← Chapters

#ဒီမှာ ဗလာကျင်းနေတဲ့ ခံတပ်နည်းဗျူဟာကို သုံးနေတာလား#

Vol. 50 Ch. 712

#ဒီမှာ ဗလာကျင်းနေတဲ့ ခံတပ်နည်းဗျူဟာကို သုံးနေတာလား#

Vol. 50 Ch. 712

မြေအောက်သရဖူမြို့၏ တည်နေရာကို ပန်ရှီနှင့် ကျန်သောသူများ ရှာတွေ့သွားကြပြီဖြစ်သည်။

သူတို့လေးယောက် မြေအောက်သရဖူမြို့၏ မြောက်မြို့ရိုးအပြင်ဘက်ကို ရောက်လာသောအခါ မြို့ရိုးကို ဘယ်သူမှ စောင့်ကြပ်မနေတာကို တွေ့လိုက်ရသဖြင့် သူတို့ အံ့ဩသင့်သွားကြသည်။

ဘာတွေဖြစ်နေတာလဲ!

ကျန်းချန်၏အမူအရာက လေးနက်သွား၏။

"ဒါထောင်ချောက်တစ်ခုများလား၊ မုဖူရှန်းက ဒီမြေအောက်သရဖူ(နတ်ဆိုးဘုရင်)မြို့က ဖြစ်ပုံပဲ၊ ပြီးတော့ အဲဒီအတွေးအခေါ်ဘုရင် လင်းကျိနန်ကလည်း သူတို့ထဲက တစ်ယောက်ပဲ"

"ဒါကထောင်ချောက်အမျိုးအစား တစ်ခုခုများလား"

လင်းကျိနန်က ဝိဉာဉ်အင်မော်တယ်နန်းတော်၏ အတွေးအခေါ်ဘုရင်အဖြစ် လူသိများသည်။ သူကသူ့ပါရမီနှင့် ခွန်အားကြောင့် ကျော်ကြားခြင်းမဟုတ်ဘဲ သူ့၏ ကြံရည်ဖန်ရည်ရှိမှုဖြင့် ကျော်ကြားခြင်းပင်။

တစ်ချိန်တည်းမှာပင် သူတို့လေးယောက်က မဟာပြိုင်ပွဲတွင်ဖြစ်စေ၊ လိုက်ဖမ်းစဉ်က ဖြစ်စေ မုဖူရှန်းလက်ထဲတွင် ခံစားခဲ့ကြရသည်။

ငရဲဂိုဏ်းက လူလေးယောက်၏ နှလုံးသားများထဲတွင် ဒီပုန်းလျှိုးကွယ်လျှိုးအဆင့်က နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။

ဒီနှစ်ယောက်နှင့်ဆိုပါက နတ်ဆိုးဘုရင်မြို့တွင် ဘယ်လိုလုပ် အထူးကာကွယ်ရေး အစီအမံများ မရှိဘဲနေမည်နည်း။

ဒါကိုဘယ်သူယုံမှာလဲ! ဟန်ဟွားနှင့် ယုဟောင်တို့ကလည်း ခေါင်းညိတ်ကြသည်။

သူတို့လည်း အလားတူခံစားရသည်မှာ သိသာထင်ရှားနေသည်။

အဓိကက မုဖူရှန်း၏ ကြံရည်ဖန်ရည်က သူတို့နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသလို သူတို့ သူ့ကို သတိထားရန်လည်း လိုအပ်သောကြောင့်ပင်။

ကျန်းချန်၏စကားလုံးများကို ကြားရသောအခါ ပန်ရှီခေါင်းခါယမ်းသည်။

"ငါတို့နတ်ဆိုးဘုရင်မြို့ကို သိမ်းပိုက်ရမယ်၊ ဒီတစ်ကြိမ် ငါတို့သူတို့ကို လိုက်ဖမ်းတာ မဟုတ်ဘူး၊ တစ်ချိန်တည်းမှာပဲ လျှို့ဝှက်ကျင့်စဉ်ကို အသက်မသွင်းသေးဘူး၊ အချိန်အများကြီးရှိပါသေးတယ်၊ ဒီမှာတကယ်ပဲ ထောင်ချောက်တစ်ခုရှိနေရင်တော့ လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းပြီး မြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းပြီးတဲ့အခါကျရင် သူတို့က ငါတို့ပြိုင်ဘက်မဟုတ်တော့ဘူး၊ ဒါ့အပြင် ငါတို့မှာ ဖြုန်းဖို့အချိန်မရှိဘူး၊ ငါတို့နတ်ဆိုးဘုရင်မြို့ကို မသိမ်းနိုင်ဘူးဆိုရင် ဘိုးဘေး ငါတို့ကို ဘယ်လိုထင်မလဲ"

"ဘိုးဘေးက ငါတို့ကို အရမ်းမကျေမနပ်ဖြစ်နေတာကို မင်းတို့မသိဘူးလို့ ငါ့ကို မပြောနဲ့နော်၊ ဘိုးဘေးက အညှာတာကင်းမဲ့တယ်လို့ ကောလဟာလရှိတယ်၊ တကယ်လို့ ဒီလိုတာ၀န်မျိုးကိုတောင် ငါတို့မပြီးမြောက်နိုင်ဘူးဆိုရင် အဲဒီအချိန် ငါတို့ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ကူးယဉ်ကြည့်စမ်း"

ကျန်းချန်နှင့်ကျန်နှစ်ယောက်က ကြောက်လန့်သွားပုံရသည်။

ငရဲဘိုးဘေးက အရမ်းသွေးဆာတတ်ပြီး ငရဲဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများဖြစ်စေ သို့မဟုတ် ဖြန့်ဝေမှုလုပ်သူများပင်ဖြစ်စေ ငရဲဘိုးဘေးသာ မကျေနပ်ပါက အလွန်အမင်း ကြောက်စရာကောင်းသည့် အပြစ်ဒဏ်တစ်ခုရှိလာပေလိမ့်မည်။

အကယ်၍သူတို့သာ တာ၀န်နှစ်ခုစလုံးကို ကျရှုံးပါက ဘာကိုရင်ဆိုင်ရတော့မည်နည်း။

ကျန်းချန်နှင့် ကျန်သောသူများ မသိသော်လည်း ဒါကောင်းမှာမဟုတ်တာကိုတော့ သူသိပါသည်။

"ကောင်းပြီ၊ နတ်ဆိုးဘုရင်မြို့ကို အမြန်သိမ်းပိုက်ကြရအောင်၊ အန္တရယ်တစ်ခုခုရှိလာရင် လျှို့ဝှက်ကျင့်စဉ်ကို ချက်ချင်းအသက်သွင်းကြရအောင်"

ပန်ရှီ၏စကားလုံးများကို ကြားသောအခါ ကျန်းချန်နှင့် ကျန်နှစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက်သူတို့လေးယောက် တွေးနေတာကို ရပ်လိုက်ကြပြီး မြောက်ဘက်မြိုရိုးငို တိုက်ခိုက်လိုက်ကြ၏။

ရုတ်ချည်းဆိုသလို ကျယ်လောင်သည့်ပေါက်ကွဲသံတစ်သံထွက်လာပြီး မြို့တံခါးက ကျိုးပဲ့သွားသည်။

ပန်ရှီနှင့်ကျန်သုံးယောက်ပြေး၀င်ကာ သူတို့၏အသိကို အစွမ်းကုန်ထုတ်လွှတ်ရင်း ပတ်၀န်းကျင်ကို စူးစမ်းနေကြသည်။

သို့စေကာမူ သူတို့ မည်သည့်အသက်လက္ခဏာ သို့မဟုတ် မည်သည့်အန္တရာယ်ကိုမှ မခံစားနိုင်ပေ။ မူလက နတ်ဆိုးဘုရင်မြို့တွင် ကာကွယ်ရေးနှင့် သတ်ဖြတ်ခြင်းအဆောင်များစွာကို မြှုပ်ထားခဲ့သည်။

သို့စေကာမူ မုဖူရှန်း ကြယ်တိမ်တိုက်မြို့ကို ဦးတည်ပြီးနောက် အဆောင်ရေးထွင်းရန်အတွက် အချိန်မရှိလောက်ဘူးဟု တွေးမိသည်။

ဒါ့အပြင် ဘယ်သူမှအသက်မသွင်းပါက အဆောင်က အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်ပေးမည်မဟုတ်။

ဤသည်သာမက သူနတ်ဆိုးဘုရင်မြို့ကို လောလောဆယ်လက်လျှော့ရန် ဆုံးဖြတ်ထားပြီးဖြစ်လေရာ မုဖူရှန်းဖြုန်းတီးခြင်း‌ကနေ ကာကွယ်ရန်အတွက် အဆောင်အားလုံးကို သိမ်းထားခဲ့သည်။

ဒါ့အပြင် သူ့ခွန်အားတစ်စိတ်တစ်ပိုင်းကိုလည်း သူကောင်းကောင်းဖုံးကွယ်ထားနိုင်သည်။

ထိုအချိန်တွင် ကျန်းချန်မိန်းမောတွေဝေနေပြီး မေးသည်။

"စီနီယာအစ်ကိုပန်၊ ကြည့်ရတာ...ဒီမှာ ဘယ်သူမှ မရှိပုံပဲ"

ပန်ရှီကလည်း ပဟေဠိဖြစ်နေသည်။ ဘာတွေဖြစ်နေတာလဲ!

သူတို့ဘယ်လိုလုပ်မြို့ကို စွန့်လွှတ်နိုင်ရတာလဲ!

သူတို့ပိုင်တဲ့မြို့က အသိမ်းခံရပြီး သူတို့ပြန်မယူနိုင်တော့မှာကို မကြောက်ဘူးလား!

မြို့တစ်မြို့ကို တိုက်ခိုက်ခြင်းက ကာကွယ်ခြင်းထက် အများကြီးပိုခက်ခဲသည်။

ခွန်အားတူညီသည့်အနေအထားတွင် တိုက်ခိုက်သူများ ပေးဆပ်ရမည့်တန်ဖိုးက ပို၍ပင် မြင့်နေနိုင်သည်။

ဒါ့အပြင် သူတို့က ယဲ့ချိုးပိုင်တို့ထက် ပိုအားနည်းသည်ဟု ပန်ရှီမထင်ပါ။

"တစ်ခြားဘာကိုမှ စိုးရိမ်မနေနဲ့တော့"

ရှာဖွေပြီး ဘယ်သူမှမရှိတာကို အတည်ပြုပြီးနောက် ပန်ရှီချက်ချင်းဆုံးဖြတ်ချက်ချသည်။

"အခု ငါတို့နတ်ဆိုးဘုရင်မြို့ကို အပြည့်အ၀ သိမ်းပိုက်ပြီး ဘိုးဘေးကို ဒီအကြောင်းပြောရမယ်၊ ဘာထပ်လုပ်ရမလဲဆိုတာ သူဆုံးဖြတ်လိမ့်မယ်"

ကျန်းချန်နှင့်ကျန်နှစ်ယောက် ခေါင်းညိတ်သည်။

တခြားတစ်ဘက်တွင် ကြယ်တိမ်တိုက်မြို့၊ ကျင့်ကြံခြင်းမျှော်စင်အပြင်၌ လင်းကျိနန်နှင့် မြောင်ပန်တုံတို့က ဒဏ်ရာရပြီး ပြန်ထွက်လာကြလေပြီ။

သူတို့ကခွန်အားအကုန်လုံးကို သုံးခဲ့ကြသော်လည်း နတ်ဆိုးဝံပုလွေသုံးလေးကောင်ကိုသာ သတ်နိုင်ခဲ့ကြသည်။

စုမုယောင်၊ လဲ့ကျန်းချီနှင့် ချန်ဟွီတို့က အနီးကပ်လိုက်လာပါကြပြီး သူတို့သုံးယောက်က ဒုတိယအထပ်ကို တက်လှမ်းနိုင်ခဲ့ကြသည်။

သို့စေကာမူ ဒုတိယအထပ်ကို ရောက်ပြီးနောက် ငှက်သားရဲများ၏ တိုက်ခိုက်မှုအောက်တွင် ခုခံရန်အတွက် နေရာပင်မရှိ။

လူတိုင်း သစ်သားပြားထဲက ဝိဉာဉ်ချီကို စုပ်ယူပြီးနောက် သူတို့ခွန်အားက သိသိသာသာပင် တိုးတက်လာခဲ့သည်။

စုမုယောင်ရေရွတ်သည်။

"ဒီကျင့်ကြံခြင်း‌မျှော်စင်က တကယ်မှော်ဆန်တာပဲ၊ တကယ်လို့ငါသာ ဒီနေရာမှာ ဆက်လက်ကျင့်ကြံနိုင်မယ်ဆိုရင် ငါမြန်မြန်အဆင့်ချိုးဖျက်နိုင်လိမ့်မယ်"

ဘေးက လင်းကျိနန် ခါးသီးစွာပြုံးသည်။

"ဒါပေမယ့် ငါတို့လက်ရှိအခြေအနေအရ ငါတို့ဝိဉာဥ်ချီက ချိပ်ပိတ်ခံထားရတော့ အထက်ကို ဆက်တက်ဖို့ဆိုတာက ငါတို့အတွက် အရမ်းခက်ခဲတယ်"

စုမုယောင်ခေါင်းညိတ်သည်။

"ယဲ့ချိုးပိုင်တို့သုံးယောက် ဘယ်လိုမျိုး လုပ်သလဲဆိုတာ ငါတကယ်သိချင်မိတယ်၊ သူတို့အခု ဒုတိယအထပ်ကို ဖြတ်ကျော်ပြီးကြပြီလား...."

လင်းကျိနန်တွေးသည်။

"ရှောင်ဟိုင်ကတော့ အဆင်ပြေမှာပါ၊ ဘာပဲဆိုဆို သူက ကိုယ်ခန္ဓာကျင့်ကြံသူတစ်ယောက်ပဲလေ၊ ကျင့်ကြံခြင်းမျှော်စင်က အကန့်အသတ်တွေက သူ့အပေါ် လုံးဝမသက်ရောက်ဘူး၊ ဒါပေမယ့် ယဲ့ချိုးပိုင်နဲ့ မုဖူရှန်းတို့ကတော့ ဒုတိယအထပ်ကို ဖြတ်ကျော်ဖို့အတွက် တိုက်ပွဲ၀င်ဖို့ လိုအပ်နိုင်တယ်...."

ထိုအချိန်တွင် လဲ့ကျန်းချီ ကျင့်ကြံခြင်းမျှော်စင်ထိပ်ကို လက်ညိုးထိုးပြသည်။

"သူတို့ကျော်ဖြတ်ပြီးတာကြာပြီ၊ သူတို့ တတိယအဆင့်ကိုတောင် ရောက်နေပြီ၊ သူတို့ထဲက တစ်ယောက်ကတော့ စတုတ္ထအဆင့်ကိုတောင် ရောက်နေပြီ၊ အဲဒီလူက ရှောင်ဟိုင်ဖြစ်မယ်လို့ ငါယုံကြည်တယ်"

ဟမ်!

စုမုယောင်ရော လင်းကျိနန်ပါ လဲ့ကျန်းချီလက်ညိုးထိုးပြသည့် နေရာဘက်သို့ ကြည့်လိုက်ကြသည်။

ကျင့်ကြံခြင်းမျှော်စင်၏ တတိယအထပ်တွင် အလင်းစက်ငါးစက်ရှိသည်။

စတုတ္ထအထပ်တွင်မူ အလင်းစက်တစ်စက်ရှိသည်။

ဘေးက မြောင်ပန်တုံပြောသည်။

"အခင်းစက်က အဲဒီအဆင့်က လူတစ်ယောက်ရဲ့ တည်ရှိမှုကို ကိုယ်စားပြုတယ်"

လင်းကျိနန်အံ့ဩသင့်သွားသော်လည်း အနည်းငယ် အကူအညီမဲ့နေသည်။

"ဒီကောင်တွေဘယ်လိုတောင် ကျင့်ကြံကြတာလဲ၊ အင်မော်တယ်မျောက်ဝံကျေးရွာက ရှောင်ဟိုင်တို့အုပ်စုဆိုရင် အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် ယဲ့ချိုးပိုင်နဲ့ မုဖူရှန်းတို့ကလည်း ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာလား၊ ဘာလို့လဲ"

စုမုယောင် ရယ်မောလိုက်မိသည်။

"သူတို့ခွန်အားကို သာမန်အမြင်နဲ့ တိုင်းတာလို့မရဘူး"

စုမုယောင်၏အပြုံးကို မြင်သောအခါ လင်းကျိနန် အနည်းငယ် မနာလိုဖြစ်သွားရသည်။

ယဲ့ချိုးပိုင်အကြောင်းပြောသည့် အကြိမ်တိုင်း စုမုယောင်အမြဲပြုံးပြီး သူ့ကိုမူ အပြုံးတစ်ပွင့်လေးပင် မပေးပါ။

ဒီကောင်ကအရမ်းစက်ဆုပ်ဖို့ကောင်းတယ်!

သို့စေကာမူ သူယှဉ်ပြိုင်ချင်လျှင်ပင် စွမ်းအားမဲ့သည့်ခံစားချက်ကို ခံစားရသည်။

ယခုလိုမွန်းစတားတစ်ယောက်နဲ့ သူဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မည်နည်း။

လဲ့ကျန်းချီတွင်လည်း ခံစားချက်များ ရောထွေးနေသည်။

ဒုတိယအဆင့်တွင် သူငှက်သားရဲတစ်ကောင်ကိုပင် မကိုင်တွယ်နိုင်ခဲ့။

သို့သော် ယဲ့ချိုးပိုင်က ဖြတ်ကျော်ခဲ့ပါပြီ။

ယဲ့ချိုးပိုင်ထွက်လာသောအခါ သူ့ခွန်အားက သူ့ကို ချေမှုန်းရန်ပင် လုံလောက်နေပေလိမ့်မည်။

"ဒါပေမယ့် ဒါကလည်းကောင်းတဲ့အရာပါပဲ၊ သူတို့ပိုအားကောင်းလေလေ၊ အနာဂတ်မှာ ငရဲဂိုဏ်းကို တိုက်ခိုက်တဲ့အခါ အနိုင်ရမယ့်အခွင့်အရေး ပိုများလေလေပဲ"

လင်းကျိနန် စိတ်အခြေအနေကို အလျင်အမြန် ထိန်ညှိရင်း ပြုံးငည်။

"ငါတို့ဒဏ်ရာတွေကို မြန်မြန်ကုသပြီး ဆက်၀င်ကြရအောင်၊ ဘာပဲဆိုဆို ဒီလိုကျင့်ကြံခြင်းသုခဘုံမျိုးကို ရှာတွေ့ဖို့ဆိုတာက အရမ်းရှားပါးတယ်လေ"

လူတိုင်းခေါင်းညိတ်ကြသည်။

ထိုအချိန်တွင် ချန်ဟွီရုတ်တရက် အော်ဟစ်လိုက်မိသည်။

"နောက်ထပ်လူနှစ်ယောက်တက်သွားပြီ"

တတိယထပ်က အလင်းစက်နှစ်ခု ပျောက်ကွယ်သွားပြီး စတုတ္ထအဆင့်၌ နောက်ထပ် အလင်းစက်နှစ်ခု ပေါ်လာသည်။

အပိုင်း(713) coming။

All Chapters