← Chapters

အထွတ်အထိပ်ဧကရာဇ်

Vol. 83 Ch. 1641

အထွတ်အထိပ်ဧကရာဇ်

Vol. 83 Ch. 1641

“ဟင် ဟင်”

ရှီရှောင်မိုသည် သတိပြန်ဝင်လာကာ အားလုံး၏မျက်လုံးများမှာ ထူးဆန်း နေသည်ကိုမြင်ပြီးနောက် ရုတ်တရက်ပင် ရှက်သွေးဖြာသွားလေသည် “ဘာလို့ အဲလိုတွေစိုက်ကြည့်နေကြတာလဲ” ပြောရင်းနှင့်ပင် သူမသည် အပြစ်မကင်း သလိုခံစားရလေသည်။

“ဟွမ်အာ မင်း ခုကဘယ်လောက်ပဲမေးမေး မင်းစိတ်ထဲမှာ စိုးရိမ်မှုရှိနေ တုန်းပဲ၊ ငါတို့တွေ ဘာလို့မြန်မြန်မြန်မပြန်ရမှာလဲ၊ သူတို့ကိုမြင်ရင် အကုန် အဆင်ပြေသွားမှာပါ”

ရှီရှောင်မို ခေါင်းညိတ်လေသည် “အဲဒါပြေတာလေ၊ စိတ်မပူပါနဲ့ ဧကရီ ကျုပ်တို့တွေ ကျုံကျူးမြို့နဲ့ မြူခိုးမြို့ကို အာရုံစိုက်ထားပါတယ်၊ မင်းရဲ့အဘိုးနဲ့ တခြားသူတွေက ၃၃ ကောင်းကင်ဘုံကိုရောက်တုန်းက ကိစ္စတချို့ကြုံတွေ့ခဲ့ရ တယ်လို့ပြောတယ်၊ လျှို့ဝှက်မြေက အဲဒါကိုကူပြီး ဖြေရှင်းပေးခဲ့တာ၊ မြူခိုး လျှို့ဝှက်မြေအထွတ်အထိပ်သခင်က နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ်နေလာခဲ့ တာ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ကျုံကျိုးမြို့အတွက် ရှေ့ထွက်ခဲ့တယ်”

ပေထင်းဟွမ်သည် စိတ်ရင်းဖြင့်ပြောလေသည် “ဧကရာဇ်မို ဧကရာဖ်ဖုန်း ကျေးဇူးတင်ပါတယ်၊ ပြောရင်းနဲ့ ကျွန်မလည်း တရုတ်ပြည်ကလာတာပါပဲ...”

“ဘာ”

လုယောင်ဖုန်းနှင့် ရှီချန်းမိုတို့သည် ထိတ်လန့်တကြား ထရပ်ကာ ပေထင်းဟွမ်အား ဆွဲကိုင်လေသည် “မင်း မင်းကလည်း ဟွာရှားကလား၊ အခု ဟွာရှားက ဘယ်လိုနေလဲ”

မွေးရပ်မြေဖြစ်ရာ ထိုမျှဂရုစိုက်ကြသည်မှာ မဆန်းတော့ပေ။ ယခုကစပြီး သူမ မပြန်နိုင်မည်ကိုသာ စိုးရိမ်ခဲ့သည်။

“တရုတ်ပြည်မှာ အကုန်အဆင်ပြေပါတယ်” ပေထင်းဟွမ်ပြောလိုက် သည် “အရမ်းအားကောင်းတယ် ပေါများကြွယ်ဝတယ် အကုန်ကောင်းတယ်”

သူတို့လေးယောက်သည် သက်ပြင်းချပြီးနောက် တစ်ယောက်ပြီး တစ် ယောက်ပြောကြလေသည် “ကောင်းတယ် ကောင်းတယ်”

ဧကရာဇ်မိုနှင့် ဧကရာဇ်ဖုန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့် ကြလေသည် “နတ်မိစ္ဆာဧကရီက တရုတ်ပြည်မှာ ပြန်မွေးဖွားလိမ့်မယ်လို့ ထင် မထားဘူး၊ ဒါလည်း ကံတရားပဲလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေက ဧကရီရဲ့ မိသားစုတစ်စိတ်တစ်ပိုင်းဖြစ်သွားပြီ”

ဧကရာဇ်ဖုန်း ခေါင်းညိတ်ပြီး ယန်ယဲ့အားပြောလေသည် “နတ်မိစ္ဆာ ဧကရာဇ် ဒီလိုဆိုမှတော့ ကျုပ်တို့တွေ မင်းနဲ့ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကြားက ကိစ္စကို ဝင်ပါရင်သင့်တောမလား၊ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ ဟွာရှားလူတွေ က ဘယ်သွားသွား သူများအနိုင်ကျင့်တာကိုမခံဘူး၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ် က ကျုပ်တို့ဟွာရှားလူတွေကို အနိုင်ကျင့်တယ်၊ ကျုပ်တို့က အကြွေးဆပ်ဖို့ ကျန်သေးတယ်”

ပေထင်းဟွမ်သည် ချဉ်လာသည်။ လုယောင်ဖုန်းနှင့် ရှီချန်းမိုတို့ သူမအပေါ်ထားသည့် မေတ္တာသည် ပတ္တမြားကမ္ဘာမှလူများနှင့် ကွဲပြားသည်။

သူတို့သည် နိုင်ငံတစ်ခုတည်းမှာ ယဉ်ကျေးမှုလွှမ်းမိုးခြင်းကို လက်ခံရရှိ ကာ ယန်းတဲ့မြစ်နှင့်မြစ်ဝါရေတို့ကိုသောက်ခဲ့ကြသည်။ ယခုအခါ သူတို့ တခြား ကမ္ဘာသို့ရောက်ချိန်တွင် သူတို့သည် တရုတ်လူမျိုးများဖြစ်သည်ကို မမေ့ခဲ့ကြ ပေ။ တစ်ယောက်နှင့်တစ်ယောက်၏ သွေးနှင့်ဝိညာဉ်ထဲတွင် တူညီသော ယုံကြည်မှုအမြစ်တွယ်ခဲ့ကြသည်။

ယန်ယဲ့သည်လည်း အံ့ဩမိသည်။ တရုတ်နိုင်ငံအကြောင်းကိုလည်း သိချင်စိတ်ဖြစ်မိသည်။

သူသည် အလွန်ပင် သတ္တိရဲသူဖြစ်သည်။ သူသည် လက်မြှောက်ကာ ဧကရာဇ်မိုနှင့် ဧကရာဇ်ဖုန်းတို့၏နဖူးပေါ်သို့ လက်တင်လိုက်သည်။ အနက် ရောင်အလင်းတန်းလက်သွားပြီး သူတို့နှစ်ယောက်သည်လည်း ခုခံခြင်းမရှိကြ ပေ။ ဤကဲ့သို့ ယန်ယဲ့အပေါ်ယုံကြည်မှုသည် သူတို့နှစ်ယောက်နှင့် မိတ်ဆွေ ဖွဲ့ရန် သူ့ကို စိတ်ပိုင်းပြတ်သားစေသည်။

စူးမိုနှင့် လုဟန်ရှောင်တို့သည် အလွန်စိုးရိမ်လျက်ရှိသည်။ ဧကရာဇ်မိုနှင့် ဧကရာဇ်ဖုန်းတို့သည် သူတို့အား လက်ခါပြလေသည်။ ထိုအချိန်တွင် သူတို့နှစ် ယောက်၏အသိစိတ်ပင်လယ်ထဲတွင် အလင်းတန်းလက်လာသည်။ အလင်းတန်းပေါ်တွင် အမည်းရောင်စကားလုံးများကို ထူထဲစွာရေးဆွဲထား သည်။ ၎င်းသည် 'ကျင့်ကြံခြင်း မှော်စက္ကူလိပ်' လေ့ကျင့်ခန်းများဖြစ်နေသည်။

“ပတ္တမြားကမ္ဘာက ဖန်ဆင်းရေးနတ်ဘုရား သုံးယောက်ကြားက နာကြည်းချက်တွေကြောင့် အခု ဝိညာဉ်ကျင့်ကြံမှုနဲ့ နတ်မိစ္ဆာကျင့်ကြံမှုတွေက တမျိုးတမည်ဖြစ်နေကြတာ” နတ်မိစ္ဆာဧကရာဇ်သည် သူတို့နှစ်ယောက်အား ရှင်းပြလေသည် “ဝိညာဉ်ကျင့်ကြံသူတွေက အဆင့်တက်ချင်ရင် မှော်အရင်းအမြစ်ကျောက်တုံးရဲ့ စွမ်းအားကို ငှားရတယ်၊ အဲဒါကြောင့်ပဲ ဖန်ဆင်းရေးကမ္ဘာရဲ့ အစပိုင်းမှာ ကျင့်ကြံရေးပတ်ဝန်းကျင်ဖြစ်စေတာ၊ ဒါပေမဲ့ မှော်ကျင့်ကြံသူက အဆင့်တက်ဖို့ ဝိညာဉ်စွမ်းအားကို ငှားဖို့မလိုဘူး၊ ဧကရာဇ် နှစ်ယောက်က အထွတ်အထိပ်ထိပ်ဆုံးအဆင့်ပဲ၊ နောက်ထပ် ထပ်သါားမယ်ဆို ရင် နတ်မိစ္ဆာကျင့်ကြံမှုရှိမယ်၊ ဝိညာဉ်စွမ်းအားနဲ့ ရွှေအူတိုင်မှော်စွမ်းအားနှစ်ခု ကိုပေါင်းစပ်ပြီး ဝိညာဉ်အူတိုင်အဖြစ် ရောမွှေလိုက်ရင် မင်းတို့နှစ်ယောက် နားလည်ထားတာနဲ့ဆို အဲဒီအဆင့်ကို အလွယ်တကူရောက်နိုင်တယ်”

ဧကရာဇ်အထွတ်အထိပ်။

သိပြီ

ဧကရာဇ်မိုနှင့် ဧကရာဇ်မိုတို့သည် နှစ်ပေါင်းများစွာ လိုက်နေခဲ့ကြသည်။ ထိုအတွက် အကြောင်းအရင်းတချို့ရှိလိမ့်မည်ဟု သူတို့အားလုံးသိကြသည်။ သို့သော် ဖြစ်နိုင်ခြေရှိသည့်အရာများအားလုံးကို စဉ်းစားပြီးနောက်တွင်လည်း ရှာမတွေ့ခဲ့ကြပေ။ ပြဿနာသည် ဤနေရာတွင်ရှိလိမ့်မည်ဟု ထင်မထားပေ။

All Chapters