← Chapters

အခန်း (၂၀)

Vol. 1 Ch. 20

အခန်း (၂၀)

Vol. 1 Ch. 20

နန်းအိမ့်ခမ်း သူ့ ရဲ့ laptop ကို ဖွင့်လိုက်တယ်။ laptop ရဲ့ screen ထက်မှာတော့ စာရေးဆရာ ဂျွန်ဝင်းမောင်အကြောင်း စာတန်းပေါ်နေတယ်။

“ဂျွန်ဝင်းမောင်ရဲ့ဘဝကို လေ့လာတာ ဘာမှ ထူးဆန်းမနေဘူး ချယ်”

လာနာက သူ့ရဲ့ စာကြည့်မျက်မှန် ကို ပင့်တင်လိုက်ရင်း သက်ပြင်းတချက် ဝူးခနဲ မှုတ်ထုတ်လိုက်တယ်။

“ဒါဆို ဘာက ထူးခြားနေတာလဲ တီချယ်။ သူက အောက်လမ်းတွေ သရဲတွေနဲ့ ပတ်သတ်နေတဲ့ လူလည်း မဟုတ်တာကို သူ့ပြဇာတ်က ဘာလို့ ရုတ်တရက်ကြီး ကျိန်စာထသင့်တာလဲ ဟင်”

“တီချယ်လည်း မသိဘူး နန်းအိမ့် ဒါပေမဲ့ တီချယ်တို့ ဒီထက်တိကျ တဲ့ result ရအောင် ကြိုးစားကြည့်ရမှာပဲ”

နန်းအိမ့်ခမ်း က ဆက်ပြီးရှာဖွေ မှု့တွေလုပ်နေတယ်။

“နေဦး နန်းအိမ့် ရူးပတ်ကို အဲ့ ကျိန်စာသင့် စာအုပ်အကြောင်း comment စပေးခဲ့တဲ့လူ အဲလူရဲ့ comment ကို ပြန်ရှာပြီး သူ့ကို ဆက်သွယ်ကြည့်ရင်ရော”

“ဟုတ်သားပဲ ချယ်”

နန်းအိမ့်ခမ်း က ရူးပတ် ရဲ့ ဗီဒီယို ကို ပြန်ရှာကြည့်ရင်း B side Maker ဆိုတဲ့ အကောင့်က ပြောထားတဲ့ ‌comment ကို ပြန်ရှာတွေ့သွားတယ်။

“သူ့ကို E mail ပို့လိုက် နန်းအိမ့်”

“တီ..တီ...တီ”

“ဟယ်လို”

“ဟယ်လို အစ်မ နန်းအိမ့် လား”

“ အင်း ရူးပတ်လား”

“အစ်မ နင်တို့အခု လုပ်နေတာတွေ ရပ်တန်းက ရပ်တဲ့”

ရူးပတ်ရဲ့အသံက မတည်ငြိမ်ဘူး။ တစ်ခုခုကို ကြောက်လန့်နေသလိုလို

“ရူးပတ် နင် ဘာဖြစ်နေတာလဲ ဦးလေး နဲ့ ဘာဘီ ရော အနားမှာ ရှိလား”

“ငါပြောမယ် သူငါ့ဆီ ကို ရောက်လာတယ် အနီရောင် ပိတ်စတွေ ပတ်ထားတဲ့ အကောင်။ ဒီကောင် ငါ့ကို ပြောသွားတယ်။ နင်တို့ နှစ်ယောက် လုပ်နေတာတွေ ရပ်တန်းကရပ် မရပ်ရင် နင်တို့ အကုန်သေရမယ်တဲ့။ အစ်မ နင် ဘာလုပ်နေတာလဲဟာ။ နင် နင် စာအုပ် နဲ့ ပတ်သက် နေပြန်တာလား။ ငါ နင့်ကို အတန်တန် မှာထားရက်နဲ့ဟာ”

“ရူးပတ် ရူးပတ် ငါတို့ဘာမှမလုပ်ပါဘူး အိုခေလား။ နင့်စိတ်ကို အေးအေး ထား။ ဟုတ်ပြီလား မကြောက် နဲ့ ဘုရားစင်ကရေ ယူပြီး သောက်ချင် သောက်လိုက် ငါအခု လာပြီ”

နန်းအိမ့်ခမ်း လည်း အပြေးအလွှား ထွက်သွားတယ်။ လာနာ လည်း ခေါင်းကိုက်နေတာကြောင့် ကိုယ့်နားထင်ကိုယ် ဖိနေမိတယ်။

“တီချယ် ဆရာကြီးက ပြဇာတ်က တီချယ်နဲ့က ရမှာလို့ပြောတယ်။ အခုချိန်ထိ ဘာမှ မပြင်ဆင်ရသေးဘူး။ ဘာကကြမှာလဲ”

“ဟိုဟာ ရှိတ်စပီးယား တစ်ပုဒ်လောက် ကကြမလား”

“ဟာ တီချယ်ကလည်း ရှိတ်စပီးယားက မနှစ်က ဒုတိယဆုပဲရတာ။ မြန်မာပြဇာတ်မျိုးက ချင်တာ သမီးတို့က”

ဆန်ဒီ နဲ့ ဆိုဖီယာ က အပြင်းအထန် စောဒက တက်တယ်။ လာနာလည်း သူ့ကိစ္စနဲ့ သူရှုပ်နေတာမလို့ သူတို့ပြဇာတ်ကမဲ့ အဖွဲ့ကို ပစ်ထားမိသလို ဖြစ်သွားတယ်။

“သမီးတို့က ပြဇာတ်တိုက်မယ်ဆိုလို့ လာနေတာ သုံးရက် ရှိပြီ။ ဒါပေမဲ့ အခုချိန်ထိ ဇာတ်လမ်းက ရေရေရာရာ မသိရသေးဘူးရော်။ တီချယ် တစ်ခါတစ်ခါ လာရတာ အရမ်းပင်ပန်းတယ်”

“တီချယ် တာဝန်မယူနိုင်ရင် အစကတည်းက တာဝန်မခံသင့်ဘူးလေ။ အခု က မနှစ်က ထက် ပြိုင်ဘက် ပိုများတယ် နန်းအေးမြို့မ ကလည်း ပြဇာတ်ကမဲ့အထဲပါတယ်”

ဆိုဖီယာ့ စကားကြောင့် နိုင်ထွန်းအောင်တို့ ယောကျာ်းလေးအုပ်စု ရှူးရှူးရှားရှားဖြစ်သွားကာ

“ဘာအဲ့ကောင်တွေ ပြဇာတ်ကမယ် ဟုတ်လား။ အလယ်တန်းအဆင့်ပြဇာတ်တောင် အဖြစ်ရှိအောင် မကနိုင်ဘူး။ အရင်နှစ်က ဒီကောင်တွေ ပြဇာတ်စင်ပေါ်မှာတင် တစ်ယောက် နဲ့ တစ်ယောက် ထိုးကြတာလေ”

“ဟယ် အဟုတ်”

“ဟုတ်တယ် ဆန်ဒီရဲ့ သူတို့ကျောင်းက အရင်နှစ်တွေက အထက်တန်းပြဇာတ်တွေ ဝင်ပြိုင်တာမဟုတ်ဘူး ဟိုတနှစ်က အခြားကျောင်းတွေက ပြဇာတ်ကို romance တွေ Historicalတွေ ကပြနေတုန်း သူတို့က ဝက်ကလေး သုံးကောင် ပြဇာတ်တဲ့ပြဇာတ် ကနေတုန်း ဝက်သုံးကောင်က တစ်ယောက် နဲ့ တစ်ယောက် ထထိုးကြလို့ ဝံပုလွေက ဝင် ဖြန်ဖြေ ပေးရတယ်တဲ့။ တကယ့်ဟာသ ဒီနှစ်သူတို့က ထူးထူးခြားခြား Historical Romance တဲ့ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ ဆိုလား”

လာနာ မျက်လုံးပြူးသွားတယ်။ ဟင် မဖြစ်ရဘူးလေ အကုန်ဒုက္ခ များကုန်တော့မယ်။ ဒါကြီး တကယ်ဖြစ်သွားရင် လာနာ ပြာယာခတ် သွားတယ်။

“ဒါနဲ့ တီချယ် သမီးတို့က ဘယ်အချိန်က ရမှာလဲ ဇာတ်တိုက်ဖို့ ခေါ်တိုင်း တီချယ်က နန်းအိမ့်ခမ်းနဲ့ပဲ စကားပြောနေတယ်။ သမီးတို့ကို အဖတ်ကို မလုပ်ဘူး”

‘ဟာ နင်တို့ တက်နေရင် နင်တို့ဟာ နင်တို့ကပြီး နင်တို့ဟာ နင်တို့ လုပ်ပါ့လား ငါ့ကို ဘာလို့လာ စားနေကြတာလည်း သွား ကိုယ့်ဟာ ကိုယ်ရေးကြ အဲ့လောက် သိနေတတ်နေရင်”

လာနာ အသံကျယ်ကျယ်နဲ့ အော်ချလိုက်ရာ အကုန်လုံး တိတ်ဆိတ်သွားတယ်။ လာနာလည်း သူ့အိတ်ကို သူယူပြီး အေးဆေးတည်ငြိမ်စွာပဲ ထွက်ခွာသွားတော့တယ်။

“ဒီ စော်ကြီးက ဘာအထာလဲ ဟ”

“အေးလေ အရေးမပါတာကွာ။ ငါတို့ဘာသာ ငါတို့ပြောတာကို”

“သူလည်း နန်းအိမ့်ခမ်းနဲ့ အပေါင်း များပြီး ကြောင်သွားတာ နေမှာပေါ့”

“နန်းအိမ့်ခမ်း ဆိုလို့ နန်းအိမ့်ခမ်း မောင်ရူးပတ် ညနေက liveတွေ လွှင့်ပြီး ဘာတွေ ပြောနေလဲမသိဘူး”

“အသီးကွဲ တာနေမှာ ပေါ့”

“ဟယ် နင်ကလည်း ငယ်ငယ်လေးရှိသေးတာကိုး ဆိုဖီရယ်”

“နင် ဘာသိလို့လည်း ဆန်ဒီ အခုခေတ်မှာ ကလေးတွေ ဆိုတာ မရှိတော့ဘူး။ နင်တောင် လူကြီးမလေး ဖြစ်နေပြီကို”

ဆိုဖီယာကပြောရင်း ဆန်ဒီရဲ့ဒူးခေါင်းကို သူလက်တွေနဲ့ ပွတ်လာတယ်။ ဆိုဖီယာ အဲ့လိုလုပ်တိုင်း ဆန်ဒီ သူ့ကို ကြောက်မိတယ်။ ဆိုဖီယာက မူမမှန်ဘူး။ တစ်ခါတလေ ဆန်ဒီ့ကို အတင်းအဓမ္မ နမ်းတယ်။ အိမ်ကိုလည်း ရောက်လာပြီး အခန်းထဲထိဝင်ပြီး ပွတ်သီးပွတ်သပ် နဲ့ အိမ်ကတော့ မိန်းကလေး အချင်းချင်း ဆိုပြီး လွှတ်ပေးထားတာ။ ဆန်ဒီ ကိုယ်တိုင်လည်း ဆိုဖီယာ့ကို ကြောက်တာမို့ ဘယ်သူ့ကို မှ ပြန်မပြောရဲ ဆိုဖီယာ့ ဆီမှာ မောင်းချ ဓားတစ်လက် အမြဲပါတယ်။

“ဆန်ဒီ့ နင့်ပါးလေးကို လှီးပြီး စားချင်လိုက်တာဟာ ငါ့ကို နည်းနည်းလောက် ကျွေးပါ့လား”

လို့ သူအမြဲပြောနေတာမို့။ ဆန်ဒီ လည်း လန့်နေမိတာပါ။

..

ညဘက်ကြီး ထွေးထွေး အိပ်ရာ က နိုးလာတယ်။ ရှူးပေါက်ချင်သလိုလို ဖြစ်လာတာကြောင့် အိမ်သာ ခဏ ဝင်လိုက်တယ်။ ပြီးတော့ ရေခဲ သေတ္တာထဲကနေ ရေတဗူး လောက် ယူသောက်တယ်။

“ဟို ဟို ဟို ဟင် ဟင်း”

သီချင်း ညည်းသံ ခပ်တိုးတိုးကြားမိတယ်။ အသံဘယ်ကနေ လာတာလဲ ဆိုတာ သိချင်တာကြောင့် အိမ်ထဲမှာ အသံလာတဲ့ နေရာကို ရှာမိတယ်။

“အယ်မလေး လန့်တာ”

အမျိုးသမီးတစ်ယောက် ဆံပင်ကြီးက ကျောလည် လောက်ရှိမယ် ဆံပင်ကို ဖားလျားကြီးချပြီး အိမ်ရှေ့က ထိုင်ခုံမှာ ထိုင်ပြီး ဆံပင်ထဲကနေ တခုခု ကို နှိုက်နေတယ်။

“တီတီ ဘာလုပ်နေတာလဲ”

ထွေးထွေးစကားသံကြောင့် သီချင်းညည်းနေတာကနေ ရပ်သွားပြီး

“သန်းတုပ်နေတာ ညည်း မမြင်ဖူးလား”

အသံက တီတီ အသံ ဆိုပေမဲ့ အသံနှစ်ထပ်ကြီးလိုလို ဩဩကြီးလိုလို ဖြစ်နေတယ်။

တီတီ ခေါင်းမှာ သန်းရှိတယ်လို့ မကြားမိပါဘူး။ ငယ်ငယ်လေးကတည်းက ဒီလောက် အသန့်အပြန့်ကြိုက်တဲ့ ဟာကို။

“ညကြီး မြင်ရလို့လား တီတီကလည်း မနက်လင်းလင်း ထင်းထင်းမှ လုပ်တာမဟုတ်ဘူး”

“စောက်#ိ ကို ရှည် တယ် ညည်းက ငါ့ဟာငါ ဘယ်အချိန်ထထ ညည်း စောက်လုပ်လား တတောင်လောက် ရှည်နေတယ်”

ထွေးထွေး အံ့ဩသွားတယ်။ ဒေါ်မြပုလဲသွယ်နဲ့ နေခဲ့တဲ့ နှစ်နှစ်ဆယ် ပတ်ဝန်းကျင်အတွင်း ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း အဆဲ မခံခဲ့ရဘူး။ အလွန်ဆုံးရှိ ခွေးမလေးဆိုတာလောက်ပဲ အဆဲခံရတာ။ အခုက ပြစ်ပြစ်နှစ်နှစ်ကြီး ဆဲတာ။

ထွေးထွေးလည်း ကြောက်တာနဲ့ အခန်းထဲ ဝင်ပြီး ပြန်အိပ်ဖို့ကြိုးစားတယ်။

ခနကြာတော့ သီချင်းညည်းသံ ရပ်သွားပြီး

ငိုသံ သဲ့သဲ့ ထွက်ပေါ်လာသည်။

“ဘာလို့ရုတ်တရက်ကြီး ငိုတာလဲ”

ထွေးထွေး နားမလည်ခြင်းကြီးစွာ နဲ့ အိပ်ပျော်သွားတယ်။

..

မနက်လင်းတော့

“ထွေးထွေး ပြဇာတ်တိုက်တာ အဆင်ပြေလား မပြေရင် ငါ့ကိုပြောနော်။ ငွေ တွေဘာတွေ လိုလား”

“မလိုပါဘူး”

တီတီ့ ပုံစံက ညက ပုံစံ နဲ့ မတူဘူး ကော်ဖီ နဲ့ ကိတ်ခြောက် တို့စားနေပုံက မနေ့က သူမဟုတ်တဲ့ အတိုင်း

“တီတီ ညက ဝရန်တာ ဘာထွက်လုပ်တာလဲ”

“ဟယ် ဘာလဲ မလုပ်ပါဘူး။ ငါ တစ်ညလုံး ရှုးတောင် ထမပေါက်ဘူး”

“ဟယ် လူကြီးဖြစ်ပြီး လိမ်ပြီ”

“အယ် ထွေးထွေးချစ် ကောင်မလေး နင် နေရောကောင်းရဲ့လား။ ငါ့က နင့်ကို ဘာလို့ လိမ်ရမှာလဲဟင် နင် အိပ်မက်များ မက်နေတာလား”

“မဟုတ်ပါဘူး ညက တီတီ ဝရန်တာ မှာ ထွက်ပြီး သန်းတုပ်နေတာလေ”

“ပေါက်ပေါက်ရှာရှာအေ ငါ့ခေါင်းကို နှစ်ရက် တစ်ခါ လျှော်တာ ဘာသန်းမှ မရှိဘူး။ နင်ကတော့ အိပ်မက် နဲ့ reality မကွဲတဲ့ ရောဂါ ရနေပြီ ထင်တယ်”

“ဟာ ဘာမှ မကွဲစရာမရှိဘူး တီတီသာ ယောင်ပြီး ထလုပ်နေတာနေမယ်။ ကြောက်စရာကြီး ညက”

“အံမယ်လေးဟဲ့ ယောင်ပြီး ထလုပ်ရမတဲ့။ ငါများ ခေါင်းအုံးနဲ့ခေါင်း ထိလိုက်တာနဲ့ကို တန်းအိပ်ပျော်တာ။ ဆင် အော်ရင်တောင် မနိုးဘူး။ ငါနင့်ကို ရှာခိုင်းထားတဲ့ ပြဇာတ်ဆရာမ ရှာတာ တွေ့ပြီလား”

“Fb မှာ တင်ထားတာပဲ ဆရာမ ကလည်း ဒီနေ့ လာမယ်တဲ့”

ဆရာမ နာမည်က ဘယ်သူ

“ဒေါ်ချစ်နန္ဒာရွှေ တဲ့”

..

“ကျမ ချစ်နန္ဒာရွှေ ပါ။ အသက်က ၄၂ ပါ “

ဒေါ်ချစ်နန္ဒာရွှေက အနွေးထည် အကွက်ကြီးနဲ့ ပါတိတ် အစိမ်းရောင်ကို ဝတ်ထားတယ်။ လက်မှာလည်း အနွေးလက်အိတ်တွေ စွပ်ထားပြီး ခြေထောက်မှာလည်း ခြေအိတ်တွေ ဝတ်ထားတယ် သနပ်ခါးကို ဘဲကြားရိုက်ထားသေးတယ်။ လမ်းလျှောက်ရင်လည်း ခြေထောက် တစ်ဖက်က ကွနေတယ်။

ဆရာမ ခြေထောက်က ဘာဖြစ်တာလဲ

“မနှစ်က လေဖြန်းထားတာ သမီး”

ထွေးထွေးက ဆရာမကို သေချာ အကဲခတ်ပြီး ပြဇာတ်က အလှုပ်ဘက်ကို သွားတော့ ဆရာမ သင်မှ သင်ရတာ အဆင်ပြေပါ့မလား လို့

“ရပါတယ် အဲ့ထက် ခက်တဲ့ ပြဇာတ်တွေ ဆရာမက ဖူးပါတယ် သမီး”

ဆရာမချစ်နန္ဒာရွှေရဲ့ အသံက ခပ်မာမာ ဖြစ်သွားတာကြောင့် ထွေးထွေးလည်း ဆက်မမေး ဝံ့တော့ဘဲ

“ ဒီဘက်ကို ကြွပါ ဆရာမ”

အင်္သချေခန်းမရဲ့ဟောခန်းထဲမှာတော့

ကုလားကြီးသောက်တဲ့ ရေအိုးစင် ကစားနည်းကို အောင်ရဲကျော်နဲ့ဝင်းမင်းဦးက ဆော့နေကြတယ်။

‌သူတို့နှစ်ယောက်က လက်တွေယှက်ထားပြီး ချစ်ပုက လက်တွေထဲကို ခြေထောက် လျှိုဝင်ပြီး

“ကလားကြီး သောက်တဲ့ ရေအိုးစင် တခါသောက် တမတ်ပါ”

ချစ်ပုကတော့ ပြုံးနေတာပဲ

“ဟေ့ကောင်တွေ ရေအိုးစင် ရေလျှံ နေပြီ ကွဲပြီ ကွဲကျပြီ”

ဗိုင်း

အောင်ရဲကျော်နဲ့ ဝင်းမင်းဦး က ရေအိုးစင် ကွဲပြီ ဆိုပြီး လွှတ်ချလိုက်တာကြောင့်

ချစ်ပု ဗိုင်းခနဲ ပစ်လဲသွားတယ်။

“မောင်လေးတွေနဲ့ဆရာတို့ ဒါက ဒီပြဇာတ် ကို ကူတိုက်ပေးမဲ့ ဆရာမကြီး ဒေါ်ချစ်နန္ဒာရွှေတဲ့”

“ဟုတ်ကဲ့ပါ ဆရာမကြီး ကျနော်က ကိုမင်းရောင်ပါ။ ဟာ မနှင်းခိုင် မနှင်းခိုင် ဟုတ်ပါတယ်နော်”

ဦးမင်းရောင်က နှုတ်ဆက်နေရာက ရုတ်တရက်ကြီး မနှင်းခိုင် ဆိုပြီး ထခေါ်လိုက်တာကြောင့် ဒေါ်ချစ်နန္ဒာရွှေ တွန့်သွားတယ်။

“ကျမ မနှင်းခိုင် မဟုတ်ပါဘူး။ ဒေါ်ချစ်နန္ဒာရွှေပါ”

ဦးမင်းရောင်က နှုတ်ခမ်းတွေ သပ်လိုက်ရင်း

“အေးလေ ဒေါ်နှင်းခိုင်က အိမ်ထောင်ရပ်သား ကျပြီးသားပဲ။ ဆရာမ ချစ်နန္ဒာရွှေကရော အမျိုးသားက ဘာအလုပ်လုပ်သလဲ”

“ကျမ အပျိုပါရှင်”

“ဟာ တကယ် ကျနော်လည်း လူပျိုပဲဗျ သိလား”

“ဟေ့ကောင် ရေ ဦးမင်းရောင်ကတော့ ဟန်မဆောင် နိုင်အောင် ဖွန်ကြောင်နေပြီ”

“သူက စော်ကြည်တယ်ဟ။ ဒီစော်ကြီး တောင့်ခံ နိုင်မှာ မဟုတ်ဘူး။ တန်းပါသွားမှာ”

ဝေလင်းဖြိုးနဲ့ကျွဲကြီးက အတင်းတုပ်နေတယ်။

“ဒါနဲ့ ဒေါ်နှင်းခိုင်ဆိုတာ ဦးမင်းရောင် ရဲ့ အဆက်ဟောင်းကြီးမလား”

“အေးလေ ငါတို့ခြောက်တန်းနှစ်တုန်းက သူ ထန်းရည်မူးပြီး လျှောက်ပြောသေးတယ်လေ။ မနှင်းခိုင် ရက်စက်တယ် ရက်စက်တယ်ကွာ ဆိုပြီး”

“အေး ဟို ဆရာမတော့ မျက်ခုံးလှုပ်နေလောက်ပြီ”

ဆရာမက ပြဇာတ်ကမဲ့ လူတွေကို တစ်ယောက်ချင်းနှုတ်ဆက်တယ်။ ပြီးတော့ သူ့ရဲ့ အနုပညာ လှုပ်ရှားမှု့တွေ အကြောင်း ပြောတယ်။ ထို့နောက် ဖုန်းပြောဦးမည် ဟုဆိုကာ ထွက်သွားပြီး ဒေါ်ချစ်နန္ဒာရွှေ ဖုန်းပြောနေသည်။

“ဟဲလို နန်းအိမ့်ခမ်းလား တီချယ်လာနာပါ။ အခု တီချယ်ပြောတာ နားထောင်။ ညဘက် ပြဇာတ်တိုက်မဲ့ အတန်းတွေကို ဖျက်လိုက်တော့။ အခု တီချယ် နန်းအေးမြို့မ ကျောင်း ကို ရောက်နေပြီ အစီအစဉ် အတိုင်း ဆက်လုပ်ကြမယ် အိုကေလား”

ဆက်ရန်

******

All Chapters