← Chapters

မျှော်စင်ပေါ်မှာ နင်နဲ့ငါ

Vol. 5 Ch. 38

မျှော်စင်ပေါ်မှာ နင်နဲ့ငါ

Vol. 5 Ch. 38

“ သဇင့်ကို ဂြိုဟ်သားလို့ပဲမှတ်ထားချင်လား ၊ အမှန်ကို ပြောပြရမလား ”

သိုက်ကဟုပင်တွေးထားပြီးပြီမို့

“ ဘာမှထူးခြားမသွားဘူး ၊ အမှန်ကိုပဲပြောပြ ”

“ သဇင်က နဂါးမျိုးနွယ်က ”

ယုံကြည်ထားသော်လည်း မောင်ရင့်အခြေအနေကို တချက်အကဲခတ်ကြည့်လိုက်၏။

“ သဇင်က နဂါးမပေါ့ ”

မောင်ရင့်စိတ်ထဲ သူငယ်ငယ်က ကြည့်ဖူးသည့် အိန္ဒိယမြွေကားများကို အရင်တွေးမိသည် ၊ ထို့နောက် ဝိဓူရဇာတ်တော်ထဲက ပုဏ္ဏကဘီလူးနှင့် ကြိုက်သည့် နဂါးမင်းသမီးကို ထပ်အမှတ်ရသွားသည်။

“ နဂါးတွေက တကယ်ရှိတာပဲ … ”

သူ အံ့ဩတကြီးနှင့် စိတ်လှုပ်ရှားသွားသည်။

“ … သဇင်က လူယောင်ဖန်ဆင်းလို့ရပြီး သခင်မလည်းဖြစ်နေတာဆိုတော့ နဂါးဘုရင်မလား ”

“ မင်းသမီးတပါးလောက်ပါပဲ ”

“ နဂါးတွေအကြောင်းက ဗွီဒီယိုထဲကြည့်ဖူးတယ် ၊ ဒါပေမယ့် အမျိုးမျိုးပြထားတော့ မယုံတော့ဘူးဖြစ်သွားတာ ၊ ထူးဆန်းတာတွေကြုံရတာကလည်း ရက်ပိုင်းလောက်ပဲရှိသေးတော့ အရမ်းအသားမကျသေးဘူး ၊ မောင့်ကို ရှင်းမပြချင်ဘူးလား ”

“ အခုပဲ ပြောမလို့ဟာ ”

သဇင်ကျော် မျက်စောင်းခဲကာ ကြည့်လိုက်သည်။

“ နဂါးမျက်စောင်းလား … ”

မောင်ရင့် ဘေးသို့ခုန်လိုက်သည်။

“ ထားသွားတော့မယ်ပေါ့ ”

“ ဒါက တကယ်ထိုးလို့ရတယ်မလား ”

“ ဟုတ်တယ် … အကြောင်းသုံးပါးမရွေးဘဲ ပြာချခံရမယ် … ဘာမှတ်နေလဲ ”

မောင်ရင့် ကြောက်သွားဟန်ဆောင်လိုက်သည်။

“ နဂါးတွေက အမျိုးအစား နှစ်မျိုးရှိတယ်။ တိရစ္ဆာန်ဇာတိရှိတဲ့နဂါးနဲ့ နတ်ဇာတိရှိတဲ့နဂါးဆိုပြီး ၊ ထည့်မတွက်ထားတဲ့ မျိုးစပ်နဂါးတွေလည်းရှိသေးတယ်။ ဒါပေမယ့် နဂိုအတိုင်းဆိုရင် နဂါးမျိုးနွယ်က နှစ်မျိုး နှစ်စားပဲရှိတယ် ၊ တိရစ္ဆာန်ဇာတိနဂါးတွေက မောင်တို့ပြည်မှာလည်း သူ့နေရာနဲ့သူရှိကြတယ်။ တိရစ္ဆာန်ဇာတိဆိုပေမယ့် ဇာတိပဲကွာသွားတာ ၊ ရာထူးကြီးပြီး တန်ခိုးထက်တဲ့ နဂါးကြီးတွေလည်းရှိတယ် ”

“ သဇင်က နတ်နဂါးမျိုးနွယ်က ၊ နတ်နဂါးမျိုးနွယ်တွေက စည်းကမ်းတွေကို လိုက်နာရပြီး တာဝန်တွေကိုယ်စီယူကြရတယ်။ တိရစ္ဆာန်ဇာတိနဂါးတွေလောက် မလွတ်လပ်ဘူးဆိုပေမယ့် မြင့်မြတ်မှုနဲ့ တခြားအခွင့်အရေးတွေတော့ရှိတယ် ၊ ဒီကမ္ဘာဆို သဇင်တာဝန်ယူထားရတဲ့ ကမ္ဘာပေါ့ ”

“ စည်းစိမ်ခံစားပြီး ပျော်နေရမယ် ထင်တာ ၊ ကျောင်းတက်ရတဲ့ဘဝကတောင် ပျော်ဖို့ကောင်းသေးသလိုပဲနော် ”

“ မောင်လည်း ကျောင်းပြီးရင် လူ့လောက တာဝန်တွေယူရမှာပဲလေ ၊ အခုက ... ကလေးပဲရှိသေးတာကို ”

“ သဇင်ကျ လူကြီးဖြစ်ပြီပေါ့ ”

“ အခု သဇင်ကလူကြီးပဲလေ .. ဟဟ ”

မောင်ရင့် ထိုအခါမှ ဘဝနှင့်ကမ္ဘာတင်မက အသက်ပါခြားနေသည်ကို ပြန်သတိရသွားသည် ၊ သူ့အဖြစ်က လိုက်မမှီအောင် ဆန်းကြယ်လှသည်။

“ ဒါပေမယ့် သဇင်တို့က တာဝန်တွေကို အချိန်စီးဆင်းမှုပေါ်လှည့်ပြီး ထမ်းဆောင်ကြတယ် ၊ ဒီကမ္ဘာမှာ အခုလိုကြာနေရပေမယ့် သဇင့်မူလကမ္ဘာပြန်ရောက်ရင် ခဏလောက်ပဲလေ ”

မောင်ရင့် ခေါင်းငြိမ့်လိုက်ကာ

“ အချိန်က ထူးဆန်းတာပဲ ၊ သဇင့်အစွမ်းပဲလား ”

“ ဒါက သဘာဝအတိုင်းဖြစ်နေတာ ၊ သဇင်တို့က ဒီအပေါ်မှာ လုပ်ပိုင်ခွင့်တချို့ရထားရုံပဲ ”

“ သဇင်က အခု လူယောင်ဖန်ဆင်းထားတာပေါ့ ”

“ ဟုတ်တယ် ”

“ မူလကိုယ်ကို မောင်ကြည့်လို့မရသေးဘူး ”

“ မောင် မကြောက်တတ်တော့ပါဘူး ”

“ သဇင် ရိပ်မိပါတယ် ၊ အမေတို့ပြောပြလို့ ဆရာမလေးအကြောင်းကိုသိရတယ် ၊ မောင်လည်း အခု သိဒ္ဓိရှင်လမ်းကို လိုက်နေပြီဆိုတာ နားလည်ပါတယ် ၊ အဲ့ဒါကြောင့်ပဲ အခုလို ခေါ်လိုက်ရတာ ၊ ဒါပေမယ့် ‌အခု မောင့်အခြေအနေက ခေါ်ရင် လာလို့ရရုံပဲ ၊ ဒါတောင် ဒီကျောက်တုံးလေးနဲ့ ထွေးပွေ့ပြီး ခေါ်လာရတာ ၊ မောင် ဒီကမ္ဘာနဲ့ ထိတွေ့လို့မရသေးဘူး ၊ သဇင်တို့ကို မောင် တိုက်ရိုက်ထိတွေ့လို့မရသေးဘူး ”

“ အခု ထိနေတာက… ”

“ ဖန်ဆင်းထားတဲ့ ရုပ်သွင်တခုကြောင့်လို့ ရတယ် ”

“ အကုန်လုံးလား … ”

“ မောင် တကယ်ပြောင်းလဲသွားတာပဲ … ရတယ် ”

မောင်ရင့် သူ့ကိုယ်ထဲက ထူးဆန်းသည့်အရာတခုက သူ့ကို တခုခုလုပ်ရန် တိုက်တွန်းနေသကဲ့သို့ ခံစားလိုက်ရသည်။

‘ ငါ့စိတ်တွေ အခုလို ညစ်ညစ်ပတ်ပတ်ဖြစ်နေတာ ခဏခဏရှိနေပြီ ၊ ဆရာမလေးပြောသလို ကြားဖြတ်ဘဝရဲ့ ဘေးထွက်ဆိုးကျိုးတွေများလား ၊ အခုလည်း ... ’

“ ဘာတွေ တွေးနေတာလဲ ”

သဇင်ကျော် စိတ်မရှည်သံဖြင့် မောင်ရင့်ကို ဆွဲလှည့်လိုက်သည။ သူရှက်သွားသော်လည်း မလွန်ဆန်နိုင်သည့် အတွင်းထဲမှတခုခုက ထိန်းမရအောင်တွန်းပို့နေသည်။

“ အပေါ်ကို … အ ”

“ အ … အောက်နည်းနည်းဆင်း ”

သူ့ကို လှဲချလိုက်ကတည်းက သဇင်ကျော်မှ အကာအရံတခုခုကိုလည်း တခါတည်း လုပ်လိုက်ပြီး စိတ်ပါ လွှတ်ချလိုက်သည့်ပုံပင်။

“ အာ .. ”

“ ပူလိုက်တာ ”

မောင်ရင့် ခန္ဓာကိုယ် ခရမ်းရောင်ပြောင်းသွားကာ ကြွက်သားဆိုင်များထွက်လာသည်။

“ မောင် … ”

“ ဟာ .. ”

မောင်ရင့် ပြဲသွားသည့် အဝတ်များကို ဘေးတွင်ပုံကာ အပူငွေ့များကြောင့် သဇင်ကျော့်ကို အားနာသွားသည်။ လက်ထဲမှကျောက်တုံးလေးလည်း ဘယ်ဆီရောက်သွားပြီလဲ သူမသိတော့။

“ မောင် ဘယ်လိုဖြစ်သွားတာလဲ ”

သဇင်ကျော် အဝတ်များပြန်ပြင်ကာ ထလိုက်သည်။ သို့သော် မောင်ရင့်ကိုယ်တွင်တော့ … ။

မောင်ရင့် သတိတချက်သာ ဝင်သွားခြင်းဖြစ်၍ အခြေအနေအရင်မေးရန်ထလာသည့် သဇင်ကျော့်ကို အငမ်းမရကြည့်ပြီး ပြန်လှဲချလိုက်သည်။

“ အ … ”

သဇင်ကျော်ပါ အနည်းငယ်စိတ်လွတ်နေသော်လည်း မောင်ရင့်ကို စိတ်ပူသည်ကပို၍ ခန္ဓာကိုယ်ကို အလျင်စလိုဖြင့် စစ်ဆေးကြည့်လိုက်သည်။

‘ ဟင် ’

နတ်နဂါးမျိုးနွယ်များကဲ့သို့ အသွင်သုံးမျိုးကမ္မဇသိဒ္ဓိကို ထောက်လှမ်းမိ၏။ သူ မောင်ရင့်ကို နားမလည်နိုင်စွာ ကြည့်ရင်း ထပ်စစ်ဆေးကြည့်လိုက်ပြန်သည်။

‘ သေချာတယ် ၊ ဒါ .. နတ်သားရဲအစွမ်း ’

တဖက်တွင် တဝတ်တပျက်အသွင်ပြောင်းမောင်ရင့်မှာ သဇင်ကျော့်ကို ကြမ်းကြမ်းတမ်းတမ်း လိုက်ဖမ်းနေသည်။

‘ ဘာကျိန်စာမှလည်း မဟုတ်ဘူး ၊ သူ့ရဲ့မွေးရာပါအစွမ်းပဲ ၊ ဒါနဲ့ဆိုရင် … ’

သဇင်ကျော် ပြေးနေရာမှရပ်၍ မောင်ရင့် အဖမ်းခံလိုက်သည်။ သို့သော် ဤအတိုင်းတော့ မဟုတ်ပေ။

“ ပထမ ပုံစံကို မောင် ထိန်းကြည့်နိုင်မယ်ထင်တယ် ”

စကားဆုံးသည်နှင့် သဇင်ကျော် ကိုယ်တပါတ်လှည့်လိုက်ရာ ခေတ်မှီအဝတ်အစားများနှင့်လူအသွင်မှာ ရုတ်ခြည်းပျောက်သွားပြီး ရှည်လျားကာ ခွေလိပ်ကျလာသော အဖြူရောင်ဆံပင်ရှည်ကြီးများနှင့်အတူ ရွှေရောင်တလက်လက်တောက်ပနေသည့် အမြီးကြီးတခု ထွက်ပေါ်လာသည်။

အမြီးဖျားတွင် ငါးများကဲ့သို့ ရေယပ်ကို အပြာနုရောင်တလဲ့လဲ့ဖြင့်လှပစွာတွေ့ရကာ လိပ်ပြာတောင်ပံနှစ်ခုသဖွယ်ခွဲဖြာထွက်နေ၏။

အမြီး၏အရင်းမှာ ကြီးမားသည့်အသားဆိုင်နှစ်ခု၏ကြား မြီးညောင်းရိုးမှလာခြင်းဖြစ်သည်။ ထိုတဝိုက်ရှိအဝတ်များပါပျောက်သွားသော်လည်း ဆန်းကြယ်သည့် ကြေးခွံတချို့က ကာသင့်သည်များကို ကာပေးထား၏။

အသားဆိုင်များမှ စီးဆင်းသွားသည့် ပေါင်တံများမှာ ဖြောင့်တန်းစွာဖြင့် အပိုအလိုမရှိဖြစ်နေကာ အဆုံးတွင်သွယ်လျနေ၏။

ချက်နားတဝိုက်တွင်သာ ဆန်းကြယ်သည့် ကြေးခွံများက တလက်လက်ဖုံးအုပ်ထားသည်မို့ ကောက်ကြောင်းလှသည့် လူအသွင်တဝတ်နဂါးမလေးသဇင်ကျော်မှာ မောင်ရင့်လက်ထဲတွင် စွဲဆောင်မှုအပေါင်း သရဖူဆောင်းနေလေသည်။

“ ဟီးဟီး ... ”

အခြေအနေကိုသဘောကျသွားဟန်ဖြင့် ခွေးခေါင်းနှင့်လူသန်ကြီးမောင်ရင့် သဇင်ကျော့်ကိုအတင်းဖက်လိုက်သည်။

“ … ”

“ … ”

“ … ”

စိတ်အားထွက်သန်စွာထင်တိုင်းကျဲနေကြသည်မို့ အကာအရံသာမခံထားလျှင် ပတ်ဝန်းကျင်တွင် များစွာဆူညံနေပေတော့မည်။

၁ နာရီ

၂ နာရီ

အချိန်တခုကြာပြီးနောက်

စိတ်ပြန်ငြိမ်ပြီး ခွေးခေါင်းပျောက်သွားသည့် မောင်ရင့်တယောက် နားရွက်ချွန်ချွန် ၊ ဂြိုဟ်ပေါက်စလေးနှစ်ခုဖြင့် ကြည့်မဝအောင်လှနေသည့် သဇင်ကျော့်အသွင်ကို ငေးရင်း အားလည်းနာနေ၏။

“ ကြည့်လို့ ဝပြီလား ”

သဇင်ကျော် မသင့်တော်သည့်နေရာများကို ဆန်းကြယ်သည့်ကြေးခွံများဖြင့် ပြန်ဖုံးရင်း မေးလိုက်သည်။

“ မောင် … တောင်းပန်ပါတယ် ”

“ သဇင်က တောင်းပန်ခိုင်းနေလို့လား ”

သဇင်ကျော် ဆံပင်အထွေးလိုက်ကို နောက်သို့ပို့ရင်း အမြီးကိုလည်း သေသပ်စွာပြန်သိမ်းလိုက်၏။

“ မောင် … တာဝန်ယူပါတယ် ”

“ ဒီလိုဖြစ်သွားလို့လား ”

“ အစကတည်းကပါ ”

“ ဒါဆိုရင် တောင်းပန်မနေနဲ့ ၊ သဇင်ကလည်း မောင့်‌အကြောင်းကို သိပြီးသားမို့ စောစောခွင့်ပြုလိုက်တာ ၊ ဒီလိုဖြစ်မှ တာဝန်ယူမယ့်သူဆိုရင် ဒီအခြေအနေထိကိုတောင် ရောက်ခွင့်မရှိဘူး ”

သဇင်ကျော့်ဟန်ပန်ကိုကြည့်၍ ယုံကြည်ဟန်ဖြင့် မောင်ရင့် ခေါင်းငြှိမ့်လိုက်သည်။

“ အခုက မောင်တာဝန်ယူနိုင်တဲ့အချိန်မဟုတ်သေးဘဲ စောစောစီးစီးအခွင့်အရေးယူမိလိုက်သလိုဖြစ်သွားလို့ ”

“ သဇင့်ကိုအမြန်လာယူအောင်လို့ တွန်းအားတခုအနေနဲ့ အခုလိုလုပ်လိုက်တာဆိုရင်ရော … မောင် ”

မောင်ရင့် စိုးရိမ်သွားသည်။ သဇင်ကျော့်တွင် မည်သည့်အန္တရာယ်ရှိနေပါသနည်း။

“ သဇင် မောင့်ကိုခေါ်လိုက်တာ ခေါ်လို့ရရုံပဲမို့ မဟုတ်ဘူးမလား ၊ သဇင်တခုခုအခက်အခဲတွေ့နေတာလား ”

“ အခု မောင့်အခြေအနေက သဇင့်ထက်မစွမ်းသေးဘူးပေမယ့် ပစ္စည်းကောင်းတချို့ပါတယ် ၊ ဆရာမလေးကိုလည်း အချိန်မရွေးခေါ်လိုက်လို့ရတယ် ၊ သူ့မှာဆိုနည်းလမ်းတွေရှိမယ် ၊ သဇင် … မောင့်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ ”

ပြူးပြူးပြာပြာဖြစ်နေသည့် မောင်ရင့်ကို ကြည့်ကာ သဇင်ကျော် သူ့ရွေးချယ်မှုကို ကျေနပ်သွားသည်။

“ အစက မောင့်ကို နောက်ဆုံးအကြိမ်တွေ့ချင်လို့ ခေါ်လိုက်တာ ၊ ဒါပေမယ့် မောင့်မှာ ဆရာမလေးထက်သာနိုင်တဲ့ အခြေအနေတွေ့ရတော့ နည်းနည်း မျှော်လင့် ကြည့်ချင်တယ် ”

“ မောင် လုပ်နိုင်မလား ”

“ လုပ်နိုင်တယ် ”

“ သဇင်ပြောမှာကို မစဉ်းစားကြည့်တော့ဘူးလား ”

“ စဉ်းစားစရာမလိုဘူး ”

#သုတဈာန်

#သာလွန်ပညာရှင်

အားလုံးဘေးရန်ကင်းကွာ

ကျန်းမာချမ်းသာကြပါစေ

All Chapters