ခင်ဗျားဒီအကြောင်းကို စိုးရိမ်နေစရာမလိုပါဘူး"
"ဒီလိုဆိုရင်တော့ မင်းမှာယုံကြည်မှုရှိနေသရွေ့ ပူးပေါင်းကြတာပေါ့"
လက်ရှိငရဲဘိုးဘေး၏ဝိဉာဉ်က မကောင်းမွန်လာသေးသလို သူ့ခန္ဓာကလည်း ဖျက်ဆီးခံခဲ့ရသည်။
အကယ်၍သူသာ အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အုပ်ချုပ်သူဖြစ်လိုပါက ကောင်းကင်ပြာမြစ်ဝါနန်းတော်နှင့် ပူးပေါင်းခြင်းက ကောင်းသောရွေးချယ်မှုတစ်ခုပေတည်း။
ကွေ့ကောရင်းခေါင်းညိတ်ရင်း ပန်ရှီနှင့် ကျန်သောသူများ ထွက်သွားရာဘက်သို့ ကြည့်လိုက်သည်။
"စီနီယာ၊ သူတို့ကို လျှို့ဝှက်ကျင့်စဉ်ကို ထပ်ခါတလဲလဲသုံးစေရင်းနဲ့ သူတို့အနာဂတ် ပျက်စီးသွားမှာကို ခင်ဗျားမစိုးရိမ်ဘူးလား"
ယခုလိုခွန်အားကို တိုးလာစေနိုင်သည့် လျှို့ဝှက်ကျင့်စဉ်မျိုးက ပါရမီကို အလွန်အမင်း ထိခိုက်စေသည်။
ဒါ့အပြင် ငရဲဘိုးဘေး၏လျှို့ဝှက်ကျင့်စဉ်က သူ့ဝိဉာဉ်နှင့်အသက်သွင်းခြင်းပင်။
ထိုအချိန်တွင် ဒါက သူတို့ဝိဉာဉ်၌ ပြန်ပြောင်း၍မရနိုင်သည့် ထိခိုက်မှုကို ဖြစ်လာစေလိမ့်မည်။
ငရဲဘိုးဘေးနှာခေါင်းရှုံ့သည်။
"နေရာတိုင်းမှာ ပါရမီရှိတဲ့တပည့်တွေ မချို့တဲ့ဘူး၊ ငါခွန်အားပြန်ရလာပြီး သူတို့ထက် ပိုအားကောင်းတဲ့တပည့်တွေကို လေ့ကျင့်ပေးနေသရွေ့ ဒါကပိုမလွယ်ဘူးလား"
"ဒါ့အပြင် သူတို့က သူတို့နဲ့ရွယ်တူ၊ အဆင့်တူလူတွေကို လျှို့ဝှက်ကျင့်စဉ်နဲ့တောင် မသတ်နိုင်ဘူး၊ သူတို့ရှိနေတာက ဘာများ အသုံး၀င်လို့လဲ"
ကွေ့ကောရင်၏အမူအရာက မပြောင်းလဲဘဲ ကျန်ရှိနေသည်။
ငရဲဘိုးဘေးက ကြင်နာတတ်သော လူတစ်ယောက်မဟုတ်ပါ။ သူကရက်စက်ပြီး သူ့ကိုယ်သူသာ တွေးတတ်သည်။ မိစ္ဆာကျင့်ကြံသူတစ်ဦးအဖို့ ဒါက သာမန်ဖြစ်ရပ်တစ်ခုသာ။
တခြားတစ်ဘက်တွင် ကျင့်ကြံခြင်းမျှော်စင်၌ ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ မုဖူရှန်းနှင့် အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်က ဒုတိယအဆင့်၀င်ပေါက်ဆီသို့ ရောက်လာကြလေပြီ။
သူတို့ရှေ့တွင် သစ်သားတံခါးတစ်ခုရှိသည်။
ရှောင်ဟိုင်၏ မျက်လုံးများက သွေးဆာနေသည့် တိုက်ခိုက်ရေးစိတ်ဓာတ်ဖြင့် ပြည့်နှက်နေပြီး သူမျက်နှာ၌ စိတ်လှုပ်ရှားနေသည့် အပြုံးတစ်ခုရှိသည်။ သူတံခါးကို ဖွင့်ရန်အတွက် မစောင့်နိုင်တော့ပေ။
သူ့နောက်မှ ယွမ်ဟန်ပြောသည်။
"နတ်ဆိုးအရှင်၊ အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့အတွက် ကျွန်တော်တို့အရင်သွားပါရစေ"
သို့စေကာမူ ရှောင်ဟိုင်ကြားပုံမရဘဲ သစ်သားတံခါးကိုတွန်းဖွင့်ကာ ၀င်သွားလေတော့သည်။
မုဖူရှန်းအကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။
"စီနီယာအစ်ကိုရှောင်ဟိုင်က ဒီလိုအခြေအနေကိုတောင် ၀င်သွားခဲ့ပြီ၊ သူ့ကို လူအများကြီးက တားဆီးနိုင်မှာ မဟုတ်တော့ဘူး...."
အစ်ကိုကြီးက ပြဿာနာရှာရာ၌ အတော်လေးကောင်းမွန်သော်လည်း ယခုလိုအခြေအနေကိုပင် ၀င်သွားခဲ့သည့် အစ်ကိုရှောင်ဟိုင်နှင့် ယှဉ်ပါက ဒါကမလုံလောက်သေး။
သူ့ဆရာတစ်ယောက်တည်းသာလျှင် သူ့ကို ထိန်းချုပ်နိုင်ပေလောက်သည်။
ယဲ့ချိုးပိုင်ပြုံးသည်။
"ကောင်းပြီ၊ သွားကြရအောင်"
လူတိုင်းသစ်သားတံခါးထဲကို ၀င်လိုက်စဉ် ကမ္ဘာကြီးက လည်သွားခဲ့သည်။
ပတ်ပတ်လည်မြင်ကွင်းက ပြောင်းလဲသွားသည်။
အစက ထိုးဖောက်၍မရနိုင်သည့် နံရံကနေ ယခုထူထပ်သည့်သစ်တောတစ်ခုအဖြစ် ပြောင်းလဲသွား၏။
သူတို့က ရှေးဟောင်းသစ်ပင်များက ၀န်းရံထားကြသည်။
သူ့အမြင်နှင့်ခွဲခြားနိုင်စွမ်းအရ ဝိဉာဉ်ချီနှင့် ဝိဉာဉ်ကိုသာအသုံးမပြုပါက အမြင်အကွာအဝေးက သုံးမီတာထက်ပင် နည်းလိမ့်မည်။
ယဲ့ချိုးပိုင် ဘေးဘီဝဲယာသို့ ကြည့်သောအခါ အရင်ဆုံး၀င်လာခဲ့သည့် မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ကလည်း ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။
သူတို့ကတခြားနေရာတစ်ခုကို ၀င်သွားသည်မှာ သိသာထင်ရှားနေသည်။
ဒါကလူတိုင်းကို သီးခြားခွဲပစ်သည်။
ယဲ့ချိုးပိုင် သူ့ညီလေးနှစ်ယောက်ကို မစိုးရိမ်ပေ။ ပတ်၀န်းကျင်ကို စူးစမ်းလေ့လာပြီးနောက် သူရှေ့သို့လျှောက်သွားသည်။
ထူထပ်သည့်သစ်တောထဲတွင် ဝိဉာဉ်ချီမရှိသော်လည်း သူတိုးလာသည်နှင့်အမျှ သူ့အပေါ် ပိတ်ဆို့ထားသည့် မှိန်ဖျော့သော သတ်ဖြတ်ခြင်းဆန္ဒတစ်ခုရှိနေသည်။
ယဲ့ချိုးပိုင် လက်ထဲတွင် သစ်သားဓားကို ကိုင်ထားသည်။ ဓားဆန္ဒက သူ့တစ်ကိုယ်လုံးကို ဝိုင်းရံကာ ပတ်၀န်းကျင်ကို စောင့်ကြပ်ပေးသည်။
ခြေလှမ်းတစ်ရာလှမ်းပြီးနောက် အန္တရာယ်ကြီးတစ်ခုက ရုတ်တရက် သူ့နှလုံးသားထဲတွင် မြှင့်တက်လာခဲ့သည်။
သူတစ်ဘက်လှည့်ကာ နောက်သို့ လက်ထဲက သစ်သားဓားဖြင့် ပိုင်းချပစ်သည်။
ရုတ်ချည်းဆိုသလို သူ့သစ်သားဓားက အလွန်အမင်းမာကျောသည့် အရာတစ်ခုကို ထိနေသလို ယဲ့ချိုးပိုင်ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ကြီးမားသည့်အားတစ်ခုက သစ်သားဓားကနေ သူ့တစ်ကိုယ်လုံးသို့ ပျံ့လာခဲ့သည်။
ဒါက ယဲ့ချိုးပိုင်ကို ခြေငါးလှမ်း နောက်ဆုတ်သွားစေသည်။
သူအနီးကပ်ကြည့်လိုက်၏။
သူ့ရှေ့တွင် ကျော၌ လူသားတစ်ယောက်ပမာ ရှည်လျားသော အတောင်ပံများပါရှိသည့် အနက်ရောင်ငှက်သတ္တဝါတစ်ကောင်က လေထဲတွင် လွင့်မြောနေသည်။
၎င်း၏နီရဲသောမျက်လုံးများက ယဲ့ချိုးပိုင်ကိုသာ စိုက်ကြည့်နေသည်။
ယခုလေးတင်ထိမိသည့် မာကျောသောအရာက ငှက်သားရဲ၏ ခြေသည်းများဖြစ်ရပေမည်။
ယဲ့ချိုးပိုင် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ရပ်လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် သူ့ပတ်ပတ်လည်၌ ရှေးဟောင်းမိုးထိသစ်ပင်များ၏ အကိုင်းအခက်များမှ ငှက်သားရဲခုနှစ်ကောင်က တစ်ချိန်တည်းတွင် ပေါ်လာသောကြောင့်ပင်။
ငှက်ရှစ်ကောင်က သူ့ကို၀န်းရံထားသည်။
ငှက်သားရဲတစ်ကောင်စီ၏ ခန္ဓာအလယ်ဗဟို၌ ဝိဉာဉ်ဆေးပင်တစ်ခုရှိသည်။
သို့စေကာမူ ပထမအဆင့်က နတ်ဆိုးဝံပုလွေ၏ ဝိဉာဉ်ဆေးပင်၌ အရွက်တစ်ရွက်တည်းသာရှိသည်။
ဒီဝိဉာဉ်ဆေးပင်တွင်မူ နှစ်ရွက်ရှိလေသည်။
ဝိဉာဉ်ချီ၏ သန့်စင်မှုနှင့်သိပ်သည်းမှုက နတ်ဆိုးဝံပုလွေရှိ သစ်ရွက်တစ်ရွက်ဝိဉာဉ်ဆေးပင်ထက် အများကြီးပိုမြင့်မားသည်။
ငှက်သားရဲတိုင်း၏ ကိုယ်ခွန်အားကလည်း ထိုနတ်ဆိုးဝံပုလွေများထက် အများကြီး ပိုအားကောင်းသည်။
ဒီအတွက်ကြောင့် ယဲ့ချိုးပိုင် ကြောက်ရွှံ့မှုကိုမခံစားရဘဲ သူ့နှုတ်ခမ်းထောင့်စွန်းက ကွေ့တက်သွား၏။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရက်တွေမှာ ငါကျင့်ကြံခြင်းကျင့်စဉ်တွေကိုပဲ မှီခိုအားကိုးနေခဲ့တယ်၊ ငါ့ဓားဆန္ဒနဲ့ တကယ့်တိုက်ပွဲ အတွေ့အကြုံတွေကို ပြုပြင်သန့်စင်ခဲ့ပြီးတာတောင် အရမ်းကြာနေပြီ...." ဓားဆန္ဒက ပတ်ပတ်လည်က သစ်တောအတွင်း ဝှေ့ယမ်းလာပြီး ထူးကဲနယ်ပယ်ဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်လာခဲ့သည်။
အပိုင်း(711) coming။