← Chapters

လူ့ပေါက်ပန်း။

Vol. 3 Ch. 35

လူ့ပေါက်ပန်း။

Vol. 3 Ch. 35

ဘူးသီးခြောက်သည် လက်သီးအရွယ် မျှသာရှိပြီး မျက်နှာပြင်သည် တောက်ပြောင်နေ ခဲ့သည်။ အဝကို သစ်သားဖြင့် ပိတ်ဆို့ထား၏။

ထိုသစ်သားအဆို့သည် စိတ်ဝိညာဉ်ကို အေးချမ်းစေသော သစ်အမျိုးအစား ဖြစ်သည်။ ဆိုလိုသည်မှာ ဘူးသီးခြောက်သည် ဝိညာဉ်များ အတွက် မြင့်မြတ်မြေ ဖြစ်၏။

သစ်သားအဆို့ကို ဆွဲထုတ် ကြည့်လိုက်ရာတွင် ကြက်သွေးရောင် မြူခိုးများ ထွက်ပေါ်လာသည်။

ယင်းသည် မကောင်းဆိုးရွား ဝိညာဉ်များ တည်ရှိရာ ပတ်ဝန်းကျင်၌ မြင်တွေ့ရတတ်သော ယင်စွမ်းအင်များ ပေပင်။

များမကြာခင် ကြက်သွေးရောင် မြူခိုးများကြား သုံးနှစ်သားအရွယ် ကလေးငယ် တစ်ယောက် ပေါ်လာ၏။

သူ့အသားအရည် ဆွတ်ဆွတ်ဖြူလျက် မျက်လုံးများနီရဲကာ အပြစ်ကင်းပြီး ချစ်စဖွယ် ကောင်းချေပြီ။

သို့သော် သူပေါ်လာသောအခါ ယင်စွမ်းအင်များ ခြံဝင်းအတွင်း သိုင်းဖွဲ့လျက် ကြောက်မက်ဖွယ် ခံစားချက်များ ဖြစ်ပေါ် လာစေသည်။

“ ဒါ ကလေးတစ္ဆေ ... တာအိုသခင်ဝူ ခြောက်နှစ်လောက် မွေးမြူထားတဲ့ ကလေး တစ္ဆေပဲ။ ”

ချင်းဝမ်မှ အံ့ဩသွားသည်။ ထိုစဉ် ကလေးတစ္ဆေက ကျယ်လောင်စွာ အော်ဟစ် လာ၏။

သူ့ပါးစပ်ကွဲထွက်သွားပြီး ဓားကဲ့သို့ အစွယ်နှစ်ချောင်း ရှည်ထွက်လာကာ စုရီထံ ပျံသန်းလျက် ကိုက်ရန် ကြိုးစားသည်။

“ စွပ် ... ။ ”

သို့သော် စုရီမှ တုန့်ဆိုင်းခြင်း မရှိ ဓားဖြင့်ထိုးချလိုက်သည်။ မက်မွန်ဓားဖျားသည် ကလေးတစ္ဆေ၏ ပါးစပ်မှတဆင့် ဦးခေါင်း အနောက်သို့ ထိုးဖောက်သွားခဲ့သည်။

ဤမက်မွန်သစ်သားဓားသည် သက်တမ်းနှစ်ဆယ်ခန့်ရှိကာ ယန်စွမ်းအင်များ ကြွယ်ဝချေ၏။

“ ဝူး ... ဝူး ... ။ ”

ကလေးတစ္ဆေ ခန္ဓာကိုယ်မှ အနက်ရောင် မီးခိုးများ ထွက်လာပြီး အစွမ်းကုန် ရုန်းကန်၏။ အချည်းနှီး ပေပင်။

များမကြာခင် ကလေးငယ်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်သည် မီးခိုးငွေ့နှင့်အတူ ပျောက်ကွယ်သွားတော့သည်။

မက်မွန်ဓား၏ တောက်ပမှုသည်လည်း မှိန်ဖျော့လျက် အညိုရောင် ပြောင်းသွားသည်။ သံချေးတက်လာသည့် လက္ခဏာမျိုး ပေပင်။ အသုံး မဝင်တော့သည်မှာ ထင်ရှား၏။

ထို့ကြောင့် မက်မွန်ဓားကို လွှင့်ပစ် လိုက်ပြီးနောက် ဘူးသီးခြောက်ထံ စစ်ဆေးကာ ခေါင်းညိတ်လိုက်၏။

“ လာ ... ။ ”

ထို့နောက် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ကာ ချင်းဝမ်ကို ခေါ်ထုတ်သည်။

“ တာအိုသခင် ... ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့ ... တာအိုသခင်ခိုင်းတာ အကုန်လုံး ငါလုပ်ပါ့မယ်၊ ကျွန်လည်း ဖြစ်နိုင်ပါတယ်။ “

ချင်းဝမ်က သစ်ကိုင်း အတွင်းပေါင်းစပ် နေရာမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ တောင်းပန်လေသည်။

“ မင်း ဘာလုပ်တတ်လဲ ။ ”

စုရီမှ စိတ်ဝင်တစား သွားသည်။ ချင်းဝမ်တစ်ယောက် ခဏမျှ စဉ်းစားပြီး၊

“ သီချင်းဆိုတတ်တယ်၊ ကနိုင်တယ်၊ ဗျပ်စောင်းတီးတတ်တယ်၊ စစ်တုရင်ကစား တတ်တယ်၊ ပန်းချီလည်း ဆွဲတယ် ... ။ ”

-ဟု ပြန်ဖြေလာ၏။

ထိုအဖြေကြောင့် စုရီခမျာ အံ့အားသင့် သွားသည်။ ထူးချွန်ထက်မြက်သော မိန်းမတစ္ဆေ ပင်လော။

အသက်အရွယ်အရ (၁၅)နှစ်မျှသာ ရှိပြီး လူဘဝ၌ ဤမျှ တတ်ကျွမ်းနေသော် ပါရမီရှင် အဖြစ် သတ်မှတ်နိုင်မည်။

“ တာအိုသခင် ... ငါ့ကို နှမြောနေသရွေ့ ငါဘာမဆို လုပ်ပါ့မယ် ... တာအိုသခင်အတွက် လူတွေကို ကြောက်အောင် ကူညီနိုင်ပါတယ်။ ”

စုရီက တိတ်ဆိတ်နေသဖြင့် ချင်းဝမ်၏ အသံသည် ရှိုက်သံ စွက်လာတော့သည်။ စုရီမှ သက်ပြင်းချလိုက်သည်။

“ ငါ့မှာသာ မူလတာအိုနယ်ပယ် ကျင့်ကြံမှုမျိုးရှိရင် မင်းကို ဒီကံကြမ္မာကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်တယ်။ ”

ချင်းဝမ် တစ်ယောက် အံ့အားသင့်သွားသည်။ ထို့နောက် ဝမ်းသာအားရဖြင့်၊

“ တာအိုသခင် ဒါဖြင့် ... ငါ့ကို သတ်ဖို့ စိတ်ကူး မရှိဘူးပေါ့ ... ကျေးဇူးတင်ပါတယ် ... ကျေးဇူးတင်ပါတယ်။ ”

“ မင်းဘာဖြစ်ခဲ့လဲ မှတ်မိလား။ ”

စုရီက မေးလိုက်သည်။ ဤကောင်မလေးသည် အမှန်ပင် ချစ်စရာ ကောင်းချေ၏။

တစ္ဆေဘဝ ဖြင့်ပင် ပြိုင်ဘက်ကင်း အလှတရားဖြစ်သည်။ တစ္ဆေ ကျင့်ကြံသူဖြစ်က တစ္ဆေလောကကို ကိုင်လှုပ်နိုင်ပေမည်။

“ တာအိုသခင် ငါ ... မမှတ်မိပါဘူး။ ”

“ ဒါဆို ... မင်းဝိညာဉ်မှာ ပြဿနာ ရှိနေပြီ။ ”

“ တာအိုသခင် ငါတကယ် မလိမ်ပါဘူး ... ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပြနိုင် ပါတယ်။ ”

“ ဒါက အရေးမကြီးပါဘူး ... ငါမင်းကို မသတ်သလို ... လွှတ်ပေးမှာလည်း မဟုတ်ဘူး။ ”

“ ငါ့ကို မသတ်သရွေ့ ကျေးဇူးတင်နေမှာပါ။ ”

စုရီက ဘူးသီးခြောက်ကို ငုံ့ကြည့်ကာ၊

“ ဒါက စိတ်ဝိညာဉ် ဘူးသီးခြောက်ပဲ ... အတွင်းထဲမှာ ဝင်နေရင် ... နေရောင်ခြည်ကို ကြောက်စရာ မလိုတော့ဘူး ... ဝင်သွား။ ”

ချင်းဝမ်မှ တုံ့ဆိုင်းသွားသည်။

“ စိတ်မပူနဲ့ ငါမင်းကို ပိတ်လှောင်ထားမှာ မဟုတ်ဘူး မင်းစိတ်ကြိုက် ဝင်နိုင်ထွက်နိုင်မယ် အချိန်တန်ရင် တစ္ဆေကျင့်ကြံမှု နည်းစနစ် အချို့တောင် သင်ပေးမယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

ချင်းဝမ်မှ အနီရောင် အလင်းတန်းအသွင် ပြောင်းလဲကာ ဘူးသီးခြောက်အတွင်း ပျံသန်း ဝင်ရောက် သွားလေသည်။

ထိုသို့သော ဖြူစင်သည့် ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်သည့် ယင်ဝိညာဉ်မျိုး ရှားပါးသည်မှာ အမှန်ပင် ဖြစ်၏။

မည်သို့သော အချင်းအရာသည် သူမကို ဤလောကကြီးနှင့် ချည်နှောင်ထားနိုင်ကြောင်း သိချင်လာမိသည်။

ထို့နောက် ထရပ်ကာ သန့်ရှင်းရေး စလုပ်တော့သည်။ နောက်တစ်နေ့ မနက်တွင် အခန်းနံရံရှိ အဝါရောင် ဘူးသီးခြောက်ကို ကြည့်ပြီး လှမ်းထွက်လာခဲ့၏။

ဤဘူးသီးခြောက်ကို တံဆိပ် မခတ်ထားသော်လည်း ချင်းဝမ်မှ ထွက်လိုပုံ မရချေ။ အမှန်ပင် နူးညံ့သိမ်မွေ့လှသော တစ္ဆေမလေး ဖြစ်သည်။

ထို့နောက် ကိုယ်လက်သန့်စင်ကာ အရွက်ကိုးရွက် ဂျင်ဆင်းတစ်ပိုင်းကို ကိုက်စား လျက် ဆီးပင်အောက်၌ ထင်းရှူးကြိုးကြာ ခန္ဓာကိုယ်ကို လေ့ကျင့်နေခဲ့၏။

သုံးကြိမ်လှည့်ပတ်ပြီး သည်နှင့် အကြောအခြင်များ ပြေလျော့သွားကာ ပေါ့ပါး လန်းဆန်းလာသည်။

ဤသည်မှာ ကနဦး ခြင်ဆီသန့်စင်ခြင်း အဆင့် လက္ခဏာတစ်ရပ်ပေပင်။ များမကြာခင် ဘဏ္ဍာစိုးဟူချွမ့် ရောက်ရှိလာ၏။

မနက်စာအတွက် ပြင်ဆင်ထားသော လင်ဗန်းကို ကိုင်ဆောင်ကာ အပြုံးပန်းများဖြင့် တည်ခင်းပေးသည်။

“ ဆရာစု ... ဒါက သမားတော်ဝူ ကိုယ်တိုင်ပြင်ဆင်ပေးထားတဲ့ ဆေးဖက်ဝင် မနက်စာပဲ သုံးဆောင်ပါ။ ”

စုရီ ခေါင်းညိတ်လိုက်သည်။

“ ကျေးဇူးပြုပြီး ... ငါ့ကိုယ်စား သမားတော်ဝူကို ကျေးဇူးတင်စကား ပြောကြား ပေးပါ။ ”

စုရီက ဆေးဖက်ဝင် ဟင်းလျာကို တစ်ချက်ကြည့်ကာ တုန့်ပြန်သည်။ ၎င်းတွင် အဖိုးတန် ဆေးဖက်ဝင်အပင် အနည်းငယ် ပါဝင်သည်။ အလွန်သင့်လျော်ချေ၏။

“ ကောင်းပါပြီ ဆရာစု သုံးဆောင်ပါ။ ”

ဘဏ္ဍာစိုးဟူချွမ့်မှ ပြုံးပြီး လှည့်ထွက် သွားသည်။ မနက်စာ စားပြီးချိန်၌ ရင်းနှီးသော အသံကို ကြားလိုက်ရသည်။

“ အစ်ကိုစု၊ အကြီးအကဲဝမ်တျန်းယန်ဆီ အကြောင်းကြားဖို့ ... တစ်ယောက်ယောက်ကို ငါစေလွှတ်ထားပြီးပြီ ... သွားရအောင်။ ”

ဟွမ်ချမ့်ကျွယ်၏ အထိန်းအကွပ်မဲ့ လွန်းသော အသံသည် မနက်ခင်းကို ဆူညံသွား စေသည်။ ၎င်းမှ လေကိုရှူရှုက်လျက်၊

“ ငါ့နှာခေါင်းထဲ သွေးရနံ့တွေ ဘာလို့ ရနေတာလဲ။ ”

-ဟု ညည်းတွားတော့၏။

“ မနေ့ညက ငါတစ္ဆေဖမ်းနေတာ။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြောပြလိုက်သည်။

“ ငါနားလည်ပြီ။”

ဟွမ်ချမ့်ကျွယ်မှ ဆက်မမေးတော့ဘဲ ထိတ်လန့်စွာဖြင့် ခြံထဲမှ ထွက်ခွာသွား‌တော့၏။

“ အစ်ကိုစု မြန်မြန် ... ။ ”

ကြက်သွေးပုဂံ၊ မိုးမခသစ်ကိုင်းနှင့် မက်မွန်သစ်သားဓားတို့သည် ကြောက်မက်ဖွယ် သရဲတစ္ဆေ ပုံပြင်များကို ပြန်သတိရစေ၏။

ဟွမ်မိသားစုပိုင် ပန်းပဲရုံသည် ကွမ်လင်မြို့ အရှေ့ဘက်တွင် တည်ရှိသည်။ ပန်းပဲရုံအပြင်၌ တန်းစီစောင့်ဆိုင်းနေသည့် လူအုပ်ကြီးကို ဦးစွာမြင်ရ၏။

“ စီးပွားရေးကောင်းတယ်။ ”

စုရီက အံ့သြသွားသည်။

“ ဒီလိုပါပဲ ပန်းပဲလုပ်ငန်းက ငါတို့ရဲ့ အဓိကစီးပွားရေးပဲ ... ဒီရက်တွေမှာ အရင်ထက် ပိုကောင်းတယ် ... လဝက်နေရင် နဂါးတံခါး ဧည့်ခံပွဲရှိတယ် ဒါကြောင့် အရောင်း သွက်နေတာ။ ”

နဂါးတံခါးဧည့်ခံပွဲတွင် ကွမ်လင်မြို့နှင့် မြစ်တစ်ဘက်ကမ်းရှိ တိမ်တံခွန်မြို့မှ လူငယ် များစွာ ပါဝင်ကြသည်။

ကွမ်လင်မြို့သား တစ်ဦးသည်သာ ထိုဧည့်ခံပွဲ၌ ချန်ပီယံဖြစ်လာပါက တိမ်တံခွန် မြို့သခင်မှ ရွှေတစ်ထောင်၊ ဝိညာဉ်ရေးရာ ဆေးမြစ် (၃)ခု၊ ပုလဲဆယ်လုံး၊ အဝါရောင် နည်းစနစ်တစ်ခု ပေးအပ်ရပေမည်။

(အဝါရောင် နည်းစနစ်= မြေကြီး နည်းစနစ် = မူလတာအို နည်းစနစ်။)

ဆန့်ကျင်ဘက်အနေဖြင့် တိမ်တံခွန်မြို့မှ တစ်စုံတစ်ဦး အနိုင်ရသော် အလားတူ ပြန်လည် ပေးအပ်ရမည်။

“ ဆုကြေး မဆိုးဘူး။ ”

ဟွမ်ချမ့်ကျွယ်၏ အထက်ပါ ရှင်းပြချက်များကို ကြားပြီးနောက် စုရီက မှတ်ချက်ပေးလိုက်၏။ ဟွမ်ချမ့်ကျွယ်မှ ပြုံးသည်။

“ ဆုကြေးထက် ဂုဏ်သိက္ခာက ပိုတန်ဖိုးရှိပါတယ် နှစ်စဉ်နှစ်တိုင်း နဂါးတံခါး ဧည့်ခံပွဲမှာ အနိုင်ရသူက မြစ်ပြာဓားစံအိမ်ရဲ့ အတွင်းတပည့် ရာထူးပေးအပ်ခံရတယ်။ ”

စုရီမှ ခေါင်းညိတ် လိုက်လေသည်။ မြစ်ပြာဓားစံအိမ်တွင် သုံးနှစ်ကြာ ကျင့်ကြံခဲ့သူ တစ်ယောက်အနေဖြင့် ထိုအခွင့်အရေး မည်မျှ ကောင်းသည်ကို သိထား၏။

တိမ်မြစ်စီရင်စုရှိ (၁၉)ငယ်မြို့၌ ရှိသော လူငယ်များသည် မြစ်ပြာဓားစံအိမ် အတွင်းသို့ ဝင်ခွင့်ရရန် ရူးသွပ်ကြသည်။

အတွင်းတပည့်များသည် နဂါးများအလား ဝံ့ကြွားနိုင်ကြ၏။ ထိုစဉ်က သူသည်ပင် အတွင်း တပည့်ဖြစ်ရန် အရည်အချင်း ပြည့်မီခဲ့သည်။

ကံကြမ္မာကြောင့် အတိတ်ဘဝ မှတ်ဉာဏ်များ ပြန်လည်နိုးထကာ ကျင့်ကြံမှု ဆုံးရှုံးပြီး ထိုအခွင့်အရေးကို ဆုံးရှုံးခဲ့ရ၏။

“ အစ်ကိုစု ... အကြီးအကဲဝမ်က ဒေါသကြီးပြီး နည်းနည်းတော့ မောက်မာတယ်၊ အဖေတောင် သူ့ကို လေးလေးစားစား ...

... ဆက်ဆံရတယ် ... သူနဲ့ တွေ့တဲ့အခါ အဆင်မပြေတာတစ်ခုခု ရှိလာရင် ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ”

“ ကောင်းပြီ လမ်းပြပါ။ ”

စုရီမှ အကြီးအကဲဝမ် ဆိုသူကို စိတ်ဝင်စားမိ၏။ ခေါင်းဆောင်ဟွမ်ပင် လေးစား ရသူသည် မည်မျှ အရည်အချင်း ရှိမည်ကို မစောင့်နိုင်တော့ချေ။

ထိုစဉ် လူငယ်တစ်စု ပန်းပဲရုံရှေ့မှ လူအုပ်ကြီးကို တိုးဝှေ့ဖြတ်‌‌‌ကျော်လာသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဝမ်မိသားစု ခေါင်းဆောင်၏သား မျိုးဆက်သစ် ပါရမီရှင် လူငယ် ဝမ်ကျွယ်ယွမ် ဖြစ်ချေပြီ။

သူ့နောက်တွင် ဝမ်မိသားစု၏ အထက်တန်းစား လူငယ်များ လိုက်ပါလာ၏။ ဝမ်ရှောင်ပိုင်သည် ထိပ်ဆုံးမှ ဖြစ်သည်။

“ ဝိုး ... အသုံးမကျတဲ့ သမက်နဲ့ ... ကွမ်လင်ရဲ့ လူ့ပေါက်ပန်း အတူတူ ပေါင်းဖက်မိ နေတာလား။ ”

ဝမ်ကျွယ်ယွမ်မှ စုရီနှင့် ဟွမ်ချမ့်ကျွယ်ကို မြင်သောအခါ လှောင်ပြုံးဖြင့် မှတ်ချက်ပေးလာ တော့သည်။

***

All Chapters