← Chapters

အခန်း (၂၃)

Vol. 1 Ch. 23

အခန်း (၂၃)

Vol. 1 Ch. 23

လာနာ အောင်ရဲကျော်နောက်ကနေ လိုက်တက်သွားတယ်။ အပြင်မှာတော့ မီးတွေ ထိန်နေအောင် ထွန်းထားပေမဲ့ ဒီလောက ထဲမှာတော့ မီးတွေဟာ

ရေစိမ်မီးသီးလောက်ပဲ လင်းနေတယ်။ အောင်ရဲကျော်ကတော့ ခေါင်းကြီး ငိုက်စိုက်နဲ့ တက်မြဲတိုင်း တက်‌သွားတယ်။

“ငါဆက်လိုက်သွားသင့်ရဲ့လား ဒါမှမဟုတ်ခါတိုင်းလိုပဲ စိတ်ကို တင်းပြီး ရပ်လိုက်သင့်လား”

လာနာ့ စိတ်ထဲမှာ စိတ်နှစ်ခွ ဖြစ်နေသည်။သူမ အရင်က pradise Lost လို့ ခေါ်တဲ့ ရောဂါ ဖြစ်လာတိုင်း သူမ ပယောဂအကောင်တွေကို မြင်လာတိုင်း စိတ်ကို တင်းပြီး နိုးထ ဖို့သာ ကြိုးစားမိသည်။အခုတော့ သူမ အောင်ရဲကျော်နောက်ကို လိုက်လာသည်။ဒီအရာက အောင်ရဲကျော် အစစ် ဟုတ်ချင်မှ ဟုတ်မည် အောင်ရဲကျော် ၏ မသိစိတ် တစိတ်တပိုင်းက နာမ်လောကထဲ လည်နေခြင်းဖြစ်သည်။

အောင်ရဲကျော်ဟာ ဒုတိယထပ်ကို အရောက်မှာ တန့်ခနဲ ရပ်သွားပြီး လာနာ ရှိရာဘက်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက ဘာခံစားချက်မှမပါဘဲ တpfခုခုကို ငေးကြည့်နေသလိုလို။သူ့ရဲ့ အညိုရောင်သန်းသော အသားအရေဟာ မီးမှိန်မှိန်တွေ အောက်မှ ဖြူဖတ်နေသည်။

ထို့နောက် အောင်ရဲကျော်က သူ့အရှေ့ရှိ အခန်းတံခါးကြီးကို လက်ညှိုးထိုးပြသည်။

နန်းအေးကျောင်း အနုပညာခန်းဆိုတဲ့ ဆိုင်းပုဒ်က အခန်းရဲ့ အရှေ့မှာ အတိုင်းသားမြင်နေရသည်။ တင်နိုင်စိုး ဖွင့်ထားလို့ ထင်ပါသည်။ အခန်းတံခါးကြီး ပွင့်နေသည်။

ငါ ဝင်သွားရင်ကောင်းမလား မပြောကောင်း မဆိုကောင်း သေသွားရင် ဘယ်နှယ့်လုပ်ကြမလဲ

လာနာလည်း ကြောက်စိတ် ဝင်လာသည်။သို့သော်စိတ် ကို ဒုံးဒုံးချကာ အနုပညာခန်းထဲကို ဝင်လာလိုက်သည်။ ထို့နောက် အောင်ရဲကျော်ရှိရာကို လှမ်းကြည့်မိတော့ အောင်ရဲကျော် မဟုတ်တော့ဘဲ အဖိုးကြီးတစ်ယောက် မက်တပ် ရပ်နေသည်။ အဖိုးကြီးက ကုတ်အင်္ကျီနှင့် လုံချည် ဝတ်ဆင်ထားပြီး မျက်နှာတွင် သွေးကြော အမဲများ ရှိနေသည်။ မျက်စိနှစ်လုံးမှာလည်း ထိုးဖောက်ခံထားရသလို သွေးများစို့နေသည်။

လာနာက အဖိုးကြီးကို တစ်နေရာရာမှာ တွေ့ဖူးသည်ဟု ထင်မှတ်နေမိသည်။ ငါသူ့ကိုဘယ်မှာ တွေ့ဖူးတာပါလိမ့် ဟု လာနာတွေးမိသည်။

အဖိုးကြီးက ဝမ်းနည်းအသနားခံသည့် မျက်နှာလေးနှင့် လက်ညှိုးဖြင့် ထပ်ထိုးပြသည်။ လာနာ ရုတ်တရက် လှည့်ကြည့်လိုက်တော့

“ဟီး ..

ဟီး ...ဟီး”

ညည်းသံကြီး ထွက်ပေါ်လာပြီး လာနာ့ရဲ့ ခြေထောက်ကို တpfယောက် ယောက်က ကုတ်သွားတယ်။

အား အားအား

ခြေထောက်က ခြေအိတ် ဝတ်ထားပေမဲ့ ချွန်မြလှသော လက်သည်းရှည်ကြီးက သူမရဲ့ အသားကို ခြစ်မိသွားတယ်။

ဒေါ်မြပုလဲသွယ် သူမ အရှေ့တွင် ရပ်နေသည်။ ပါးစပ်ကလည်း သွေးတွေ ထွက်နေသည်။ ထို့နောက်

အဟွတ်အဟွတ် ကနည်း ချောင်းတွေ လှိမ့်ဆိုးပါတော့သည်။

လာနာ အခြေအနေတွေကို နားလည်ဖို့ ကြိုးစားနေရသည်။ အကူအညီ တောင်းတာလား။ ဒါမှမဟုတ် လှည့်စားနေတာလား။

ဒေါ်မြပုလဲသွယ်က သွေးတွေ တဗွက်ဗွက် အန်ချလိုက်သည်။ သွေးအိုင်ကြီးက ကြီးမားလာပြီး တဖြည်းဖြည်းနဲ့ လာနာ့ရဲ့ခြေထောက်ရှိရာဆီသို့ပင် တဖြည်းဖြည်း စီးဆင်း လာသောကြောင့် လာနာ့မှာ ဘေးက ထိုင်ခုံရှိရာသို့ ခုန်တက်လိုက်ရသည်။

“ကယ် ကယ် ကယ် ကယ်’’

ဒေါ်မြပုလဲသွယ် ပါးစပ် ကနေ ကယ် ကယ်ကယ် ဆိုတဲ့ အသံတွေ ထွက်ပေါ်နေသည်။ သွေးကွက်ကြီးဟာ တဖြည်းဖြည်း သက်ရှိတစ်ကောင်လို လှုပ်ရှားလာရင်း အပေါ်ကို စုပြီး မိုးပေါ်သို့ ထောင်တက်သွားသည်။ ထို့နောက် တဖြည်းဖြည်း သွေးစက် အစိုင်အခဲကြီးမှ အနီရောင်ပိတ်စ တစ်ခု ဖြစ်သွားသည်။ ထို့နောက် ခေါင်းမြီးခြုံ အမျိုးသမီး တစ်ယောက် သူ့မျက်နှာကို မမြင်ရပေမဲ့ ရန်လိုတဲ့ဟန် ဆိုတာ အသိအသာကြီးပင်။

“ဘဟ် လေး ရောင်”

ဒီအသံ ဒီအသံ ဟာ သူမအဖေကိုသစ္စာ ကိုယ့်ကိုကိုယ် စိတ်ရူးပေါက်ပြီး ဇာတ်စင် အပေါ်မှာ သတ်သေစဉ် တုန်းကလည်း ဒီနာမည် ကိုပဲ အော်နေတာ။

“နင် ဘယ်သူလဲ”

အားးးးးး

အဲဒီမိန်းမကြီးက အသံကုန်ချစ်ပြီး အော်တယ်။ မီးသီးမှိန်မှိန်တွေဟာ ကွဲကျေ ကုန်တင်။

“ဒီဟာကို ရပ်ပါ ရပ်ပေးပါ”

ဒေါ်မြပုလဲသွယ်က အသံဩဩကြီးနဲ့ အော်ဟစ်နေတယ်။

အနီရောင်သရဲမကလည်း အားရပါးရ ဌက်ဆိုးထိုးသလို အော်ရင်း ဒေါ်မြပုလဲသွယ်ရဲ့ ခေါင်းကို သူ့ရဲ့ လက်သည်းရှည်တွေနဲ့ ဗြန်းခနဲ ဆွဲကုတ်လိုက်တယ်

“ဘာလိုချင်တာလဲ”

လာနာ အော်ဟစ်လိုက်တယ်။

“ အဟွတ်အဟွတ် အဟွတ် “

လာနာ အော်လိုက်တုန်း အာခေါင်နဲ့တစ်ခုခု ရိုက်မိသလိုခံစားရပြီး အန်ချင်သလို ဖြစ်လာသည်။ သံမဏိလို အချောင်းတချောင်း သူမ ပါးစပ်ထဲ ရောက်နေတယ်။

“ဟင် သတိရလာပြီ သတိရလာပြီ ဆရာ မ အဆင်ပြေလား”

လာနာ ပထမဆုံးမျက်လုံးပွင့်တာနဲ့ တွေ့လိုက်ရတာက ပါးစပ်ထဲ ရောက်နေတဲ့ သော့တချောင်းနဲ့သော့ကို သူမ ပါးစပ်ထဲ အတင်းထိုးထည့်နေသော လက်တစ်စုံ ထို့နောက် လိမ္မော်ရောင် သန်းနေတဲ့ မျက်ဝန်းတစုံ

လာနာ ဒီမျက်ဝန်းကိုပဲ ဘာကြောင့်မှန်းမသိ ကြောင်ကြည့်နေမိပြန်သည်။ မျက်ဝန်းပိုင်ရှင်ကောင်လေးကလည်း သူမကို စိုက်ကြည့်နေသည်။ကောင်လေးရဲ့ ဘေးမှာတော့ စိုင်းရွက်ဟိန်း ထက်မြတ်မင်းထွေးနဲ့ သူငယ်ချင်းတသိုက် သူမ စိတ်လွတ်နေချိန်မှာ အုပ်လိုက်ကြီး ဝိုင်းကြည့်နေတာပေါ့။ သူမလည်း အသက်နှစ်ဆယ်ကျော်မို့ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူမ ပါးစပ်ထဲက သော့တံကို ဖြေးညှင်းစွာ ထုတ်ပြီး ကောင်လေးကို ပြန်ပေးလိုက်သည်။ သူမ မျက်လုံး လွှဲသွားပေမဲ့ ကောင်လေး မျက်လုံးက သူမ ဆီက မခွာ။

“ဆရာမ ခြေထောက်လေးတွေက လှလိုက်တာ နုဖက်နေတာပဲ ရော”

‘ဟမ်”

ဒေါ်မြပုလဲသွယ် အခုမှ သေချာကြည့်မိရာ ကျွဲကြီးဆိုသော ကျောင်းသားက သူမ ရဲ့ ခြေထောက်ကို ခြေအိတ်မှ ချွတ်ပြီး နှိပ်နေသည်။ အခု သူ့ခြေထောက်ကို ကြည့်ရင်း သူမက လေးဆယ်ကျော်အဖွားကြီး မဟုတ်ဘူးဆိုတာ သူတို့သိသွားနိုင်တာမလို့ ကမန်းကတမ်း ခြေအိတ်ကို လှမ်းယူပြီး ပြန်ဝတ်လိုက်တယ်။

“ဆရာမ ချစ် ဆရာမက ဝက်ရူးပြန်ရောဂါ ရှိတယ်ထင်လို့ ကျနော်တို့က ခြေမ ချိုးပေးနေတာ။ ဟိုကောင်လေးကလည်း ပါးစပ်ထဲ သော့ထိုးထည့်နေတာပါ”

“ဟုတ်ပါတယ် ဆရာမ ကျနော် ဆန်းဝင်းနိုင်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်”

“အင်းဆရာမ ကလည်း တွေ့ရတာ ဝမ်းသာပါတယ်”

“ဆရာမကို ကျနော် မြင်ဖူးနေတယ်”

“ဆရာမက အရင်က Channel 13 မှာ interview,တွေ ဖြေဖူးတယ်။ အဲ့မှာတွေ့ဖူးတာဖြစ်မယ်နော်”

ဆန်းဝင်းနိုင် ဆိုတဲ့ ကောင်လေး က သူ့ကို မယုံသင်္ကာ မျက်လုံး နဲ့ကြည့်ရင်း

“ဟုတ်မှာပါလေ’’

‘’ဆရာမချစ် ဒီနေ့ နားချင်နားတော့ မနက်ဖြန်လည်း နားချင်နားပါဗျာ။ ကျနော်တို့လည်း ဒီည ဒီမှာ မအိပ်ရဲတော့ပါဘူး အိမ်ပြန်ကြမှာ”

“ဟေ့ကောင်တွေ ငါလည်း အိမ်ပြန်ချင်တယ်လေကွာ”

ဆရာဦးမင်းရောင်က ပြောလိုက်တယ်။

“ဟာ ကိုမင်းရောင် ခင်ဗျားက ဒီကျောင်းမှာနေတာလေ ဘယ်လို ပြန်မှာလဲ”

ဆရာဗိုလ်ဟိန်း က ဝင်ပြောလိုက်တော့ ဆရာဦးမင်းရောင်လည်း ချွေးတွေ သုတ်ရင်း

“ဆရာ ဒါဆိုလည်း သားတို့တူတူ အဲမဟုတ်ပေါင် ကျနော်တို့ တစ်ခန်းထဲ အိပ်ကြရအောင်ပါ။ မဟုတ်ရင် ကျနော် အိပ်ရဲမှာ မဟုတ်ဘူး”

ဆရာဦးမင်းရောင်ခမျာ ကြောက်လွန်းလို့ အသံတွေတောင် တုန်နေရှာ၏။

‘ဟုတ်ပြီဆရာ ကျနော်တို့လည်း ဆရာတို့နဲ့ပဲ ဒီည စုအိပ်ကြမယ်။ ကျနော်လည်း ကြောက်တယ်”

“ဟုတ်တယ် ဟုတ်တယ် ကျနော်ရောဘဲ”

‘အေးပါကွာ ဒါနဲ့ ဆရာမချစ် ဆရာမလည်းကြောက်ရင် ကျနော်တို့ နဲ့ တူတူ”

“ကျွန်မက ပြန်မှ ဖြစ်မယ်။ အခု ညနေခြောက်ခွဲပဲ ရှိသေးတာပဲ”

“ဒါပေမဲ့ မှောင်နေပြီ။ ဆရာမ တစ်ယောက်ထဲ အဆင်ပြေပါ့မလား”

“ရပါတယ် ဆိုင်ကယ်ပါတယ်”

“ဆိုင်ကယ်ပါလည်း မရဘူးဆရာမ ဟိုနေ့ကပဲ မြို့အတက်လမ်းမှာ ကောင်မလေးတစ်ယောက် ဆိုင်ကယ် ရိုက်လုခံရတာ နေရာတင် ပွဲချင်းပြီး”

“အမဌီး”

လာနာ စိတ်ပျက်သွားတယ်။ကြက်သီးလည်း ထမိသွားတယ် တော်နေကြာ သရဲ သတ်လို့ မသေဘဲ လူလူချင်း သတ်လို့ သေနေမယ်။

“ဒါဆို ဒါဆို”

“ကျနော် ဆရာမကို လိုက်ပို့ပေးပါ့မယ်။ ကျနော် ဆိုင်ကယ် ကောင်းကောင်း မောင်းတတ်ပါတယ်”

ဆန်းဝင်းနိုင်က ပြောလိုက်တယ်။

“ဟုတ်သားပဲ ဆန်းဝင်းနိုင် ဆရာမကို လိုက်ပို့လိုက်”

ဆန်းဝင်းနိုင်က လာနာ့ကို စကူဖီး ဆိုင်ကယ်နဲ့ တင်ခေါ်လာပြီး မြို့အတက်လမ်းနားထိ ရောက်လာပေမဲ့ အပေါ်ကို မတက်ဘဲ မြို့ပတ်လမ်းဘက် ကို ချိူးချလိုက်တယ်။

“ဟယ်ကောင်လေး နင် ဘာလုပ်မလို့လဲ ငါက အပေါ်မှာနေတာလေ နင်ခေါ်လာတာ မြို့တစ်ဖက်အစွန်ကြီး’’

“ဟုတ်တယ်လေ အစ်မ အစ်မ က ဟိုနေ့က ကျနော့်ကို ငါးထောင်တန်ပေးတဲ့ အစ်မကြီးမလား ‘’

‘ဟယ် သူသိသွားပြီ။ ဘယ်လိုများ သူလေသိ’

“မဟုတ်ပါဘူး’’

ဒေါ်ချစ်နန္ဒာရွှေလည်းဖြစ် လာနာလည်းဖြစ်တဲ့ သူမဘာမှ မဖြေနိုင်။

“ကျနော်လည်း အစက ရုပ်တူတယ်ထင်တာ။ နောက်မှ အစ်မ ခြေထောက်ဖြူဖြူလေးနဲ့ သွေးကြောလေးတွေ အပြာရောင် ဆိုးထားတဲ့ ခြေသည်းလေးတွေကို မြင်မှ အစ်မ မှန်း တန်းသိသွားတာ”

“ကဲဆိုပါဦး အသက်ကြီးနု ရောင်ဟန်ဆောင်ပြီး ကျနော်တို့ကျောင်းထဲ ဝင်လာရတဲ့ အကြောင်းအရင်း”

“ကဲပါ မောင်လေးရယ် အစ်မ ပြောပြပါ့မယ်”

ဆက်ရန်

******

All Chapters