ကတိစကား
Vol. 5 Ch. 39
သဇင်ကျော် မောင်ရင့်ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်သည်။ ချွန်ထက်သည့် ဂြိုဟ်အတက်များက ပုံမှန်ဆိုလျှင်အန္တရာယ်ရှိသော်လည်း မောင်ရင့်အတွက်တော့ အဆင်ပြေနေသည်။ အမြီးနှစ်ချောင်းမှာလည်း တဖက်နှင့်တဖက်ဆွဲယှက်ထားကြ၏။
“ သဇင်တို့မှာ တာဝန်အရရန်သူတွေက ဘုံရန်သူတွေကြောင့် သီးသန့်ကြောက်စရာမလိုပေမယ့် ၊ သဘာဝရန်သူတွေကတော့ သီးသန့်ရန်သူတွေကြောင့် ကြောက်ရတယ် ၊ မောင်ဘာစဉ်းစားမိလဲ ”
“ ဂဠုန်လည်းရှိတာလား .. ”
“ နဂါးရှိရင် ဂဠုန်လည်းရှိမှာပေါ့ ”
“ ဟုတ်တယ် … ဒါပေမယ့် သူတို့က နဂါးမျိုးနွယ်တိုင်းကိုတော့ အန္တရာယ်ပေးလို့မရဘူး ”
“ နဂါးနဲ့ဂဠုန်ဆို အကုန်လုံးရန်သူတွေ ထင်နေတာ ”
“ ရန်သူက ဟုတ်တယ် … အထက်ပိုင်းကို အန္တရာယ်ပေးလို့မရပေမယ့် ၊ အထက်ပိုင်းကသူတွေမှာ အောက်ပိုင်းမှာ အမျိုးတချို့ကျန်သေးတော့ သူတို့လည်း စိတ်ဆိုးကြရတယ် ”
“ အခုက … ”
“ အခုက အထက်ပိုင်းက နဂါးမင်းကြီးရဲ့သားနဲ့ သဇင့်ကို ချစ်ကြည်ရေးယူထားစေချင်ကြတာ ၊ လောလောဆယ်အချိန်ဆွဲထားပေမယ့် ရှောင်လွှဲလို့မရတော့တဲ့အခါ … မောင်နဲ့တသက်လုံးဝေးရပြီ ”
“ ဒါကြောင့် မောင့်ကို ခေါ်လို့ရတယ်ခံစားရတာနဲ့ အမေတို့လစ်တုန်းခေါ်ကြည့်လိုက်တာ ၊ မျှော်လင့်ချက်မရှိရင်တောင် ပထမဆုံးအကြိမ်ကို မောင့်ကို ပေးခဲ့ချင်လို့ … ”
“ သဇင်ရယ် … ”
မောင်ရင့် သဇင်ကျော့်ကို တင်းတင်းဖက်လိုက်ရင်း ဘယ်သူမှလုမသွားစေရဘူးဟု သံဓိဌာန်ချလိုက်သည်။
“ အခု မောင့်အခြေအနေနဲ့ဆိုရင်ရော … ”
“ မောင်ကာကွယ်ပေးမယ်လေ ”
“ မောင့်မှာ အလားအလာရှိသွားပြီဆိုပေမယ့် အချိန်ယူရအုံးမယ် ၊ နောက်ပြီး တခြားလောကကို ထွက်မသွားပါဘူးလို့ ကတိပေးနိုင်မှ အမေတို့က ခွင့်ပြုမှာ ၊ လောလောဆယ် မောင့်ကို သူတို့လိုက်ပြီး အန္တရာယ်မပြုတာကတင် ကျေးဇူးတင်ဖို့ကောင်းနေပြီ ”
မောင်ရင့် ယခုမှ မြန်မာကားတွေထဲက သူဌေးသမီးနှင့်ကြိုက်မိသည့်သူတွေကို ကိုယ်ချင်းစာမိသွားသည်။
“ မောင်အချိန်ဘယ်လောက်ရလဲ ”
“ ၃ လလောက် ”
“ ၃ လ … ”
“ သဇင့်မူလကမ္ဘာရဲ့အချိန်နဲ့ ၃ လကိုပြောတာ ၊ သဇင် တခြားသူကို ယူရမယ်ဆိုရင်တောင် မောင်မရှိတော့မှ လက်ခံလိုက်မလို့ မောင့်သက်တမ်းကို မှန်းပြီး အချိန်ဆွဲထားတာ ”
မောင်ရင့် စိတ်မကောင်းဖြစ်သွားကာ သဇင်ကျော့်ဂြိုဟ်သေးသေးလေးတွေကို ပွတ်သပ်ပေးရင်း နဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်သည်။
“ ဟင့် ”
သဇင်ကျော် မောင်ရင့်ကို တင်းတင်းဖက်ရင်း မျက်လုံးလေးစင်းသွားသည်။ မောင်ရင့်ခရမ်းရောင်ကိုယ်လုံးကြီးထဲတွင် နစ်မြုပ်ကာ ခွေဝင်နေ၏။
မောင်ရင့်လည်း ကိုယ်လုံးတီးအခြေအနေမို့ စိတ်ရိုင်းများပြန်ဝင်သွားသည်။ သို့သော် ခွေးခေါင်းပေါ်လာပြီး အသိစိတ်မကပ်လောက်အောင် မဖြစ်တော့၍ သူထိန်းနိုင်သေးသည်။
ယခုအခြေအနေနှင့် ပတ်သက်၍ သူအသိစိတ်ပျောက်ပြီး ကျူးလွန်မိတာမျိုးမဖြစ်ချင်ပေ။ ထိုသို့ဆိုလျှင် သဇင်ကျော်မဟုတ်တောင် သူမှားမိသွားနိုင်သည်။ အရာရာကို သူ့စိတ်နှင့်သူ့ကိုယ်ပဲ မှားမှား မှန်မှန်လုပ်ကိုင်ချင်သည်။
သဇင်ကျော့်ကဲ့သို့ပင် သူနှင့်မို့ဤကဲ့သို့ဖြစ်သွားခြင်းဟု လိပ်ပြာလုံချင်သည်။ ခန္ဓာကိုယ်ကြောင့်ထက် စိတ်ကြောင့်ပဲဖြစ်ရမည်။ ထိုစိတ်ကလည်း နှစ်ဦးသားကြားမှပေါက်ဖွားလာသည့်အချစ်စိတ်ပဲဖြစ်ရမည်။
“ ချစ်တယ် သဇင် ”
“ ချစ်တယ် မောင် ”
ရုတ်တရက် , သူ့ခန္ဓာကိုယ်မှာ ထပ်မံအပြောင်းအလဲဖြစ်သွားသည်။ အတုယူ အတတ်သင်ဟု ဆိုရမလားပင်။ အမွှေးနက်တချို့နှင့်နားရွက်များချွန်ထွက်ကာ အပေါ်သို့ထောင်တက်သွားသည်။ နှုတ်သီးကတော့ ချွန်ထွက်မလာဘဲ သွားစွယ်များသာ အနည်းငယ် ပိုရှည်သွားသည်။
အသွင်ပြောင်းလဲမှုမှာ အသေးအမွှားကဲ့သို့ ထင်ရသော်လည်း သူ့စိတ်ထဲ အရင်ကထက် ပိုစွမ်းသွားသလို ခံစားလိုက်ရသည်။ သူ့ကြည့်ဖူးသည့် သံမဏိလက်သည်း ၃ ချောင်းနှင့် X Men ကိုပင် မျက်လုံးထဲ ပြေးမြင်မိသွား၏။
ရုပ်ဆိုးဆိုးခွေးမျက်နှာကြီးနေရာတွင် ဤကဲ့သို့ဖြစ်သွားရခြင်းကလည်း မဆိုးဘူးဟု နှစ်ဆတက်လာသောအစွမ်းကို လက်သီးများဆုပ်စမ်းကြည့်လိုက်ကာ သူကျေနပ်သွားသည်။
“ အင့် ”
သို့သော်လက်ထဲတွင် သဇင့်ကျော့်အသားစိုင်နှစ်ခုက ရှိနေ၍ မလွှတ်ဘဲ စမ်းမိသွားသည့် သူ့အဖြစ်က အနိုင်ကျင့်သကဲ့သို့ဖြစ်သွားသည်။
“ ရတယ် .. ဆက်လုပ် ”
သူ့လက်ပြန်ရုတ်ရန်ပြင်လိုက်သည့်ကို သဇင်ကျော်သိဟန်ဖြင့် တားလိုက်သည်။ ထို့နောက် … သူတို့နောက်တကြိမ်အသံတိတ်သွားကြပြန်၏။
၁ နာရီ
၂ နာရီ
အချိန်တခုကြာပြီး
“ မောင့် သဘောနဲ့မောင်ဆုံးဖြတ်တာကို သဇင်ပိုကြိုက်တယ် ၊ မောင့်ကို သဇင်အများကြီး မျှော်လင့်ချင်တယ် ”
ဤတခါတော့ သဇင်ကျော်ရော မောင်ရင့်ပါ ပုံမှန်လူအသွင်ပြန်ဖြစ်နေကြပြီဖြစ်သည်။ မောင်ရင့်က ပြန်ရှာတွေ့သည့်ကျောက်တုံးလေးကိုဆုပ်ကိုင်ထားရင်း ခြုံထည်ကို ကိုယ်တွင်လုံခြုံစွာပတ်ထားကာ သဇင်ကျော်က ခေတ်မှီဝတ်စုံတခုကို ဆွဲဆောင်မှုရှိစွာ ထပ်ဝတ်ထားပြန်သည်။ အမြီးနှင့် ကြေးခွံ့များဖျောက်လိုက်သော်လည်း နားရွက်နှစ်ဖက်နှင့် ဂြိုဟ်လေးနှစ်ချောင်းပါသည့် အသွင်ကိုတော့ သဇင်ကျော် မဖုံးကွယ်ထားတော့ပေ။
ယခုအသွင်က သဇင်ကျော့်အသွင်နှင့်ရော သခင်မအသွင်နှင့်ပါ မတူတော့ပေ။ ဤကဲ့သို့ ချစ်စရာကောင်းသည့်ပုံစံကို မောင်ရင့်မှတ်ဉာဏ်ထဲတွင် ပထမဆုံးတွေ့ဖူးခြင်းပင်။
ဟုတ်ပါသည်။
သူ့မှတ်ဉာဏ်ထဲတွင်ရော ၊ ကြားဖြတ်မှတ်ဉာဏ်ထဲတွင်ရော ၊ ရွာသားများ၏မှတ်ဉာဏ်ထဲတွင်ရော လုံးဝမတွေ့ဖူးခဲ့ပေ။ ဝတ္ထုများဖတ်ပြီး စိတ်ကူးယဉ်ကြည့်လျှင်ပင် ဤမျှလှပသည့်အသွင်ကို ဖန်တီးနိုင်မည်မထင်ပေ။
ဆရာမလေး၏ နတ်သမီးအသွင်ပင်မှေးမှိန်သွားရ၏။ ဆရာမလေးက မြင့်မြတ်မှုကို ကိုယ်စားပြုကာ သဇင်ကျော်က ချစ်စရာကောင်းမှုကို ကိုယ်စားပြုသည်။ ဆွဲဆောင်မှုတွင်တော့ ချစ်စရာကောင်းမှုကြောင့်လား ၊ ချစ်သည့်စိတ်ကြောင့်လား ၊ ဆွဲဆောင်နေ၍လား သူမခွဲတတ်ပေ။ သဇင်ကျော်က ဆရာမလေးထက် အများကြီးသာလွန်၏။
“ ဒီပုံစံက သဇင့်မူလအသွင်လား ”
“ သဇင့်အသွင်တခုပေါ့ ၊ ဒါပေမယ့် ဖန်ဆင်းထားတာမဟုတ်ဘဲ အသွင်ပြောင်းထားတာ ၊ မောင် ခုနကပြောင်းလိုက်တာမျိုးပဲလေ ၊ လူတပိုင်းနတ်သားရဲတပိုင်းအခြေအနေပေါ့ ၊ ဒါပေမယ့် မောင့်ကြည့်ရတာ မကျွမ်းကျင်သေးဘူး ၊ သဇင့်ကိုရှင်းပြပေး … ဘယ်လိုဖြစ်သွားတာလဲ ”
“ မောင်လည်း ကျောက်တုံးမရှိဘဲ နေနိုင်လား ”
သဇင်ကျော်ထိတ်လန့်သွားဟန်ဖြင့် စမ်းကြည့်ရန်ကြံနေသည့် မောင်ရင့်ကို တားလိုက်သည်။
“ မောင့်အခြေအနေက နတ်သားရဲမဖြစ်နေရင်တောင် နတ်သားရဲတပိုင်းဖြစ်နေမှ သဇင်တို့လို နေနိုင်မှာ ၊ အခုမောင်က သာမန်လူထက်နည်းနည်းထူးနေရုံပဲ ၊ ဒီကမ္ဘာမှာ အလွတ်နေရင် အသက်ရှုကြပ်ပြီးအေးခဲတေသွားလိမ့်မယ် ”
မောင်ရင့်လန့်သွားသည်။
“ အဲ့လောက်ထိတောင်လား ”
“ ဒီကျောက်တုံးလေးက မြင့်မြတ်ပေမယ့် သိဒ္ဓိလိုအပ်နေသေးတဲ့သူတွေကို ဖိတ်ခေါ်ချင်တဲ့အခါ သုံးဖို့ နဂါးမင်းကြီးက ဖန်တီးပေးထားတာ ၊ သူက တကိုယ်စာ နေရာလွတ်လေးတခုကို ဖန်ဆင်းပေးတယ် ၊ အဲ့ထဲမှာ ကိုယ်လာခဲ့တဲ့ ကမ္ဘာနဲ့ကိုက်ညီတဲ့ လေထုနဲ့အခြေအနေတွေရှိတယ် ၊ သဇင် မောင့်ကို ခေါ်ချင်လို့ ခဏယူလာတာ ”
“ ခိုးလာခဲ့တာပေါ့ ”
မောင်ရင့်စလိုက်သည်။
“ ပြန်ထားမှာပဲဟာ ”
သဇင်ကျော် နှုတ်ခမ်းဆူပြသည်။ သို့သော် ချစ်စရာကောင်းနေ၍ မောင်ရင့် အသည်းယားသွားရ၏။
“ မောင့်အကြောင်းပြောပါအုံး …”
“ ဘာတွေဖြစ်သွားတာလဲ ”
မောင်ရင့်ကိုယ်တိုင်လည်း သေချာအချိန်ယူမစဉ်းစားရသေး၍ ကိစ္စတော်တော်များများမှာ ရှုပ်ထွေးနေသေးသည်။
“ မောင်လည်း နေမကောင်းဖြစ်ရာကနေမျောပြီး ကမ္ဘာတခုမှာ ဘဝတခုသွားဖြစ်တယ်ထင်တယ် ၊ ဆရာမလေး မောင့်ကိုကယ်လာပေးတာ ၊ မောင်က ငရဲသားဖြစ်နေတာတဲ့ ၊ ငရဲခွေးပေါ့ ၊ မောင့်တာဝန်က ရွာတခုကို နေ့စဉ်ကူပြီးအပြစ်ကြွေးတွေချွတ်ပေးရတာ ၊ ရှင်းရှင်းပြောရရင် မောင်ကိုယ်တိုင် ဘာတွေလုပ်ခဲ့မိလဲ သေချာမသိဘူး ၊ အဲ့ဘဝကနေ ဆရာမလေး ကယ်လာတာမှာ ဒီဘဝကို ရိုးရိုးပြန်မရောက်ဘဲ ဘဝတွေပေါင်းစပ်သလိုဖြစ်သွားတယ် ၊ မောင့်အဖွားရဲ့အမွေ ဘူးလေးကြောင့်ဖြစ်သွားတာလို့လည်းပြောတယ် ”
“ အခုမောင့်မှာ မှတ်ဉာဏ်ပြဿနာတွေ , ခန္ဓာကိုယ် ပြဿနာတွေ , တာဝန်တွေ , အသားမကျသေးတဲ့ ခံစားချက်တွေနဲ့ လူလည်း စိတ်တွေရှုပ်ထွေးနေတာပဲ ၊ ဒါပေမယ့် သဇင်တခုခုဖြစ်တယ်ဆိုတော့ အဲ့တာတွေ ခဏမေ့သွားတယ် ၊ သဇင်နဲ့တွေ့ချင်ပြီး ကယ်ချင်တာပဲသိတော့တယ် ”
“ အခု သဇင်မေးမှ ပြန်သတိရတယ် ၊ မောင်ပင်ပန်းလာသလိုပဲ ၊ မောင် ... ကျော်ဖြတ်နိုင်မယ်ထင်လား သဇင် ”
သဇင်ကျော် မောင်ရင့်ကို ကိုယ်ချင်းစာစွာကြည့်လိုက်ရင်း အနားကပ်ကာ ကျောလေးပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်။
“ အခု သဇင်ကလည်း ... ”
“ ပြဿနာထပ်ပေးမိသလိုဖြစ်နေပြီလား ”
“ မဟုတ်ပါဘူး ”
“ ဒါ မောင်လိုလိုချင်ချင်ယူထားပြီးသားတာဝန်ပါ ”
“ မောင်ရယ် … ”
မောင်ရင့် သဇင့်ကျော့်ကိုပြန်ဖက်လိုက်ကာ
“ အခက်အခဲတွေဆိုပေမယ့် … မောင်ကျော်ဖြတ်ပြီးသွားရင် သဇင်နဲ့ပိုနီးစပ်မယ့် အစွမ်းတွေရလာမှာ ၊ ဒါက သိုင်းဝတ္ထုတွေထဲကလို ချောက်ထဲကျပြီး သိုင်းကျမ်းရတာပဲလေ ၊ မတူတာက တကယ်တမ်းကြုံရတော့ ထင်ထားတာထက် ပိုပင်ပန်းရတာ … ဒါပေမယ့် မောင်လုပ်နိုင်ပါတယ် ၊ စိတ်မပူနဲ့နော် ”
“ မောင့်ကို သဇင်တတ်နိုင်သလောက် ကူညီပေးချင်တယ် ၊ ဒါပေမယ့် နောက်ထပ်တွေ့ဖို့က မလွယ်တော့ဘူး ၊ အခုတောင် အများကြီးစီစဉ်ပြီးမှ ခိုးတွေ့လို့ရတာ ၊ လူပြည့်က မိသားစုအတွက်တော့ ငယ်သားတချို့ကနေ တဆင့် အဆင်ပြေလောက်မှာတွေ ဖန်တီးပေးခိုင်းထားတယ် ၊ သဇင် စိုးရိမ်တာက မောင်လေးကို … သူကတဇွတ်ထိုး ၊ အခုလည်း မောင့်ကို ရန်ငြိုးထားနေတယ် ၊ သည်းခံပေးပါနော်မောင် … ”
“ ကိုယ့်ယောက္ဖပဲ ကိစ္စမရှိဘူး ”
“ ပေးတာက ရွှေတွေငွေတွေပေးတာမျိုးလား ”
“ ဟုတ်တယ် ၊ ဒါပေမယ့် လုပ်လို့ရတဲ့စည်းမျဉ်းတွေအောက်ကပဲဆိုတော့ အရမ်းမများဘူး ၊ မောင်ရော လိုချင်လား ”
“ လိုချင်တယ် ၊ အရင်ကဆို ပိုလိုချင်မယ် ၊ အခုက နည်းနည်းလည်း စိတ်မဝင်စားသလိုဖြစ်နေတယ် ”
“ မောင်က ဒီလောကသား ဖြစ်သွားတာကို ၊ ဒီမှာက ရွှေတွေငွေတွေက သိပ်တန်ဖိုးမရှိဘူး ၊ သိဒ္ဓိဝင်ပစ္စည်းတွေနဲ့ ကိုယ့်သိဒ္ဓိတွေကပဲ တန်ဖိုးကြီးတာ ”
“ မောင် မယူသွားတော့ဘူး ၊ လူကြီးတွေမေးရင်ဘယ်လိုဖြေရမလဲမသိဘူး ၊ ပြီးတော့ ခြူစားတာလို ခံစားရတယ် ”
သဇင်ကျော်ပြုံးလိုက်ပြီး
“ ဒါတော့ မောင်နားလည်မှုလွဲနေတာပဲ ၊ ကိုယ့်ကောင်မလေးပိုင်တာ ကိုယ်ပိုင်တာပဲပေါ့ ၊ ခြူစားတယ်လို့ပဲရှိလား ၊ ခြူစားတယ်ဆိုတာက ကောင်မလေးမဟုတ်ဘဲမြူဆွယ်ပြီး လိုချင်တာတောင်းစားကြတာမျိုးလေ ”
“ အဲ့တာဆို အခုမောင့်မှာရှိတာတခုကို သဇင်က လိုအပ်လို့တောင်းဆိုလာရင်ရော ခြူစားတယ်လို့ သတ်မှတ်မှာလား ”
“ ခြူစားတာမဟုတ်ပါဘူး ”
“ ဒါဆို မောင်လည်း အတူတူပဲလေ ”
မောင်ရင့် လက်မခံချင်သော်လည်း သဇင်ကျော့်က သူ့ကိုယ်သူခြူစားသည်ဟုသတ်မှတ်လျှင် သူ့ပါခြူစားသည်သတ်မှတ်ရမည်ဟုပြောလာ၍ အောက်သက်သက်ဖြင့် လက်ခံလိုက်ရသည်။
“ နည်းနည်းပါးပါးတော့ ယူသွားပါ ၊ အကြံရခါမှ ထုတ်ပြလိုက်ပေါ့ ၊ ပြီးတော့ အမေတို့ရန်က ကင်းအောင် တခုထပ်ပေးလိုက်မယ် ”
မောင်ရင့်အနည်းငယ် အားနာနေ၏။ သို့သော် သဇင်ကျော်က မျက်စောင်းခဲထား၍ သူရှိန်ရသည်။
#သုတဈာန်
#သာလွန်ပညာရှင်
အားလုံးဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေ