← Chapters

ကျူးကုချင်း၏ တပည့်။

Vol. 3 Ch. 27

ကျူးကုချင်း၏ တပည့်။

Vol. 3 Ch. 27

ခရမ်း-ရွှေသည် ဝိညာဉ်ရေးရာ သတ္ထုပစ္စည်းဖြစ်ပြီး လက်နက်များ ပြုလုပ်ရန် အကောင်းဆုံး ပေပင်။

ဤလက်စွပ်ရှိ ခရမ်းရွှေ အနည်းငယ်ကို အရည်ကျိုပြီး သာမန်သတ္တုဖြင့် ရောစပ်ခြင်းဖြင့် အလွန်ထက်ရှသော ဓားရှည်တစ်လက် ရရှိနိုင်ပေမည်။

နဂါးမျက်လုံးများကို ဖန်တီးပေးသော ကျောက်မြက်မှ မီးသင့်ကျောက် အပိုင်းအစ ဖြစ်သည် နှမ်းစေ့အရွယ်မျှသာ ဖြစ်သော်လည်း၊ မီးစွမ်းအင် ကြွယ်ဝချေ၏။

အရိုင်းပြည်နယ်ကိုးပါးတွင် ဝိညာဉ်ကျောက်များသည် ကျင့်ကြံမှု၏ မရှိမဖြစ် အရင်းအမြစ် ဖြစ်သည်။

၎င်းတို့၏ အရွယ်အစားနှင့် အရည်အသွေးအပေါ် အခြေခံ၍ အဆင့်ကိုးဆင့် ပိုင်းခြားနိုင်၏။

ပထမအဆင့် သုံးဆင့် ဝိညာဉ် ကျောက်တုံးသည် သိုင်းတာအို နယ်ပယ် အတွက် အသင့်လျော်ဆုံး ဖြစ်၏။

မဟာကျိုး၌မူ ပထမအဆင့်နှင့် ဒုတိယအဆင့် ဝိညာဉ်ကျောက်တုံးများသာ ရှိသည်။

သို့တိုင် ရှားပါးပြီး အဖိုးမဖြတ်နိုင်သော ရတနာများအဖြစ် ရှုမြင်၏။ အထက်တန်းစား မိသားစုများသာ ၎င်းတို့ကို ပိုင်ဆိုင်နိုင်မည်။

ကွမ်လင်မြို့ရှိ မဟာ မိသားစုသုံးခု၌ပင် အရေအတွက် ပမာဏ တစ်ရာထက် ပို မရှိချေ။ ဤလက်စွပ်တွင် မီးဝိညာဉ် သလင်းကျောက် နှစ်တုံးပါ ရှိသည်။

၎င်းသည် ပထမအဆင့် ဝိညာဉ် ကျောက်တုံးနှစ်လုံးကို ရရှိခြင်းနှင့် ညီမျှချေပြီ။ ခရမ်း-ရွှေ သတ္ထုကိုပါ ထည့်တွက်သော် တန်ဖိုးမနည်းချေ။

အတွေးဖြင့် မီးဝိညာဉ် သလင်‌‌ကျောက် နှစ်လုံးကို ထုတ်ယူ လိုက်မိသည်။ ထို့နောက် လက်တစ်ဖက်စီ၌ ကိုင်လျက် တင်ပျဉ်ခွေ ထိုင်လိုက်၏။

များမကြာမီ သန့်စင်သော မီးစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး သွေးနှင့်အတူ ပျံ့နှံ့သွားသည်။

ဤရလဒ်သည် မိုးပြာမြစ်ကမ်းဘေးတွင် ကျင့်ကြံချိန်များထက် အဆများစွာ ကောင်းမွန် ချေ၏။

မီးဖိုတစ်ခုအတွင်း ထိုင်နေသကဲ့သို့ အသွေးနှင့် အသားများ လောင်ကျွမ်းကုန်ကာ ရှင်းရှင်းလင်းလင်း သန့်စင်လာသည်။

ထိုအချိန်တွင် လီစံအိမ်တော်၌ လေထုမှာ တင်းမာ အေးစက်နေ၏။ မိသားစု အကြီးအကဲ များမှာ အသံမထွက် ဝံ့တော့ချေ။

ဝမ်မိသားစုဘိုးဘေး၏ မွေးနေ့ပွဲ၌ ဖြစ်ပျက်ခဲ့သမျှကို သဘာဝအတိုင်း သူတို့ ကြားသိထားပြီး ဖြစ်၏။

“ ဟွမ်ယွင်ချုံးက ... ဒီလို လုပ်လိမ့်မယ်လို့ မထင်ထားဘူး။ ”

ပို၍ အံ့သြစရာ ကောင်းသည်မှာ မြို့သခင်ဖူရှန်းနှင့် တပ်မှူး နီပိုင်ဟွာ ဖြစ်သည်။ ၎င်းတို့မှ ဝမ်မိသားစုကို ထောက်ခံပေးခဲ့၏။

“ ရှက်စရာ ကောင်းလိုက်တာ။ ”

ယနေ့ အဖြစ်အပျက်များသည် ကွမ်လင်မြို့အနှံ့ မလွဲမသွေ ပျံ့နှံ့သွားမည်မှာ သေချာသည်။ မိသားစု၏ ဂုဏ်သိက္ခာနှင့် အာဏာကို ကြီးစွာ ထိခိုက်စေ၏။

“ မိသားစုခေါင်းတောင် ... ဟွမ်မိသားစုဆီက သတင်းပါးလာပါတယ်။ ”

အစေခံ တစ်ဦးမှ ခန်းမကြီးထဲ ပြေးဝင်လာကာ ဦးညွှတ် ပြောကြားလိုက် လေသည်။

“ ဒီကောင် ဟွမ်ယွင်ချုံး ဘာပြောလိုက်လဲ။ ”

လီတျန်းဟန်မှ အေးစက်စွာ မေးလိုက်၏။ ယမန်နေ့ ဖြစ်စဉ်သည် တစ်စုံတစ်ရာ ထူးခြား နေခဲ့ကြောင်း ပြောနိုင်သည်။

ထို့ကြောင့် ဟွမ်မိသားစုထံသို့ အစေခံ တစ်ဦးကို လွှတ်ကာ မေးမြန်းစေခဲ့ခြင်း ဖြစ်၏။ အစေခံက တုံ့ဆိုင်းသွားပြီး၊

“ ဟွမ်ခေါင်းဆောင်က ဝမ်မိသားစုကို ဆန့်ကျင်ခြင်း မပြုတော့ဖို့ တိုက်တွန်းခဲ့ပါတယ် မဟုတ်ရင် အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်ပါ လိမ့်မယ်တဲ့။ ”

လူတိုင်း အံ့ဩသွားကြသည်။ လီတျန်းဟန် တစ်ယောက် မျက်နှာပြောင်းသွား၏။ ထို့နောက် ‌ဒေါသထွက်လာပြီး၊

“ ဒါ တကယ်လား။ ”

-ဟု အတည်ပြုလိုက်၏။

အစေခံမှ ကမန်းကတန်း ခေါင်းညိတ်ပြ လာသည်။

“ မလိမ်ဝံ့ပါဘူး။ ”

“ အသေးစိတ် ပြန်ပြောပြစမ်း။ ”

လီတျန်းဟန်က အသေးစိတ်သိရှိရန် ကြိုးစားသော်လည်း အစေခံမှ ခေါင်းယမ်းသည်။

“ ခေါင်းဆောင်ဟွမ်က ... ဘာမှ ထပ်မပြောတော့ပါဘူး။ ”

“ ဖေဖေ၊ ကျွန်တော် ဖေဖေနဲ့ သီးသန့် ဆွေးနွေးချင်တာ တစ်ခု ရှိတယ်။ ”

လီမိုယွင်မှ တောင်းဆိုလိုက်သည်။ လီတျန်းဟန်က လူတိုင်းကို လက်ဝှေ့ယမ်းပြပြီး၊

“ အားလုံး ထွက်သွားနိုင်ပြီ။ ”

-ဟု အမိန့်ပေး၏။

လူတိုင်း ထွက်ခွာသွားပြီးနောက်၊

“ မင်း ဘာပြောချင်လို့လဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဖေဖေ ... ဒါတွေအားလုံးက လင်‌ကျောက်ကြောင့်လို့ ထင်ပါတယ် ငါတို့ ဆေးဘက်ဝင် အပင် (၅၀)ရာခိုင်နှုန်း ပေးဖို့ တောင်းဆိုတုန်းက ဦးလေးဟွမ်က ...

... ကန့်ကွက်တာမျိုး မရှိဘူး၊ ... သူ့ကို ငါတို့နဲ့အတူ ဆွဲခေါ်မှသာ ကြောက်လန့်တကြား ငြင်းဆန်သွားတာ။ ”

လီတျန်းဟန်က ပြန်သတိရလာပြီး ခေါင်းညိတ်သည်။

“ မှန်တယ် ... ။ ”

“ နောက်ထပ် တစ်ခု ရှိသေးတယ် လင်‌‌ကျောက်နဲ့ စုရီ ... လက်ထပ်ထားတာကို ဖျက်သိမ်းခိုင်းတော့ ... ဦးလေးဟွမ်က လုံးဝ ကန့်ကွက်သွားတယ် ... နည်းနည်း ထူးဆန်းတယ် မထင်ဘူးလား။ ”

လီတျန်းဟန် တစ်ယောက် တိတ်ဆိတ်သွားသည်။ ဤသည်မှာ ဟွမ်မိသားစု အရေးဖြစ်၏။ ဟွမ်ယွင်ချုံးမှ ကန့်ကွက်စရာ အကြောင်းမရှိချေ။

“ နောက်တော့ ... မြို့သခင်နဲ့ တပ်မှူးနီပိုင်ဟွာ ရောက်လာတယ် သူတို့က ဒါက တကယ် ထူးဆန်းတယ်။ ”

“ ဒါပေမယ့် စုရီက ဒုက္ခိတပဲ ... သူ့အတွက်ကြောင့်လည်း မဖြစ်နိုင်ပါဘူး ... ဝမ်လင်‌‌‌ကျောက်ဆိုတာ ကောင်းကင် မူလ အကယ်ဒမီ ဝင်ပေမယ့် သာမန်တပည့် မဟုတ်လား။ ”

လီတျန်းဟန်မှ ရှုပ်ထွေးသော အသွင်ဖြင့် ပြောကြားလိုက်သည်။ ဖူရှန်းနှင့် ဟွမ်ယွင်ချုံးတို့ အတွက် ဤမျှဖြင့် မျက်လုံးထဲ ဝင်မည် မဟုတ်ချေ။

လီမိုယွင်မှ သူ့အဖေကို ခေါင်းယမ်း ပြလိုက်သည်။

“ အဖေ၊ မသိသေးဘူးလား ... လင်‌ကျောက်ကို ဒုနန်းတော်သခင် ကျူးကုချင်းက မနေ့ကပဲ တပည့်အဖြစ် လက်ခံမို့ ပြင်ဆင်နေပြီ။

လီတျန်းဟန်မှ အံ့အားသင့်သွားသည်။ မျက်ဝန်းအတွင်း၌ စိုးရိမ်ပူပန်သော အငွေ့ အသက်များ ဖြစ်ပေါ်လာ၏။

“ အကယ်ဒမီ ဖွင့်ပွဲအခမ်းအနားမှာ လင်ကျောက်ကို သူမရဲ့တပည့်အဖြစ် တရားဝင် ကြေငြာလိမ့်မယ်။ ”

“ ဒါဆို ... သူမ ပဲပေါ့။ ”

ကျူးကုချင်းဟူသည် ကောင်းကင်မူလ အကယ်ဒမီ၏ ဒု-နန်းတော်သခင် သုံးပါးအနက် တစ်ပါး ဖြစ်ပြီး တိမ်မြစ်စီရင်စုတွင် မျိုးဆက်တူ အတွင်း ပြိုင်ဘက်ကင်းချေ၏။

အင်္ဂါငါးပါးသန့်စင်ခြင်း အထွတ်အထိပ် ဖြစ်ကာ ဓားတာအိုပေါ်တွင် ကြောက်မက်ဖွယ် အောင်မြင်မှုများ ရရှိထားသည်။

ဝမ်လင်ကျောက်သည်သာ သူမတပည့် ဖြစ်သော် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်း သွားမည်မှာ သေချာ၏။

အတွင်း အင်္ဂါငါးပါး သန့်စင်ခြင်း အဆင့် ကျွမ်းကျင်သူ တစ်ယောက်၏ တပည့်ဟူသည် မြင့်မြတ်သော အဆင့်အတန်းမျိုးရှိသည်။

အချို့သော မိသားစု ခေါင်းဆောင်များ အတွက် ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ်ပင် ကြိုဆို ကြရပေမည်။

“ အံ့ဩစရာ မရှိတော့ပါဘူး ... ။ ”

နောက်ဆုံးတွင် လီတျန်းဟန်မှ သက်ပြင်းချလိုက်တော့၏။ သူ့နှလုံးသားက အနှိုင်းမဲ့ လေးလံလာချေပြီ။

သူသည် ဝမ်မိသားစု၏ ဆေးဖက်ဝင် အပင်လုပ်ငန်းကို နှစ်ပေါင်းများစွာ မက်မောခဲ့ပြီး သိမ်းယူရန် အကြိမ်ကြိမ် ကြိုးစားဖူးသည်။

ယခုမူ အင်္ဂါငါးပါး သန့်စင်ခြင်း အဆင့် ဆရာတစ်ပါးကို နောက်ခံ ပြုထားနိုင်သော ဝမ်လင်‌ကျောက်ကြောင့် ထိဝံ့တော့မည် မဟုတ်ချေ။

“ ငါ့သား၊ မင်း ဒါကို ဘယ်လိုတုံ့ပြန်ဖို့ စီစဉ်ထားလဲ။”

ခဏမျှ တိတ်ဆိတ်သွား ပြီးနောက် လီတျန်းဟန်က လီမိုယွင်ထံ မော့ကြည့်ကာ မေးမြန်းလိုက်သည်။

“ အဖေ ... လင်ကျောက်ရဲ့ အရည်အချင်း ပိုပြီးတောက်ပလာ လေလေ ... စုရီညံ့ဖျင်းမှုက သိသာလာ လေလေပဲ ... ဒါက သူမဘဝရဲ့ အမည်းစက် တစ်ခုပါ။ ”

“ မင်း ဘာပြောချင်နေတာလဲ။ ”

“ လင်‌ကျောက်နဲ့ ကျွန်တော်က အတူတူ ကြီးပြင်းလာခဲ့ရတာပါ ငယ်ငယ်တုန်းက အရမ်း ရင်နှီးကြတယ် သူမအပေါ်ထားတဲ့ ကျွန်တော့် ခံစားချက်တွေက လုံးဝ မယိမ်းယိုင်ခဲ့ဘူး ... သူမအတွက် ဘာမဆို လုပ်မယ်။ ”

လီတျန်းဟန်ခမျာ မျက်ခုံးပင့်သွားသည်။

“ လူသတ်မလို့လား။ ”

“ ဟုတ်တယ် ... ကံဆိုးစွာနဲ့ ဒီကောင် သေသွားခဲ့ရင် လင်‌‌ကျောက်ကို ကျွန်တော်ပိုင်ပြီ ဒါဆို ဝမ်မိသားစုကို အနိုင်ရတာနဲ့ အတူတူပဲ မဟုတ်လား။ ”

“ မိုယွင် ... မင်းက တကယ် ကြီးပြင်းလာပြီပဲ ကိုယ်လမ်းကိုယ် ဖောက်နိုင် နေပြီ ဂုဏ်ယူပါတယ် ...

... ဒါပေမယ့် မင်းသတိထားရမယ် ... မနေ့ကပွဲမှာ စုရီကို မင်းရန်လိုနေခဲ့တာ လူတိုင်း မြင်တယ်။ ”

လီမိုယွင်က ခေါင်းညိတ် ပြလိုက်ပြီး၊

“ ဖေဖေ အနားယူပါ ... ၊ ခြင်္သေ့က ယုန်တစ်ကောင် ဆိုရင်တောင် သူ့ခွန်အားကို အပြည့်အဝ သုံးပြီး အမဲလိုက် တတ်ပါတယ် သဘာဝအတိုင်း စိတ်မပူပါနဲ့။ ”

“ ကောင်းပြီ ... ငါယုံကြည်တယ် ဝမ်မိသားစုရဲ့ အတွင်း အင်္ဂါငါးပါး သန့်စင်ခြင်း အဆင့် ကျွမ်းကျင်သူရဲ့ တပည့်ကို မင်းအိမ်ခေါ် လာမဲ့နေ့ ငါစောင့်နေတယ်။ ”

“ ဟား ဟား ဟား ။ ”

“ ဟား ဟား ဟား ။ ”

“ ဟား ဟား ဟား ။ ”

***

All Chapters