ယန်းမိုထျန်းမျိုးနွယ်
Vol. 83 Ch. 1644
နယ်နမိတ်ကိုကျော်ဖြတ် ဖြတ်သန်းပြီးနောက် စိမ်းလန်းစိုပြေသော မြင်ကွင်းဖြစ်သင့်သော်လည်း ဗလာကျင်းကာ ခြောက်သွေ့ပျက်စီးနေသည်။
ယန်ယဲ့၏မျက်ခုံးနှင့်မျက်လုံးများသည် ကျွံဝင်သွားသည်ကို ပေထင်းဟွမ် ခံစားမိသည်။ သူမ၏ရင်ထဲတွင် အပြစ်မကင်းသည့်အာရုံများ မြင့်တက်လာခဲ့ သည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက ကိစ္စကြောင့်သာမဟုတ်လျှင် ယန်ယဲ့ သည် မည်သို့ပင်ဖြစ်စေကာမူ ယန်းမျိုထျန်းမျိုးနွယ်ကို ထွက်သွားမည်မဟုတ် ပေ။ သူမ ယနေ့ ဘာကြောင့် ဤနေရာသို့ရောက်လာသနည်း။ အဖြစ်ဆိုးကို ပြန်တွေးရအောင်လား။
ပေထင်းဟွမ်သည် သူမကိုယ်သူမ အပြစ်တင်နေသည်။ ယန်ယဲ့သည် သူမ၏ လက်ကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည် “စိတ်မပူပါနဲ့ ကိုယ်ပြန်လာမှ တော့ နှစ်တစ်ရာအတွင်းမှာ ဒီနေရာက အရင်အတိုင်း ကြွယ်ဝလာမှာပါ၊ ပြီးတော့ ကိုယ်တို့သားကို အပ်လိုက်ကြမယ်လေ၊ အေးချမ်းပြီး ကြွယ်ဝတဲ့ကမ္ဘာ က အခု ယန်းမိုထျန်းမျိုးနွယ်လိုမျိုး မဖြစ်စေရဘူး”
ပေထင်းဟွမ်သည် 'ကိုယ်တို့သား' ဆိုသည့်စကားကိုကြားသောအခါ အနည်းငယ် ရှက်ရွံ့မိသည်။ သို့သော် ဤအခိုက်အတန့်တွင် ယန်ယဲ့၏ မသက်မသာခံစားချက်ကို တွေးမိသဖြင့် သူမသည် တိုးညင်းစွာတုံ့ပြန်လိုက် သည်။ သူတို့သည် လင်မယားအရာမြောက်ပြီဖြစ်ရာ အနှေးနှင့်အမြန် ထိုကိစ္စ များရှိလာလိမ့်မည်။ ယန်ယဲ့သည် သားသမီးများအတွက် နိုင်ငံထူထောင်ပေးပြီး အနာဂတ်တွင် တာဝန်ကျေပွန်သော ဖခင်ဖြစ်လိမ့်မည်။
ယန်ယဲ့သည် အနာဂတ်တွင် သားသမီးများ၏ဖခင်ဖြစ်လာမည်ကို တွေး ပြီး ပေထင်းဟွမ်သည် မျက်နှာတွင် အပူများတက်လာခဲ့သည်။
ထိုအချိန်တွင် သူတို့ရှေ့၌ လူအုပ်ကြီးတစ်ခုရှီနေကာ ခေါင်းဆောင်လာ သောလူကို ရင်းနှီးသလိုရှိလေသည်။ အနီးကပ်ကြည့်လိုက်သောအခါ ၎င်းသည် ယန်းမိုထျန်းမျိုးနွယ်၏ နဂါးနက် လက်ယာတမန်တော်ဖြစ်သည်ကို ပေထင်းဟွမ် သိလိုက်သည်။
တစ်ဖက်လူသည်လည်း သူမကို ကြည့်နေသည်။ သို့သော် သူ၏မျက်နှာ မှာ သူမအား မနှစ်သက်သကဲ့သို့ မသာမယာရှိလှသည်။
ပေထင်းဟွမ်သည် မသိမသာပြုံးမိသည်။ သူမသာ နဂါးနက်ဆိုပါက သူမ ကိုကြည့်ချင်မည်မဟုတ်ပေ။ သို့သော် ၎င်းကိုပေထင်းဟွမ် လက်မခံနိုင်သည်မှာ ထင်ရှားသည်။
“လက်အောက်ငယ်သားက နတ်မိစ္ဆာဧကရာဇ်အရှင်နဲ့.... နတ်မိစ္ဆာဧကရီ အရှင်မတို့ကို ကြိုဆိုဖို့စောင့်နေတာပါ”
ခေတ္တမျှ စကားရပ်သွားပြီး နဂါးနက်သည် ပေထင်းဟွမ်အား အတူတကွ နှုတ်ဆက်လေသည်။
ဤနေရာသို့လာကြသောလူများသည် ထိုအချိန်က ယန်ယဲ့နောက်သို့ လိုက်ခဲ့ကြသော်လူများဖြစ်ကြသည်။ လူအများသည် နှစ်ပေါင်း တစ်သိန်း အတွင်းတွင် ကျဆုံးခဲ့ကာ နဂါးနက်သည် လူသစ်များစုဆောင်းခဲ့သည်။ ထိုလူ အများစုသည် ယန်ယဲ့အပေါ် သစ္စာရှိခြင်းမဟုတ်ဘဲ နဂါးနက်ကို သစ္စာရှိခြင်း ဖြစ်သည်။
သို့သော် ယန်ယဲ့၏ နက်နဲလှသည့်ခွန်အားကိုခံစားမိပြီး သာမန်နဂါးနက် များသည် ယန်ယဲ့အား သစ္စာရှိရန် မရေမတွက်နိုင်အောင် ပြောကြသည်။ ထိုလူများသည် ယန်ယဲ့အတွက် မစိမ်းလျှပေ။ သူတို့ ယန်ယဲ့ကိုမြင်သည်နှင့် နောက်မှလိုက်ပြီးသစ္စာရှိလိုစိတ်ရှိကြသ်ည။
ယန်ယဲ့ ယန်းမိုထျန်းမျိုးနွယ်သို့ ပြန်လာသည်မှာ ကိစ္စများကို ကိုင်တွယ် ရန်ဖြစ်ကြောင်း ပေထင်းဟွမ်ပြောနိုင်သည်။ သူမ ကျုံကျိုးမြို့သို့ အရင်ပြန်နှင့် မည်ဟု ယန်ယဲ့အားပြောတော့မည်အပြုတွင် နဂါးနက်ပြောလေသည် “အရှင် မနေ့က ကျုံကျိုးမြို့က လူတစ်ယောက်က စာပို့လာပါတယ်၊ အရှင်နှစ်ပါးတို့ ယန်းမိုထျန်းမြို့ကို ရောက်ပြီလားလို့မေးတာပါ”
ဆိုလိုသည်မှာ ပေထင်းဟွမ်သည် ကျုံကျိုးမြို့အား အခုပြန်သင့်သည် လား။
အံ့အားသင့်လောက်စွာပင် ယန်ယဲ့သည် ပေထင်းဟွမ်အား ခေါ်မထား တော့ဘဲ ကျားဖြူနှင့် အစောင့်အရှောက်လေးယောက်တို့ကို ပေထင်းဟွမ်အား ကျုံကျိုးမြို့သို့ လိုက်ပို့ခိုင်းသည်။
လမှောင်ကျားဖြူသည် ပင်မတိုက်ကြီးတွင် အတိတ်က မီးတောက်မြို့ အကြီးအကဲဖြစ်သည်။ သူသည် ပေထင်းဟွမ် တစ်ဆင့်ချင်း ကြီးထွားလာသည် ကို ကိုယ်တိုင်မြင်ခဲ့ရသည်။ သူသည် ပေထင်းဟွမ်အား ရင်ထဲမှလှိုက်၍ သဘော တူသည်။ ဤကမ္ဘာတွင် သူတို့၏နတ်မိစ္ဆာဧကရာဇ်နှင့် ပေထင်းဟွမ်သည်သာ ထိုက်တန်သည်ဟု သူ ခံစားရ သည်။ ပြောဖို့မလိုအောင်ပင် အစောင့်အရှောက် လေးယောက်တို့သည်လည်း ပေထင်းဟွမ်အား စောစောသိခဲ့သဖြင့် သူမ၏ အကျင့်သဘောထားကို လေးစားကြသည်။
ပေထင်းဟွမ်ထွက်သွားပြီးနောက် ယန်ယဲ့သည် ယန်းမိုထျန်းမြို့ဆီသို့ ပျံလာခဲ့သည်။ နဂါးနက်အသွင်ပြောင်းပြီး သူ့နောက်သို့လိုက်ရာ ဤလူသည် မတွေ့ရသည့် နှစ်တစ်သိန်းအတွင်းတွင် စကြာဝဠာကြီးသည် တိုင်းတာ၍မရ လောက်အောင် ကျယ်ပြောလာကာ ယန်ယဲ့အား စိတ်ထဲတွင် ယုံကြည်မှုပိုကဲ လာခဲ့သည်။
“အဲတုန်းက ငါ မင်းကိုပစ်ထားသွားခဲ့ပေမဲ့ ယန်းမိုထျန်းမျိုးနွယ်က နှစ် ပေါင်းများစွာအတွင်းမှာ ဒီအတိုင်းပဲကျန်ရှိနေနိုင်တာက မင်းအများကြီး ဖြန့်ကျက်ထားလို့ပဲဆိုပြီး မင်းတွေးနေတာဖြစ်မယ် ဟုတ်လား”
ဟေးလုံ၏ရင်ခုန်သံများမြန်သွားသည်။ ယန်ယဲ့ မြင်နိုင်မည်ကို သူ နားလည်ထားသည်။ သို့သော် ပေထင်းဟွမ်ရှေ့တွင် မျက်နှာပေးခဲ့သည်။ သူသည် လေထဲမှကျလုနီးပါးဖြစ်သွားခဲ့သည် “အရှင်”