ငါ့ကို မီးထိန်းပေး။
Vol. 3 Ch. 36
ဝမ်ကျွယ်ယွမ်သည် အသက် ကိုးနှစ်အရွယ်တွင် တိမ်ထင်းရှူး ဓားစံအိမ်သို့ ဝင်ရောက်ခဲ့ပြီး ဝမ်မိသားစု၏ စံပြတပည့် ဖြစ်လာခဲ့သည်။
ဆယ့်သုံးနှစ်တွင် မြစ်ပြာဓားစံအိမ်၏ ပြင်ပတပည့်ဖြစ်လာပြီး ဆယ့်ခုနစ်တွင် အတွင်း တပည့် ဖြစ်သွား၏။
လက်ရှိကျင့်ကြံမှု အဆင့်သည် သွေးသန့်စင်ခြင်း စတုတ္ထအဆင့် ဖြစ်သော အရိုးသန့်စင်မှု ဖြစ်သည်။
ဤအဆင့်သည် ကွမ်လင်မြို့ရှိ အဓိက အင်အားစုများအပေါ်ပင် ခြိမ်ခြောက်နိုင်စွမ်း ရှိ ချေ၏။
ထို့ကြောင့် ဤအရပ်ဒေသသည် ဟွမ်မိသားစုပိုင် ပန်းပဲရုံဖြစ်သော်လည်း သူ မကြောက်ချေ။
“ ဝမ်ကျွယ်ယွမ် မင်းက ဘယ်သူ့ကို စော်ကားလိုက်တာလို့ ထင်လဲ။ ”
ဟွမ်ချမ့်ကျွယ်မှ စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
“ ငါပြော ဘာမှားလို့လဲ မင်းက လူရမ်းကားတစ်ယောက်ဆိုတာ ကွမ်လင် တစ်မြို့လုံး သိနေတာလဲ ... စုရီကိုလည်း အသုံးမကျတဲ့ သမက်အဖြစ် မသိတဲ့လူ မရှိပါဘူး။ ”
“ မင်း ... ။ ”
ဟွမ်ချမ့်ကျွယ်က ဒေါသတကြီးဖြင့် တိုက်ခိုက်ရန် ပြင်၏။ သို့သော် ဝမ်ကျွယ်ယွမ်မှ လက်ကာပြပြီး၊
“ ဒီနေရာက ရန်ဖြစ်ရမယ့် နေရာ မဟုတ်ဘူး နဂါးတံခါးဧည့်ခံပွဲ ... နှစ်ပတ်အတွင်း စလိမ့်မယ် မင်းသတ္တိရှိရင် ပါဝင်ဖို့ စီစဉ်ထားပါ။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကြောင့် တန်းစီနေသော လူငယ်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန် တော့၏။ ဝမ်ကျွယ်ယွမ်သာ ပါဝင်သော် သူတို့အတွက် မျှော်လင့်ချက် မရှိနိုင်ချေ။
“ စိတ်ပျက်မနေနဲ့ ... ငါတို့က ကောင်းကောင်းလုပ်ဖို့ပဲ လိုတယ် ပထမနေရာနဲ့ ပတ်သက်ရင်တော့ ဝမ်ကျွယ်ယွမ်လို လူတွေပဲ ပြိုင်ဖို့ အရည်အချင်း ပြည့်မီတယ်။ ”
ကွမ်လင်မြို့ရှိ မျိုးဆက်သစ်လူငယ်များ ကြားတွင် ဝမ်ကျွယ်ယွမ်၏ အဆင့်အတန်းမှာ မည်မျှ မြင့်မားကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။
လူအုပ်ကြီးထံမှ ပြောဆိုသံကို နားထောင် ပြီးနောက် ဝမ်မိသားစု လူငယ်များမှာ ဂုဏ်ယူ ဝမ်းမြောက်ကုန်၏။
ထို့နောက် ဝမ်ကျွယ်ယွမ်က စုရီတို့နှစ်ဦးအပေါ် လျစ်လျူရှုကာ လှမ်းဝင်သွား တော့သည်။ ဤမြင်ကွင်းက ဟွမ်ချမ့်ကျွယ်ကို အံကြိတ်မိစေ၏။
“ အစ်ကိုရီ မင်းဒေါသ မထွက်ဘူးလား။ ”
တစ်ဆက်တည်းမှာပင် သူ့ဘေးရှိ တည်ငြိမ်နေသော စုရီထံ ပြန်လှည့်ကြည့်ကာ မေးလိုက်၏။
ဤစုရီသည် အင်မော်တယ်စံအိမ်တွင် သူ့လက်အောက် ငယ်သားများကို အနိုင်ယူခဲ့ ဖူးသည်။ ထို့ကြောင့် ၎င်းသတ်မှတ်သကဲ့သို့ အသုံးမကျသော သမက် မဟုတ်ချေ။
“ သူက လူထုရဲ့ အာရုံစိုက်မှုကို လိုချင်လို့ ဟစ်အော်နေတဲ့ ပုစဉ်းရင်ကွဲလေး တစ်ကောင်ပဲ ငါ့ကို စိတ်ဆိုးအောင် မလုပ်နိုင်ပါဘူး ... ။”
စုရီက ပြန်ဖြေ၏။ တစ်စုံတစ်ယောက်သည် သူ့အပေါ် အပြစ်ပြုသော် ကောင်းမွန်စွာ ပြီးဆုံး သွားမည် မဟုတ်ချေ။
ထို့နောက်တွင် ဟွမ်ချမ့်ကျွယ်က ပန်းပဲရုံအတွင်းသို့ ခေါ်ဆောင်သွားပြီး အဖိုးအို တစ်ဦးအနားတွင် ရပ်လိုက်သည်။
အဖိုးအိုသည် ဘဝတစ်လျှောက် ပန်းပဲမီးအပူရှိန်ကြောင့် ဆံပင်များ ကျဲပါးလျက် အသားအရေမှာ ကြေးနီရောင် ပြောင်းနေ၏။
“ ကလန် ... ကလန် ... ။ ”
၎င်းက ပေါင်တူကို လက်တစ်ဖက် တည်းဖြင့်ကိုင်ကာ ဓားတစ်လက်ကို ပေတုံးပေါ် တင်ထုနေသည်။ မီးပွားများ နေရာအနှံ့ ပြန့်ကျဲကုန်၏။
“ အကြီးအကဲဝမ် ... ဒါ ငါ့သူငယ်ချင်းပါ၊ မင်းငါ့ကို မျက်နှာသာပေးပြီး ... ဓားတစ်လက် သွန်းပေးနိုင်မလား။ ”
ဟွမ်ချမ့်ကျွယ်က ပြုံးလျက် လက်သီးကို လက်ဖဝါးဖြင့်ထိကပ်ကာ ယည်ယည်ကျေးကျေး တောင်းဆိုလိုက်သည်။
“ ကလန် ... ကလန် ... ။ ”
သို့သော် အဖိုးအိုက လှည့်မကြည့်ချေ။ လျစ်လျူရှုလျက် ပေါင်တူကို ဆက်လွှဲနေခဲ့၏။ သတ္တုရိုက်သံများ စည်းချက်ညီညီ ထွက်ပေါ်နေသည်။
သူ့ကို လျစ်လျူရှု ခံရသော်လည်း ဟွမ်ချမ့်ကျွယ်မှ စိတ်မဆိုးနိုင်ဘဲ၊
“ အစ်ကိုစု၊ အကြီးအကဲဝမ်က အမြဲတမ်း ဒီလိုပါပဲ နားလည်မှု မလွဲပါနဲ့။ ”
-ဟု လှည့်ကာ ရှင်းပြ၏။
“ သူ့ဓားကို အရင် ပြီးအောင်လုပ်ပါစေ ... ငါ့လက်နက်အတွက် ဘာတွေရှိလဲ လိုက်ကြည့် ရအောင် ... ။ ”
ဓားများကို သွန်းရာတွင် သဘာဝအားဖြင့် ရှားပါးအဖိုးတန်သော သတ္တုများနှင့် ပေါင်းစပ်ရ ချေပြီ။ ထို့ကြောင့် ပန်းပဲရု့များတွင် သတ္ထုစပ် ပစ္စည်းများ ပြတ်လပ်မှု မရှိချေ။
သို့သော် စုရီမှ လိုက်လံကြည့်ရှုပြီး နှုတ်ဆိတ်နေသဖြင့်၊
“ အစ်ကိုစု ... ဒီပန်းပဲရုံက ကွမ်လင်မြို့ရဲ့ အကောင်းဆုံး ပန်းပဲဖိုပဲ ... မင်း အကြိုက်မတွေ့ သေးရင် ငါတို့ တိမ်မြစ်စီရင်စု မြို့တော်ကို သွားရလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်၏။
“ အဆင်ပြေတယ် ငါ့ကို ... ရေခဲပြာ အလင်းသံ၊ ကြေးနီမှုန့်၊ သန့်စင်ပြီး နက်နဲသော ရေခဲရေစင် ... ပြီးတော့ ... ။ ”
စုရီက ပါဝင်ပစ္စည်းပေါင်း ဆယ်မျိုးကို ရွတ်ပြလိုက်၏။ အချို့မှာ တန်ဖိုးရှိသော်လည်း အချို့သည် သာမန် ဖြစ်သည်။
ထို့နောက် အစေခံအချို့ကို အမှာစာ အတိုင်းယူဆောင်လျက် အကြီးအကဲဝမ်ထံ ပေးပို့ စေလိုက်သည်။
နှစ်ယောက်သား အကြီးအကဲဝမ်ထံ ပြန်ရောက်ချိန်၌ ဝမ်တျန်းရန်မှာ ဓားသွန်းပြီး ဖြစ်သဖြင့် အနားယူနေပြီ ဖြစ်၏။
အစေခံတစ်ဦးက သူ့အနားတွင် ရပ်၍ လက်ဖက်ရည်ကြမ်း ငှဲ့ပေးနေသည်။ ၎င်းက သူတို့ကို မြင်သည်နှင့်၊
“ ဒီနေ့ ... ငါဓား ထပ်မလုပ်နိုင်တော့ဘူး၊ သုံးရက်နေရင် ပြန်လာပါ။ ”
-ဟု ပြောကြား လာတော့သည်။
ဟွမ်ချမ့်ကျွယ်ခမျာ မျက်နှာ ပျက်ယွင်းသွား၏။
“ အကြီးအကဲဝမ် အဖေက လိုအပ်တာမှန်သမျှ ... မင်းနဲ့ လုပ်ဆောင်ဖို့ မှာကြားလိုက်ပါတယ်။ ”
“ ဒါဆို မင်းအဖေကို ခေါ်လာပြီး ... ဆက်လုပ်ပါ ... မင်းသူငယ်ချင်းအတွက် ငါ့မှာ အချိန်မရှိဘူး။ ”
အကြီးအကဲဝမ်က ဂရုမစိုက်ဘဲ တုန့်ပြန်လာ၏။ ထိုအချိန်တွင် အစေခံတစ်စုက ဧရာမသေတ္တာကြီးတစ်လုံးကို ထမ်းပိုးလျက် ရောက်ရှိလာတော့သည်။
“ အကြီးအကဲဝမ် ... ဒီမှာ ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးပါပြီ။ ”
“ ဟမ့် ... မင်းတို့ကို ဘယ်သူက ယူလာခိုင်းလို့လဲ ... လွန်ခဲ့တဲ့ နှစ်ပတ်လုံးလုံး ပန်းပဲဖိုကလွဲပြီး ငါဘယ်မှ မသွားရသေးဘူး ...
... အခု ငါအနားယူဖို့လိုနေပြီ ... ရေနွေးစည်အပြည့်နဲ့ စားသောက်ဖွယ်တွေ ပြင်ဆင်ထားပါ။ ”
လက်ထဲမှ ရေနွေးခွက်ကို မြေပြင်ပေါ် ပစ်ပေါက်ကာ အကြီးအကဲဝမ် တစ်ယောက် ဒေါသ ထွက်သွားလေသည်။
သူကဲ့သို့ သန်မာသော ယောကျ်ားတစ်ယောက်သည် သီတင်းနှစ်ပတ် တိုင်အောင် စောင့်ထိန်းရခြင်းသည် များစွာ ခက်ခဲချေ၏။
ယင်းကို သတိထားမိလိုက်သော ဟွမ်ချမ့်ကျွယ်မှ အစ်ကိုစု ရည်ညွှန်ဖူးသော ညီလေးအပေါ် ဖြေလျော့နည်း သင်ပေးရန် စဉ်းစားလာမိ၏။
“ ငါ့ဓားကို တခြားသူနဲ့ မလုပ်ဘူး။ ”
ရုတ်တရက် စုရီမှ ဝင်ပြောလိုက်သည်။ အစေခံများသည် ပါဝင်ပစ္စည်းများ ပြန်သယ်ရန် ပြင်နေရာမှ ရပ်သွား၏။
“ အစ်ကိုစု၊ မင်းဓားကို မင်းကိုယ်တိုင် ဖန်တီးဖို့ ကြံစည်နေတာလား။ ”
ဟွမ်ချမ့်ကျွယ်သည်လည်း အတွေးများ ပြတ်တောက်သွားသည်။ အကြီးအကဲဝမ်မှ မျက်ခုံးပင့်ကြည့်၏။ စုရီက ခေါင်းညိတ်ပြ လိုက်သည်။
“ ဓားသမားတစ်ယောက်က သူ့ဓားကို သူကိုယ်တိုင်လုပ်သင့်တယ် ဒါမှသာ အဲဒီဓားက သူ့တာအိုကို အပြည့်အဝ နားလည်ပြီး ပေါင်းစပ်နိုင်မှာ။ ”
“ ဟား ... ဟား ... ဟား ... ။ ”
စုရီမှ အလေးအနက် ပြောကြား လိုက်သော်လည်း အကြီးအကဲဝမ်တျန်းရန်မှ အော်ဟစ်ရယ်မောလိုက်သည်။
နို့နံ့မစင်သေးသော ကောင်လေး တစ်ယောက်သည် သူ့ရှေ့တွင် ဓားတစ်လက် သွန်းရန် ကြံစည်နေချေ၏။ ရယ်စရာ ကောင်းချေပြီ။
“ အကြီးအကဲဝမ် ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ... ငါ့အစ်ကိုစုက ... ။ ”
ဟွမ်ချန့်ကျွယ်မှ ထိုအကြောင်းကို မည်သို့ရှင်းပြရမည်မှန်း မသိတော့သဖြင့် စကားထစ် သွားသည်။
“ ရှင်းပြနေစရာ မလိုပါဘူး ... သူက ငါ့အိမ်ထဲဝင်လာပြီး ငါ့ကိုစိန်ခေါ်နေတာ ဒါကို ခွင့်လွှတ်လိုက်ရင် ကွမ်လင်တစ်မြို့လုံး ဘာပြောကြမလဲ။ ”
ထို့နောက် မီးဖိုကိုညွှန်ပြပြီး၊
“ ငါ့မီးဖိုကို မင်းစိတ်ကြိုက်သုံးပါ ... လိုအပ်တာမှန်သမျှလည်း တောင်းဆိုပါ မင်းမှာ အရည်အချင်း ဘယ်လောက်ရှိလဲ ငါကြည့်မယ်။ ”
“ မီးထိန်းပေး။ ”
အကြီးအကဲဝမ် စကားမဆုံးခင် စုရီက တောင်းဆိုလိုက်သည်။ ဝမ်တျန်းရန် အပါအဝင် လူတိုင်း မှင်တတ်ကုန်တော့၏။
“ ဘာပြော လိုက်တယ်။ ”
“ ငါ့ကို မီးထိန်းပေး။ ”
“ မင်း ...။ ”
စုရီစကားက အကြီးအကဲဝမ်ကို စကားလုံးမဲ့သွားစေသည်။ လေထုမှာ ချက်ချင်း တင်းမာလာ၏။ အနားရှိ ပန်းပဲသခင်များပင် လှည့်ကြည့်လာသည်။
သူတို့မှ ဖြစ်စဉ်ကို မသိသော်လည်း အကြီးအကဲဝမ်နှင့် လူငယ်တစ်ယောက် ပြဿနာ တတ်နေမှန်းသိ၏။
“ မင်းက ကွမ်လင်မှာ အကောင်းဆုံး ပန်းပဲသခင်ပဲ ဒါကြောင့် သဘာဝအတိုင်း ငါ့ဓား အတွက် မီးထိန်းပေးဖို့ မင်းကိုလိုတယ်။ ”
စုရီက ပေါ့ပေါ့ပါးပါးပင် ရှင်းပြ တောင်းဆိုလိုက်သည်။ ဤသည်မှာ ကွမ်လင်မြို့ အကောင်းဆုံးသော ပန်းပဲသခင်ကို ဖိုဆွဲခိုင်းခြင်း မည်၏။ မည်သို့သော မောက်မှုမျိုးမည် သနည်း။
“ အကြီးအကဲဝမ် ... စိတ်မဆိုးပါနဲ့ ... ။ ”
ဟွမ်ချမ့်ကျွယ်က တောင်းပန်ရန် ကြိုးစားလိုက်သည်။ သို့သော် အကြီးအကဲဝမ်မှ ခွင့်မပြုချေ။
“ ဖယ်စမ်း ... ဒီအဘိုးကြီးက ဓားတွေကို သွန်းလုပ်နေတာ နှစ်ပေါင်း လေးဆယ်တိုင်နေပြီ ငါ့ကို ဒီလိုဘယ်သူက တောင်းဆိုဝံ့သလဲ ... ကောင်းပြီ ငါလုပ်မယ် ... တစ်ယောက်ယောက် လာစမ်း ... ။ ”
ထို့နောက် အကြီးအကဲဝမ်က ပန်းပဲရုံအတွင်း ဝေ့ကြည့်ကာ၊
“ သွား ... ပန်းပဲသခင်တွေ အကုန်လုံးကို အလုပ်တွေရပ်ပြီး ... ငါ့ဆီလာခိုင်းလိုက် ... ဒီမှာ အရိုင်းအစိုင်းလေး ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရအောင်။ ”
-ဟု အမိန့်ပေးလိုက်တော့သည်။
“ မကောင်းတော့ဘူး။ ”
ဟွမ်ချမ့်ကျွယ်က စိတ်ထဲမှ အော်ဟစ် လိုက်သည်။ ဤအခြေအနေအရ သူ့ဖခင်ကြီး ရောက်ရှိလာလျှင်ပင် အကြီးအကဲဝမ်ကို ထိန်းနိုင်တော့မည် မဟုတ်ချေ။
***
Book-3