ကလေးမွေးစားခြင်း
Vol. 83 Ch. 1643
စူးမိုသည် ခင်ပွန်းဖြစ်သူ ဒေါသထွက်မည်ကို အနည်းငယ်စိုးရိမ်သဖြင့် လက်ပိုက်ကာ ရှီချန်းမို၏ပခုံးပေါ်သို့ ခေါင်းမှီလိုက်သည် “အစ်ကို အဲတုန်းက ကျွန်မတို့ခေါ်လာခဲ့တဲ့ မြွေခွေးလေးက ရှောင်မိုနဲ့ အဲလိုမျိုးကံတရားရှိတာကို သိရတော့ နောင်တရလား”
ရှီချန်းမိုသည် သမီးဖြစ်သူအား စဉ်းစားလိုက်ရာ လင်မယားနှစ်ယောက် လုံးသည် တစ်စိတ်တည်းတစ်ဝမ်းတည်းပင် “နောင်တမရပါဘူး၊ မင်းနဲ့ ကိုယ် တို့နှစ်ယောက်လုံးက ကျင့်ကြံသူတွေပဲ၊ အကုန်လုံးက နတ်ဘုရားရဲ့ဆန္ဒ အတိုင်းဖြစ်နေကြတာ၊ အဲဒါလမ်းမှန်ပဲ၊ မင်းက ရှောင်မိုကိုပြောချင်တာသိတယ် ပေထင်းဟွမ်ရဲ့အစ်ကိုကြီးကလည်း လူကောင်းပါပဲ၊ သူက ဒီနေ့ ကျုံကျူးမြို့ အတွက် ဂုဏ်သရေအများကြီး ဖြန့်ကျက်ပေးခဲ့တာ၊ နတ်မိစ္ဆာဧကရီအကြောင်း သိသလောက်ဆိုရင် သူမက ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကိုပဲ ရှင်းထုတ်ပြီး သူမ ရဲ့မိဘတွေအတွက် လက်စားချေချင်တယ်၊ ပြီးတော့ လွန်ခဲ့တဲ့နှစ်တစ်သောင်း ကအကြွေးကိုရှင်းမယ်၊ နောက်ဆိုရင် ကျုံကျူးမြို့က ပင်မတိုက်ကြီဂကလူတွေ နေထိုင်ရာနေရာဖြစ်လာမယ်”
“အစ်ကို၊ ဘာကိုဆိုလိုတာလဲ၊ ဒါဆို ကျွန်မတို့ရှောင်မို အိမ်ထောင်ကျရင် အခြေကျဖို့ နေရာမရှိမှာကို စိုးရိမ်ဖို့မလိုဘူးလား” စူးမိုသည် ရယ်မိသည်။ ခင်ပွန်းဖြစ်သူသည် ဉာဏ်ထက်ပြီး အားကောင်းသည်။ ကလေးများရလာလျှင် သူသည် သာမန်မိဘသာဖြစ်လိမ့်မည်။ သူသည် နေ့စဉ်အိမ်မှုကိစ္စများကို ကူညီ ပေးလိမ့်မည်။
ရှီချန်းမိုသည် ကျယ်လောင်စွာရယ်မောကာ လက်ဆန့်ထုတ်ပြီး စူးမို၏ နှာတံကိုပွတ်သပ်ကာ သူမ၏နှုတ်ခမ်းထောင့်လေးကို ထပ်မံအနမ်းခြွေကာ မေးစေ့ကိုဆိတ်ပြီး နားထဲသို့ လေသံဖြင့်ပြောလေသည် “ခင်ပွန်းက မနက်ဖြန် တံခါးပိတ်ကျင့်ကြံတော့မှာ ဒီနေ့ညရလား၊ ပြီးခဲ့တဲ့တစ်ခေါက်က ကိုယ်ပြောတဲ့ ပုံစံ...”
စူးမိုသည် ရှက်သွေးဖြာသွားကာ ခြေထောက်ဆောင့်လေသည် “အရှက်လည်းမရှိဘူး”
သူမ၏ကံတရားသည် ဝမ်းနည်းစရာကောင်းလိမ့်မည်ဟု ရှီရှောင်မို ထင်မထားပေ။ သူမသည် ဆင်ခြေတစ်ခုပေးပြီး ချစ်သူကိုသွားတွေ့ရန်ထွက် လာခဲ့သော်လည်း နတ်မိစ္ဆာဧကရာဇ်၏ဖမ်းဆီးခြင်းကိုခံခဲ့ကာ ဧကရာဇ်ဖုန်း၏ သားနှစ်ယောက်ကိုခေါ်ခဲ့ရန် ခိုင်းစေခံရလေသည် “မင်း သဘောတူရင် ငါ့ရဲ့ ဝိညာဉ်လက်နက်ပျံကို မင်းကိုပေးမယ်”
ထိုလက်နက်ပျံသည် ဆွဲဆာင်မှုရှိလွန်းသည်။ ၎င်းသည် ခရီးသွားလာရေး အတွက် ပစ္စည်းကောင်းတစ်ခုဖြစ်သည်။ ရှီရှောင်မိုသည် ဆွဲဆောင်ခံရ၍မဖြစ် ပေ။ ထိုကလေးနှစ်ယောက်ကို သူမ ကိုင်တွယ်နိုင်မည်လား။
နတ်မိစ္ဆာဧကရာဇ်သည် သူမ၏စိတ်ထဲမှ ရုန်းကန်မှုများကို မြင်ရဟန်တူ သည် “မင်း သူတို့ကို ကျုံကျူးမို့ကို ခေါ်သွားပေးရုံပဲ၊ ဟွမ်အာနဲ့ငါက ယန်းမိုထျန်းမျိုးနွယ်ကိုသွားကြမှာ၊ ငါတို့တွေ မကြာခင် ကျုံကျူးမြို့ကို မကြာခင်လာခဲ့မယ်၊ မင်း သူတို့ကို ကျုံကျူးမြို့ကို ခေါ်မသွားနိုင်မှာကို ကြောက်နေတာလား”
ထို့အပြင် ၃၃ ကောင်းကင်ဘုံတွင် လုပေးပေးနှင့် လုဟန်ဟန်တို့၏ သရုပ်မှန်ကို မသိသူမရှိပေ။ ရှီရှောင်မိုနှင့် သူတို့သည် ၃၃ ကောင်းကင်ဘုံတစ်ခု လုံးတွင် အဆင့်အတ်းအမြင့်ဆုံး ဒုတိယမျိုးဆက်များဖြစ်နိုင်သည်။ မသေချင် သရွေ့ သန်မာသော ဒုတိယမျိုးဆက်ကို မည်သူက ရန်စရဲမည်နည်း။
ပေထင်းဟွမ်သည် စိုးရိမ်မိလေသည် “ယန်ယဲ့ ဒီကလေးတွေကို ခေါ်လာတာ၊ တစ်ခုခုဖြစ်ရင် ဧကရာဇ်ဖုန်းနဲ့ တခြားသူတွေကို ဘယ်လိုရှင်းပြ မှာလဲ”
“ဟုတ်တယ် ဟုတ်တယ်” ရှီရှောင်မိုသည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလေသည် “ကျွန်မကို အချိန်မရွေး ဝိညာဉ်လက်နက်ပျံ ပေးလို့ရ နေတာပဲ၊ အလောမကြီးပါဘူး”
ယန်ယဲ့သည် ကြံကြံဖန်ဖန်စိတ်ကူးမိခြင်းပင်။ နှစ်ပေါင်းများစွာအတွင်း တွင် သူသည် ပေထင်းဟွမ်နှင့် ပြန်လည်ဆုံတွေ့ရန် မျှော်လင့်ခဲ့ရုံသာမက ပေထင်းဟွမ် သူ့အား ဆည်းလည်းလေးတွေ မည်သို့မွေးပေးမည်ကိုပင် မရေမတွက်နိုင်အောင် စိတ်ကူးခဲ့သည်။ သူသည် လုယောင်ဖုန်း၏ ကလေးနှစ် ယောက်ကိုမြင်သောအခါ ရင်ထဲထိမိလေသည်။ ထို့နောက် သူတို့နှင့် ကစားရန် အကြံရခဲ့သည်။ သူ မှားယွင်းသွားလေခြင်းသာ။ ကလေးများသည် သားရဲမဟုတ်သော်လည်း ပျော်ဖို့နေနေသာသာ စိတ်ရှုပ်ရ၍သေသွားနိုင်သည်။
ထိုအခိုက်တွင် ယန်ယဲ့သည် လုယောင်ဖုန်း သားကိုပြန်ခေါ်ချင်ရသည့် အကြောင်းအရင်းကို နားလည်သွားချေပြီ။ သို့သော် လုယောင်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိ သဘောတူခဲ့သည်။ သူသာဆိုလျှင်လည်း ထိုသို့လုပ်မည်ပင်။
ယန်ယဲ့သည် ခေတ္တမျှကြောက်မိသည်။ ရှီရှောင်မိုနှင့် ပြဿနာအိုးလေး နှစ်ကောင်အား နှင်ထုတ်ပြီးနောက် ပေထင်းဟွမ်၏လက်ကောက်ဝတ်ကို တိတ်တိတ်လေးကိုင်ကာ သွေးကြောစမ်းလိုက်သည်။ ပေထင်းဟွမ် ကိုယ်ဝန် လွယ်ထားခြင်းမရှိသေးသည်ကို ကြည့်ပြီးစိတ်ထဲတွင် ပီတိဖြစ်မိလေသည်။
ယန်းမိုထျန်မျိုးနွယ်သည် ၃၃ ကောင်းကင်ဘုံတစ်ခုလုံး၏ အလယ်တွင် ပထဝီမြေအနေအထား အကောင်းဆုံးနေရာကို သိမ်းပိုက်ထားသည်။