← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

“အဲဒီအဖွဲ့မှာ ငါတို့မပါရ ရင် မင်းသေပြီသာမှတ်”

ဝေလင်းဖြိုးက ရုပ်တည်ကြီးနဲ့ပြောတယ်။ ဝင်းမင်းဦးကလည်း ခေါင်းတွေညိတ်လို့

“မဟုတ်ဘူးကွာ ဆရာမကြီး ပြောတာက ရုပ်သန့်သန့်လေးလည်း ဖြစ်ရမယ် တဲ့”

“ငါတို့နှစ်ကောင်က ရုပ်မသန့်ဘူးလို့ မင်းက ပြောလိုက်တာလား ငစိုင်း မင်းမျက်ခွက်ကို မင်းပြန်ကြည့်စမ်း။ အဆီတဝင်းဝင်းနဲ့ မင်းမျက်ခွက်ကို ညှစ်ချလိုက်ရင် ပဲဆီ ၁ လီတာ လောက် ထွက်တယ်”

ကျနော်ကိုက လျှာရှည်တာပါ။ ဒီကောင်တွေကိုမှ သွားပြောမိတယ်။ ဆရာမကြီး လိုချင်တာက စာတော်တဲ့ ကျောင်းသားတွေကို အဓိက ခေါ်ချင်တာဗျ။ စာတော်တဲ့ ကျောင်းသားတွေက စုံညီပွဲတော်မှာ သီချင်းဆိုတာအဆုံး ကျောင်းကောင်စီ အစည်းအဝေးပွဲတွေအလယ် တက်ရတဲ့ကျောင်းသားတွေပါ။ အခုလို တစ်ခြားကျောင်းကို သွားရရင်လည်း စာတော်ပြီး မျက်နှာမရူး မဲ့ ကျောင်းသားတွေကို ခေါ်ကြတာ။ ဝင်းမင်းဦး နဲ့ ဝေလင်းဖြိုးက တကယ့်ငမြွေထိုး တွေ။

“ငါက ထက်မြတ်မင်းထွေးရယ် ချစ်စမ်းအောင်ရယ် လင်းထက်ညီညီရယ်ကို ‌ပြောပြီးပြီကွ”

“အား အ အ နှလုံးသား ဒီကောင် ငါတို့ကို သစ္စာဖောက်ပြီ”

ဝင်းမင်းဦးက သူ့နှလုံးသားကို လက်နဲ့ ဖိရင်း နာကျင်နေသလိုလုပ်ပြတယ်။ ဝေလင်းဖြိုးက မျက်နှာကြီး မဲ့ရင်း

“ဘာလည်း မင်းတို့လေးကောင်က နန်းအေးမြို့မရဲ့ သူတော်စင်ဇာတ်ရုပ်လေးတွေပေါ့။ မခုတ်တတ်တဲ့ကြောင်လေးတွေပေါ့ ဟုတ်စ မရဘူး ဟေ့ရောင် ငါတို့နှစ်ကောင် ပါရမယ်”

“လိလား ဘယ်လိုလုပ်မှာလဲ ဟ ငါက ပြောပြီးပြီ”

“လင်းထက်ညီညီက ရတယ် ဒီ ကောင့်ကို စာအုပ်တစ်အုပ် ဒါမှမဟုတ် lego တရုပ်လောက် ပေးလိုက်ရင်ကို ဖယ်ပေးမှာ။ မင်းခွေး ဆိုတဲ့ မအေဘေးကတော့ ဖယ်မှာ မဟုတ်ဘူး။ နောက် ချစ်စမ်းအောင်ချစ်ပုကလည်း ကတ်ကတ်လန်တဲ့ကောင်”

ဒီအချိန် ဝေလင်းဖြိုး က ဝင်းမင်းဦး ရဲ့ နား ကို ကပ်ပြီး ပွတ်တွတ်ပွတ်တွတ် နဲ့ပြောနေတယ်။ ဉာဏ်နီဉာဏ်နက် ပလီတိခြောက်ချက်တွေ ဒီကောင်နှစ်ကောင် ပေါင်းရင် ထွက်တယ်။

“ဟျောင့် ဝေလင်း ရပါ့မလားဟ”

“ရပါတယ်ကွာ အဓိက က ကုမ္မာရီကျောင်းကို ငါတို့လိုက်ရရင် ပြီးရောမလား”

“နေစမ်းပါဦး မင်းတို့နှစ်ကောင်က ဘာလို့ ဇွတ်လိုက်ချင်နေတာလဲ နွားတွေရဲ့”

“ငါ့ရည်းစား နန်းသီရိခင်က အဲ့ကျောင်းမှာကွ ငါဘော်ဒါ တက်ကတည်းက လိုင်းပေါ်ကနေပဲ ပြောဖြစ်တာ ငါသူ့ကို သွားကြည့်ချင်တယ်ကွာ”

“ဟာဟေ့ကောင် ဝေလင်းဖြိုး မင်းမြွေမဖမ်းနဲ့နော်။ မိသွားရင် ကျောင်းသိက္ခာ ကျပြီဟ”

“မင်းကျောင်းက အစကတည်းက သိက္ခာ ရှိတာကြလို့။ စိုင်းရွက်ဟိန်း မင်းကို ငါ ဖုန်းပေးမသုံးတော့ဘဲ နေမှာနော်”

“ဟာ ဟေ့ကောင် အဲ့လိုတော့မလုပ်နဲ့ကွာ ငါတို့ခြောက်ယောက်မှာ ဖုန်းက မင်းတစ်ယောက်ပဲ ရှိတာလေ”

“အေးဒါဆို မနက်ဖြန် ညနေ ဆယ့်နှစ်နာရီ မှာ လင်းထက်ညီညီ နဲ့ ချစ်ပု မရောက်လာရင် ရပြီမလား ကျန်တာ ငါတို့တာဝန် ထားလိုက်”

‌ဒီကောင်နှစ်ကောင်က လင်းထက်ညီညီကိုတော့ စာအုပ်ဝယ်ပေးပြီး စည်းရုံးမယ် ထားပါတော့။ ချစ်ပုကို ဘယ်လို စည်းရုံးမှာလဲ။ ချစ်ပုက အဲ့ကျောင်းကို လိုက်ချင်လွန်းလို့ ရေမွှေးတွေတောင်ဝယ် အင်္ကျီတောင် အသန့်လေးရွေးပြီး ခေါက်နေတာ။ သူက ဘယ်လိုမှ စည်းရုံးလို့ရမှာ မဟုတ်ဘူး လိုက်ချင်တာ တစ်ပိုင်းကို သေနေတာပဲ။ ဘယ်လိုကြံထားကြတာလဲ။

ကျနော် တစ်ယောက်တည်း ထိုင်တွေးနေမိတုန်း။ ဆရာကြီး ဦးတင်ထွေး ရောက်ချလာတော့ ကျနော်လည်း မက်တပ်ရပ်ပြီး နှုတ်ဆက်လိုက်တယ်။

“အေး မောင်စိုင်း မင်္ဂလာပါ စာတွေဘာတွေရလား စာမေးပွဲ နီးပြီ ယောင်မနေနဲ့ဦး”

“ဟုတ်ကဲ့ပါဆရာကြီး”

ဆရာကြီးဦးတင်ထွေးက တော်တော် အသက်ကြီးရှာပါပြီ။ နောက်နှစ်လောက်ဆို ပင်စင်ယူရတော့မယ်။ မူလတန်းကစပြီး ကလေးတွေကို ပြုပြင်ရမယ်လို့ ယူဆပြီး ပညာရေးမှူးက အလယ်တန်းပြအဖြစ် တိုးပေးတာတောင် ငြင်းခဲ့တဲ့သူ။ ကလေးတွေကလည်း တကယ်ချစ်ကြတာ။ ယောကျာ်းလေး မူလတန်းပြက သိပ်ရှားတာကိုး။

“မောင်စိုင်း မင်းသူငယ်ချင်း ‌အောင်ရဲကျော် ဘာတွေရှုပ်ထားတာလဲကွ”

“ခင်ဗျာ ဘာဖြစ်လို့လဲ”

“ဒီကောင့်ကြည့်ရတာ မူမမှန် ဘူးကွ တခုခုဖြစ်နေတာ အသေအချာပဲ ဒီကောင့်မျက်ကွင်းတွေ ကျနေတယ်။ ငါပြောမယ် ဒီကောင် အာသာဖြေတာတွေ များနေတာလားကွ”

“ဟာ ဆရာကြီး”

ဆရာဦးတင်ထွေးက ပွင့်ပွင့်လင်းလင်း ကြီးပြောချတော့ ကျနော်တောင် ရှက်ကိုးရှက်ကန်း ဖြစ်သွားတယ်။ အဲ့ကိစ္စတွေက ကိုယ့်သူငယ်ချင်း အချင်းချင်း ပြောရင် ရှက်စရာ မကောင်းသလောက် ဆရာတွေ မိဘ တွေက လာပြောရင် ရှက်စရာကြီးလေ ။ ဟာ သူတို့သိတယ် ဆိုတဲ့ ဖီလင်ကြီးက ခံရခက်တယ်။

“မာစတာဘိတ် လုပ်တာလွန် သွားရင် ခေါင်းတွေ နောက်လာတတ်တယ်နော်။ မင်းကတော့ အလယ်တန်းကျ မှ ကျောင်းပြောင်းလာလို့ မသိပေမဲ့ အောင်ရဲကျော် ဆိုတဲ့ ‌ကောင်လေးက သူငယ်တန်း ကတည်းက ရင်ခွင်ပိုက်စနစ်နဲ့ ငါသင်လာတာ။ ဒီကောင့် ဗိုက်ထဲ အူဘယ်နှခွေ ရှိသလဲကစ ငါသိတယ်။ ငါလည်းတွေ့ တိုင်းဆုံးမတာပဲ။ နွားလေးကို ကိုယ့်အတန်းက မဟုတ်တော့ ငါ့မှာ ရိုက်ချင်တိုင်း ရိုက်မရ ဒီအရွယ် ရိုက်ရတယ်ဆိုတာလည်း ကြားမကောင်းပါဘူးကွာ”

ဆရာကြီးဦးတင်ထွေး က သူ့တပည့်အကြောင်း ညည်းညူပြနေတယ်။ အောင်ရဲကျော်ကို ကျနော် သိပ်စိတ်မဝင်စားပေမဲ့ ခုတစ်ရက်နှစ်ရက်အတွင်း ဒီကောင် ပုံမှန်မဟုတ်ဘူး နေမကောင်းဖြစ်တာတို့ ညဘက်ကြီး တစ်ကောင်ထဲ ထထိုင်နေတာတို့။

“ဆရာကြီးရော ဘယ်လိုထင်မိလဲဗျ”

“ငါ့ကို ကျောင်းစောင့်ကြီးက ပြောတယ် ကောင်မလေးတစ်ယောက် ဒီကောင့်ကို လာမေးတယ်တဲ့ ကုလားဆင်လေးဆိုပဲ ဒါ အဲ့ကောင်ရဲ့ ရည်းစားလား မင်းသိလား ကျောင်းစောင့်ကြီးကတော့ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်မှာစိုးရိမ်လို့ မသိဘူးလို့ပဲ ပြောတယ်တဲ့”

အောင်ရဲကျော်ကို လာမေးတယ် ဆိုတော့ ဘာလို့လဲ။ အောင်ရဲကျော် ရဲ့ စော်လား ဘာလား။ စော်ရှိတယ် ဆိုရင် ဒီကောင် ဒီလိုနေမှာမဟုတ်ဘူး ကြွားမှာပဲ သူ လေးတန်းတုန်းက ရွာမှာ ကြိုက်ခဲ့တဲ့ Ex အကြောင်းတောင် မစားရ ဝမခန်း ခဏခဏ ပြောနေတဲ့ အကောင် စော်ရရင် ကပြီးတော့တောင် ပြောဦးမှာပါ။

“ကျနော်လည်း မသိပါဘူး ဆရာကြီး”

“အေးကွာ မင်းတို့လည်း ဆယ့်ငါး ဆယ့်ခြောက် ရောက်နေပါပြီ။ ခေတ်ကြီးကသာ မတူတော့လို့ ငါဆို ဆယ့်ခြောက်နှစ်မှာ အိမ်ထောင်ကျခဲ့တာ မင်းတို့အသိ၊ အိမ်ထောင်ပြုချင်ရင် ပြုလို့ရတဲ့ အရွယ်ပဲကွာ သိကြတော့ပေါ့ ဟုတ်လား”

ဆရာကြီး ဦးတင်ထွေး က ပြောစရာရှိတာပြောပြီး အသက်အရွယ် နဲ့ မလိုက်အောင် ခပ်သွက်သွက်ပဲ ကျနော့်ဘေးက ထွက်သွားတယ်။

ဘယ်ကကောင်မလေးလဲ ဘာလို့ အောင်ရဲကျော်ကို လာရှာတာလဲ ဆန်းဝင်းနိုင် ရော ဒီကိစ္စ သိလောက်လား မေးတော့ကြည့်ရမှာပဲ။

ဒါပေမဲ့ ကျနော် အဲ့နေ့တစ်နေ့လုံး ဆန်းဝင်းနိုင် နဲ့ မတွေ့ဖြစ်ဘူး ညဘက်ကျတော့လည်း စာကျက် စာမှတ် နဲ့ မေ့သွားရော။

ကျနော်တို့ စောင့်မျှော်နေတဲ့နေ့ရောက်လာပြီ။ ကုမ္မာရီ အမျိုးသမီးကျောင်းကို သွားရတော့မယ်။ ဆရာမကြီး လာမှာ ကို ကျနော်တို့ စောင့်နေတယ်။ ထက်မြတ်မင်းထွေး နဲ့ ကျနော်

ထက်မြတ်မင်းထွေးက ပါးစပ်အားတာနဲ့ သင်္ချာ အကြောင်း ပြောတဲ့ ကောင်ပဲ။ ဒီကောင်က အဆောင်နေကျောင်းသား မဟုတ်ဘူး။ ညနေ ၃နာရီ ဆိုပြန်ပြီး ညဘက် ဂိုက်တွေ ကျူရှင်တွေ ပတ်တက်ရတာ ညဆယ်နာရီလောက်မှ အောက်ဖြစ်တယ်တဲ့။ စာတွေကတော့ အသေလုပ်တာပဲ။ ဒါတောင် ဒီကောင် အစိုးရကျောင်း ဘာလို့တက်နေသေးတာလဲ ကျနော်သိချင်တယ်။ ပုဂ္ဂလိက ကျောင်းတွေက စာပဲ ဖိလုပ်ကြတာ များတယ်။ ပျော်ပွဲရွှင်ပွဲ တွေ ကာယအချိန် တွေ မရှိဘူး။ ဒီကောင့်လို စာပဲ သိတဲ့ကောင်းက ဘာလို့ နန်းအေးမြို့မကျောင်းလို အောင်ချက်တွေ ထိုးကျနေတဲ့ ကျောင်းကို တက်နေသေးတာလဲ။

၂၀၁၆ မှာ နန်းအေးမြို့မ က ကျောင်းသား ၂၇ ယောက် တက္ကသိုလ်ဝင်တန်း ဝင်ဖြေတာ ၂၄ ယောက်ကျတယ်။ လူတိုင်းက နန်းအေးကို လက်လန်သွားတယ်။ ရွှေရောင်လွှမ်းတဲ့ နှစ်တွေ ကုန်ပြီတဲ့။ အခု ၂၀၁၈ ဆယ်တန်းကျောင်းသား လေးယောက်ပဲ ရှိတယ်ဗျ။

၂၀၁၅ နောက်ပိုင်းဟာ အစိုးရကျောင်း တွေရဲ့ ကျဆုံးခန်းလို့တောင် ဆိုရမယ်ဗျ။ မိဘတွေဟာ ဆယ်တန်းကို သိန်းချီပေးပြီး အောင် အောင် ပုဂ္ဂလိက ကျောင်း၊ ဂိုက်၊ ကျူရှင် တွေ အပြိုင်ထားရတယ်။ ဒါပေမဲ့ အဲ့လိုထားတော့ရော အောင်လားဆိုတော့ ကျကြတာပဲ။ အစိုးရကျောင်းတွေက ဆရာတွေကလည်း ပုဂ္ဂလိကကျောင်းကဆရာတွေကို အသပြာဆရာတွေ ဆိုပြီး ခနဲ့တာပဲဗျ။

“မက်လုံးကြီးကြီးပေးပြီး ဒီစာတွေပဲ သင်တာကို ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော ကျောင်းသားတွေကို မရူးရုံတမယ် ဦးနှောက်ဖျက်နေတာတဲ့ဟာတွေ။ ငါတို့လည်း ဒီစာပဲ သင်တာပဲ။ ဒါပေမဲ့ ငါတို့က ပညာရေးကောလိပ်က မွေးထုတ်ထားတဲ့ ဆရာအစစ်တွေကွ”

ဦးမင်းရောင် က အဲ့လိုအမြဲပြောတာပဲ။ ဒါပေမဲ့ အစိုးရ ကျောင်းက ကျောင်းသားတွေကို ရာနှုန်းပြည့် သင်ပေးဖို့ ခက်နေတာအမှန်ပဲ။ လှေကြီးထိုးသမားတွေ များနေတာပဲ။ မထိန်းချုပ်နိုင်တာလည်း အမှန်ပဲ။ မိဘတွေကလည်း အစိုးရကျောင်း ဆိုရင် လာဘ်ပေးလာဘ်ယူပဲ မြင်ကြတာကခက်တယ်။

ကျနော်တို့တောင် မိဘတွေက မပြေလည်လို့သာ အစိုးရကျောင်း တက်နေရတာ ဆိုတာ ဝန်ခံရမှာပဲ။ ပိုက်ဆံရှိရင် ကျနော်တို့ မိဘတွေကလည်း ဒီမှာ မထားဘူးရယ်

“ကိုစိုင်းရေ လင်းထက် နဲ့ ချစ်စမ်းအောင်က ဘယ်မှာလဲဗျ။ ကျနော် မတွေ့မိဘူးဗျ သူတို့မလိုက်ဘူးလား”

ထက်မြတ်မင်းထွေးက တခြားကျောင်းသားတွေနဲ့ မတူတာက ဘယ်သူ့ကိုမှ မင်းနဲ့ ငါ နဲ့ မပြောဘူး။ ကျနော်‌ကိုတောင်ခေါ်တာ ကိုစိုင်း တဲ့။

“ငါလည်း မသိဘူး မလိုက်ချင်လို့ဖြစ်မယ် ဒါဆိုမင်းရယ် ငါရယ်”

“ငါတို့ရယ်ပေါ့ကွာ”

ထက်မြတ်မင်းထွေး နဲ့ ကျနော် အသံလာရာ ကို လှည့်ကြည့်လိုက်တယ်။ ဝေလင်းဖြိုး နဲ့ ဝင်းမင်းဦး

“ခင်ဗျားတို့က ဘာလို့လိုက်မှာလဲဗျ”

“လင်းထက်ညီညီက ‌အိမ်စာလုပ်ရမှာ ချစ်ပု က လက်ဖက်ထမင်း အစားများပြီး ချီးပန်းနေတာကွာ။ အဲဒါကြောင့် ငါတို့လိုက်တာ မင်းက ဘာဖြစ်ချင်တာလဲ ဖက်တီး”

ဝေလင်းဖြိုးက ဘုဆက်ဆက် ပြောတယ်။ ထက်မြတ်မင်းထွေး က ပြုံးရုံ ပြုံးပြပြီး

“ဟုတ်ပါပြီ”

“ကဲ ဒေါ်မြပုလဲသွယ် မလာသေးဘူးလား သွားကြမယ်လေ”

ဝင်းဦးက တက်ကြွနေတယ် အံ့မယ် အင်္ကျီ က လည်း ဖြူသန့်လို့ ဆံပင်ကလည်း ဆီအရွှဲသားနဲ့ ပေါင်ဒါတွေ ခိုးရိုက်လာတယ် ထင်တယ် နှစ်ကောင်လုံး မျက်ခွက်တွေက ဖွေးပြီး လည်မျိုတွေက မည်းလို့

ခနနေတော့ ဒေါ်မြပုလဲသွယ် ရောက်လာတယ်။

“အံမယ် ကိုယ်တော်ချောတွေ ဒီလိုကြတော့ သန့်ပြန့်လို့ပါလား”

ဆရာမကြီးက ချီးကျူးတော့ ဝင်းမင်းဦးခမျာ သွားတွေကို ဖြီးလို့

ဒီလိုနဲ့ ကျနော်တို့တွေ ဒေါ်မြပုလဲသွယ်ရဲ့ကားလေးနဲ့အတူ မြိုတစ်ဖက်က ကုမ္မာရီအမျိုးသမီးကျောင်းကို တက်ရောက်ဖို့ ထွက်လာခဲ့ကြပါတယ်။

လမ်းတလျှောက် နန်းအေးမြို့ရဲ့ အလှအပနဲ့ ရှမ်းတရုတ်မလေးတွေရဲ့ ‌စကူဖီး ဆိုင်ကယ်ပေါ်က ပေါင်တံ‌ဖွေးဖွေးလေးတွေ ဗမာမလေးတွေ အိန္ဒိယန်းမလေးတွေရဲ့ အသားညိုညို ခန္ဓာကိုယ်လေးတွေကိုပါ ကျနော်တို့ ရှု့ခင်းနဲ့ ရောပြီး ပေါင်းရှု့စားရတာပေါ့။

“ငါတို့မြို့က လူမျိုးစုံ နေတော့ ကောင်းတယ်ကွာ။ ‌‌စော်တွေက တစ်ယောက်တစ်မျိုး လှချက် လှချက်”

ဝင်းမင်းဦး က ခပ်တိုးတိုးပြောတယ်။

“မင်းအမေကြားသွားမယ် လာဘာဂျာရဲ့ ကြည့်စရာ ကြည့် စောက်စကား မပြောနဲ့”

“နေစမ်းပါဦး ချစ်ပုကို မင်းတို့နှစ်ကောင် ဘာလုပ်လိုက်တာလဲ သားကြီး”

“အာ မေးမနေစမ်းပါနဲ့ကွာ”

“မေးရမှာပေါ့ဟ “

“တော်တော့ ဟေ့ရောင်တွေ မိန်းမလှကျွန်းလို့ခေါ်တဲ့ ကုမ္မာရီအမျိုးသမီး အထက်တန်းကျောင်း ကို ရောက်လာပြီ”

“ဘူတာ ဆိုက်ပြီကွ ဘော်ပူပေါ်”

ဝင်းမင်းဦးက အားရပါးရ ထအော်တယ်

“ဟဲ့ကောင်လေး ဘာထဖြစ်တာလဲ ဟယ် လန့်သွားတာပဲ”

ကားရှေ့ခေါင်းခန်းက ဒေါ်မြပုလဲသွယ် ထအော်မှ ဝင်းမင်းဦးလည်း ပါးစပ်ပိတ်သွားတော့တယ်။

၁၆ ကြိမ်မြောက် ကျောင်းပေါင်းစုံ ပြဇာတ်ပြိုင်ပွဲ နှင့် မိဘဆရာ အကြံပေး များ တွေ့ဆုံပွဲ

ဆိုတဲ့ စာတန်းကြီးက ကျောင်းအဝင်ဝ မှာတင် ချိတ်ဆွဲလျက်။

ဆက်ရန်

******

All Chapters