← Chapters

ငါအိမ်လာခဲ့မယ်။

Vol. 3 Ch. 29

ငါအိမ်လာခဲ့မယ်။

Vol. 3 Ch. 29

မနက်အလင်းရောက်သည်နှင့် စုရီက အသုံးအဆောင်များကို ထုပ်ပိုးကာ တစ်နှစ်ကြာ နေထိုင်ခဲ့သည့် ခြံဝင်းအတွင်းမှ လှမ်းထွက် လာမိသည်။

ချင်ချွယ်လမ်းသည် စောလျင်စွာ သက်ဝင်လှုပ်ရှားနေ၏။ မဟာကျိုး၌ ကိုယ်ခံ ပညာ လေ့ကျင့်နိုင်သူများသည် လူနည်းစုသာ ရှိပြီး အများစုမှာ သာမန်လူများ ဖြစ်သည်။

လူစုလူဝေးကြား သက်တောင့်သက်သာ အသါင်ဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်းမိ၏။ မက်မွန်ဆေးခန်းကို တာဝန်ယူရခြင်းဖြင့် ဆေးဖက်ဝင် အပင်များကို အခမဲ့ အသုံးပြုနိုင်သည်။

သို့သော် တစ်လလျှင် ငွေစတစ်ထောင် ရှာဖွေနိုင်မှသာ ဤအခွင့်အရေး ရနိုင်ပေမည်။ ထိုအတွေးဖြင့် ယောက္ခမချင်းချင်းကို သတိရလာကာ ပြုံးမိ၏။

“ ဟမ့် ... ။ ”

“ အစ်ကိုစု စောစောစီးစီး မင်းစျေးဝယ် ထွက်လာတာလား တိုက်ဆိုင်လိုက်တာ ငါတို့ အတူတူ သွားရအောင်။ ”

ဟွမ်ချမ့်ကျွယ်က ပြုံးရွှင်သော အသွင်ဖြင့် အနားရောက်လာ၏။ သူ့ကို မြင်သည်နှင့် လူအုပ်ကြီးက ရှောင်ကွင်းကုန်သည်။

“ မင်း ငါ့ကို စောင့်နေတာတော့ မဟုတ်ပါဘူးနော်။ ”

စုရီက ပြုံးလျက် မေးလိုက်သည်။ ထိုမေးခွန်းကြောင့် ဟွမ်ချမ့်ကျွယ်ခမျာ ရှက်ပြုံး ပြုံးလျက် ပြန်မဖြေတော့ချေ။

“ ကောင်းပြီ မင်းအဖေက မင်းကို ဒီလိုလုပ်ခိုင်းတယ်ဆိုရင် ပြန်သွားပြီး ပြောပါ ဒီလိုလုပ်ဖို့ မလိုတော့ပါဘူး။ ”

စကားဆုံးသည်နှင့် စုရီက ဆက်လျှောက်လာခဲ့ရာ ဟွမ်ချမ့်ကျွယ်ခမျာ ရပ်ကျန်ရစ်ခဲ့၏။

“ အဖေ ငါ့ကို စုရီနဲ့ မိတ်ဆွေ ဖြစ်စေချင်တာလား။ ”

“ တိတ်စမ်း ... ဘာမိတ်ဆွေလဲ မင်း အရည်အချင်းက သခင်လေးစုရဲ့ နောက်လိုက် အဖြစ် လက်ခံတာနဲ့တင် လုံလောက်နေပြီ ဒါကြောင့် ကောင်းကောင်း အမှုထမ်းဖို့ ကြိုးစားပါ။ ”

ရုတ်တရက် သူ့အဖေနှင့် သူ၏ စကားဝိုင်းအပေါ် ပြန်သတိရလာပြီး တုန်ရင် သွားတော့၏။ သားတစ်ယောက်ကို တပါးသူ၏ နောက်ပါးသို့ လိုက်ပါအမှုထမ်းရန် စေခိုင်း သည်မှာ သူ့ဖခင်သာ ရှိပေမည်။

စုရီပုံရိပ် ပျောက်ကွယ် သွားတော့မည် ဖြစ်သဖြင့် ချက်ချင်း ပြေးလိုက် သွားမိသည်။ စုရီက လှည့်ကြည့်၏။ တွန့်ဆုတ်သွား သော်လည်း အံကြိတ်လျက်၊

“ အစ်ကိုစု ငါ မင်းအိတ်ကို သယ်ပါရစေ။ ”

-ဟု ရှက်ရွံ့စွာ ပြောကြားလိုက်သည်။

စုရီက စကားမဆိုဘဲ ပခုံးပေါ်ရှိ အိတ်ကို ကမ်းပေးလိုက်သည်။ သို့မှသာ ဟွမ်ချမ့်ကျွယ် တစ်ယောက် စိတ်လက်ပေါ့ပါးသွား၏။

အစ်ကိုစုသည် ထင်ထားသလောက် မဆိုးလှချေ။ အဖေသိပါက ဝမ်းသာချေမည်။ ဤအရာက လမ်းသွားလမ်းလာ အချို့ကို မျက်လုံးပြူး သွားစေသည်။

ကွမ်လင်၏ လူရမ်းကား သခင်လေးသည် အစေခံရခြင်းကို ပျော်ရွှင်နေသည်မှာ ယုံနိုင်စရာ မရှိချေ။

များမကြာခင် မက်မွန်ဆေးခန်းသို့ ရောက်ရှိလာသည်။ ၎င်းသည် လမ်းဆုံ၌ တည်ဆောက်ထားသော အဆောက်အဦး တစ်ခုဖြစ်၏။

ဝမ်မိသားစုသည် ကွမ်လင်မြို့၌ ဆေးဖက်ဝင်အပင်များ ရောင်းဝယ်ခြင်းဖြင့် ကြီးပွားလာသူ ဖြစ်သည်။

သာမန်ဆေးပင်များအတွက် ဧကပေါင်း သောင်းချီကို စိုက်ပျိုးထားပြီး ရှားပါဆေးပင်များ ရှာဖွေရန်အတွက်မူ ​ဆေးကျွန်များ ခန့်အပ် ထားသည်။

ဆေးခန်းပေါင်း (၁၆)ခုနှင့် ဆေးအရောင်းဆိုင်ပေါင်း (၁၉)ခန်း ဖွင့်လှစ်ထား နိုင်၏။

မက်မွန်ဆေးခန်းသည် ၎င်းတို့အနက်မှ တစ်ခုသာ ဖြစ်သည်။ ဆေးခန်းပြလိုသူ များက ဆေးခန်းရှေ့တွင် တန်းစီ စောင့်ဆိုင်းနေ၏။

“ အားလုံးပဲ ... ကျေးဇူးပြုပြီး တခြားဆေးခန်းကို သွားပါ မက်မွန်ဆေးခန်း ဒီနေ့ ပိတ်ပါတယ်။ ”

ရုတ်တရက် ဖြစ်သဖြင့် တန်းစီနေသော လူအုပ်ကြီးမှာ စိတ်ပျက်လက်ပျက် ဖြစ်ကုန် ကြသည်။

“ ခဏ နေပါဦး ငါက ဆိုင်ရှင်အသစ်ပဲ ဒီနေ့ဆေးခန်း မပိတ်ပါဘူး။ ”

စုရီက လူအုပ်ကို ဖြတ်ကျော်ကာ ပြောကြားလိုက်သည်။ ဆေးခန်း ပိတ်ရန် ပြင်နေသော အစေခံ နှစ်ယောက်နှင့် လူအုပ်ကြီးက လှည့်ကြည့်လာ၏။

အစိမ်းရောင် ဝတ်ရုံဖြင့် အရပ် ရှည်ရှည် ချောမောလှပသော လူငယ် တစ်ယောက်ကို မြင်ကြရကုန်သည်။

“ စုရီလား ... ။ ”

စုရီက လူတိုင်း၏ အကြည့်ကို လျစ်လျူရှုလျက် ဆေးခန်းပတ်ပတ်လည်ထံ ဝေ့ကြည့်လိုက်သည်။ ဤဆေးခန်းသည် မိုးပြာမြစ်ကမ်းနှင့် မဝေးလှချေ။

“ သူက အသုံးမကျတဲ့ စုရီပဲ ... ဘယ်လိုလုပ် ဆေးခန်းကို ဦးစီးနိုင်မှာလဲ။ ”

“ ဒီနေ့ဆေးခန်း ပိတ်တာ ကောင်းပါတယ် မပိတ်လည်း သူ့ကြောင့် တစ်ယောက်မှ လာမှာ မဟုတ်ဘူး။ ”

အစေခံ နှစ်ယောက်မှ စုရီကို အရှက်ခွဲရန် အမိန့်ကို ရထားသဖြင့် လှောင်ပြုံးပြုံးကာ ကြည့်လာသည်။

“ အသုံးမကျတဲ့ စုရီ ... အိမ်ပြန်ပါ၊ မက်မွန်ဆေးခန်း ပိုင်ရှင်ရာထူးက မင်းလိုလူ အတွက် မဟုတ်ဘူး။ ”

၎င်းအစေခံ၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အမူအရာများ ပို၍ ထင်ရှားလာ၏။

စုရီက ထိုအစေခံကို ကြည့်ပြီး၊

“ ဒီနေ့ကစပြီး ... ဆေးခန်းကို မင်းလာစရာ မလိုတော့ဘူး။ ”

-ဟု တည်ငြိမ်စွာ ပြောကြားလိုက်၏။။

အစေခံက အံ့အားသင့်လျက်၊

“ မင်းငါ့ကို အလုပ်ထုတ်တာလား ... ဟား ... ဟား ... ဟား ... ဟာသပဲ။ ”

-ဟု အော်ဟစ် ရယ်မောလေသည်။

“ ဆက်နေချင်လည်း မင်းသဘောပါ ... ငါကတော့ လစာပေးမှာ မဟုတ်ဘူး ... မင်းရဲ့ ဝမ်မိသားစုက ဒီဆေးခန်းကို ... ငါ့ဆီ ရောင်းလိုက်ပြီ။ ”

“ မင်းဘယ်လို သတ္တိရှိလဲ။ ”

အစေခံက မျက်လုံးများ နီရဲလာပြီး အော်ငေါက်လိုက်သည်။

“ ဟမ့် ... မင်းဘယ်လို ပြောရဲတာလဲ။ ”

“ ဖြန်း ... ။ ”

ရုတ်တရက် စုရီနောက်တွင် ရပ်နေသော ဟွမ်ချမ့်ကျွယ်မှ ဒေါသကို မထိန်းနိုင်တော့ဘဲ ထိုအစေခံကို လက်ပြန်ဖြင့် ဖြတ်ရိုက်ချ လိုက်သည်။

“ မင်း ... ။ ”

ထိုအစေခံခမျာ ဝက်ခေါင်းကဲ့သို့ ချက်ချင်း ရောင်ကိုင်းလာသည်။ နာကျင်စွာ ညည်းတွားပြီး ဒေါသဖြင့် တုန့်ပြန်ရန် ပြင်လိုက်သည်။

သို့သော် ဟွမ်ချမ့်ကျွယ်ကို မြင်လိုက်ပြီးနောက် ချက်ချင်း တုန်ယင်လျက် နောက်ဆုတ်သွားသည်။

အနီးနားရှိ ဆေးခန်းပြရန် စောင့်ဆိုင်း နေသူများ သည်လည်း တုန်ယင်သွားကုန်၏။ ဤလူငယ်သည် နာမည်ဆိုးဖြင့် ကျော်ကြား ချေပြီ။ ရွံ့စရာ ကောင်း၏။

“ ဟမ့် ... ဘာလို့ မသွားရသေးတာလဲ၊ မင်းကို ငါအိမ်အထိ လိုက်ပို့စေချင်လို့လား။ ”

ဟွမ်ချမ့်ကျွယ်မှ ခြေတစ်လှမ်း လှမ်းတက်လိုက်၏။ အစေခံက တစ်စက္ကန့်ပင် မနေဝံ့တော့ဘဲ ထွက်ပြေး သွားတော့သည်။

“ ဒီလူရမ်းကားက ဘာလုပ်နေတာလဲ။ ”

“ ဘယ်သူ သိမှာလဲ ... အသုံးမကျတဲ့ သမက်နဲ့ ကွမ်လင်လူရမ်းကား ပူးပေါင်းပြီး မက်မွန်ဆေးခန်းကို ဖျက်ဆီးချင်နေတာ နေမှာပေါ့။ ”

“ အဟမ်း ... တိုးတိုးပြော ငါတို့ကို ကြည့်နေတယ်။ ”

လူအုပ်ကြီးထံမှ ခပ်တိုးတိုး ဝေဖန်သံ များကြောင့် ဟွမ်ချမ့်ကျွယ်မှ ချောင်းဟန့်သံ ပေးလျက် စုရီနှင့်အတူ ဆေးခန်းထဲ လိုက်ပါသွားတော့သည်။

ဆေးခန်းအတွင် ဆေးဖက်ဝင် အပင်များ၏ သင်းပျံ့သော ရနံ့များ ထုံမွှန်းနေ၏။ ခင်းကျင်း ထားသည့် ဆေးပုံးများက သေသပ်ချေပြီ။

“ ကောင်းတယ်။ ”

စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် ကျေနပ်သွား၏။ ဤအရပ်သည် သူနေထိုင်မည့် အရပ်ဖြစ်သည်။ သေသပ်စနစ်ကျနေဖို့ လို၏။

“ စုရင် ... ဒါ ဘာကို ဆိုလိုတာလဲ။ ”

ခပ်ပိန်ပိန်ဖြင့် မီးခိုးရောင်တ် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက ဒေါသဖြင့် လှမ်းထွက်လာသည်။

သူ့ဘေးတွင် မန်နေဂျာ၊ အိမ်အကူ၊ ဆေးအလုပ်သင်နှင့် ဆေးကျွန်များ အပါအဝင် လူဆယ်ယောက်ကျော် လိုက်ပါလာ၏။

လူတိုင်း မပျော်မရွှင် ဖြစ်နေပုံပေပင်။ ဆေးခန်း အပြင်ဘက်ရှိ ဖြစ်ပျက်သမျှကို သူတို့ မြင်ထားပြီးဖြစ်၏။

စုရီက ကောင်တာသို့ သွားရောက်ကာ လက်တင် ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်လျက် ခါးဆန့်ပြီး ထိုအမျိုးသားထံ ပြန်ကြည့်လိုက်သည်။

“ ဒီနေ့ကစပြီး ငါက ဒီမက်မွန်ဆေးခန်း ပိုင်ရှင်ပဲ၊ မင်းတို့ ဘယ်လိုပဲ ထင်ထင် .. ငါက မင်းတို့ရဲ့ သူဌေး။ ”

“ အဟက် ... မင်းက တကယ် ရယ်စရာ ကောင်းတယ် ... မင်းက ငါတို့ သူဌေး ဖြစ်ဖို့ ဘာအရည်အချင်းရှိလဲ ...

... ငါတို့ရဲ့ ဒုတိယအကြီးအကဲသာ သိသွားခဲ့ရင် ဒီဆေးခန်း ပိတ်သွားမှာ ကြောက် မိတယ်။ ”

“ ကောင်းပြီ ... ဒီလို စိုးရိမ်ပေးလို့ ကျေးဇူးတင်တယ် ... ဒါပေမယ့် ဆေးခန်းကနေ မင်းအခု ထွက်သွားလို့ရပြီ။ ”

“ ဟမ့် ... ငါဘယ်သူလဲဆိုတာ မင်းသိလား။ ”

ထိုမေးခွန်းကြောင့် ၎င်းဘေးရှိ လူငယ်တစ်ယောက်က၊

“ စုရီ ... သူ့နာမည်က ဝူရုံပါ ငါတို့ မက်မွန်ဆေးခန်းရဲ့ ဝါရင့်တစ်ယောက်ပဲ သူက ဝမ်မိသားစုအတွက် နှစ်ပေါင်း (၃၀)လောက် အကျိုးပြုပေးခဲ့ ... ။ ”

“ ဘန်း ... ။ ”

စကားမဆုံးခင် စုရီမှ စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး၊

“ မင်း ဘယ်သူပဲ ဖြစ်ဖြစ် ... အလုပ် မလုပ်ချင်ရင် ချက်ခြင်းထွက်သွားပါ ... ငါလခ ပေးမှာ မဟုတ်ဘူး ဆေးခန်း ပိတ်ပိတ် မပိတ်ပိတ် မင်းနဲ့ မဆိုင်ဘူး။ ”

-ဟု ပြောကြားလိုက်၏။

“ ဟမ့် ... ကောင်းကင် ဘယ်လောက် မြင့်တယ် ... မြေကြီး ဘယ်လောက် နက်တယ် မသိတဲ့ အမှိုက်က ... ငါ့ကို မောင်းထုတ် နေချင်တာလား။ ”

ဝူရုံဟု ခေါ်သော မီးခိုးရောင် ၀တ် အမျိုးသားခမျာ ဒေါသတကြီး လှည့်ထွက်သွား တော့သည်။

သို့သော် လူတစ်ယောက်က တံခါးဝကို ပိတ်ထားသဖြင့် သူ ဆက်သွား၍ မရတော့ချေ။ ထိုလူကပင် ပြုံးပြီး၊

“ ဝူရုံ ... ကောင်းတယ် မင်းနာမည်ကို ငါမှတ်ထားလိုက်ပြီ ဒီည မင်းဆီလာလည်မယ် ငါတို့ စကားပြောရအောင်။ ”

-ဟု ပြောကြား လာခဲ့လေသည်။

***

All Chapters