← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

ဆရာမကြီး ဒေါ်မြပုလဲသွယ်တစ်ယောက် နန်းအေးမြို့မကျောင်းကြီးရဲ့ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော ကျောင်းအုပ်ကြီးတွေရဲ့ ဓာတ်ပုံတွေကို တစ်ယောက်ချင်း လိုက်ကြည့်နေမိတယ်။ မစ္စတာဂျေကော့လန့်စ်ကနေ ဦးဇော်မွန်အထိ အားလုံးပေါင်း ကျောင်းအုပ်ကြီး၂၁ယောက်တိတိ အမျိုးသမီးကျောင်းအုပ်ဆိုလို့ တစ်ဦးတစ်လေတောင်မပါ။

“မြရယ် မင်းမလို့ အဲ့ကျောင်းကြီး ရွေးတယ်ကွာ။ အဲ့ကျောင်းက လူဆိုးကျောင်း လို့ နာမည်ကြီးတယ်နော်။ ဟိုတစ်နှစ်က Facebook ပေါ်မှာ video တောင် တက်လာသေးတယ်လေ “

သူငယ်ချင်းလုပ်သူ ကျော့မှူးကတော့ သူမကို တားခဲ့သေးသား။ ဒါပေမဲ့ သူမ ကိုယ်တိုင် က ဒီကျောင်းကို ရွေးချယ်လိုက်တယ်။ ဒေါ်မြပုလဲသွယ်က နာမည်ကောင်း လက်မှတ် ရထားတဲ့ ဆရာမ တစ်ယောက်။ အသက်လေးဆယ် နီးပါးပဲ ရှိသေးပေမဲ့ သူကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့တာ သုံးကျောင်းရှိပြီ။ နန်းအေးမြို့မကျောင်းက သူ့ရဲ့ လေးကျောင်း မြောက် ကျောင်းပဲ။

ဒီမြို့က အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေရဲ့ အားပြိုင်မှု တော်တော်ကြီးတဲ့မြို့ပါပဲ။ အရာရာမှာ ပြိုင်ဆိုင်ကြတယ်တဲ့။ ကျောင်းစာ အရာမှာရော အားကစားမှာရော နန်းအေးမြို့ရဲ့ သုံးနှစ်တစ်ခါ ကျင်းပရတဲ့ ဦးညီဖလားပြဇာတ်ပြိုင်ပွဲ ရောပဲ။

ဒီပြဇာတ်ပြိုင်ပွဲက ဒီမြို့မှာတင် မကဘူး။ တစ်နိုင်ငံလုံးမှာပါ ကျော်ကြားတာပါ။ အဲဒီ ရက်သတ္တပတ်ကို ရောက်ပြီဆိုရင် ကုန်ပစ္စည်း product တွေကလည်း စပွန်ဆာ ပေးကြသလို၊ မြို့တော်ဝန်ကလည်း ဆုချီးမြှင့်ပါသေးတယ်။ channel ပေါင်းစုံကလည်း live လွှင့်ပြီး ပြရတဲ့ ပွဲအမျိုးအစားပါ။

နန်းအေးမှာရှိတဲ့ ပုဂ္ဂလိကနဲ့အစိုးရကျောင်း ငါးကျောင်း အပါအဝင် အနီးအနားက ကျောင်းတွေကပါ ဝင်ပြိုင်ကြပါတယ်။ လေးဆယ့်ငါးမိနစ် ပြဇာတ်တို၊ တစ်နာရီပြဇာတ် နဲ့ သုံးနာရီစာ ပြဇာတ်တွေပါ ရှိတယ်။ ပြဇာတ်တွေကို ကျောင်းသားတွေကပဲ ကပြရတယ်။ ဒါကပဲ ဒီပွဲ ကို စိတ်ဝင်စား စရာအကောင်းဆုံး ဖြစ်လာစေတာပါပဲ။

နန်းအေးမြို့မကျောင်းက အားကစားဖလားတွေ များသလောက် ပြဇာတ်နဲ့ ပတ်သက်ပြီး တစ်ဖလားမှ မရဖူးပါဘူး။ အခြားကျောင်းတွေကပဲ ပတ်ယူနေကြတာပဲ။ အရင်ကျောင်းအုပ် ဦးဇော်မွန် လက်ထက်ကဆို လေးဆယ့်ငါးမိနစ်စာ ပြဇာတ်ပဲက ဖြစ်ပါတယ်တဲ့။ အဓိက က budget လုံးဝ မလောက်တာဘဲ။

ဒေါ်မြပုလဲသွယ်က သူ့ရဲ့ ကော်ဖီခွက်ကို မော့သောက်လိုက်ရင်း ဝရန်တာကို ထွက်လာလိုက်တယ်။ ကျောင်းအုပ်ကြီးတွေ နေဖို့ လုပ်ပေးထားတဲ့ အဆောင်က နှစ်ထပ်အဆောင်လေး ဖြစ်ပြီး အုတ်ကြွပ်မိုးလေးနဲ့ အပြာရောင် ဆေးသုတ်ထားတဲ့ အိမ်လေးပေါ့။

ကျောင်းက တော်တော်ကျယ်ပြီး အဆောင် ခုနှစ်ဆောင် ပါပါတယ်။ ဒီကျောင်းမှာ အထူးခြားဆုံးက တစ်ကျောင်းလုံးမှာ အပင်ဆိုလို့ ရေသဖန်းပင်နဲ့ တည်ပင်တွေပဲ ရှိတာပါ။

အဆောင်ခုနှစ်ဆောင် မှာ အင်္သချေအဆောင်ကတော့ အကြီးဆုံးပါပဲ။

မြူစိုင်းနေတဲ့ မနက်ခင်းမှာ အခုလို ကော်ဖီ ပူပူလေးသောက်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရတာ ပျော်စရာပဲ။ အထူးသဖြင့် နန်းအေးမြို့မကျောင်းကနေ ကြည့်ရင် နန်းအေးမြို့အထက်ပိုင်းက အိမ်တွေကို တောင်ကုန်းတွေပေါ်မှာ မြင်နေရတယ်။ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ တောင်တန်းတွေ ဝိုင်းနေသလိုပဲ။ ဆက်သွယ်ရေးဧရိယာ တိုင်ကြီးကလည်း မသိလို့ရှိရင် ပဲရစ်မျှော်စင်ကြီး အလားပဲ။

“ဟင် ဟိုကောင်လေးတွေက စက်ဘီး နဲ့ ဘယ်ထွက်သွားတာလဲ”

ဒေါ်မြပုလဲသွယ် မျက်မှောင် ကျုံ့သွားတယ်။ ခေါင်းတုံးဆံပင်ပေါက် ဆံပင် နဲ့ကောင်လေး ရယ်၊ ဆံပင် ထောင်ထောင် အသားညိုညို ကောင်လေးရယ်၊ စက်ဘီးတစ်စီးနဲ့ ထွက်သွားတယ်။ ဒေါ်မြပုလဲသွယ် သူ့ရဲ့ လက်မှာပတ်ထားတဲ့ နာရီလေးကို ကြည့်လိုက်တယ်။ ခြောက်နာရီ ထိုးပြီ။ ကျောင်းက ကိုးနာရီတက်မှာလေ။ သူတို့ ဘယ်သွားကြတာလဲ။ မုန့်ထွက်ဝယ်တယ်ပြောရအောင် ကျောင်းမုန့်ဈေးတန်းမှာ အကုန်ရနေတာပဲ။

“မင်္ဂလာပါ တီချယ်”

“ဪ အေး သမီး”

ဆံပင်ကောက်ကောက်နဲ့ ကောင်မလေး အရပ်က တော်တော်ရှည်တယ်။ အသားလေးကတော့ ညိုရှာသား။ နှာခေါင်းလေးက မဆိုဆလောက်ချွန်နေပြီး မလိုက်ဖက်တဲ့ နှုတ်ခမ်းနီ အရီရင့်ရင့်တွေ ဆိုးထားလို့ ပုံတုံးပုံလေး ပေါက်နေတယ်။ အပြုံးလေးက တော့ချိုရှာသား။

“သမီးက ဒီက စာရေး အလုပ်လုပ်တဲ့ တင်တင်စန်းပါ တီချယ်”

“သိပါတယ် သမီးလေးကို”

“ဆရာဟိန်းဗိုလ်က ဆရာမ ကို ကျောင်းရဲ့ ရန်ပုံငွေ အသုံးစရိတ်ကို တင်ပြခိုင်းလိုက်လို့ပါ။ တီချယ်အနေနဲ့ လက်မှတ်ထိုးပေးရုံပါပဲ တဲ့”

“ဟယ် သမီး အဲ့လိုလုပ်လို့ မရဘူးလေ။ တီချယ့်ကို အနည်းဆုံးတော့ တင်ပြရဦးမှာပေါ့။ ဘာတွေ ဝယ်ပါတယ်ဆိုတာ ဒီလိုလုပ်တာတော့ မကောင်းပါဘူး”

ဒေါ်မြပုလဲသွယ် က ပြောပြောဆိုဆို နဲ့ စာရင်းတွေကိုဖတ်ကြည့်လိုက်တယ်။

“ပေါလစ်၊ဆောက်၊ သံချောင်းနှစ်ထောင်ဖိုး၊ ဝါယာတိပ် သုံးလိုက်၊ လက်ဖက်ရည်ဖိုး တစ်ထောင် တဲ့ ဟယ် သူဒါကို တကယ်ပဲ သဘောရိုး နဲ့ တင်ပြတာလားပေါ့”

ဒေါ်မြပုလဲသွယ် ခွိခနဲ ရယ်မိသွားတယ်။ နာမည်က ဟိန်းထက်ဗိုလ်တဲ့။ ကျောင်းသားတွေက ဗိုလ်ဟိန်း လို့ ခေါ်ကြတာတဲ့။ ကိုယ် အလုပ်သမားနဲ့ မှားချင်စရာလည်း မှားစရာ သူ့ရုပ်က မုတ်ဆိတ်တွေ ဆံပင်ရှည်တွေ နဲ့ ကျောင်းဆရာ နဲ့ လားလားမှမတူ။ ဒါပေမဲ့ အဲဒီနေ့ကတည်းက တူရိုက်တာတောင် တိုင်ပတ်နေတာရယ် လက်တွေက မိန်းကလေးရှုံးရအောင် သွယ်ပြီး ပျော့နေတာကို တွေ့ရတော့ သူက အလုပ်ကြမ်းသမားတော့ မဟုတ်ဘူလို့ ထင်မိသား။

သံချောင်း နှစ်ထောင်ဖိုး နဲ့ လက်ဖက်ရည်ဖိုး တစ်ထောင်ကိုပါ စာရင်းထဲ ထည့်ထားတာက ငါက သေချာတယ် တိကျတယ် ဆိုတာ ပြချင်တာလား။ ဒါမှမဟုတ် တကယ်ပဲ ရိုးရိုးအေးအေးကြီးလား၊ နားလည်ရတော့ အခက်သားပဲ။

“ဒါနဲ့ သမီး အခုလေးတင် အဆောင်နေကျောင်းသား နှစ်ယောက် သမီးနဲ့ လမ်းမှာတောင် တွေ့ခဲ့မယ်ထင်တယ်။ သူတို့က အပြင်ထွက်သွားတာလား တစ်ယောက်က မျက်လုံးက တစ်မျိုးလေးပဲလေ”

စာရေးမလေး တင်တင်စန်းက မျက်လုံးတွေ အရောင်တောက်လာတယ်။ ဒါက လူတစ်ယောက်က သူသိထားတဲ့ အကြောင်းတစ်ခုကို ပြောချင်ရင် ဖြစ်တတ်တဲ့ပုံစံပဲ။ သူတို့အကြောင်းလားပေါ့။

“အဲဒါ ဆန်းဝင်းနိုင်နဲ့အောင်ရဲကျော်ပါ တီချယ် ကိုးတန်းကျောင်းသားတွေပါ။ မျက်လုံးလိမ္မော်၊ မျက်နှာမှာ ဝက်ခြံတွေနဲ့က ဆန်းဝင်းနိုင်။ အသားမည်းမည်း နှာခေါင်းပြားပြားနဲ့ ဆံပင်ကို ထောင်ထားတာက အောင်ရဲကျော်ပါ၊ ဒီကျောင်းမှာ အဆောင်နေ ကျောင်းသား ခြောက်ယောက်ပဲ ရှိပါတယ်။ အဲ့ထဲမှာ ချစ်စမ်းအောင်ဆိုတဲ့ တစ်ယောက်ပဲ စာကြိုးစားပါတယ်။ ကျန်တဲ့ငါးယောက်က ဟေးလေးဟားလေးပဲ။ ဝင်းမင်းဦး ဆိုတဲ့ တစ်ယောက်ပိုဆိုးတယ်။ တကယ်မျက်နှာရူးပါ။ သမီးကိုဆို အင်္ကျီကြီး လေပေါ် လွင့်လာပြီ ဆိုပြီး အမြဲလိုက် စတာပဲ”

‌တင်တင်စန်း စကားကြောင့် ဆရာမ မြပုလဲသွယ် ကိုယ်တိုင် ပြုံးစစဖြစ်သွားတယ်။ ရယ်လိုက်ရင်လည်း ကောင်မလေး ရှက်သွားမှာ စိုးလို့ ထိန်းနေရတယ်။

ဆန်းဝင်းနိုင်၊အောင်ရဲကျော်၊ဝင်းမင်းဦး သတိထားရမဲ့ ကျောင်းသားတွေပေါ့ ဆရာ ဆရာမ တွေ အခေါ်အရဆို ကြယ်တွေလို့ သတ်မှတ်ရမှာပဲ။

“ကဲ မင်းတို့ကပဲ ဆိုးနိုင်မလား ငါကပဲ ငြိမ်အောင် လုပ်နိုင်မလားကြည့်မယ်ဟေ့”

ဒေါ်မြပုလဲသွယ်အတွက် ကလေးဆိုးတွေကို ထိန်းရတာ ပျော်စရာကောင်းတယ်လို့ အမြဲတွက်ထားတာမျိုး။

..

YIS ကျောင်း

YIS ကျောင်းရဲ့ အားကစားပွဲ က စတင်တော့မည်။ သို့သော် နန်းအိမ့်ခန်း တစ်ယောက် ဘာမှ မပြင်ဆင်ရသေး။ ပန်းပွားက ရမယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ သူမရဲ့ ကလန့်ကလား အရပ်နဲ့ဆို ဘယ်လိုမှ အဆင်မပြေ။

“နန်း နင်ကလေ ယောက်ျားလေးတွေ နဲ့ ဘတ်စကတ်ဘော တူတူကစားရမှာသိလား”

သူ့ သူငယ်ချင်းတွေ ပြောလေ့ရှိသောစကား။

“သူ့လည်ပင်းက အရှည်ကြီးနော်။ သစ်ကုလားအုတ် နဲ့တူတယ် လီဂွမ်ဆူမိန်းမ ဗားရှင်းပါအေ”

သူတို့ အဲ့လိုပြောရင် သူမလည်း လိုက်ရယ်ပြလိုက်တယ်။ ဘာလို့ဆို အဲ့လိုမှ မဟုတ်ဘဲ ကတ်ကတ်လန်အောင် ပြန်ပြောမိရင်လည်း စွာလိုက်တာဆိုပြီး မခေါ်တော့ရင် မကောင်းဘူးလေ။ ဒီသူငယ်ချင်းတွေ ရဖို့ကို သူ့ခင်ဗျာ အတော်ကြိုးစားထားရတာ။

အမေက ရှမ်း၊ အဖေက ပထန်လူမျိုးဖြစ်တဲ့ နန်းအိမ့်ခန်းက ရုပ်ရည်က အမေဘက်ကို လိုက်ပေမဲ့ ခန္ဓာကိုယ်က ပထန်တွေလို ထွားထွားကြီး ဖြစ်နေတယ်။ အခု အသက် ၁၄ နှစ်ကို အရပ်က ၅ပေ၇လက်မ ဖြစ်နေပြီ။

“အခုလည်း နင် အနောက်မှာပဲ သွားထိုင်နေပါ့လား”

ဆိုတဲ့ စကားကြောင့် သူလည်း ပွဲကြည့်စင် ပေါ်က နောက်ဆုံးအတန်းမှာ သွားထိုင်နေရတယ်။

နန်းအေးမြို့မှာ ကိုယ်ပိုင် ဘောလုံးကွင်း ရှိတဲ့ ကျောင်းက YIS ပါပဲ။ ဒါကြောင့် တချို့ကျောင်းတွေက ကျောင်းတွင်းဘောလုံးပွဲ လုပ်ချင်တယ် ဆိုရင်တောင် YIS ကို လာလုပ်ရတာကိုး။

သူမလည်း စင်အနောက်မှာ ဘာမှ လုပ်စရာမရှိတာနဲ့ ဟိုကြည့် ဒီကြည့် ကြည့်နေလိုက်တယ်။ ဘေးမှာ ဘယ်သူမှမရှိ ရှိတဲ့ သူတွေကလည်း အရှေ့ဆုံးတန်းခုံတွေမှာ သူ့ခုံတန်း နဲ့ ရှစ်တန်းလောက် ခြားနေတယ်။

“တော်တယ် အမ်မာ။ နောက်တမျိုးပြောင်းက ရအောင်။ တို့က ဒီဘက်ကနေ သွားမယ်။ မင်းက ဟိုဘက်က ခုန်လိုက်”

“ဆန်ဒီမအသံကိုက ဆာနေတာပဲ။ ဆာမှာပေါ့။ လင်တွေ ရှိနေတာကိုး”

နန်းအိမ့်ခန်းက မဲ့ရွဲ့ပြရင်း ပြောလိုက်တယ်။ သူပြောလည်း ပြောချင်စရာ ကောင်မလေးတွေ အကလေ့ကျင့်တာကို ရှေ့ဆုံးက လာကြည့်နေတဲ့ ငနှဲတွေဟာ ကြည့်ချင်တာ တစ်ခုပဲ ရှိမှာကိုး။

“ဟယ် ကောင်မ ရယ်တာကို ခစ်ခစ်ခစ် နဲ့ ပါးစပ်ကို လက်ကလေး နဲ့ အုပ်လိုက်သေး။ ငါတို့နဲ့ တုန်းကလို ဗြဲဟဲဟဲ နဲ့ ထရယ်ပါ့လား”

အရှေ့က အဖွဲ့ထဲမှာ နိုင်ထွန်းအောင် ပါနေတာတော့ သူမ လုံးဝ သဘောမကျ။ နိုင်ထွန်းအောင်က သူနဲ့ငယ်ငယ်ကတည်းက ဆော့ဖော်ဆော့ဖက်၊ ဆော့တာမှ အစုံဆော့ခဲ့တာ မဆော့ဘူးတာ မရှိသလောက် တစ်ခါတလေ နိုင်ထွန်းအောင်က အဖေ၊ သူက အမေ အဖြစ် အရုပ်ကလေးတွေက ကလေးလေးတွေအဖြစ် ဆော့ခဲ့ကြတာ။ ဒီကစားနည်းက သူမရဲ့အကြိုက်ဆုံးကစားနည်းပဲ။ အမွှေးအတောင် ထွက်ပြူစ အရွယ်ကို ရောက်တော့လည်း ဒီကစားနည်းကိုပဲ ဆန်းသစ်တဲ့ပုံစံနဲ့ နိုင်ထွန်းအောင်တို့ စမ်းသပ် ကစားမိကြပြန်တာပဲ။

အဲဒီနောက်ပိုင်း နိုင်ထွန်းအောင်ဟာ သူမရဲ့ကမ္ဘာ ဖြစ်တယ်။ နောက်ဆုံး သူတို့နှစ်ယောက်ဟာ တကယ့် ပါးပါး မားမားအဖြစ် နေထိုင်သွားကြရမယ် လို့ ထင်ထားမိတာ။ ဒါပေမဲ့ ထိုးထွက်လာတဲ့ သူမ ရဲ့အရပ်နဲ့ မဆိုဆလောက် ရှည်လာတဲ့ လည်တိုင်လေးရဲ့ ကျားဟော်မုန်းများလို့ ထွက်လာတဲ့ လည်စိကလေးကို အကြောင်းပြပြီး နိုင်ထွန်းအောင်က သူမကို ယောက်ျားလျာလို့ ဆက်ဆံတော့တာပဲ။

“အိမ့်ခန်း နင့် သူငယ်ချင်း ဆန်ဒီနဲ့ ငါ့ကို မိတ်ဆက်ပေးပါ့လား။ မမိတ်ဆက်ပေးရင်တောင် စကားပြောရင် ငါ့အကြောင်းလေးတွေ ထည့်ထည့်ပြောပေးကွာ။ ဒါမှ သူငါ့ကို သတိထားမိအောင်လို့”

တဲ့ ဪ ပြောမှ ပြောရက်ပါတယ် နိုင်ထွန်းရယ် ငါ့ကိုနင်မေ့ပြီပေါ့။ ဒါပေမဲ့ ငါတို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာ အတိတ်တွေ နင်ငါ့ကို အရမ်းလှတယ်ဆိုပြီး ရွှန်းရွှန်းစားစားကြည့်ခဲ့တာတွေ ငါ့ရဲ့ နှုတ်ခမ်းလေးကို မထိမခလုတ် ထိခလုတ် နဲ့ နမ်းခဲ့တဲ့ ကလေးဘဝ မှတ်ဉာဏ်တွေကို နင်က နောင်ဘဝကူးတံတားပေါ်မှာ စွပ်ပြုတ်သောက်လိုက်သလို မေ့သွားတယ်ပေါ့။ ငါက ဘယ်လိုမေ့ရမှာလဲ သူငယ်ချင်းရာ။

လက်ခုပ်တီးပြီး အားရပါးရ အားပေးနေတဲ့ နိုင်ထွန်းအောင်ကို ကြည့်ရင်း သူမစိတ်တွေ မထိန်းနိုင်တော့ဘူး။ တက်ဘလက် ကလေးကို အသာထုတ် နားကြပ်ကလေးကို အသာတပ်ကာ ဝက်ဆိုဒ် အချို့ထံ လှမ်းလိုက်မိတယ်။ ကလေးသူငယ်တွေအတွက် မသင့်လျော်သော ဝက်ဆိုဒ် မျိုးတွေပေါ့။

သူမ ဒီဗီဒီယို တွေကို အရမ်းစွဲလမ်းနေတာပေါ့၊ငယ်ငယ်ရွယ်ရွယ် နဲ့ အသိစောခဲ့တော့ ဖျက်ရ ခက်နေပြီ။ ဗီဒီယိုကို ကြည့်ရင်း သူမ ကိုယ့်နှုတ်ခမ်း ကို ကိုယ်ပြန်ကိုက်မိတယ်။ ဗီဒီယို အရှိန်မြင့်လာတာနဲ့ အမျှ သူမ စိတ်တွေ တဖြည်းဖြည်းလောကကြီး ကို မေ့သွားတော့တယ်။

“ဘဟ်လေးရောင်ဝ်”

ဟမ်ဘာသံကြီးလဲ

သူမဖြတ်ခနဲ လန့်နိုးသွားတယ်။

“ငါဘယ်ကိုရောက်နေတာလဲ”

နန်းအိမ့်ခန်းက ဘေးဘီ ဝဲယာကို ကြည့်လိုက်တယ် မြက်ပင်ရှည်ရှည်တွေကလွဲလို့ ဘာမှ မရှိ။ နောက်ပြီးတော့ ကောင်းကင်ကြီး ကောင်ကင်းကြီးဟာ မှိုင်းညို့နေတာပဲ။ မိုးရွာတာလိုလို တိမ်ထူတာလိုလိုပေါ့။

သူမ ရဲ့ အရှေ့တည့်တည့်မှာ တဲအိမ်အို ကြီးတစ်လုံး တဲအိမ်ကြီးဟာ တံခါးမရှိ ဘူး။ ဒါပေမဲ့ အထဲမှာတော့ မီးရောင်တစ်ခုရှိနေတယ်။

“ဟင်း ဟင်း ဟင်း”

တဲအိမ်‌ထဲကနေ ညည်းညူသံကြီး ထွက်လာတယ်။ သူမ လည်း လှည့်ပြေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ပြေးလို့မရ တစ်စုံတစ်ခုက သူမကို တဲအိမ်ဆီကို ဆွဲခေါ်နေတယ်။ သူမ သူ့ဖိနပ်ကို မြေကြီးနဲ့ ပွတ်ပြီးကုပ်ထားရင် ငြိမ်နေဖို့လုပ်ပေမဲ့ သံလိုက်တုံးဟာ သံစတွေကို ဆွဲငင် သလိုကို သူမကို တဲကြီးက ဆွဲခေါ်နေတယ်။ သူမအားအင်တွေ ကုန်ခမ်းပြီး တဲကြီးရှိရာကို တရွတ်တိုက်ပါသွား ပါတော့တယ်။

ဆက်ရန်

******

All Chapters