#မကျေနပ်သေး#
Vol. 50 Ch. 711
တခြားတစ်ဘက်တွင် ရှောင်ဟိုင်ကလည်း ထူထပ်သည့်သစ်တောတစ်ခုတွင် ရှိနေပြီး သူမြင်ခဲ့ရသည့်မြင်ကွင်းကလည်း ယဲ့ချိုးပိုင်နှင့် ထူးမခြားနားပေ။
ငှက်သားရဲရှစ်ကောင်က နီရဲသောမျက်လုံးများနှင့်အတူ ရှေးဟောင်းသစ်ပင်ပေါ်၌ ရပ်နေကြသည်။ ၎င်းတို့၏မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြည့်နှက်နေပြီး ရှောင်ဟိုင်ကို စိုက်ကြည့်နေကြ၏။
ရှောင်ဟိုင်တွင်လည်း နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိပါ။ ငှက်သားရဲများ၏ ကိုယ်ရှိ သစ်ရွက်နှစ်ရွက်ဝိဉာဉ်ဆေးပင်များက သိပ်သည်းသော ဝိဉာဉ်ချီဖြင့် ပြည့်နှက်နေသည့်တိုင် သူစိတ်မ၀င်စားပေ။
ရှောင်ဟိုင်၏ကျင့်ကြံခြင်းနည်းလမ်းက မည်သည့်ဝိဉာဉ်ချီကိုမှ မလိုအပ်ပါ။
သူလိုအပ်တာက ဒီမှော်သားရဲများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန်သာ။
ဒါကကျင့်ကြံခြင်းအတွက် မဟုတ်သလို သူ့ခွန်အားကို တိုးမြှင့်ရန်လည်းမဟုတ်။
ရှောင်ဟိုင်၏မျက်လုံးထဲတွင် အတွေးတစ်ခုတည်းသာရှိသည်။
ဒါကသူ့ရှေ့က မှော်သားရဲများကို သူ့ကိုယ်ပိုင်လက်များနှင့် ဆုတ်ဖြဲပစ်ရန်ပင်။
ထိုအချိန်တွင် ငှက်နှစ်ကောင်က ရှောင်ဟိုင်အား ဘယ်ညာကနေ တိုး၀င်လာသည်။
၎င်းတို့က နှုတ်သီးများကို ဟကာ ထူးဆန်းသည့်မြည်သံများကို ထိုလွှတ်သည်။
သာမန်လူတစ်ယောက်သာ ဒီစူးရှသည့် အသံကို ရင်ဆိုင်ရမည်ဆိုပါက သူတို့ဝိဉာဉ်များက တိုက်ရိုက်ပင် ပြိုကွဲသွားရပေလိမ့်မည်။
သို့စေကာမူ ရှောင်ဟိုင်က ဘယ်လိုလုပ် သာမန်လူတစ်ယောက် ဖြစ်နိုင်မည်နည်း။
ရူးသွပ်သည့်အခြေအနေထဲတွင် ရှိနေသည့် ရှောင်ဟိုင်အတွင် ဒါက သူ့နှလုံးသားထဲက တိုက်ခိုက်ရေးစိတ်ဓာတ်ကို နှိုးဆွပေးနိုင်သည့် ဓာတ်ကူပစ္စည်းတစ်ခုသာ။
ငှက်သားရဲနှစ်ကောင်က ရှောင်ဟိုင်ဘယ်ညာ၌ ရောက်လာသည်။ ၎င်းတို့ခန္ဓာအောက်မှ မာကျောသည့်ခြေသည်းများက ရှောင်ဟိုင်အား တစ်ချိန်တည်းတွင် ဖမ်းသည်။
သစ်ကိုင်းများကြားကနေ တောက်ပနေသည့်အလင်းအောက်တွင် သံမဏီကဲ့သို့ ခြေသည်းနက်များက ငွေရောင်အလင်းပမာ ရောင်ပြန်ဟပ်နေသည်။
၎င်းက ရှောင်ဟိုင်ကို ဖမ်းလာစဉ် လေထုက စုတ်ဖြဲခံရပြီး လေဟာနယ်က ပုံပျက်သွားသည်။
ဒီဧရာမအားက တောင်ကြီးတစ်ကောင်ကိုပင် ကွဲအက်စေနိုင်သည့်အလား။
ဒါကိုမြင်သောအခါ ရှောင်ဟိုင်ရူးသွပ်စွာပြုံးသည်။ တိုက်ပွဲဆန္ဒက သူ့မျက်လုံးထဲတွင် ထိုးတက်လာပြီး နတ်ဆိုးနက်ဆန္ဒက မျက်သူငယ်အိမ်တစ်ခုလုံးကို ဖြည်းဖြည်းချင်းသိမ်းပိုက်သွား၏။
ဒါက ကမ္ဘာကြီးတစ်ခုလုံးကိုပင် အညံ့ခံစေသည်အလား လွှမ်းမိုးနိုင်စွမ်းရှိသည်။
ရှေ့ကိုပြေး၀င်လာသည့် ငှက်သားရဲနှစ်ကောင်က ရှောင်ဟိုင်၏မျက်လုံးများကို စိုက်ကြည့်သည်။
၎င်းတို့၏ သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည့် သွေးစွန်းနေသည့်မျက်လုံးများ၌ တွန့်ဆုတ်သည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။
သို့စေကာမူ ငှက်သားရဲနှစ်ကောင် မတုံ့ပြန်နိုင်သေးခင်မှာပင် ရှောင်ဟိုင်ရယ်မောရင်း ရုတ်တရက် မြေကြီးကို တက်နင်းပစ်သည်။ ချက်ချင်းဆိုသလို မြေကြီးက ကွဲအက်သွားရသည်။
အက်ကြောင်းများက ဘက်ပေါင်းစုံတွင် ပြန့်ကြဲသွားကြ၏။
ရပ်နေကြသည့် ရှေးဟောင်းသစ်ပင်များက တုန်ခါပြီး ပြိုလဲသွားကြသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ပုံရိပ်က အနက်ရောင်မျဉ်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနှီမျက်စိဖြင့် ဖမ်းရန်ခက်ခဲသည့် အမြန်နှုန်းနှင့်အတူ သူဘယ်ဘက်က ငှက်သားရဲဆီ ပြေး၀င်သွားသည်။
ဒါကို ပကတိမျက်စိနှင့် မြင်ရန်ပင် ခက်ခဲပြီး လေထုစုတ်ပြဲနေသည့်အသံများကိုသာ ကြားနေရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ဟိုင်၏ ပုံရိပ်က ငှက်သားရဲရှေ့တွင် ပေါ်လာခဲ့သည်။
သူငှက်သားရဲ၏ ခြေသည်းရှိရာသို့ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။
ဘန်း.....!
ထိုအချိန်တွင် ငှက်သားရဲ၏ခြေသည်းက ပုံမှန်မဟုတ်သည့်အသွင်ပမာ ကွေးညွတ်သွားပြီး ၎င်းတစ်ကိုယ်လုံးကလည်း နောက်သို့ ကျဆင်းသွားသည်။
သို့စေကာမူ ရှောင်ဟိုင် ငှက်သားရဲကို အလွှတ်မပေးပေ။ သူအရိပ်နက်တစ်ခုအဖြစ် ပြန်ပြောင်းသွားခဲ့သည်။
ငှက်သားရဲက နောက်သို့လွင့်စဉ်နေတုန်းမှာပင် ရှောင်ဟိုင်တစ်ချက်လင်း၀င်းသွားပြီး ငှက်သားရဲအပေါ်သို့ ရောက်လာကာ ပြင်းထန်စွာ တစ်ချက်ထိုးလိုက်ပြန်သည်။
ငှက်သားရဲ၏ကိုယ်က မြင်သာစွာပင် ပြိုလဲကျသွားပြီး သွေးမည်းများထွက်လာသညိ။
ငှက်သားရဲတစ်ကိုယ်လုံးကလည်း မြေကြီးပေါ်သို့ အမြှောက်ဆန်တစ်ခုပမာ ပစ်ချခံရသည်။
မြေကြီးက ချက်ချင်းပင်ကွဲအက်သွားခဲ့သည်။
လိမ့်တက်လာသည့်ဖုန်မှုန့်များအကြား တွင်းကြီးတစ်ခုပေါ်လာခဲ့သည်။
နှစ်ချက်တည်းနှင့် သူကငှက်သားရဲတစ်ကောင်ကို လုံး၀သတ်ပစ်ခဲ့သည်။
ငှက်သားရဲများက ဒီအဆင့်တွင် သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးများကို အသက်သွင်းပြီးပြီးဖြစ်သည်။
အခြေအနေမကောင်းပေ။
ကျန်ရှိနေသည့်ငှက်သားရဲခြောက်ကောင်က ပြပွဲကိုစောင့်ကြည့်နေတာကို ရပ်လိုက်ကြပြီး စူးရှစွာဟစ်ကြွေးရင်း ရှောင်ဟိုင်ထံသို့ တစ်ချိန်တည်းတွင် ပြေး၀င်လာသည်။
ငှက်သားရဲတစ်ကောင်စီက လမ်းကြောင်းပြောင်းပြီး ရှောင်ဟိုင်၏ လွတ်လမ်းအားလုံးကို ပိတ်ဆို့ထားသည်။
ရလဒ်အဖြစ် ရှောင်ဟိုင် ထိပ်တိုက်ရင်ဆိုင်ရုံသာ တတ်နိုင်တော့သည်။
သို့စေကာမူ ဒါက ရှောင်ဟိုင်ကြိုက်သောအရာ မဟုတ်ပေလော။
ရှောင်ဟိုင်၏တိုက်ခိုက်ရေးပုံစံက သူလုံး၀ရှောင်ရှားမှာမဟုတ်ဟု ဆိုလိုနေခြင်းပင်။
မည်သူနှင့်မဆိုတိုက်ခိုက်ရန်အတွက် သူကိုယ်ခွန်အားကိုသာ သုံးမည်။
ဒါကိုသိသဖြင့် ရှောင်ဟိုင်၀န်းကျင်သို့ ကြည့်လိုက်စဉ် သူ့မျက်လုံးများမှ တိုက်ခိုက်ရေးစိတ်ဓာတ်က ပို၍ပင် အားကောင်းလာခဲ့သည်။
တိုက်ပွဲဆန္ဒအမျှင်တန်းများက ရှောင်ဟိုင်ကိုယ်မှ ပေါက်ကွဲထွက်လာသည်။
ထိုအချိန်တွင် လွှမ်းမိုးနေသည့် နတ်ဆိုးဆန္ဒက ပေါက်ကွဲသွား၏။
နတ်ဆိုးဆန္ဒက ရှောင်ဟိုင်ကိုယ်ခန္ဓာကို လွှမ်းခြုံသွား၏။ လိုင်းငါးကြောင်းကလည်း ရှောင်ဟိုင်အသားအရေပေါ်၌ တောက်ပလာသည်။
ပုံစံကွက်တစ်ခုတွင် မီးတောက်နက်များ ရစ်ဝဲနေသည်။
အနက်ဗဟိုချက်မီးတောက်!
ဒါက မီးနက်နတ်ဆိုးခြင်္သေ့ သူ့ကိုပေးခဲ့သည့် အရာတစ်ခုပင်။
ထာ၀ရနတ်ဆိုးကိုယ်ထည်နှင့် နတ်ဆိုးဆန္ဒ၏ ၀န်းရံမှုအောက်တွင် ရှောင်ဟိုင်၏ ရုပ်ခွန်အားက ပေါက်ကွဲဖွယ်ရာ တိုးမြှင့်လာခဲ့သည်။
ငှက်သားရဲများ ၀င်လာသောအခါ ရှောင်ဟိုင်ကလည်း ငြိမ်မနေဘဲ ယင်းအစား တိုက်ခိုက်ရန် ပဏာမခြေလှမ်း လှမ်းလိုက်၏။ သူရှေ့သို့ပြေးသွားပြီး တစ်ချိန်တည်းတွင် လက်ကိုဆန့်ထုတ်လိုက်သည်။
သူငှက်သားရဲနှစ်ကောင်၏ ထက်ရှသောခြေသည်းများကို တစ်ချိန်တည်းတွင် ဖမ်းကိုင်လိုက်၏။
ချွန်ထက်သည့်ခြေသည်းများက ရှောင်ဟိုင် လက်ဖဝါးပေါ်၌ အဖြူရောင်အမှတ်အသားများကိုသာ ချန်ထားခဲ့သည်။
ကြီးမားသည့်အားက ရှောင်ဟိုင်၏ကိုယ်ကို အနည်းငယ်မျှပင် တုန်လှုပ်စေနိုင်စွမ်းမရှိ။ သူက တောင်တစ်တောင်ပမာ မြဲမြံတည်ရှိနေသည်။
ငှက်သားရဲနှစ်ကောင်ကို ဖမ်းပြီးနောက် ရှောင်ဟိုင်တစ်ချက်အော်လိုက်သည်။ သူ့လက်မောင်းက ကြွက်သားများက ရုတ်တရက် လေမှုတ်စက်ပမာ ဖောင်းပွလာခဲ့သည်။
သူ ငှက်သားရဲနှစ်ကောင်၏ ချွန်ထက်သောခြေသည်းများကို လက်ဖဝါးဖြင့် တင်းတင်းဆုပ်ကိုင်ပြီး သူ့နောက်က ငှက်ငါးကောင်ထံသို့ ၎င်းတို့မခုခံနိုင်သည့် အားတစ်ခုနှင့် ပစ်လိုက်လေသည်။
သူ ငှက်နှစ်ကောင်ကို လက်နက်အဖြစ် အသုံးပြုလိုက်ခြင်းပင်။
အလွန်အမင်းမြန်ဆန်သည့် အမြန်နှုန်းဖြင့် ပျံသန်းလာနေသော ငှက်သားရဲငါးကောင်မှာ တုံ့ပြန်ရန်အတွက်ပင် အချိန်မရှိခဲ့။
၎င်းတို့က ရှောင်ဟိုင်ပစ်လွှတ်သည့် ငှက်နှစ်ကောင်ကြောင့် နောက်သို့ လွင့်စင်သွားရသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ငှက်သားရဲနှစ်ကောင်၏ ခြေသည်းများကို အလွတ်မပေးဘဲ ယင်းအစား မြေကြီးနှင့် ပြင်းထန်စွာ ရိုက်ချပစ်သည်။
ဂျုန်း......!
မြေကြီးကကွဲအက်သွားပြီး ဖုန်မှုန့်များက နေရာအနှံ့ပျံသန်းသွားကြ၏။
ငှက်သားရဲနှစ်ကောင်က တစ်ကောင်ပြီးတစ်ကောင် နာကျင်သောဟစ်ကြွေးသံများကို ထုတ်လွှတ်ကြသည်။
ရှောင်ဟိုင်မရပ်ပေ။
သူရုတ်တရက် လက်မောင်းထဲတွင် ခွန်အားကိုထည့်သွင်းကာ ရူးသွပ်စွာပြုံးပြီး ငှက်နှစ်ကောင်ကို ဖမ်းကိုင်ကာ ထပ်မံရိုက်ချလိုက်ပြန်သည်။
အလင်းက ထူထပ်သည့်သစ်တောတစ်ခုလုံးထဲ ထိုးဖောက်ရန်ပင် ခက်ခဲနေလေပြီ။ ယခုဖုန်မှုန့်များနှင့် ပြည့်နှက်သွားသဖြင့် အလင်းဟူ၍ မရှိတော့ပါ။
မြေကြီးက ငလျင်လှုပ်နေသည့်အလား ဆက်လက်တုန်ခါနေသည်။
ဧရာမပေါက်ကွဲသံများက ထူထပ်သည့် သစ်တောထဲတွင် ပဲ့တင်ထပ်လာသည်။
ကျန်သောငှက်သားရဲငါးကောင်က ရှောင်ဟိုင်ထံ ပြေး၀င်လာကြသောအခါမှသာ ရှောင်ဟိုင် ငှက်သားရဲနှစ်ကောင်၏ ချွန်ထက်သော ခြေသည်းများကို လွှတ်ပေးတော့သည်။
ထိုအချိန်တွင် ငှက်သားရဲနှစ်ကောင်၏ ကိုယ်များက အသားနှင့်သွေးစများအဖြစ် ပြောင်းလဲကာ သွေးမည်းများက မြေကြီးနှင့် ပတ်၀န်းကျင်က ရှေးဟောင်းသစ်ပင်များပေါ်၌ ဖြန့်ကြက်သွားသည်။
ရှောင်ဟိုင်၏လက်သီးချက်အောက်တွင် ကျန်သောငှက်သားရဲငါးကောင်၌ ပြန်လည်တိုက်ခိုက်ရန်ပင် အခန်းမရှိပေ။
ချွန်ထက်သည့်လက်သည်းများက ရှောင်ဟိုင်ကိုယ်ကို ထိမှန်နေသော်လည်း မည်သည့်ထိခိုက်မှုမှမပေးဘဲ အဖြူရောင်အမှတ်ရာများကိုသာ ချန်ထားခဲ့သည်။
ကျင့်ကြံခြင်းမျှော်စင်တွင် သူ့ဝိဉာဉ်ချီနှင့် ဝိဉာဉ်စွမ်းအားက လုံး၀ဖိနှိပ်ခံထားရသည်။
မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့ပင် ရှောင်ဟိုင်၏ ပြိုင်ဘက်မဟုတ်ဟုဆို၍ရသည်။
မကြာမီ ငှက်သားရဲအားလုံးကို သူကိုင်တွယ်နိုင်ခဲ့သည်။
သစ်တောကလည်း ဖရိုဖရဲဖြစ်နေသည်။
ငှက်သားရဲများသေပြီးနောက် ၎င်းတို့ကိုယ်ထဲက နှစ်မွှာအရွက်ဝိဉာဉ်မြက်က အလွန်အမင်းသိပ်သည်းသန့်စင်သော ဝိဉာဉ်ချီအဖြစ် ပြောင်းလဲကာ ရှောင်ဟိုင်လက်ကောက်၀တ်ရှိ သစ်သားပြားထဲသို့ ပေါင်းစပ်သွားသည်။
သို့စေကာမူ ရှောင်ဟိုင်ဒါကိုဂရုမစိုက်ပေ။
ထူထပ်သည့်သစ်တောကလည်း ပျောက်ကွယ်သွားပြီး ခရုပတ်လှေကားထစ်များက ရှောင်ဟိုင်ရှေ့တွင် ပေါ်လာသည်။
ဒါကိုမြင်သောအခါ ရှောင်ဟိုင်စပ်ဖြီးဖြီးပြုံးရင်း အလျင်အမြန်တက်လှမ်းသွားသည်။
သူမလုံလောက်သေးပါ။
အပိုင်း(712) coming။