← Chapters

ရန်ယွင်နှင့် သေမင်း နတ်ဘုရားကြားမှ တိုက်ပွဲ

Vol. 013 Ch. 1219

ရန်ယွင်နှင့် သေမင်း နတ်ဘုရားကြားမှ တိုက်ပွဲ

Vol. 013 Ch. 1219

လီမြို့မှ မြို့စားအိမ်တော်တွင် လီယောင်သည် နန်းတော်ခေါင်မိုးပေါ်၌ ရပ်ကာ ချန်ယဲ့မြို့ဘက်သို့ ကြည့်နေသည်။ သူ့ ကျင့်ကြံဆင့်က မည်မျှ မြင့်မားပါစေ သူသည် သွေးနဂါးဘုံ၏ ကြီးမားလှသော အကျယ်အဝန်းကြောင့် ချန်ယဲ့မြို့မှ တိုက်ပွဲကို မမြင်နိုင်ပေ။

သူတို့၏ ရည်မှန်းချက် ပြည့်ဝရန် မင်းသားကြီးသည် ပြန်လည် မွေးဖွားခြင်းအဆင့် ရှန့်ထို စစ်သည်များကို ခေါ်ဆောင်ကာ သွေးနဂါးဘုံသို့ လာ၍ စစ်ပွဲ၌ ပါဝင်လာသည်။ ထိုသို့စစ်ပွဲမျိုးသည် ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိပေသည်။

တာလီတော်ဝင် အကြံပေး၊ မင်းသားကြီးနှင့် တာလီ၏ နံပါတ်တစ် သားရိုင်းလမ်းစဉ် ကျင့်ကြံသူ ကောင်းခေါင်တို့ တစ်ဦးချင်းသည် သွေးနဂါးဘုံ၏ မြို့များကို လွှမ်းမိုးနိုင်စွမ်း ရှိလောက်အောင် သန်မာပေသည်။ ရှေးဟောင်း တော်ဝင်မြို့မှ လွဲ၍ အခြား မည်သည့်မြို့မှ သူတို့ကို ဆန့်ကျင် ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။

ထပ်ပေါင်းဆိုရလျှင် ယခင်မြို့သခင် ယန်ခွင်းသည်လည်း သူတို့နှင့်အတူ ပါသွားခဲ့သည်။

ရီဖူရှင်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည် ဆိုလျှင်ပင် ပြန်လည် မွေးဖွားခြင်းအဆင့် စစ်သည် လေးယောက်ကို ကိုင်တွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ထို့အပြင် အင်ပါယာရှားဘုံရှိ မည်သူကမှ တာလီ တော်ဝင်အကြံပေး၏ ခွန်အားကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့ဖြစ်ရန် တော်ဝင်အကြံပေးသည် တိုက်ပွဲအတွင်း၌ သူ့အစွမ်းရှိသမျှ ကြိုးစားရန် လိုပေသည်။ သို့သော်လည်း မင်းသားကြီး၊ မင်းသား၃နှင့် အခြား စစ်သည်များလည်း ရှိနေသည်မို့ တော်ဝင်အကြံပေးသည်  တိုက်ခိုက်မှု၌ ကြိုးစား အားထုတ်လိမ့်မည် ဖြစ်၏။ အဆုံးတွင်တော့ တော်ဝင်အကြံပေးသည် ဤတစ်ကြိမ်၌ နောက်ပြန်ဆုတ်ရန် နည်းလမ်းရှိမည် မဟုတ်ပေ။

ထိုအချိန်၌ များပြားသည့် ပုံရိပ်များ လေထဲတွင် ပျံသန်းလာပြီး မြို့စားအိမ်တော်ဆီ ဦးတည်လာနေသည်။ လီယောင်သည် ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီး ထိုလူများကို သတိပြုမိလိုက်ကာ သူ့ကို မျက်မှောင်ကြုတ် သွားစေသည်။

ကြည့်ရသည်မှာ အချို့လူများက မြို့စားအိမ်တော်သို့ ချဉ်းကပ်ရန် ကြိုးစားနေပုံရသည်။

မြို့စားအိမ်တော် အပြင်ဘက်၌ အနက်ရောင်ခြုံထည် ဝတ်ဆင်ထားသည့် လူတစ်ယောက် တိတ်ဆိတ်စွာ ထိုင်နေသည်။ တစ္ဆေကဲ့သို့ပင် အနက်ရောင် တွင်းပေါက်ကြီးဖြင့် စုပ်ယူနေသကဲ့သို့ သူ့မျက်နှာကို ဖုံးအုပ်ထားသည်။

သူ့ကို ကြည့်ရသည်မှာ အလွန်အန္တရာယ်များပုံ ပေါ်သည်။

အနက်ရောင် မြူငွေ့များသည် သူ့ခန္ဓာတွင် လှည့်ပတ်နေသော်လည်း သားရိုင်း စွမ်းအင်စီးကြောင်း မဟုတ်ပေ။ ကြည့်ရသည်မှာ သေဆုံးခြင်း အငွေ့အသက်များနှင့် ပိုတူပေသည်။

ထိုအမှောင်ထုထဲမှ ပုံရိပ်သည် ဝိညာဉ်များကို လာရောက်ရိတ်သိမ်းသည့် သေမင်းနတ်ဘုရားနှင့် တူပေသည်။

မြို့စားအိမ်တော် အတွင်းမှ လီယောင်သည် ခုန်ထလိုက်ကာ အပြင်သို့ ကြည့်သည်။ သူသည် အပြင်တွင် စောင့်နေသည့် အနက်ရောင်ပုံရိပ်ကို မြင်သည့်အခါ သူ့မျက်နှာသည် ချက်ချင်း သုန်မှုန်သွားခဲ့သည်။

ချန်ယဲ့မြို့သည် သေကြေ ပျက်စီးနိုင်သည့် စစ်ပွဲအလယ်တွင် ဖြစ်နေသော်လည်း သူတို့သည် လီမြို့သို့ စစ်သည်များ စေလွှတ်ရန် အချိန်ရှိသေးပေသည်။ အပြင်ဘက်မှ လူသည် သူ့ကို သတ်ရန် လာရောက်ခြင်းပေလား။

သူ ရောက်လာသည်ကို ခံစားမိ၍ ထိုအမှောင်ထု ဝန်းရံနေသည့် ပုံရိပ်သည် သူ့ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လာသည်။ မြူနက်များကြားတွင် ခြုံထည်အတွင်းမှ မျက်ဝန်းတစ်စုံ ပေါ်ထွက်လာသည်။ အကြည့်တစ်ချက်နှင့်ပင် သူသည် လီယောင်အား သေမင်းနတ်ဘုရား ရောက်ရှိလာသည့် ခံစားမှုကို ပေးစွမ်းလေသည်။ လီယောင်သည် ရုတ်ခြည်းပင် အသူတရာနက်သော ချောက်ထဲသို့ ကျရောက်သွားပြီး ထွက်ပြေး လွတ်မြောက်ရန် မဖြစ်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။ ပျက်စီးခြင်းကံကြမ္မာ ဖြစ်လာမည့် ခံစားချက်က သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းလာသည်။

ရုတ်တရက် လက်တစ်ဖက်က လီယောင်၏ ပခုံးကို ပုတ်လိုက်ပြီး အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။ လီယောင်သည် အသိစိတ် ပြန်ကပ်လာပြီး သူ့မျက်နှာသည်တော့ ဖြူဖျော့နေသည်။ သူသည် မြို့စားအိမ်တော်တွင်းသို့ တစ်လှမ်းချင်း လျှောက်သွားသည့် အရိပ်နက်ကြီးကို ကြည့်နေသည်။

“စီနီယာ”

လီယောင်သည် အထိတ်တလန့်ဖြင့် ရန်ယွင်ကို ကြည့်သည်။

“အရှင်မင်းသား၊ ပြန်ဆုတ်ပါ။ ဒါကို ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ်”

ရန်ယွင်က ပြောသည်။ ဤလူသည် အလွန် အန္တရာယ်များပြီး သူ ရင်ဆိုင်နိုင်စွမ်း မရှိသည်ကို လီယောင် သိသည်။ အကြည့်တစ်ချက်နှင့်ပင် သူ့အား သေခြင်းတရားက ဝါးမျိုသွားနိုင်သည်ကို သူ ခံစားမိ၏။

သိုသော်လည်း တာလီတော်ဝင် အကြံပေး၏ အကြီးဆုံးတပည့် ရန်ယွင်က ဤနေရာတွင် ရှိနေသဖြင့် သူ စိတ်ပူရန် မလိုတော့ပေ။

ရီဖူရှင်းကြောင့်သာ သူက တော်ဝင်အကြံပေးနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့သော်လည်း သူ၏ နှလုံးသား အောက်ခြေ၌ တော်ဝင်အကြံပေးနှင့် စီနီယာရန်ယွင်၏ ခွန်အားကို ယုံကြည်နေဆဲ ဖြစ်သည်။ သူတို့ ဆန့်ကျင်ရန် ရွေးချယ်ခဲ့စဉ်က သူ၏ ခံစားချက်သည် ထူးဆန်းနေခဲ့ပြီး ရန်ယွင်က သူ့ဘေး၌ ရပ်နေရုံနှင့် လုံခြုံမှုကို ခံစားနေရဆဲပင် ဖြစ်၏။

ရီဖူရှင်းသည်လည်း ရန်ယွင် သူ့ကို လိုက်ပို့စဉ်က ထိုခံစားချက်မျိုး ရှိနိုင်ပေလိမ့်မည်။

လီယောင်သည် သူ့ကိုယ်သူ သက်ပြင်းချသည်။ ထိုစဉ်က ရီဖူရှင်းသာ မရှိခဲ့ပါက သူသည် တော်ဝင်အကြံပေး အိမ်တော်သို့ ဝင်ရောက်ကာ တော်ဝင်အကြံပေး၏ တပည့် ဖြစ်လာနိုင်လိမ့်မည်။

သို့သော်လည်း ဖြစ်ပြီးခဲ့သည့် ကိစ္စများသည် နောက်ပြန်လှည့်၍ မရနိုင်တော့သည်ကို သူ သိသည်။

ရန်ယွင်သည် လီယောင်၏ ဘေး၌ ရပ်နေသည်။ သူ့ရှေ့မှ လူနှင့် သူသည် ဆန့်ကျင်ဘက်၌ ရပ်တည်နေသည်ကို သိလျှင်ပင် တူညီသည်ဟု သူ ခံစားနေရသည်။

သို့ပေမဲ့ သူသည် လီယောင်၏ လုံခြုံရေးကို ကာကွယ်ပေးရမည့် တာဝန် ရှိနေပေသေးသည်။

လီယောင်နှင့် ရီဖူရှင်းကြားမှာ ဖြစ်ပေါ်နေသည့် ရန်ငြိုးဟောင်းသည် ဤအချိန်၌ ရှင်းရန် မလွယ်တော့ပေ။ သူ့ဆရာက ရီဖူရှင်းကို သတ်ရန် ဆန္ဒမရှိသော်လည်း သူ ရွေးချယ်ခဲ့သည့် ဘက်ကြောင့် လုပ်ကို လုပ်ရမည်ကို သူ သိသည်။

ရန်ယွင်သည်လည်း တူညီသော အခြေအနေနှင့် လီယောင်ကို ကာကွယ်ပေးရန် လိုအပ်ပေသည်။

သူသည် သူ့ဆရာနှင့် စကားပြောပြီးသည့် နေ့ကတည်းက အသေအချာ စိတ်ဆုံးဖြတ်ခဲ့သည်။

တော်ဝင်အကြံပေးသည် အမိန့်အရ ရီဖူရှင်းကို ဖမ်းရန် သွေးနဂါးဘုံသို့ လာရောက်ရပြီး တာလီ၏ စစ်အုပ်ချုပ်သူ တော်ဝင်အကြံပေး ရာထူးကို ရရှိခဲ့သည်။

လီယောင်သာ သေသွားခဲ့လျှင် ဘာတွေ ဖြစ်လာမည်နည်း။

ယနေ့ တာလီတွင် သူတို့သည် ယခင်ကနှင့် တူညီသော အနေအထား မရှိတော့ပေ။ ဤတစ်ကြိမ် အင်ပါယာရှားဘုံနှင့် ရင်ဆိုင်တွေ့ရသည်ကို တာလီသည် စိတ်ဝင်တစား ရှိနေပေသည်။ အင်ပါယာလီသည် သူ့ဆရာကို များစွာမျှော်မှန်းထားခဲ့ပြီး တော်ဝင်အကြံပေးသည် သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထားရှိပြီး အင်ပါယာလီ၏ အမိန့်ကို လိုက်နာရန် မျှော်လင့်နေသည်။ အင်ပါယာလီ၏ ဆရာ့အပေါ်ထားရှိသော သံသယသည် ယခင်တစ်ခေါက် အဖြစ်အပျက်ကြောင့် ဖြစ်သည်။

မင်းသားလီယောင် သေသွားခဲ့လျှင် ဖြစ်လာမည့် ရလဒ်များကို ရန်ယွင် တွေးပင် မတွေးရဲပေ။

ထို့ကြောင့် လီယောင် ဘေးကင်းရန် လိုအပ်ပေသည်။

ရန်ယွင်သည် သူ့ရှေ့မှ လူကို ကြည့်ကာ မေးသည်။

“အင်ပါယာရှားဘုံရဲ့ အရိပ်သက်တော်စောင့်၊ ခင်ဗျား တစ်ယောက်တည်း လာတာတော့ မဟုတ်ဘူးမလား”

“တာလီတော်ဝင် အကြံပေးရဲ့ ပထမတပည့်ကြီး ရန်ယွင်က တာလီမှာ ပြန်လည်မွေးဖွားခြင်း အဆင့်အောက် တန်ခိုးရှင်တွေထဲ အသန်မာဆုံးလို့ ကျုပ် ကြားမိတယ်။ ကျုပ်နာမည်က ကျိယွင် ပါ။ ကျုပ်က အင်ပါယာရှားဘုံက အရိပ်သက်တော်စောင့် တပ်ဖွဲ့ရဲ့ အုပ်ချုပ်သူပဲ။ ကျုပ် ဒီကို ရောက်လာတာက ခင်ဗျားဆီက ဘာများ သင်ယူနိုင်မလဲ ကြည့်ချင်လို့ပါ”

ကျိယွင်က ပြောသည်။ သူတို့ နှစ်ယောက်လုံး၏ နာမည်တွင် ‘ယွင်’ဟူသော စာလုံးက တူညီနေသကဲ့သို့ သူတို့ ကြားတွင် အချို့သော တူညီမှုများ ရှိနေသည်။ သို့သော်လည်း သူတို့သည် ဆန့်ကျင်ဘက်၌ ရပ်တည်နေကြခြင်း ဖြစ်သည်။

ကျိယွင်သည် ပြည်နယ်ကိုးခု ရှီအဆင့်နှင့် ရှန့်ထို အဆင့်များ အတွင်းတွင် ဒုတိယထိပ်တန်း ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ဖြစ်၏။ သူ့အဆင့်မှာ မှော်ဆရာထက် နိမ့်သော်လည်း သူ၏သေဆုံးခြင်း စွမ်းအားသည် အလွန် အားကောင်းသောကြောင့် သူသည် အင်ပါယာရှားကိုပင် ဒေါသဖြစ်စေခဲ့သည်။ အင်ပါယာရှားသည် သူ၏ အင်အား တည်ဆောက်ခြင်းကို ခွင့်မပြုတော့သော အခါ၌ ကျိယွင်သည် ပြည်နယ်ကိုးခုမှ ပျောက်ကွယ်သွားခဲ့သည်။

အင်ပါယာရှားက အပြစ်ပေးပြီးသည့် အခါ၌ သူ့ကို အရိပ်သက်တော်စောင့် တပ်ဖွဲ့သို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။ ကျိယွင်သည် သေမင်းနတ်ဘုရားဖြစ်ပြီး အရိပ်သက်တော်စောင့် တပ်ဖွဲ့ အုပ်ချုပ်သူ ဖြစ်လာကာ သူသည် သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့် ထိပ်ဆုံး၌ ရောက်နေပြီ ဖြစ်ကာ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ နီးကပ်နေပြီ ဖြစ်သည်။

သူသည် လူရှေ့သူရှေ့သို့ ထွက်လာရန် သိပ်မရှိသလို လူအများကလည်း သူ့ဖြစ်တည်မှုကို သိပ်မသိကြပေ။ သူ၏ မျက်နှာကို တွေ့ဖူးသူတို့မှာ သေဆုံးသွားရသောကြောင့် သူ့ တည်ရှိမှုကို လူအနည်းငယ်သာ သိရှိလေသည်။

“ကျေးဇူးပြု ပြီး”

ရန်ယွင်က သူ့ကို ကြည့်ကာ ပြောသည်။

သူ၏ ဝတ်ရုံနက်သည် လေထဲတွင် လူးလွန့်နေသည်။ ကျိယွင်သည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး သေခြင်း၏ စွမ်းအား အငွေ့အသက်များ ထွက်ပေါ်လာကာ မြို့စားအိမ်တော်ဆီသို့ ပျံ့နှံ့သွားသည်။ သေမင်းနတ်ဘုရားက နေရာတစ်ခုလုံးကို အပိုင်စီးထား သကဲ့သို့ သေခြင်းမြူများက ပို၍ ထူထဲလာသည်။

မြို့စားအိမ်တော်မှ စစ်သည်များသည် ဝင်လာသည့် ထိုသေခြင်း အငွေ့အသက်များကို တွန်းလှန်ရန် သူတို့၏ စွမ်းအား အရှိန်အဝါများကို ထုတ်လွှတ်ထားရသည်။ ရန်ယွင်သည် ရှေ့သို့ စူးစိုက်ကြည့်နေပြီး သူ့ခန္ဓာကိုယ်မှ သန့်စင်လှသည့် အလင်းရောင်စဉ်များဖြင့် တောက်ပနေသည်။ တော်ဝင်အကြံပေး၏ ပထမဆုံးသော တပည့်အနေဖြင့် သူသည်လည်း ပညာရှိကျမ်းကို ကျင့်ကြံထားလေသည်။

ရန်ဟောင်အဆင့် ကျင့်စဉ်ဖြစ်သည့် ပညာရှိကျမ်းသည် နက်ရှိုင်း၍ သိမ်မွေ့လေးနက်သော အနှစ်သာရများ ပါဝင်နေသည်။ တာလီတော်ဝင် အကြံပေးက ရီဖူရှင်းကို သင်ပေးခဲ့သည်မှာ ထိုကျမ်းမှ အပိုင်းငယ်လေးသာ ဖြစ်ပေသည်။

မတူညီသည့် လူများ ပညာရှိကျမ်းကို လေ့လာရာတွင် သူတို့ ရရှိလာသော ရလဒ်များသည်လည်း မတူညီကြပေ။

ရန်ယွင်သည် လက်တစ်ဖက်ကို ထုတ်ကာ ဝှေ့ယမ်းသည်။ ရုတ်တရက် စူးရှတောက်ပသည့် ရောင်စဉ်များက သူ့ရှေ့တွင် ပေါ်ပေါက်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာသည်။

တစ်ချိန်တည်းမှာပင် သေမင်းနတ်ဘုရားသည် သူ့လက်တစ်ချောင်းကို ရှေ့သို့ ဆန့်တန်း ညွှန်ပြသည်။ ကောင်းကင်နှင့် မြေကြီးသည် သူ၏ လက်ဟန်နှင့်အတူ အော်မြည်လာသည်။ များပြားလှသည့် အခြားကမ္ဘာမှ သေခြင်းစွမ်းအား စီးကြောင်းများသည် မြို့စားအိမ်တော်ကို ပတ်ရံပြီး ရန်ယွင်နှင့် လီယောင်ဆီသို့ပါ လွှမ်းခြုံလာသည်။

ရန်ယွင်သည် လက်တစ်ဖက်ကို မြှောက်သည်။ ထိုအပြုအမူနှင့် အစီအရင်ပုံစံက ကောင်းကင်နှင့် မြေကြီးမှ မဟာလမ်းစဉ်ကို ဝါးမျို၍ ကြီးမားသထက် ကြီးမားလာသည်။ ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် လေစီးကြောင်းများက အစီအရင်ပုံစံ ရောင်စဉ်များကို ဖြစ်ပေါ်ကာ ကြီးမားလာစေသည်။ ရောင်စဉ်များသည် အထက်ကောင်းကင်တွင် ဆက်လက်၍ ကျယ်ပြန့်လာပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းလာသည်။ အောက်သို့ ကျဆင်းလာသည့် များပြားလှသော သေဆုံးခြင်းစွမ်းအား စီးကြောင်းများသည် အားလုံးသည် အစီအရင်ပုံစံများ၏ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရသည်။

ထိုအခိုက်တွင် ရန်ယွင်သည် သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး မဟာလမ်းစဉ်၏ အစီအရင် ပုံစံများပေါ်သို့ သူ့လက်ချောင်းကို တင်သည်။ ရုတ်ခြည်းပင် အစီအရင်ပုံစံများဆီမှ မရေတွက်နိုင်သည့် ထက်ရှသော ဓားများ ထွက်ပေါ်လာပြီး ကောင်းကင်လေဟာနယ်ကို ထိုးဖောက်ကာ ကျိယွင်၏ အပေါ်သို့ ကျဆင်းလာသည်။

သို့သော်လည်း သူ့ လက်ချောင်း ထိပ်လေးများသည် ထိုအစီအရင်ပုံစံများ ပေါ်၌သာ ရှိနေသေးသည်။ မဟာလမ်းစဉ်၏ အစီအရင်ပုံစံများက လှည့်ပတ်နေပြီး ထိုမှတစ်ဆင့် ကြီးမားသော ဓားတစ်ချောင်း မွေးဖွားလာသည်။ ထိုကြီးမားသည့် ဓားကြီးသည် လေဟာနယ်ကို ထွင်းဖောက်၍ ကျိယွင်ဆီသို့ တိုးဝင်လာကာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေသည်။

ခဏချင်းပင် တစ်သောင်းမျှသော ဓားများသည် သေခြင်းစွမ်းအား စီးကြောင်းများကို အမြစ်ဖြတ် ဖယ်ရှားလိုက်ပြီး သတ်ဖြတ်ရန် အသင့်ဖြစ်နေလေသည်။

ကျိယွင်သည် စဉ်းစားနေရန် အချိန်မရှိပေ။ သူသည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်သည်။ အနက်ရောင်လှိုင်းများသည် အော်မြည်ကာ စီးဆင်းသွားပြီး သူ့ရှေ့မှ ကြောက်မက်ဖွယ် အသူတရာနက်သည့် ချောက်နှင့် ပေါင်းစပ်သွားကာ မဟာလမ်းစဉ်၏ ဓားများကို ဝါးမျိုသည်။ အသူတရာနက်သော ချောက်သည် ဓားများအားလုံးကို အတောမသတ် ဝါးမျိုသွားလေသည်။

မြို့စား အိမ်တော်သည်လည်း ချောက်နက်ကြီးထဲသို့ လျင်မြန်စွာ ကျရောက်သွားသည်။ ဓားများသည်လည်း ချောက်နက်ကြီး၏ အော်မြည်ကာ ဝါးမျိုမှုအောက်၌ တုန်ခါပျောက်ကွယ် သွားခဲ့သည်။

နောက်ဆုံးတွင် ပေါက်ကွဲမှု လိုက်ပါလာပြီး ဓားအသိများနှင့် အမှောင် ချောက်နက်ကြီးသည် အချင်းချင်း တိုက်မိကာ မရေတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုကွဲပျက်စီးသွားပြီး မြေပေါ်သို့ ပြုတ်ကျသွား၏။

ဘန်း

ရန်ယွင်သည် လေထဲသို့ ခြေလှမ်းလိုက်ပြီး လက်တစ်ဖက်နှင့် မဟာလမ်းစဉ်၏ အစီအရင်ပုံစံ ရောင်စဉ်များကို မြှောက်ကာ ကျိယွင်ဆီသို့ ဦးတည်သည်။

မဟာလမ်းစဉ်၏ အစီအရင် ပုံစံများသည် တိမ်တိုက်များ အထက်တွင် လှည့်ပတ်နေပြီး ကျယ်ပြန့်လာသည်။ အတွင်းတွင် ကြီးမားသော ဝင်္ကပါကြီးက ကြောက်မက်ဖွယ် စွမ်းအားများကို ဝါးမျိုနေသည်။

ကျိယွင်သည် လေထဲကို ကြည့်လိုက်ပြီး သူသည် မဟာလမ်းစဉ်၏ အစီအရင်ပုံစံများ အောက်၌ ကြေမွပျက်စီး သွားတော့မလိုပင် ခံစားနေရသည်။

ရန်ယွင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ဝင်္ကပါအစီအရင်ကို ပုတ်၍ ပြောသည်။

“ကျင်း” (မှတ်ချက်။ ကျင်း= ရွှေ)

သူ ထိုစာလုံးကို ပြောပြီးသည်နှင့် များပြား၍ ကြီးမားသော ရွှေရောင်ဓားများသည် မဟာလမ်းစဉ်၏ အစီအရင်ပုံစံများ အစွန်းဖက်များဆီမှ ပေါ်ပေါက်လာသည်။ သူတို့သည် ဖျက်ဆီးခြင်း ရောင်စဉ်များကို ထုတ်လွှတ်နေပြီး မြေပြင်သို့ ဟက်တက် ကွဲသွားစေသည်။

သေဆုံးခြင်း စွမ်းအားများသည် ကျိယွင်၏ အနီးတဝိုက်တွင် ကြမ်းတမ်းစွာ အော်မြည်နေသည်။ သူ၏ ခန္ဓာကိုယ်သည် အနက်ရောင် အရိပ်အဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားကာ ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားသည်။

သို့သော်လည်း ဓားများက သူ့ကိုသာ ပစ်မှတ်ထားခြင်း မဟုတ်ဘဲ နေရာတစ်ခုလုံးကို တိုက်ခိုက်ခြင်း ဖြစ်သည်။

ဘုန်း… ဘုန်း… ဘုန်း…

ထိတ်လန့် ကြောက်ရွံ့ဖွယ် ကျယ်လောင်သော အသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ ကြီးမားသည့် ဓားကြီးသည် ကောင်းကင်နှင့် မြေကြီးကို ခုတ်လှီးလိုက်ပြီး နေရာတစ်ခုလုံးကို ချိပ်ပိတ်ထားသည်။ ဓားများအားလုံးသည် ဝင်္ကပါနှင့် ဆက်စပ်နေပြီး ဝင်္ကပါအစီအရင်မှ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။ မြူနက်များက ထိုးဖောက်ထွက်ရန် ကြိုးစားသည့်အခါ ၎င်းတို့သည် လေထဲတွင် ကြေမွပျက်စီး သွားခဲ့သည်။

မြို့စားအိမ်တော်တွင် စုဝေးလာကြသည့် လူများသည် တိုက်ပွဲကွင်းပြင်မှ တိုက်ခိုက်မှုများကို ကြည့်ရှုနေကြသည်။ တိမ်တိုက်များပေါ်၌ ရပ်နေသည့် လူသည် အမှန်ပင် ပြိုင်ဘက်ကင်း ဖြစ်လေသည်။

သူသည် ပြန်လည်မွေးဖွားခြင်း အဆင့်အောက်၌ အသန်မာဆုံး တန်ခိုးရှင် တာလီတော်ဝင် အကြံပေး၏ ပထမဆုံးတပည့်ကြီး ဖြစ်သည်။

သူ၏ ပြိုင်ဘက်က အရိပ်သက်တော်စောင့် တပ်ဖွဲ့၏ အုပ်ချုပ်သူ ဖြစ်နေလျှင်ပင် ဤနေရာ၌ ရန်ယွင် ရှိနေသမျှ  မည်သူကမှ သူ့ကို ဖြတ်၍ လီယောင်ထံသို့ မရောက်နိုင်ပေ။

ထိုမြင်ကွင်းကို ကြည့်၍ လီယောင်သည် သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ ကံဆိုးသူအဖြစ် ခံစားလိုက်ရသည်။

ယခင်က သူသည် ရန်ယွင်ကို အစ်ကိုကြီးဟု ခေါ်ခဲ့သော်လည်း ယခု၌ သူသည် ဆရာဟုသာ သုံးနှုန်း၏။

ရီဖူရှင်းက ဘာကြောင့် ဤလောက၌ ရှင်သန်နေရသနည်း။

ထိုအကြောင်းကို တွေးလိုက်လျှင် ရီဖူရှင်းအပေါ်မှ လီယောင်၏ အမုန်းတရားသည် ပို၍ ကြီးမားလာခဲ့သည်။

အကယ်၍ ရီဖူရှင်းသာ သတ္တမဓားအဖြစ် ဟန်မဆောင်ခဲ့လျှင် ထိုအရာအားလုံးမှာ ဖြစ်ပွားခဲ့လိမ့်မည် မဟုတ်ပေ။

ထိုအချိန်၌ ကျိယွင်၏ ခန္ဓာကိုယ်သည် ပြန်ပေါ်လာခဲ့သည်။ အနက်ရောင်မြူများက သူ့ကိုယ်အနီးတွင် အော်မြည်နေပြီး သေမင်းနတ်ဘုရား အရိပ်ကြီးက သူ့နောက်တွင် ပေါ်ပေါက်လာသည်။ သူ့တွင် အကောင်းဆုံး သတ်ဖြတ်ခြင်း စွမ်းရည် ရှိသော်လည်း ရန်ယွင်သည် သူ့စွမ်းရည်ကို ထုတ်ဖော်ရန် အခွင့်အရေး မပေးခဲ့ပေ။

ဤတော်ဝင်အကြံပေး၏ တပည့်သည် အလွန် စွမ်းအားကြီးပေသည်။

သူသည် ကောင်းကင်သို့ တက်သည်။ သေမင်းနတ်ဘုရား၏ အဆုံးမဲ့ အရိပ်ကြီးမှာ အမှောင် လက်ဝါးရိပ်ကြီးကို ဖော်ထုတ်လိုက်ပြီး တိမ်တိုက်များပေါ်မှ ဓားအလင်းလွှာများပေါ်သို့ ဖိနှိပ်သည်။ ကျယ်လောင်သော ဆူညံသံကြီး ထွက်ပေါ်လာပြီး အလင်းလွှာသည် လက်ဝါးရိပ်ကြီးကို အပိုင်းပိုင်း စုတ်ဖြဲလိုက်ကာ လက်ဝါးရိပ်ကြီးသည် တစ်ဝက်မျှ ပျက်စီးသွားလေသည်။

သို့သော်လည်း ထိုအချိန်တွင် နတ်ဓားတစ်စင်းသည် တည့်တည့် ပြေးထွက်လာပြီး ဓားဝင်္ကပါကို ဖြိုခွဲလိုက်ကာ ကောင်းကင်သို့ ဦးတည်သွားလေသည်။ မကြာခင်မှာပင် ၎င်းသည် မြေပြင်သို့ တဖြည်းဖြည်း ကျဆင်းလာသည်။

လီယောင်နှင့် အခြားလူများသည် သူတို့၏ ခေါင်းများကို မော့ကာ ထိုနတ်ဓားကို ဇဝေဇဝါ ကြည့်လိုက်ကြသည်။ ထိုအရာက မည်သည့် အဓိပ္ပာယ်နည်း။

***

All Chapters