← Chapters

တပ်တစ်သောင်း

Vol. 83 Ch. 1642

တပ်တစ်သောင်း

Vol. 83 Ch. 1642

ထိုအချိန်က လုဟန်ရှောင်ပင်လျှင် သက်ပြင်းချလေသည် “ပြောဖို့တော့ တကယ်ရိုးရှင်းပါတယ်၊ ထိုင်ချီကို ပုံစံနှစ်မျိုးခွဲခြားထားတယ်၊ ပုံစံနှစ်မျိုးကို ပေါင်းပြီး ထိုက်ချီဖြစ်လာတာ၊ ကျုပ်တို့တွေက ရှေ့ကိုပဲသွားခဲ့ကြတာ ကျုပ်တို့ အားစိုက်မှုတွေက ဦးတည်ရာမှန်ရဲ့လားဆိုတာ ရပ်ပြီး စဉ်းစားဖို့ကိုမေ့နေခဲ့တာ”

ဧကရာဇ်ဖုန်းသည် ကွေ့ရှို့ မိုယွိသို့လာခဲ့သည့် ထိုအချိန်က ဧကရာဇ် အထွတ်အထိပ်ဘုံသည် မည်သို့ဖြစ်သည်ကို ဧကရာဇ်မိုနှင့် ဆွေးနွေးချင်ခဲ့ သည်။

ဧကရာဇ်မိုနှင့် ဧကရာဇ်ဖုန်းတို့နှစ်ယောက်လုံးသည် နတ်မိစ္ဆာဧကရာဇ်ကို ကျေးဇူးတင်ကြလေသည်။ သို့သော် ကျေးဇူးတင်စကားကိုတော့ မပြောခဲ့ကြ ပေ။ သူတို့နှစ်ယောက်လုံးသည် အချိန်ကျလာလျှင်တော့ ကူညီမည်ဟု စိတ်ပိုင်း ဖြတ်ခဲ့ကြသည်။

သူတို့နှစ်ယောက်လုံး၏ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာ၍သာဖြစ်လေ သည်။ ဤလူငယ်သည်... လွန်ခဲ့သည့်နှစ်တစ်သောင်းကပင် နတ်မိစ္ဆာဧကရာဇ် ဖြစ်ခဲ့ကာ သူကဲ့သို့လူမျိုးသည် နှစ်တစ်သောင်းကြာပြီးသည့်တိုင် ခွန်အား တိုးတက်ရန် မဖြစ်နိုင်ပေ။

ဧကရာဇ်ဖုန်းသည် လေ့ကျင့်ရန်ပြန်ချင်ကာ ဧကရာဇ်မိုသည်လည်း တံခါး ပိတ်ကျင့်ကြံချင်သည်။ ယန်ယဲ့နှင့် ပေထင်းဧွမ် ထွက်သွားသောအခါ ဧကရာဇ် ဖုန်းသည် ဧကရာဇ်မိုကိုပါ တစ်ပါတည်း နှုတ်ဆက်လေသည်။ လင်မယားနှစ် ယောက်သည် ဆိုးသွမ်းသော လုပေးပေးနှင့် လုဟန်ဟန်တို့ကိုခေါ်ကာ ရှောင်ဖုန်းထျန်းယွိသို့ပြန်ကြလေသည်။

ရှီရှောင်မိုသည် ပေထင်းဟွမ်နောက်လိုက်ရန် ခေါင်းမာနေကာ လုပေးပေးနှင့် လုဟန်ဟန်တို့လည်း ပေထင်းဟွမ်နောက် ငိုယိုပြီးလိုက်ကြလေ သည် “ငါ မမဟွမ်ဆီသွားမယ် အစ်ကိုကြီးယဲ့ရဲ့ သားဖြစ်ချင်တာ”

လင်မယားနှစ်ယောက်လုံးသည် နဖူးမှ ချွေးအေးများကိုသုတ်ရတော့ သည်။ ဒါနဲ့ ဒီကလေးနှစ်ယောက် အစ်ကိုယဲ့လို့ခေါ်လို့ဖြစ်ရဲ့လား။

နတ်မိစ္ဆာဧကရာဇ်ဟောင်းယန်ယဲ့သည် ရှောင်ဖုန်းထျန်းယွိနှင့် ကွေ့ရှို မိုယွိတို့ဆီမှ အကူအညီမလိုပေ။ သူသည် ဇနီးဖြစ်သူအား မြတ်နိုးသဖြင့် သူတို့ အား အနည်းငယ်ထောက်ပြခြင်းသာဖြစ်သည်။

ဧကရာဇ်ဖုန်းသည် သားနှစ်ယောက်အား ဆုံးမတော့မည်အပြုတွင် ယန်ယဲ့သည် ကျယ်လောင်စွာရယ်မောပြီး လက်မြှောက်ကာ ကလေးနှစ်ယောက်အားချီလိုက်သည် “ဟုတ်ပြီ ယောက်ျားဆိုတာ ပြောထားတဲ့ အတိုင်းလုပ်ရတယ်၊ မင်းတို့က ငါ့သားဖြစ်ချင်မှတော့ ငါ့သားဖြစ်ရမှာပေါ့”

ထိုအရာကိုကြည့်ပြီး ဧကရာဇ်ဖုန်းနှင့်ဇနီးဖြစ်သူသည် စိတ်သက်သာရာရ စွာဖြင့် သက်ပြင်းချလိုက်သည်။ ယန်ယဲ့သည် သားနှစ်ယောက်အား ဝိညာဉ် လက်နက်ပျံသို့ ပစ်တင်လိုက်သည်။ လုယောင်ဖုန်းသည် လှည့်ပြီး စုံတွဲအား လက်ပြလေသည် “ဧကရာဇ်ဖုန်း အဆင့်တက်သွားရင် ယန်ယဲ့ဆီလာခဲ့ပါ ယန်းမိုထျန်မျိုးနွယ်က အဲဒီမှာရှိတယ်၊ ယန်းမိုထျန်းမျိုးနွယ်က အရှင်နှစ်ပါး လာလည်တာကိုစောင့်နေမယ်”

၎င်းသည် တရားဝင်ဖိတ်ကြားခြင်းဖြစ်သည်။

လုယောင်ဖုန်းသည် သေချာပေါက်လက်ခံသည် “ဟုတ်ပါပြီ ဒါဆိုရင် ဧကရာဇ်က တပ်တစ်သိန်းယူပြီး လာကူညီပါမယ်”

“ကျေးဇူးတင်ပါတယ်”

“ကြိုဆိုလျက်ပါ”

အပြန်လမ်းတွင် လုဟန်ရှောင်သည် ပြုံးပြီး လုယောင်ဖုန်းအားမေးလေ သည် “အစ်ကို ၃၊ အဲနှစ်ယောက်က အစ်ကို့ရဲ့ တပ်တစ်သိန်းကို တစ်ခါတည်း ပို့ ခိုင်းလိုက်တာ စိတ်မကောင်းမဖြစ်ဘူးလား”

လုယောင်ဖုန်းသည် လက်မြှောက်ကာ လုဟန်ရှောင်၏ခါးကို သိုင်းဖက် လိုက်သည်။ သူမသည် ၇ နှစ်အရွယ်ကတည်းကပင် သူ၏မိန်းကလေးဖြစ်ခဲ့ သည်။ နှစ်ပေါင်းများစွာအတွင်းတွင် သူမနှင့်ရှိနေရသည်ကို တစ်ခါမှ ငြီးငွေ့ဖူး ခြင်းမရှိခဲ့ပေ။ “နတ်မိစ္ဆာဧကရာဇ်က အဲကလေးတွေကို ခေါ်သွားကြည့်ပေးမှာ လေ၊ သူ အဲဒီနှစ်ယောက်ကိုလိုချင်ရင် ပေးလိုက်တာပေါ့၊ ကိုယ်တို့က နောက် တစ်ယောက်ထပ်မွေးရင်ရတာပဲ၊ ဒီတစ်ခါ သားမမွေးဘဲ သမီးမွေးရအောင်”

သားဆိုလျှင် ပင်ပန်းလှချေပြီ။ သူ့တွင် သားသုံးယောက်ရှိသည်။ အကြီးဆုံးသားသာ ရှောင်ဖုန်းထျန်းယွိအား နှစ်ပေါင်းများစွာ စီမံပေးခြင်း ကြောင့်သာမဟုတ်လျှင် သူ့ကို နှစ်ခြိုက်မိမည်မဟုတ်ပေ။

“အိုး...” လုဟန်ရှောင်သည် စကားပြောချင်သော်လည်း ခင်ပွန်းဖြစ်သူမှ ပိတ်ပင်လိုက်သည်။ သူမသည် သူ့အား တွန်းပစ်ချင်သော်လည်း သူမကို လှဲချ လိုက်ပြီဖြစ်သည်။ ရထားလုံးသည် ရှေ့ဆက်နေသည်။ လမ်းသည် မညီညာ၍ လား လုယောင်ဖုန်းသည် သန်မာ၍လားမသိပေ။

နတ်မိစ္ဆာဧကရာဇ်နှင့် ဇနီးဖြစ်သူတို့နှင့်အတူ သမီးသည် ပြေးထွက်သွား ရာ စူးမိုသည် သမီးဖြစ်သူ၏အတွေးများကို မြင်သည်။ သူမ ပင်မတိုက်ကြီးမှ ပြန်လာကတည်းကပင် ကျိုးကျူမြို့အား မည်မျှသွားနေသည်မသိပေ။ ထိုနေရာ သို့သွားခြင်းသည်လည်း ကောင်းသည်။ မိန်းကလေးတချို့သည် သွက်လက်လာ ကြသည်။

All Chapters