← Chapters

#သူကြမ်းကြမ်းပြုမူနေတာလား#

Vol. 50 Ch. 714

#သူကြမ်းကြမ်းပြုမူနေတာလား#

Vol. 50 Ch. 714

သူတို့ စတုတ္ထထပ်ကိုရောက်သည်နှင့် မှော်သားရဲများ၏ခွန်အားက အောက်သုံးထပ်နှင့် တူညီသည့်အဆင့်တွင် မရှိတော့တာ ရှင်းလင်းနေသည်။

၎င်းတို့၏ကိုယ်ခွန်အားဖြစ်စေ၊ အမြန်နှုန်းဖြစ်စေ နှစ်ဆနီးပါးအားကောင်းလာသည်။

ရေခဲပြင်သားရဲလေးကောင်၏ လေးဘက်ညှပ်တိုက်ခိုက်မှုအောက်တွင် ခန္ဓာကိုယ် အနည်းငယ်ပိန်လှီသည့် ယဲ့ချိုးပိုင်မှာ လွင့်စင်သွားရသည်။

သူပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရသည်။

သူ့လက်ထဲက သစ်သားဓားကလည်း အပြင်းအထန် တုန်ခါနေသည်။

အကယ်၍ ယဲ့ချိုးပိုင်သာ သူ့လက်ထဲတွင် သစ်သားဓားကိုသာ အစွမ်းကုန်မကိုင်ထားပါက သူ့လက်ထဲက သေချာပေါက် လွှတ်ထွက်သွားပေလိမ့်မည်။

ဓားသမားတစ်ယောက်က ကိုယ်တိုင်ဒဏ်ရာရနိုင်သလို ပြိုင်ဘက်ကို မနိုင်တာလည်းဖြစ်နိုင်သည်။ သို့သော် အစကနေ အဆုံးထိ သူ့လက်ထဲကဓားကို လွှတ်ချပစ်၍ မရသလို အောက်ကျသွား၍လည်းမရပါ။

ဒါက ဓားကျင့်ကြံခြင်းအပေါ် ယဲ့ချိုးပိုင်၏ နားလည်မှုဖြစ်သည်။

အကယ်၍ သူသာလက်ထဲက ဓားကိုတောင် မကိုင်ထားနိုင်ပါက ဓားတာအို၏ အထွတ်အထိပ်အဆင့်ကို မည်သို့မည်ပုံ ရောက်နိုင်မည်နည်း။

ယဲ့ချိုးပိုင် အလွန်အမင်းအေးခဲနေသည့် ရေပြင်၌ ဒူးထောက်သွားရသည်။

သူပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်စဉ် ၎င်းက သွေးပုံဆောင်ခဲများအဖြစ် အေးခဲသွား၏။

သူပါးစပ်ထောင့်စွန်းက ရေခဲနှင့်သွေးများကို သုတ်လိုက်သည်။

ယဲ့ချိုးပိုင် ရှေ့တည့်တည့်က ရေခဲပြင်သားရဲကို လေးနက်စွာ စိုက်ကြည့်နေသည်။

ထို့နောက်သူထရပ်စဉ် ဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွားသည်။

တိုက်ပွဲဆန္ဒက ယဲ့ချိုးပိုင်ကိုယ်ကနေ လေထဲက ဓားဆန္ဒအလား ထွက်လာသည်။

ဒီရေခဲပြင်သားရဲကိုရင်ဆိုင်ခြင်းဖြင့် သူတို့အကြား ခွန်အားအရာ၌ ကွာဟချက် ရှိနိုင်သော်လည်း ဒါက လေ့ကျင့်ရန်အတွက် အခွင့်အလမ်းကောင်းတစ်ခု မဟုတ်ပေလော။

ယဲ့ချိုးပိုင် ဘေးကျပ်နံကျပ်ကာလကို မကြုံတွေ့ခဲ့ရသည်မှာ အတော်လေးကြာမြင့်နေပြီဟု ဆို၍ရသည်။

သူ့ထက်နယ်ပယ်၌ အများကြီးပိုမြင့်သည့် ကုရှီကို ရင်ဆိုင်စဉ်ကဖြစ်စေ၊ လဲ့ကျန်းချီကိုဖြစ်စေ ယဲ့ချိုးပိုင် သူ့၏ ခိုင်ခံ့သည့် အခြေခံအုတ်မြစ်၊ အစွမ်းထက်ဓားဆန္ဒနှင့် အားကောင်းသည့် တိုက်ခိုက်ရေး အတွေ့အကြုံများကို အားကိုးနေဆဲပင်။

ဒီကနေတစ်ဆင့် သူ့ပြိုင်ဘက်ကို သူအနိုင်ယူခဲ့သလို သတ်ပင်သတ်ပစ်နိုင်ခဲ့သည်။

သို့စေကာမူ နောက်ဆုံးတော့ သူ့လက်ရှိခွန်အားနှင့် ၁၀၀ရာခိုင်နှုန်း အနိုင်ရရန် မသေချာသည့် ရေခဲပြင်သားရဲလေးကောင်ကို ယဲ့ချိုးပိုင်တွေ့ခဲ့ရလေပြီ။

ဒါက သူ့ကိုယ်သူလေ့ကျင့်ရန်အတွက် အခွင့်အရေးကောင်းတစ်ခုပင် မဟုတ်ပေလော။

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် ခပ်ရေးရေးပြုံးရင်း အသက်ရှူသံကို ထိန်ညှိလိုက်၏။ အဆုံးမဲ့အသက်ဓာတ်က ယဲ့ချိုးပိုင်၏ကိုယ်ကို လွှမ်းခြုံသွားသည်။

၎င်းက ယဲ့ချိုးပိုင်ခန္ဓာနှင့် ကိုယ်ထဲက ထိခိုက်နေသော အတွင်းအင်္ဂါများအပါအ၀င် မရီဒျန်များကိုသာ ပြုပြင်ပေးနေသည်။

ထို့နောက် ဓားဆန္ဒကိုစုစည်းစဉ် မီးတောက်များက သစ်သားဓား၌ စတင်၀င်ရောက်လာသည်။

လေဆန္ဒက လေပွေတစ်ခုအဖြစ် ပြောင်းသွားပြီး ဖုံးလွှမ်းသွားသည်။

မီးတောင်က လေအပေါ်မှီခိုထားသည်။

လေဆန္ဒ၏ပေါင်းစပ်မှုအောက်တွင် သစ်သားဓားပေါ်က မီးတောက်က ဒီအလွန်အမင်း ပြင်းထန်သည့်အအေးဓာတ်အောက်တွင် စတင်တောက်ပစွာ လောင်ကျွမ်းသည်။

သူဝိဉာဉ်ချီကို မသုံးနိုင်သဖြင့် ရှေးဦးမူလဓားကျမ်း သို့မဟုတ် ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားပညာရပ်ကိုလည်း မသုံးပါ။

သို့စေကာမူ ဆန္ဒနယ်ပယ်ကို မှီခိုရသော ကျင့်ကြံခြင်းကျင့်စဉ်တစ်ခုဖြစ်သည့် ပြိုင်ဘက်ကင်းလေးသွယ်ဓားအစီအရင်ကို အသုံးပြုနိုင်သည်။

ယဲ့ချိုးပိုင် လေမီးသစ်သားဓားကိုကိုင်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ့ကိုယ်ခန္ဓာက သူအရင်က ဒဏ်ရာရအောင်လုပ်ဖူးသည့် ရေခဲပြင်သားရဲဆီသို့ ပြေး၀င်သွားသည်။

သူရှေ့သို့တိုက်ခိုက်သည်။

တစ်ဘက်လူမတိုက်ခိုက်နိုင်သေးခင်မှာပင် သူ့လက်ထဲက သစ်သားဓားက လေနှင့်မီးစွမ်းအားနှင့်အတူ ရေခဲပြင်သားရဲ၏ ပေါင်ပေါ်က အက်ကြောင်းအား ရုတ်တရက် ပိုင်းဖြတ်လာသည်။

ထို့နောက် သူချက်ချင်းပင် ထိုးစိုက်ပစ်သည်။

ရုတ်ချည်းဆိုသလို ထူးကဲနယ်ပယ်ဓားဆန္ဒနှင့် လေနှင့်မီးစွမ်းအားက ဓားတစ်လျှောက် စီးဆင်းလာပြီး ရေခဲပြင်သားရဲ၏ ပေါင်ပေါ်ရှိ အက်ကြောင်းထဲတွင် ပေါက်ကွဲသွား၏။

ဓားဆန္ဒနှင့် လေနှင့်မီးစွမ်းအားက ရေခဲပြင်သားရဲ၏ ပေါင်ကနေ ရုတ်တရက် ထိုးထွက်လာသည်။

ထို့နောက် ကျယ်လောင်သည့် အသံတစ်သံနှင့်အတူ မီးကြာပန်းတစ်ပွင့်ပမာ ပေါက်ကွဲသွားလေတော့သည်။

ရေခဲပြင်သားရဲ ဗဟိုဗထွေးအော်သံကို ထုတ်လွှတ်သည်။

ပေါင်က ပေါက်ကွဲသွားခဲ့သည်။

၎င်းနောက် မရေမတွက်နိုင်လောက်သည့် ရေခဲပုံဆောင်ခဲများအဖြစ် ပြောင်းကာ ဘက်ပေါင်းစုံသို့ ပြန့်ကြဲသွား၏။

ထင်ရှားသည့်အက်ကြောင်းများက ၎င်း၏ကိုယ်ကနေ တိုးလာသည်။

ရေခဲပြင်သားရဲကမူ ခြေတစ်ဖက် ဆုံးရှုံးသွားသဖြင့် မြေပေါ်လဲကျသွားရသည်။

၎င်း၏ဧရာမခန္ဓာကြီးက တောင်တစ်လုံးပမာ လဲပြိုကျလာသည်။

၀င်လာနေသည့် နှင်းတုံးကြီးများက တိုက်ရိုက်ပင် မြှုပ်နှံခံလိုက်ရသည်။

ယဲ့ချိုးပိုင်ခုန်လိုက်၏။

လေထဲတွင် သူသစ်သားဓားကို လက်နှစ်ဖက်နှင့် ကိုင်လိုက်သည်။

ထိုအချိန်တွင် ထူးကဲဓားဆန္ဒကလည်း ဆက်လက်သိပ်သည်းနေသည်။

သူနှင်းထဲတွင် မြှုပ်နေသည့် ရေခဲပြင်သားရဲကို ပိုင်းချလိုက်၏။

တခြားတစ်ဘက်တွင် ကျန်သောရေခဲပြင်သားရဲသုံးကောင်ကလည်း မနားမနေဘဲ တစ်ချိန်တည်းတွင် လက်သီးထိုးလိုက်ကြသည်။

တုံ့ပြန်သည့်အနေဖြင့် ယဲ့ချိုးပိုင် ဂရုစိုက်ရန်အတွက် စိတ်မပါမနေပေ။ ရေခဲပြင်သားရဲသုံးကောင်၏ တစ်ပြိုက်တည်းတိုက်ချက်များကို အားနည်းသွားစေရန်အတွက် သူ့ဓားပိုင်နက်ကိုအားကိုးကာ ဧရာမဓားများကို သိပ်သည်းအောင် လုပ်ရန်သာ တတ်နိုင်သည်။

ဓားချက်က နှင်းကိုတိုက်ရိုက်ခွဲပစ်သည်။

ရေခဲပြင်သားရဲက အက်ကြောင်းများဖြင့် ဖုံးနေပြီဖြစ်လေရာ ယခုယဲ့ချိုးပိုင်၏ ဓားချက်အောက်တွင် ၎င်းကရေခဲအပိုင်းအစများအဖြစ် တိုက်ရိုက်ပြိုကွဲသွားရသည်။

သစ်ရွက်လေးရွက်ဝိဉာဉ်မြက်က အလွန်အမင်းသိပ်သည်းသော ဝိဉာဉ်ချီအဖြစ် ပြောင်းလဲကာ ယဲ့ချိုးပိုင်၏ သစ်ငားပြားထဲတွင် ပေါင်းစပ်သွား၏။

ဒီသစ်လေးရွက်ဝိဉာဉ်မြက်၌ ပါ၀င်သည့် ဝိဉာဉ်စွမ်းအင်သိပ်သည်းမှုကပင် ကျန်သော အဆင့်သုံးဆင့်က ဝိဉာဉ်မြက်အားလုံးပေါင်းစပ်မှု၏ တစ်၀က်ထက်ပင် သာလွန်နေလေပြီ။

စတုတ္ထအထပ်က မှော်သားရဲများက ထိုအထပ်သုံးထပ်က သားရဲများထက် အများကြီးပိုအားကောင်းကြသည်။

ထိုအချိန်တွင် ကျန်သောရေခဲပြင်သားရဲသုံးကောင်၏ လက်သီးချက်များက ဓားပိုင်နက်ကြောင့် ပိတ်ဆို့ခံလိုက်ရသော်လည်း ဒါကအနည်းငယ်သာ နှေးကွေးသွားစေသည်။

ယဲ့ချိုးပိုင်လေထဲတွင်ရှိနေသည်။ ဒီအကွာအဝေးတွင် သူမရှောင်တိမ်းနိုင်သဖြင့် ကိုယ်ခန္ဓာကို အတင်းလှည့်ပတ်ရုံသာ တတ်နိုင်သည်။

သူပိတ်ဆို့ရန်အတွက် လက်ထဲက သစ်သားဓားကို မြှောက်လိုက်၏။

ဘန်း.....!

ကျယ်လောင်သည့်အသံတစ်သံနှင့်အတူ လက်သီးသုံးချက်က ယဲ့ချိုးပိုင်ကို လွင့်စင်သွားစေသည်။

သူပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရပြန်သည်။

ယဲ့ချိုးပိုင်၏ပုံရိပ်ကလည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျင့်ကြံခြင်းမျှော်စင်ကနေ အတင်းကန်ထုတ်ခံလိုက်ရသည်။

စတုတ္ထအဆင့်ကိုရောက်ပြီးနောက် သူကအပြင်းအထန် ဒဏ်ရာရပြီး ကျင့်ကြံခြင်းမျှော်စင်က သူဆက်လက်မတိုက်ခိုက်နိုင်တော့ဘူးဟု ဆုံးဖြတ်သောအခါ မျှော်စင်ကနေ ကန်ထုတ်ခံရမည်ဖြစ်သည်။

သို့စေကာမူ မှော်သားရဲ၏တိုက်ခိုက်မှုကိုသာ မခံနိုင်ပါက သူတို့က တိုက်ခိုက်မှုအောက်တွင် တိုက်ရိုက်အသတ်ခံရမည်။

ထို့ကြောင့် ကျင့်ကြံခြင်းမျှော်စင်ကနေ အတင်းကန်ထုတ်ခံရလျှင်ပင် ပို့ဆောင်ခံလိုက်ရတာက အလောင်းသာဖြစ်နေပေလိမ့်မည်။

ယဲ့ချိုးပိုင် ကျင့်ကြံခြင်းမျှော်စင်အပြင်တွင် ပေါ်လာပြီး မြေပေါ်၌လဲနေကာ နောက်ထပ်သွေးတစ်လုပ် အန်လိုက်ရပြန်သည်။

သူ့မျက်နှာကဖြူဖျော့ကာ သွေးမဲ့နေသည်။

အမှန်ပြောရပါက လဲ့ကျန်းချီနှင့် ကျန်သောသူများသာ ရေခဲပြင်သားရဲသုံးကောင်၏ လက်သီးချက်ကို အတင်းပိတ်ဆို့ပြီးနောက် ပို့ဆောင်ခံလိုက်ရပါက သူတို့က အလောင်းဖြစ်နှင့်နေပေလိမ့်မည်။

ယဲ့ချိုးပိုင်ပင်လျှင် အပြင်းအထန်ဒဏ်ရာရထားပြီး သူ့ဒဏ်ရာများက အရမ်းပြင်းထန်သည်။

ယဲ့ချိုးပိုင် ချက်ချင်းပင် သိုလှောင်လက်စွပ်ထဲက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သောက်လိုက်သည်။ ထို့နောက်မှသာ သူ့ဒဏ်ရာများက စတင်ကောင်းမွန်လာသည်။

"ဟုတ်တယ်၊ ဆရာသန့်စင်ထားတဲ့ဆေးလုံးတွေက အရမ်းအသုံး၀င်တာပဲ၊ ငါဒါတွေကို သုံးရမယ်၊ အချိန်ကျလာတဲ့အခါကျရင် ငါဆရာကို ပြန်သွားတွေ့သင့်တယ်...."

တကယ်တမ်းတွင် သူဆေးလုံးများကို ပို၍ပင် ရချင်သည်။

ထိုအချိန်တွင် လဲ့ကျန်းချီ၊ ချန်ဟွီ၊ စုမုယောင်၊ လင်းကျိနန်နှင့် မြောင်ပန်တုံတို့က ကျင့်ကြံခြင်းမျှော်စင်ကနေ ဒဏ်ရာများနှင့် ဒရွတ်တိုက်ဆွဲလာကြသည်။

ယဲ့ချိုးပိုင်၏ ဖြူရော်နေသော မျက်နှာကို မြင်ရသောအခါ သူတို့အနည်းငယ် ကြက်သေသေသွားကြ၏။

စုမုယောင်မေးသည်။

"ဘယ်လိုလဲ"

ယဲ့ချိုးပိုင်လက်ဝှေ့ယမ်းကာပြုံးသည်။

"အရမ်းကြီးမပြင်းထန်ပါဘူး"

ဘေးက လင်းကျိနန် သိချင်စိတ်ဖြင့်မေးသည်။

"မင်းစတုတ္ထအထပ်ကိုရောက်ခဲ့လား"

ယဲ့ချိုးပိုင် အနည်းငယ်လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။

"စတုတ္ထအဆင့်ကို ၀င်ပြီးတဲ့အခါကျရင် မင်းတို့ဂရုစိုက်ရမယ်၊ ဒီအဆင့်က နတ်ဆိုးသားရဲတွေရဲ့ခွန်အားက အောက်ခြေသုံးဆင့်နဲ့ ယှဉ်လို့ရတဲ့အရာတွေမဟုတ်ဘူး၊ ငါ့တောင် စွမ်းအားအပြည့်ထုတ်သုံးပြီး အစွမ်းကုန်တိုက်ခဲ့တာတောင် တစ်ကောင်ပဲ သတ်နိုင်ခဲ့တယ်"

ယဲ့ချိုးပိုင်၏စကားလုံးများကို ကြားသောအခါ လဲ့ကျန်းချီနှင့်ကျန်သောသူများ တိတ်ဆိတ်သွားကြ၏။

တကယ်တမ်းတွင် တစ်ခဏကြာ ယဲ့ချိုးပိုင်ဟန်ဆောင်နေတာလား ဒါမှမဟုတ် သူတို့အတွက် တကယ်ပူပန်နေတာလားဆိုတာ သူတို့မပြောနိုင်ခဲ့ပေ။

စတုတ္ထအဆင့်လား၊ ငါတို့ဒုတိယအဆင့်ကိုတောင် မကျော်ဖြတ်နိုင်တာလေ!

ဒါ့အပြင် မင်း စတုတ္ထအဆင့်က မှော်သားရဲတစ်ကောင်ကို သတ်ပစ်ခဲ့တာလား!

မင်းငါ့တို့ကို ဒီလိုမျိုးအနိုင်မကျင့်လို့ မရဘူးလား၊ ဟမ်!

လင်းကျိနန် အသက်ပြင်းပြင်းရှုလိုက်သည်။ မူလက သူယဲ့ချိုးပိုင်ကို ရိုက်ချင်သော်လည်း မရိုက်နိုင်တာကို တွေးလိုက်မိသည်။

ထို့ကြောင့် သူအတင်းပြုံးလိုက်ရသည်။

"အရင်ကျင့်ကြံပြီး ဒီဝိဉာဉ်ချီတွေက မင်းနယ်ပယ်ကို ဘယ်လောက်ထိ တိုးတက်စေနိုင်သလဲဆိုတာ ကြည့်ကြရအောင်"

အပိုင်း(715) coming။

All Chapters